#Local_News
Published 7 May 2024


▪️ ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA)မှ တစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၇၀ဦးကို မေလ ၇ရက် မနက်ပိုင်းက ထပ်မံစေလွှတ်ခဲ့ကြောင်း မြန်မာသံရုံး၊ (ဆိုးလ်မြို့ )၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

▪️ အဆိုပါ အလုပ်သမား ၁၇၀ ဦးတွင် ကုန်ထုတ်လုပ်သားသစ် ၁၄၆ ဦးနှင့် စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် ၂၄ ဦး ဖြစ်ပြီး ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) နှင့် ထိုင်းလေကြောင်းလိုင်း TG 656 ခရီးစဉ်တို့ဖြင့် ရောက်ရှိလာကြောင်း သိရသည်။

 

▪️ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

▪️ ပြီးခဲ့သည့် ဧပြီလကလည်း ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၄၂၁ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times