Published-15 December 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဘော်ဆိုင်းမြို့ဈေးပွဲတော်တွင် လာရောက်ဖွင့်လှစ်သော အပျော်စီး ပင်လယ်ဓားပြလှေမှ ဝန်ထမ်းတစ်ဉီး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့်ပရဟိတအသင်းများမှသိရသည်။
ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့ကန်ဦးရပ်ကွက်၊ အမှတ်(၁)ရေကန် (ဒေသအခေါ် -တွင်းစောက်ကန်) တွင် ဒီဇင်ဘာ ၁၄ ရက် ညနေ ပိုင်းက အသက် ၁၈ နှစ်အရွယ် ရေနစ်သေဆုံးသော အမျိုးသားငယ်တစ်ဉီး၏ အလောင်းကို တွေ့ရှိကြောင်း သိရသည်။
အဆိုပါ အမျိုးသားငယ်မှာ၁၃ ရက်နေ့ နေ့လယ်က တောင်ဘက်ကမ်းမှ မြောက်ဘက်ကမ်းသို့ ကူးခတ်စဉ် ရေလယ်တွင် ရေနစ်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီခန့်ကပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊
ဒေသခံများနှင့် ပင်းတယပရဟိတအသင်းမှ တာဝန်ရှိသူများက လိုက်လံရှာဖွေပြီးနောက် ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို အသင်းမှတာဝန်ရှိသူများက ပင်းတယမြို့နယ်ပြည်သူဆေးရုံရှိ ရင်ခွဲရုံသို့ ပို့အပ်ခဲ့ကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ထိုင်း၊တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း B to B စနစ်နဲ့ မြန်မာ့ပြောင်းတန်ချိန် ခုနှစ်သိန်းကိုဒီဇင်ဘာက နေဧပြီလနောက်ဆုံးထားပြီး တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
Yangon-Times/NN
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိမိနေရပ်ကိုမပြန်နိုင်ဘဲ စစ်ရှောင်စခန်းတွေမှာ ရေရှည်နေထိုင်လာတာကြောင့် စားဝတ်နေရေးအခက် ဖြစ်တဲ့ အတွက် စစ်ဘေးရှောင်သည့် အမျိုးသားအများစုမှာ ပြည်ပကို အဆင်ပြေသလို သွားရောက်အလုပ်လုပ်ကိုင်မှု များ လာတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီပေးသူတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် သူတွေအနေနဲ့ မတ်လ၁၁ရက်မှာ မြန်မာစာ၊ မတ်လ၁၂ရက်မှာ အင်္ဂလိပ်စာ၊ မတ်လ၁၃ရက်မှာ သင်္ချာ၊ မတ်လ၁၄ရက်မှာ ဓာတုနဲ့ပထဝီဝင်၊ မတ်လ၁၅ရက်မှာ ရူပနဲ့ သမိုင်း၊ မတ်လ၁၆ရက်မှာ ဇီဝနဲ့ဘောဂ၊ မတ်လ၁၈ရက်မှာ လူမှုရေးသိပ္ပံနဲ့ မတ်လ၁၉ရက်မှာ စိတ်ကြိုက်မြန်မာစာ တို့ကို ဖြေဆိုကြရမှာဖြစ်တယ်’ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 December 2023
(၁)လသားအရွယ်ကလေးငယ်လေးကိုကတုံးတုံးပေးရာမှ ပြည်တည်နာဖြစ်ပြီးပန်းသီးလုံးလောက်ဖြစ်လာသဖြင့် ခွဲစိတ်ကုသပေးခဲ့ရကြောင်း ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ကလေးငယ်၏ဦးခေါင်းမှာဖြစ်ပေါ်လာသည့် ပန်းသီးလုံးအရွယ်ပြည်တည်နာကို ကျိုက်ထိုမြို့နယ်ပြည်သူ့ ဆေးရုံကြီးမှဆရာဝန်၊ဆရာမနှင့်ကျန်းမာရေးဝန်ထမ်းများမှအောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါကလေးငယ်သည် တောင်ကလေးကျေးရွာဘက်တွင်မွေးဖွားလာသည့်ကလေးငယ်တစ်ဦးဖြစ်ပြီး (၁)လသားအရွယ်ကလေးငယ်လေးကိုကတုံးတုံးပေးရာမှအရေပြားထိခိုက်မှုဖြစ်ပြီး သွေးစသွေးနထွက်လာသဖြင့် သွေးတိတ်အောင် နနွင်းမှုန့်နဲ့ဆေးဘက်ဝင်အပင်များကိုဝါးပြီးအုံကာထည့်ပေးခဲ့ရာမှ အနာမှာ ပြည်တည်ပြီး ကလေးငယ်မှာ နို့မစို့နိုင်တော့သည့်အထိဖြစ်ခဲ့ခြင်းဖြစ်သည်။
ကလေးငယ်များကို မွေးဆံပင်မဖြစ်မနေရိတ်ပေးရမည်ဆိုသည့်အယူအဆသည် ကျန်းမာရေးအရ အဆင်မပြေ ကြောင်းနှင့် ကလေးငယ်၏အပူအအေးကို ဦးခေါင်းမှတစ်ဆင့်ထိန်းချုပ်ခြင်းရှိသောကြောင့် ကလေးငယ်၏ဦးခေါင်း ကိုကတုံးရိတ်ပေးလိုက်ခြင်းအားဖြင့် ဆံပင်မရှိတော့လို့ အအေးမိ၊နှာစေး၊နှာပိတ်ခြင်းလက္ခဏာများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်သဖြင့်သတိပြုကြရန်လိုအပ်ကြောင်းလည်း ယင်းဆေးရုံမှအသိပေးထားကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 December 2023
