#World_Health
Published 08 May 2024


▪️ စိတ်ဖိစီးစရာအဖြစ်ကို ပြန်လည်တွေးတောပြီး ဒေါသထွက်နေတာဟာ သွေးစီးဆင်းမှုအတွက် လိုအပ်တဲ့ သွေးကြောများ ပြေလျော့နိုင်စွမ်းကို ယာယီအားဖြင့် ထိခိုက်စေတယ်လို့ လေ့လာဖော်ပြထားပါတယ်။

 

▪️ နယူးယော့ခ်မြို့မှ လူ ၂၈၀ ဦးကို စိတ်ဆိုးစိတ်ပျက်စရာအဖြစ်များ ၈ မိနစ်ကြာအောင် ပြန်လည်စဥ်းစားခိုင်းခဲ့ပါတယ်။

 

▪️ ပြန်လည်စဥ်းစားခြင်းမပြုခင်နဲ့ စမ်းသပ်ပြီးနောက် သွေးကြောများရှိ ဆဲလ်များကို တိုင်းတာစစ်ဆေးခဲ့ကြပါတယ်။


▪️  သွေးစီးဆင်းမှု ကောင်းမွန်စေတဲ့ သွေးကြောကျယ်ခြင်းကို မိနစ် ၄၀ ခန့်အထိ ထိခိုက်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။


▪️  စိတ်ဆိုးစိတ်ပျက်စရာများ စဥ်းစားပြီးနောက် သွေးကြောနံရံတွေမှာ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိတာကို တွေ့ရှိခဲ့ကြပါတယ်။

 

▪️ ဒေါသထွက်ခြင်းနဲ့ သွေးကြောများ ထိခိုက်ခြင်းတို့ကြား ဆက်စပ်မှုများကို လေ့လာခြင်းဖြင့် နှလုံးသွေးကြောပြဿနာ ဖြစ်နိုင်ခြေများတဲ့သူတွေမှာ ထိရောက်စွာ ကာကွယ်ကုသနိုင်စေမှာဖြစ်ကြောင်း ကိုလံဘီယာတက္ကသိုလ် အာဗင်းဆေးဘက်ဆိုင်ရာဌာနမှ ပရော်ဖက်ဆာ ဒေါက်တာ ဒိုင်အိချိရှင်ဘိုက ပြောပြပါတယ်။

 

▪️ နှလုံးနဲ့ ဦးနှောက်သို့ သွေးစီးဆင်းမှု ပိတ်ဆို့သွားတဲ့အခါ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

 

▪️ အမေရိကန်မှာ စက္ကန့် ၄၀ ကြာတိုင်း တစ်ယောက်နှုန်းဖြင့် နှလုံးဖောက်နေကြပြီး နှလုံးသွေးကြောရောဂါကြောင့် ၃၃ စက္ကန့်ကြာတိုင်း ၁ ယောက်နှုန်း သေဆုံးနေကြကြောင်း အမေရိကန် နှလုံးအဖွဲ့အစည်းက ဖော်ပြထားပါတယ်။

 

▪️ ထိုတွေ့ရှိချက်တွေက နှလုံးရောဂါရှိပြီး ဒေါသမထိန်းနိုင်တဲ့ သူတွေအနေနဲ့ ယောဂကျင့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အခြားကုသနည်းလမ်းတို့ဖြင့် ဒေါသထိန်းနိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ကြောင်း နှလုံးအထူးကု ဒေါက်တာ ဟိုလီမစ်ဒယ်ကော့ဖ်က ဆိုပါတယ်။

 

▪️ စမ်းသပ်ချက်က လက်တွေ့အခြေအနေတွေမှာ စမ်းသပ်တာ မဟုတ်သလို အချိန်ကြာမြင့်စွာ စမ်းသပ်တာမျိုး မဟုတ်ပါဘူး။

 

#Source: New York Post