#Local_News
Published 10 May 2024

▪️ စားသောက်ကုန်များ၏  အမှတ်တံဆိပ်များပေါ်တွင်  စားသောက်ကုန်နံပါတ်များ ဖော်ပြနိုင်ရေးအတွက်စားသောက်ကုန် မှတ်တမ်းတင်ခြင်းကို e-Payment   ၁၀,၀၀၀ ကျပ်ဖြင့်  ဝင်ရောက်လျှောက်ထားနိုင်ပြီဖြစ် ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

 

▪️ အဆိုပါ  စားသောက်ကုန် မှတ်တမ်းတင်ခြင်း (Food Product Notification) ကို  အမှတ်တံဆိပ်ကပ်သည့်  အသင့်ထုတ်ပိုး စားသောက်ကုန်များ ၊ ပြည်အတွင်းအစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက် ရရှိပြီးနောက် တိုးချဲ့လျှောက်ထားမည့်  စားသောက်ကုန်များ  လျှောက်ထားရမည်ဖြစ်သည်။

 

▪️ ထို့အတူ   PN လျှောက်ထားခြင်းကို ယခုလ ၉ ရက်နေ့မှစတင်ပြီး www.fda.gov.mm ၏  e-Submission System, Food product notification မှတစ်ဆင့် e-Payment - ၁၀,၀၀၀ ကျပ်ဖြင့်  ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times