ရွှေတိဂုံတွင် ထမနဲထိုးပြိုင်ပွဲနှင့်ထမနဲလှူမည်
"ထမနဲ (၄)ပြည်တစ်ဒယ်ကိုကျပ်၆ သောင်းခွဲနဲ့ ပါဝင်လှူဒါန်းနိုင်ပြီး ရရှိလာတဲ့ ထမနဲ လေးပုံတစ်ပုံကို အလှူရှင်ထံ ပြန်လည်ပေးအပ်သွားဖို့ ရှိပါတယ်"ရွှေတိဂုံဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 5 February 2024
မြန်မာနိုင်ငံ၌ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများတွင် အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှု ပြဿနာများကို မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းပြီး နှိမ်နင်းရှင်းလင်းမှုများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုပြုလုပ် လျက်ရှိတယ်လို့ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က ပြောကြားခဲ့ပါတယ်။
ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံးမှသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ဖေဖော်ဝါရီ ၂ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့တဲ့ (၂၄) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက် ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးသို့ အာဆီယံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် Dr.Kao Kim Hourn နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အကြီးအကဲ/ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ (EU High Representative for Foreign Affairs and Security Policy/ Vice-President of the European Commission-HR/VP) Mr. Josep Borrell တို့ တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Saleumxay Kommasith က ဒေသတွင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ၌ လာအိုနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံက ဦးဆောင်၊ ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို အခြေခံ၍ ရေရှည်တည်တံ့မှုရှိသော နည်းလမ်း ရှာဖွေနိုင်ရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ကတိကဝတ်ထား ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara က မြန်မာနိုင်ငံအရေးပြောကြားရာ၌ လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းသည် မြန်မာနိုင်ငံ၏ အခြေအနေကို မြှင့်တင် နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံပြည်တွင်းနှင့် လည်းကောင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့်လည်းကောင်း အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများ ပြုနိုင်ရန်အတွက် အီးယူအနေဖြင့် ပံ့ပိုးကူညီသွားစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် အီးယူ၏ ကုန်သွယ်မှု ဆိုင်ရာ အထူးအခွန်ကင်းလွတ်မှု အကျိုးခံစားခွင့် အစီအစဉ် (GSP/ EBA) ရရှိမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းသို့ရရှိသည်နှင့် အားလျော်စွာ GSP/ EBA အစီအစဉ်အရ ဆောင်ရွက်ပေးရမည့် due diligence နှင့်အညီ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး များကို သိရှိနားလည်ပြီး တည်ဆဲဥပဒေများအရ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို နိုင်ငံရေးအရ ဆွေးနွေးပြီး လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ရည်မှန်းဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
Ymg_mnn