အလုံးစုံကျန်းမာရေး ကောင်းမွန်စေဖို့ သက်သက်လွတ်စားခြင်းနဲ့ အသားစားခြင်းတို့ရဲ့ သက်ရောက်မှုတွေအကြောင်း ငြင်းခုံနေကြရာမှာ မကြာသေးမီက လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး အသီးအရွက်စားသုံးခြင်းရဲ့ အားသာချက်တွေအပေါ် ရလဒ်တွေက ယိမ်းယိုင်လာပါတယ်။
စတန်းဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေက အရွယ်ရောက်ပြီးသား အမွှာ ၂၂ တွဲကို လေ့လာကာ အမွှာတစ်ယောက်ကို သက်သက်လွတ်စားစေပြီး နောက်အမွှာတစ်ဦးကိုတော့ အသားနဲ့အရွက် အစုံပါတဲ့ အစားအစာကို စားသုံးစေခဲ့ပါတယ်။
၂ လကြာအောင် လေ့လာခဲ့ပြီး အမွှာ ၂ ယောက်စီတိုင်းရဲ့ ကိုလက်စ်ထရောလ်ပမာဏ၊ သကြားဓာတ်ပမာဏ၊ အင်ဆူလင်၊ ခန္ဓာကိုယ်အလေးချိန်စသဖြင့် နှလုံးသွေးကြော ကျန်းမာရေးတို့ကို နှိုင်းယှဥ်ခဲ့ကြပါတယ်။
ထိုအခါမှာ သက်သက်လွတ်စားတဲ့ အမွှာက သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းခဲ့ပြီး မကောင်းတဲ့ ကိုလက်စ်ထရောလ်ပမာဏ၊ အင်ဆူလင်ပမာဏတို့လည်း ပိုမိုလျော့နည်းသွားခဲ့ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပင်အခြေပြု စားစရာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစုံပါစားစရာနဲ့ ယှဥ်ရင် နှလုံးကာကွယ်ရေးမှာ သိသိသာသာ အကျိုးပြုစေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
သက်သက်လွတ်စားသုံးသူများဟာ အပင်များမှ ရရှိတဲ့ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ အခွံမာသီး၊ အသီးတို့ကိုသာ စားသုံးပြီး တိရိစ္ဆာန်အသားများနဲ့ နို့ထွက်ပစ္စည်းများ စားသုံးခြင်းမှ ရှောင်ရှားကြတာ ဖြစ်ပါတယ်။
Source: India Today
#World_Health
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 December 2023
အစ္စရေးလ်နဲ့ ဟားမတ်စ်စစ်သွေးကြွတို့ကြား အပစ်အခတ်ရပ်စဲရေး သေချာမှုရှိစေရန်အတွက် အမေရိကန်မှာ လုံးဝတာဝန်ရှိကြောင်း တူရကီသမ္မတ ရီဆပ်တာယစ်အာဒိုဂန်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပြီး စစ်ပွဲဂယက်ကြောင့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ကြောင်းကို သတိပေးလိုက်ပါတယ်။
ပါလက်စ်တိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က အစ္စရေးလ်ဘက်ကို တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း တူရကီသမ္မတက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံးအကြိမ် ဖုန်းပြောဆိုခဲ့ပါတယ်။
ထိုစဥ်က ဟားမတ်စ်သေနတ်သမားတွေဟာ ဂါဇာကနေ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးလ်ဘက်သို့ ဝင်ရောက်လာကာ အစ္စရေးလ် ၁,၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့တဲ့အပြင် ဓားစာခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးလ်အရာရှိများက ထုတ်ပြန်ထားပါတယ်။
ဒီအတွက် အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို လက်တုန့်ပြန်ချေမှုန်းရန် ရည်ရွယ်ကာ ဂါဇာမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီး ပါလက်စ်တိုင်း ၁၈,၇၀၀ ကျော် သေဆုံးထားတယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အစ္စရေးလ်ဘက်က ကာလကြာရှည်စွာ အပြင်းအထန် တိုက်ခိုက်နေခြင်းကြောင့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ တူရကီသမ္မတအာဒိုဂန်က ပြောကြားခဲ့ပါတယ်။
အစ္စရေးလ်ကို အမေရိကန်က ခြွင်းချက်မရှိ ထောက်ခံနေတာကို ရပ်တန့်လိုက်ပါက ချက်ချင်းအပစ်အခတ် ရပ်စဲနိုင်ဖွယ်ရှိတယ်လို့ ဆိုလိုက်ပါတယ်။
ဂါဇာမှာ အစ္စရေးလ်စစ်ပွဲ ဆင်နွှဲနေတဲ့အပေါ် အများဆုံးဝေဖန်နေတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းထဲမှာ အာဒိုဂန်ကလည်း အပါအဝင် ဖြစ်ပါတယ်။
