"ဒီနေ့မြန်မာစာကတော့ လွယ်တယ်။ အချိန်မစေ့ခင်ပြီးလို့ထွက်လာသူတွေရှိတယ်။
မိဘတွေအနေနဲ့ကတော့ အအောင်အကျမရှိ Grate A,B,C နဲ့ခွဲမှာဆိုတာကို မသိကြောင်းနဲ့ ဒီနှစ်အတွက်စာမေးပွဲ အောင်ဖို့ သိပ်စိတ်ပူပေမယ့် အမှတ်ကောင်းကောင်းမရမှာ ဂုဏ်ထူးရမှတ်မရမှာကို စိုးရိမ်တယ်။
Yangon Times/tthl
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မော်တင်စွန်းဘုရားပွဲတော်စတင်၊ နဂါးစာအာဟာရဒါနပြုလုပ်သူများပြား
' မော်တင်စွန်းဘုရားပွဲတော် ကာလမလို့ နဂါးစာပူဇော်တာ များပါတယ်၊ မူလဒါယကာဇေယျသေနနဂါးမင်းကို ပူဇော်ကြတာပါ၊ နဂါးစာဖော်တော်တစ်ခုကျပ်နှစ် သောင်းကနေ နှစ်သိန်းအထိရှိ ပါတယ်၊ အဓိဌာန်ဆုတောင်းပြည့်သူတွေက လည်း ထပ်လှူကြတယ်၊ မလာနိုင်သူတွေက ငွေလှမ်းလွှဲပြီး ပူဇော်တာတွေလည်းရှိပါတယ်
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ကန်ရိုး သုသာန် ရှေ့ တွင် ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တို-က်မိမှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။
မတ်လ (၁၀)ရက်၊ ည (၁၀) နာရီ (၂)မိနစ်အချိန်ခန့်က Fit shuttle အဖြူရောင်မှာ မောင်းနှင်လာရာ အရှိန်လွန်ပြီး လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တို-က်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးမှာ (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ပရဟိတအသင်းအဖွဲ့ Ambulance ယာဉ်များဖြင့် တောင်ငူဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published 11 March 2024
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ၌ယခု မိုးစပါးနှင့်ဆောင်းသီးနှံအတွက် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်စိုက်ပျိုး စရိတ်ချေးငွေချထားပေးကြောင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ သိရသည်။
အဆိုပါ သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲသည် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီ၌ မိုးစပါးအတွက် တစ်ဧက လျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ၃၀၂၉၁ ဧကအတွက် ကျပ် ၄၅၄၃၆ ဒသမ ၅ သိန်းတွက်ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆောင်းသီးနှံ သီးထပ်ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်ရန် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် ၂၂၃၂၃ ဧက အတွက် ကျပ် ၂၂၃၂၃ သိန်းထုတ်ချေးပေးထားခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်သည် မိုးစပါးအပြင် ဆောင်းသီးနှံအဖြစ်ပဲတီစိမ်းများကိုအဓ်က စိုက်ပျိုးလေ့ရှိရာ ယင်းဒေသမှထွက်ရှိသည့် ပဲတီစိမ်းအား ပြည်ပတင်ပို့သည့်ဈေးကွက်၌ လူကြိုက်များလေ့ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးခြင်း၊ အစားအသောက် စတဲ့ အချက်တွေက မှတ်ဉာဏ်ပိုင်းကို သက်ရောက်မှုရှိနေပါတယ်။
အာဟာရနဲ့ ပတ်သက်လာရင် ဗိုက်တာမင် ဘီ၁၂ ချို့တဲ့ခြင်းက အရေးပါဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။
ဗိုက်တာမင် ဘီ၁၂ ချို့တဲ့ပါက ခန္ဓာကိုယ်ထဲမှာ ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်ပြီး မှတ်ဉာဏ်ဆိုးဆိုးရွားရွား ဆုံးရှုံးတာလည်း ပါဝင်နေပါတယ်။
ရင်းနှီးချစ်ခင်သူတွေရဲ့ နာမည်တွေကို မေ့လျော့တဲ့အထိ ဆိုးရွားနိုင်ပါတယ်။
ဗိုက်တာမင် ဘီ၁၂ ကို အမဲသား၊ ကြက်သား၊ ငါးတို့မှာ တွေ့ရသလို ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း တွေ့ရပါတယ်။
အသားစားတဲ့ သူတွေမှာတောင် ဘီ၁၂ ချို့တဲ့နိုင်ပြီး ပုံမှန်ဖြည့်စွက်ပေးဖို့ လိုအပ်နိုင်ပါတယ်။
ဘီ၁၂ စုပ်ယူခြင်းဟာ အစာအိမ်အတွက် အရေးပါပြီး အစာအိမ်မကောင်းသူတွေမှာ ဘီ၁၂ စုပ်ယူမှုအားနည်းပြီး အက်ဆစ်လျှံတက်ခြင်း၊ ရင်ပူခြင်း၊ အစာခြေပြဿနာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
အားနည်းခြင်း၊ အိပ်မပျော်ခြင်း၊ ကိုယ်အလေးချိန် မထိန်းနိုင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်းတို့ ခံစားရပြီဆိုရင် ဗိုက်တာမင် ဘီ၁၂ ဆုံးရှုံးခြင်းရှိမရှိ စစ်ဆေးသင့်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
တစ်နေ့ကို ခြေလှမ်း ၁၀၀၀၀ ကနေ ၁၂၀၀၀ အထိ လျှောက်တဲ့သူတွေဟာ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းနဲ့ ခန္ဓာကိုယ်အဆီ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
ဒါ့အပြင် ကြားဖြတ်လေ့ကျင့်ခန်းတွေပါ ပြုလုပ်ပါက ကိုယ်အလေးချိန် ကျဖို့လွယ်တယ်လို့လည်း တွေ့ရှိထားပါတယ်။