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group


' ချေးငွေလျှောက်ထားတာ အကြမ်းဖျင်းတော့ ဧကတစ်သိန်းမပြည့်သေးပါဘူး၊ ပြီးခဲ့တဲ့အပတ် သိသလောက်က ဧကငါးသောင်း၊ ခြောက်သောင်းလောက်ရှိပါတယ်၊ အဲ့ဒီထဲကမှ စပြီးတော့ထုတ်ပေးလို့ ရတဲ့နေရာတွေကို စထုတ်ပေးပါမယ်၊ မြန်မာနိုင်ငံအထက်ပိုင်းဖြစ်တဲ့ နေပြည်တော်တို့ မန္တလေးတို့ အစရှိသဖြင့် အထက်ပိုင်းတွေကတော့ နောက်မှထုတ်ပေးရမယ့် အနေအထားရှိပါတယ် '
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 5 February 2024
မြန်မာ-စင်ကာပူ နှစ်နိုင်ငံအကြား ကာလကြာရှည်တည်ရှိခဲ့တဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေး၊ နှစ်နိုင်ငံအစိုးရတို့က ကူးလူးဆက်သွယ်နေကြတဲ့ နှစ်ဖက် ပြည်သူများကို စောင့်ရှောက်မှုပြုရေး၊ ပြည်သူအချင်းချင်း ကူးသန်းရောင်းဝယ်မှုများ ပိုမို ချောမွေ့ကောင်းမွန်စေရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
စင်ကာပူမြို့မှ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဇော်ဇော်စိုး သည် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Southeast Asia II Directorate ၏ ညွှန်ကြားရေးမှူးချုပ် Mr. LOY Hui Chien အား ဖေဖော်ဝါရီ ၂ ရက်တွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေး၌ အခြေခံအကျဆုံး အပိုင်းဖြစ်တဲ့ နှစ်နိုင်ငံ ပြည်သူများရဲ့ တရားမျှတတဲ့ အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းမှသည် နှစ်နိုင်ငံအကြား နားလည်ယုံကြည်မှုနှင့် ဆက်ဆံမှုတိုးမြှင့်နိုင်ရေး အခွင့်အလမ်းများကို ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အလေးထားဆွေးနွေး ပြောကြားခဲ့ပါတယ်။
စင်ကာပူမြို့၊ မြန်မာသံရုံးအနေဖြင့် မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေးအပေါ် အလေးထားတဲ့ အားလျော်စွာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မပြတ်ဆက်သွယ်၍ ကောင်စစ်ရေးရာ လုပ်ငန်းရပ်များအပေါ် ပိုမိုအားဖြည့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်ကို မြန်မာသံရုံး၊ စင်ကာပူမြို့ရဲ့ ဦးစားပေး လုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 5 February 2024
စတုတ္ထအကြိမ် သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော်ပြုလုပ်နေပြီးစာရင်းပေးကုသသူများပြားနေ ကြောင်း သီတဂူစက္ခုဒါနဆေးရုံမှသိရသည်။
အဆိုပါ စတုတ္ထအကြိမ် သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ သီတဂူအဖွဲ့မှ ပေးလှူကုသနေပြီး စာရင်းပေးသူ ၁၆၀၀ ကျော်ကို ဖေဖော်ဝါရီ ၂ရက်မှ ၈ ရက်အထိ ခွဲစိတ်ကုသပေးနေကြောင်း သိရသည် ။
ထိုသို့ ကုသရာတွင် နေ့စဥ် ၃၅၀ နှုန်းဖြင့် ကြည့်ရှုစစ်ဆေးရန် ပြင်ဆင်ထားသော်လည်း စတင်ခွဲစိတ်ကုသသည့် ဖေဖော်ဝါရီ ၂ ရက်တွင် လူနာ ၄၄၁ ဦး စစ်ဆေးခဲ့ကာလူနာ ၂၀၁ ဦးမျက်စိခွဲစိတ်ခဲ့ခြင်းနှင့် လူနာတစ်ဦးကိုမူမျက်ခွံချုပ်ခဲ့ရကြောင်းသိရသည်။
ထို့အတူ ဖေဖော်ဝါရီ ၃ ရက်၌ ၄၇၃ ဦး စစ်ဆေးခဲ့ကာ လူနာ ၁၆၅ ဦး ခွဲစိတ်ကုသပေးခဲ့ရကြောင်းသိရသည်။
၎င်းအပြင် စာရင်းပေးသွင်းထားသူ ၁၆၀၀ ကျော်ကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြီးကြပ်ကုသပေးနေပြီး စာရင်းပေးသူများပြားတာကြောင့် စတုတ္ထအကြိမ်မှာ ကုသခွင့်မရသူများမှာ ပဥ္စမအကြိမ်၌ စာရင်းပေးသွင်းကုသနိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 5 February 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ လိပ် ၂၈ ကောင်ယူဆောင်လာပြီး မဲဆောက်ဘက်ကိုဝင်ရောက်လာသည့် မြန်မာ အမျိုးသမီးတစ်ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။
