Published_ 6 May 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်နေကြသည့် ပြည်သူများနေထိုင်မှု၊ ရေနှင့်လျှပ်စစ်မီးများ အဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် နေ့စဉ်နေ့တိုင်း ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်မီးတိုင်နှင့် လျှပ်စစ်ကြိုးများ ရှင်းလင်းသွယ်တန်းခြင်း များကို နေ့စဥ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မေ ၄ ရက်တွင် ကေ့ာကရိတ်မြို အမှတ်(၆)ရပ်ကွက်၌ နေအိမ် (၆) လုံးရှိ လက်တူးတွင်း (၆) တွင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက Bleaching Powder (Chlorine) ဆေးခတ်ပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများလည်း ပေးအပ်ခဲ့ပါတယ်။

မေ ၅ ရက်နေ့အထိ အိမ်ထောင်စု (၁၀၈)စု၊ လူဦးရေ (၅၁၂)ဦး နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ၏ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီငါးဆယ်ကျပ်သား၊ ခေါက်ဆွဲထုပ်(၁၀)ထုပ် စုစုပေါင်းတန်ဖိုး ငွေကျပ် (၄၃)သိန်းကျော်ဖိုး ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group