အစ္စရေးလ်ခေါင်းဆောင် နေတန်ညာဟူကို ဂါဇာသားသတ်သမားလို့ သမုတ်လိုက်တဲ့အပြင် အစ္စရေးလ်ကိုလည်း အကြမ်းဖက်တိုင်းပြည်လို့ အာဒိုဂန်က ခေါ်ဝေါ်ခဲ့ပါတယ်။
ထိုဒေသမှာ တတ်နိုင်သမျှအမြန်ဆုံး အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန်မှာ လုံးဝတာဝန်ရှိကြောင်း အာဒိုဂန်က ဖုန်းပြောဆိုရာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
ဂျိုးဘိုင်ဒင်က အစ္စရေးလ်ကို အခိုင်အမာ ထောက်ခံထားပေမယ့် အစ္စရေးလ်အနေနဲ့ အရပ်သားများအပေါ် မခွဲခြားဘဲ ပစ်ခတ်နေတာကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှုကို ဆုံးရှုံးနေတယ်လို့ အင်္ဂါနေ့က အပြင်းထန်ဆုံး ဝေဖန်သတိပေးလိုက်ပါတယ်။
စစ်ပွဲက လအများအပြား ကြာရှည်ဦးမယ်လို့ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီးက အမေရိကန် ထိပ်သီးအရာရှိတစ်ဦးကို ပြောကြားခဲ့ပြီးနောက် အိမ်ဖြူတော်က စစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်စေချင်ပြီလို့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
Source: NDTV
#World_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှန်ဟိုင်းရုပ်ရှင်ဝေဖန်ရေးအဖွဲ့အစည်းဟာ အကြိမ် ၃၀ မြောက်ဆုပေးပွဲကို ဆောင်ကျန်ဒေသမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။ ယခုနှစ်မှာ တရုတ်ရုပ်ရှင်ဇာတ်ကား ၁၀ ကား အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှ ရိုက်ကူးတဲ့ သိပ္ပံခေတ်လွန်အက်ရှင်ကား The Wandering Earth 2 ဟာ ဆုများရရှိဖို့ ရေပန်းစားနေခဲ့ပါတယ်။
#Asia_Entertainment
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၄ ဒီဇင်ဘာ ၂၀၂၃
၁၄-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်နှင့်ခမ်းပတ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ထူးခြားဖြစ်စဉ်များကို
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၁၄ ဒီဇင်ဘာ ၂၀၂၃
တပ်မတော်နှင့်မြောက်ပိုင်း ၃ ဖွဲ့နှင့်ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် သဘောတူညီချက်ရရှိခဲ့ကြောင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က တရုတ်နိုင်ငံ၏ကူညီမှုဖြင့် မြန်မာနိုင်ငံအစိုးရနှင့် MNDAA ၊ TNLA ၊ AA တို့နှင့် တွေ့ဆုံပွဲကျင်းပခဲ့သည့်အပေါ် မေးမြန်းစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်ဟုသိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း “၁၀၂၇” ပဋိပက္ခဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသက်ဆိုင်ရာဘက်အသီးသီး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးရေးလုပ်ငန်းကို အဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး အခြေအနေတည်ငြိမ်အေးချမ်းလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ် ကူညီဖော်ဆောင်မှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့သည် တရုတ်နိုင်ငံပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမှုကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ်ပွားမှုများ သိသိသာသာလျော့နည်းလာကြောင်း၊ ၎င်းသည်မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး၏အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီးမှ ရရှိပြီးသည့် သဘောတူညီချက်များကို အရှိန်မြှင့်အကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အတတ်နိုင်ဆုံး ထိန်းသိမ်းစွာလုပ်ဆောင်ကာ လက်ရှိအခြေအနေတင်းမာမှု လျော့ကျလာစေ၍ ရုတ်တရက်ဖြစ်ပွားမှုများကို အချိန်မီစီမံထိန်းချုပ်ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အဆင်ပြေချောမွေ့စွာဖြေရှင်းမှု (Soft Landing) အား အတူတကွဖော်ဆောင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
Page 867 of 1932