ဖေဖော်ဝါရီလ ၃ ရက် မနက် ၁၁ နာရီအချိန်ခန့်က မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လွှက်ကျေးရွာထဲ မြေဆီအိပ်တစ်လုံးနှင့်ဝင်ရောက်လာသည့် မြန်မာအမျိုးတစ်ဦးကို ထိုင်းစစ်တပ်က ခေါ်ယူစစ်ဆေးခဲ့ရာ မှ အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ မဲဆောက်မြို့ တွင် လိပ် တစ်ကောင်ကို ဘတ်ငွေ ၁၅၀ နှင့် ရောင်းချရန် အတွက် ယင်း လိပ်(၂၈)ကောင်ကို မြဝတီမြို့ကနေ ယူဆောင်လာတာဖြစ်ကြောင်း သိရသည်။
လိပ်များ ကို မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မှ မြေဆီအိပ်ထဲတွင် အိပ်အသေး ၆ လုံးနှင့် ထည့်ထားကာ မဲဆောက်ဘက်ကို ယူဆောင် လာခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိသူ ကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် သက်သေခံ လိပ်(၂၈)ကောင်နဲ့အတူ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 5 February 2024
ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၂၇၅သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။
ပြီးခဲ့သည့် အပတ်တုန်းက (၅၃၈၀)ကျပ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအပတ်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျပ် ၅၂၇၅သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများ အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၂ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅၂၇၅ ကျပ် ဖြင့်ရောင်းချရမည်ဟုထုတ်ပြန်ထားသည်။
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_ 5 February 2024
ရန်ကုန်တိုင်းတွင် ချင်းချောင်းနန်းတော်၊ ရန်ကုန်တက္ကသိုလ်၊ ပီလခတ်ဟိန္ဒူကျောင်း၊ ပေါ်တူဂီဘုရားကျောင်းအပါအဝင် ခရီးစဉ်သစ်နေရာ(၉)ခုဖော်ဆောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
မူလက ခရီးစဉ်နေရာဟောင်း (၂၈)နေရာရှိရာမှ ခရီးစဉ်သစ်နေရာ(၉)ခုထပ်တိုးပြီး ခရီးစဉ်လည်ပတ်ရန်နေရာ (၃၇) နေရာရှိလာမည်ဖြစ်သည် ဟုဆိုသည်။
ရန်ကုန်တိုင်းအတွင်း ခရီးစဉ်နေရာသစ်(၉)ခုက ချင်းချောင်းနန်းတော်၊ ရှေးဟောင်းပေါ်တူဂီဘုရားကျောင်း(သို့) ငဇင်ကာအုတ်ဂူ၊ရန်ကုန်တက္ကသိုလ်၊ အာဇာနည်ဗိမာန်၊ ဦးဥတ္တမပန်းခြံ(သို့)ကန်တော်မင်္ဂလာပန်းခြံ၊ သျှာရီကာလီမယ်တော်ကျောင်း၊ ကဗျာဆရာ မဂိုအင်ပါယာဧကရာဇ်မင်း ဘာဟာဒူးရှားဇဖာရ်ရှားဂူဗိမာန် ၊ ပီလခတ်ဟိန္ဒူကျောင်း၊ ကျိုက်ပြဿဒ်တနော်ကောင်းမှုစေတီတော်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်နေရာများအား ပြည်တွင်း၊ ပြည်ပခရီးသွားများ လည်ပတ်နိုင်ရန် ဖော်ဆောင်ထား ကြောင်းနှင့် ယခင် ခရီးစဉ်နေရာဟောင်း (၂၈)နေရာကိုလည်း လည်ပတ်နိုင်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 5 February 2024
မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲ ပြိုင်ပွဲကို ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ဝက်မွေးမြူရေးခြံရှေ့ ကွင်းပြင်၌ ဖေဖော်ဝါရီလ(၂)ရက်မှ(၄)ရက်အထိ ကျင်းပလျက်ရှိကြောင်းသိရသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှကြီးမှူးကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် မြို့နယ်(၁၅) မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား (၇)မျိုးပါဝင်ကာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများအပြင် နှစ်သိမ့်ဆုများကိုပါ ပေးအပ်မည်ဖြစ်သည်။
ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး "အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန် သော မျိုးကောင်းမျိုးသန့်များဖြစ်သည့် ဒေသနွား၊ နို့စားနွားနှင့်ဆိတ်မျိုးများအား မွေးမြူရေးသမားများ အချင်းချင်း အပြန်အလှန်ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့်လာစေခြင်းကြောင့် မွေးမြူရေးနည်းပညာများ ဖလှယ်နိုင်ပြီး စနစ်တကျ မွေးမြူထားမှု၏ အကျိုးကျေးဇူးကို ခံစားရရှိစေနိုင်ကာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မွေးမြူရေးလုပ်ငန်းများမှ အသား၊ ဥနှင့်နို့များ ရရှိနိုင်ရေးအတွက် အဓိကရည်ရွယ်၍ မြန်မာနွားသိုးမျိုးအလှ၊ နို့စားနွား၊ သိုးနှင့်ဆိတ်မျိုးအလှပြပွဲပြိုင်ပွဲများ ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်သော တိရစ္ဆာန်များကို မွေးမြူကြစေလိုကြောင်း၊ မွေးမြူရေး တတ်ကျွမ်းနားလည်သည့် ပညာရှင်များ၏ လမ်းညွှန်မှုနှင့် ရောဂါကင်းပြီး ထုတ်လုပ်မှုကောင်းအောင် ကြိုးစားလုပ်ဆောင်စေလိုကြောင်း၊ ပြည်တွင်းမှာ ထုတ်လုပ်မှု အားကောင်းရင် မိမိတို့ ပြည်သူ ပြည်သားတွေအတွက် စိတ်ချရသော သန့်ရှင်းပြီး အာဟာရပြည့်ဝသည့် အသား၊ နို့နှင့် ဥ တို့ကို ဈေးနှုန်း ချိုသာစွာဖြင့် ပေါပေါများများ ဝယ်ယူရရှိစေမှာ ဖြစ်ကြောင်းနှင့် မွေးမြူသူများလည်း ဝင်ငွေ ပိုမိုရရှိလာပြီး လူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 5 February 2024
၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာဆု(၃)ဆု၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၉)ဆုနှင့် ဖက်ရှင်ဆု (၄)ဆုတို့ကိုချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ (၃) ရက် ညပိုင်းတွင် နေပြည်တော် MICC(1) ၌ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီး နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအခမ်းအနားတွင် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက "နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ်ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုး မှုများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်အနုပညာရှင်များကလည်း ပြည်သူများကို ဖျော်ဖြေရေးသက်သက်သာမက နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ချစ်စဖွယ်မြန်မာ့ဓလေ့ မြန်မာ့စရိုက်၊ မြန်မာ့ရေမြေတောတောင် သဘာဝအလှအပများကို ဖော်ညွှန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန်နှင့် အမျိုးသားရေးနှင့်ယှဉ်ပြီး တိုင်းချစ်ပြည်ချစ်စိတ် ထွန်းကားရေး၊ ပြည်သူများ အသိပညာတိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်စေရေးတို့အတွက် ရိုက်ကူးတင်ဆက်ပေးကြပါရန် ထပ်လောင်းတိုက်တွန်းပြောကြားလိုပါကြောင်း " ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ၂၀၂၃ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာဆုကို ဒါရိုက်တာ စည်သူဦးအောင်မြင့်မြတ်၊စည်သူဒေါ်နွဲ့နွဲ့စန်းနှင့် ဒါရိုက်တာ အလင်္ကာ ပန်းချီစိုးမိုးတို့မှရရှိခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် အတွက်အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကိုကံကောင်းဇာတ်ကားဖြင့် အကယ်ဒမီ ဒါရိုက်တာ ဝင်းလွင်ထက် မှလည်းကောင်း၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို အကယ်ဒမီ ကောင်းဆက်ပိုင်(ဂီတမြို့) မှလည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုကို "ခတ္တိယ" ရုပ်ရှင်ထုတ်လုပ်ရေးမှလည်းကောင်း ရရှိခဲ့သည်။
ထို့ပြင် ၂၀၂၃ ခုနှစ် အကောင်းဆုံး ဇာတ်ညွှန်းဆုကို ( ဆရာမ )ဇာတ်ကားဖြင့် အကယ်ဒမီ ညိုမင်းလွင်၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ( စောင်နီလေးတစ်ထည် )ဇာတ်ကားဖြင့် အကယ်ဒမီ တင်အောင်စိုး (ပန်းမြို့တော်)၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ( မုန်းခွင့် ) အကယ်ဒမီ မေမြင့်မိုရ်၊ အမျိုးသားဇာတ်ပို့ဆုကို( ရည်ရွယ်မိုး ) ဇာတ်ကားဖြင့် အကယ်ဒမီ နေဝင်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ( ဘယ်တော့မှအရှုံးမပေးဘူး ) ဇာတ်ကားဖြင့် အကယ်ဒမီ စိုးမြတ်သူဇာ၊ အမျိုးသား ဇာတ်ဆောင်ဆု ( စောင်နီလေး တစ်ထည် ) အကယ်ဒမီရန်အောင် မှ ရရှိခဲ့ကြသည်။
ယခုနှစ် အကယ်ဒမီဆုပေးပွဲ၌ ထူးခြားမှုတစ်ခုအနေဖြင့် အကောင်းဆုံးဝတ်စားဆင်ယင်မှုဆု Best Fashion Award ကို ထည့်သွင်းချီးမြှင့်ခဲ့ရာ အကြီးတန်းအမျိုးသား ဝတ်စားဆင်ယင်မှုဆုကို အကယ်ဒမီ ခန့်စည်သူ၊ အငယ်တန်းအမျိုးသားဝတ်စားဆင်ယင်မှုဆုကို ဟင်နရီစံ၊ အကြီးတန်းအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို အကယ်ဒမီ ခင်သီတာထွန်းနှင့် အငယ်တန်း အမျိုးသမီးဝတ်စားဆင်ယင်မှုဆုကို အိချောပိုတို့မှရရှိခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
Published 05 February 2024
အမေရိကန် အထက်လွှတ်တော်က ဒေါ်လာ ၁၁၈ ဘီလီယံတန်ကြေးရှိ နှစ်ဖက်ပါတီပါဝင်သော နယ်စပ်လုံခြုံရေး ဥပဒေမူကြမ်းကို တနင်္ဂနွေနေ့က တင်ပြလိုက်ပါတယ်။
ထိုဥပဒေကြမ်းမှာ ယူကရိန်းနဲ့ အစ္စရေးလ်တို့ကို ထောက်ပံ့ကူညီရေးတွေလည်း ပါဝင်ပေမယ့် ဒေါ်နယ်ထရမ့်နဲ့ ရီပတ်ဘလစ်ကန် အမာခံသမားတွေ အတိုက်အခံ ပြုလုပ်နေကြတာကြောင့် မရေမရာ ဖြစ်နေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ဥပဒေကြမ်းအတွက် ကနဦးမဲပေးမှု ပြုလုပ်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်သွားရလိမ့်မယ်လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် ချက်ခ်ရှူမာက ပြောပြခဲ့ပါတယ်။
အကယ်၍ ဥပဒေအတည်ပြုနိုင်ခဲ့ရင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ဆယ်စုနှစ်များအတွင်း အထင်ရှားဆုံး ပြောင်းလဲမှု ဖြစ်လာမှာပါ။
အမေရိကန်မှာ နှစ်ပေါင်းများစွာ နေလာပြီး မှတ်တမ်းမတင်ထားတဲ့ လူပေါင်း ၁၁ သန်း နိုင်ငံသားဖြစ်မြောက်ရေးအတွက် ဒီဥပဒေက အထောက်အကူ မဖြစ်နိုင်ဘူးလို့ ဒီမိုကရက်အချို့က အမျက်ထွက်နေကြပါတယ်။
အမေရိကန်တောင်ပိုင်းနယ်စပ်မှ ဝင်လာသူများကို ပြည်ထဲရေးနဲ့ လုံခြုံရေးဌာနမှ ယာယီပိတ်ပင်ဖို့လိုအပ်လာနိုင်တဲ့ ဥပဒေဖြစ်လာနိုင်တယ်လို့ အထက်လွှတ်တော်အမတ် ကာစတင်စီနီမာက သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
နယ်စပ်လုံခြုံရေးအတွက် ဒေါ်လာ ၂၀.၂၃ ဘီလီယံအပြင် ယူကရိန်းအတွက် ၆၀.၀၆ ဘီလီယံ၊ အစ္စရေးလ်လုံခြုံရေး အထောက်အပံ့အတွက် ၁၄.၁ ဘီလီယံ၊ ပင်လယ်နီမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ်အတွက် ၂.၄၄ ဘီလီယံ၊ အင်ဒိုပစိဖိတ်ဒေသရှိ အမေရိကန် မဟာမိတ်များအတွက် ၄.၈၃ ဘီလီယံ သတ်မှတ်ထားကြောင်း လွှတ်တော်အမတ် ပက်တီမာရေးက ဆိုပါတယ်။
ယူကရိန်း၊ ဂါဇာ၊ အနောက်ကမ်းရိုးတန်းတို့ရှိ ပဋိပက္ခဒေသများမှ အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားမှု နောက်ထပ် ၁၀ ဘီလီယံလည်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
ထိုဥပဒေကြမ်းထဲမှ ဦးစားပေးအချက်တွေက လျစ်လျူရှုလို့ မရလောက်အောင် အလွန်အရေးကြီးနေကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖျက်လိုဖျက်ဆီး လုပ်နေကြပြီး အာဏာရှင်ဆန်ဆန် လွှမ်းမိုးချင်နေတဲ့သူတွေကို အဖက်ဖက်ကနေ ရင်ဆိုင်နေရကြောင်း ရှူမာက ထုတ်ပြန်ထားပါတယ်။
ဥပဒေကြမ်းရဲ့ ပြည်ပလုံခြုံရေး အဓိကအချက်တွေက အောက်တိုဘာလက သမ္မတဘိုင်ဒင် လွှတ်တော်မှာ တောင်းဆိုခဲ့တာနဲ့ အတော်လေး ကိုက်ညီနေပါတယ်။
ထိုတောင်းဆိုမှုဟာ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေဘက်မှ ငြင်းခုံနေခဲ့တာကြောင့် ကြန့်ကြာနေခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့စနေနေ့မှာတော့ အောက်လွှတ်တော်ဥက္ကဌ မိုက်ခ်ဂျွန်ဆန်က အစ္စရေးလ်ကို စစ်ရေးထောက်ပံ့ရေး ၁၇.၆ ဘီလီယံပေးမယ့် ဥပဒေကြမ်းအသစ် မဲပေးဆုံးဖြတ်ရန် စီစဥ်ထားတယ်လို့ ဆိုပါတယ်။
နှစ်ဖက်ပါတီပါဝင်တဲ့ သဘောတူညီချက်ကြောင့် နယ်စပ်ဒေသရှိ စစ်မှုထမ်းများနဲ့ ခိုလှုံရေးအရာရှိများအနေနဲ့ လူဝင်မှုကြီးကြပ်ရေး ဆုံးဖြတ်ချက်များကို မျှမျှတတဖြင့် အလျင်အမြန် ဆောင်ရွက်နိုင်ရန် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။
ဥပဒေကြမ်းအရ နယ်စပ်မှ ဝင်ရောက်လာသူတွေအနေနဲ့ အမှုကြားနာရန် စောင့်ဆိုင်းနေစဥ် အမေရိကန်မှာ ကြာရှည်နေထိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 5 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ "အောင်မင်္ဂလာအဝေးပြေးကွင်း(ပ) ဝင်း၊ တနင်္သာရီလမ်းအတွင်း ယနေ့နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
ဖေဖေါ်ဝါရီ ၅ရက်နေ့ နံနက် ၅နာရီ ၅မိနစ်ခန့်က မီးလောင် မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၅နာရီ ၄၈မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူေ-သဆုံး မှု ရှိခဲ့ ပြီး လက်တလော စုံစမ်းမှု အရ ၃ဦး ေ-သ ဆုံး ခဲ့ကြောင်း သိရသည်။
"ပထမ တစ်ယောက်ကတော့ မီးငြိမ်းနေတဲ့ အချိန်က တည်းက တွေ့တာ အခု ၈နာရီ ခွဲ လောက် မှာ မီးလောင်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေ လုပ် တော့မှ ၂ဦး ထပ်တွေ့တာ စုစုပေါင်း ၃ဦး ေ-သဆုံး ပေါ့ အဆောက်အဦးလည်း ၈လုံး လောက် မီးလောင် ပျက်စီးတယ် အသေးစိတ်တော့မသိရသေးပါဘူး" ဟု သုဝဏ္ဏပရဟိတအသင်းကတာဝန်ရှိသူက ပြောကြားသည်။
ယခု မီးလောင်မှု တွင် အဝေးပြေး ကားဂိတ် များ ၇ခုထက်မနည်း မီးလောင်ခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး များနိုင်ကြောင်း သိရသည်။
"ကားလက်မှတ်ရောင်းတဲ့ဂိတ် တွေ ဆိုတော့ အခြားနယ်တွေကိုပို့ဖို့ ထားတဲ့ ကုန်တွေ ပါဆယ်ထုတ်တွေပါ မီးလောင်ကုန်တာ ဆိုတေ့ာ ဆုံးရှုံးတန်ဖိုး များတယ် မီးလောင်ချိန်ကလည်း မိနစ်၄၀ဆိုတော့ ကြာသွားတယ် လက်ရှိ သက်ဆိုင်ရာ က ရှင်းလင်းရေး လုပ်ငန်း တွေ လုပ်နေတယ်"ဟု အောင်မင်္ဂလာအဝေးပြေးထဲ နေထိုင်သူတစ်ဦးက ပြောကြားသည်။
လက်ရှိ တွင် မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှု တန်ဖိုး များ ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group




Page 868 of 2004