ပြုလုပ်တဲ့အခါ ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ပြုလုပ်လဲဆိုတာက ကယ်လိုရီလောင်ကျွမ်းခြင်းနဲ့ နှလုံးအသက်ရှူလမ်းကြောင်းစနစ်တို့ တိုးတက်ခြင်းတို့နဲ့ ပတ်သက်နေတယ်လို့က နည်းပြဆရာ ဒင်းနစ်မစ်လက်စ်က ပြောပြသွားပါတယ်။
စက္ကန့် ၃၀ မှ ၆၀ ခန့် ခပ်မြန်မြန်လမ်းလျှောက်ခြင်းကို ၅ မိနစ်တစ်ခါ ပြုလုပ်ပြီး စက္ကန့် ၃၀ ကို ခပ်ဖြည်းဖြည်း လျှောက်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။
အလေးအပင်ကိုင်ဆောင်ပြီး လျှောက်ခြင်း၊ ကုန်းတက်လျှောက်ခြင်းတို့က ပိုပြီးထိရောက်စေပါတယ်။
လေ့ကျင့်ခန်းလုပ်စဥ်ပြုလုပ်ပြီး ကြားဖြတ်ထပ်လုပ်ပါက အောက်ဆီဂျင်သုံးစွဲမှု ပိုများတာကြောင့် ကယ်လိုရီတွေ ဆက်လက်လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို တွဲဖက်ကျင့်ကြံပါက ပိုမိုထိရောက်မှုရှိပြီး တစနေ့တာမှာ ကယ်လိုရီအများအပြား လောင်ကျွမ်းစေတယ်လို့ မစ်လက်စ်က ပြောပြပါတယ်။
ကြားဖြတ်လေ့ကျင့်ခန်း ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လမ်းလျှောက်ခြင်းဖြင့် သွေးပေါင်ကျခြင်း၊ စိတ်ခံစားမှုကောင်းမွန်ခြင်း၊ အရိုးသန်မာခြင်း၊ အစာကြေလွယ်ခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေပါတယ်။
လူတွေဟာ ပြေးသည်ဖြစ်စေ အေးဆေးလမ်းလျှောက်သည်ဖြစ်စေ ပျမ်းမျှအားဖြင့် တစ်မိုင်ကို ၁၀၀ ကယ်လိုရီခန့် လောင်ကျွမ်းစေနိုင်ပါတယ်။
Source: New York Post.
#World_Health
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_10 March 2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံ ဘောင်တံတားနှင့် ကွန်ကရစ်တံတားများ ပေါ်တွင် ယနေ့ မတ်လ ၁၀ ရက် က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ယင်းကြောင့် နယ်မြေခံလုံခြုံရေးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ တံတားများရှိ အရှေ့ဘက်ခြမ်းသံ လမ်းများ (၂)ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေး သော လက်ကျန် မိုင်း(၁)လုံး လည်းတွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက် ဆည် အစုန်အဆန်လမ်းပိုင်း များကို နံနက်၈ နာရီ ၅၀ မိနစ်အချိန်တွင် ခေတ္တပိတ်ခဲ့ကာ မပေါက်ကွဲသေး သည့် မိုင်းကိုသက်မဲ့ပြုလုပ် ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရထားလမ်းပိုင်းအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထား ဝန်ထမ်းများ က ချက်ချင်းပြုပြင် ခဲ့သဖြင့် ကျောက်ဆည်-မင်းစု အဆန် လမ်းပိုင်းကို မွန်းလွဲ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းကို ညနေ ၃ နာရီ ၂၀ မိနစ် အချိန် တို့တွင် အသီးသီးပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူစီးရထားများကြန့်ကြာမှုမရှိသော်လည်း ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ ကြောင်း၊၇၅ ပေါင်သံလမ်း၊ ကွန်ကရစ် ဇလီဖားတုံးနှင့် သစ်သား ဇလီဖားတုံးများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခု လုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲဖျက်ဆီးခံရမှု(၁၃၀)ကြိမ်၊ ရထားတံ တားများကို မိုင်းခွဲဖျက်ဆီးခံရမှု (၄၉) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များမီးရှို့ဖျက်ဆီးခံရမှု (၁၂)ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 March 2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ကဘဲကျေးရွာအနီး၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းမဘေးတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၁၀ရက် ညနေ ၅နာရီ ၂၂မိတစ်ခန့်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆နာရီ ၂၁မိနစ် ခန့် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။
မီးလောင်မှု ကြောင့်ဆီဘောက်ဆာကား ၂စီး နှင့် စက်သုံးဆီ ဆိုင် မီးလောင် ဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရသိရသည်။
Yangon Times/LW
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


၁၀ မတ် ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံ လိုင်းယွန်းအုပ်စုပိုင် ပါတိတ်လေကြောင်းလိုင်းဟာ သူတို့ရဲ့ လေယာဉ်မှူးနှစ်ဦးကို လေယာဉ်ပျံသန်းနေစဉ် အတွင်း လေယာဉ်မှူးဦးခန်းထဲမှာ အိပ်မောကျနေကြလို့ ရာထူးမှ ယာယီရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီလေယာဉ်မှူးနှစ်ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းက ပြည်တွင်းလေယာဉ်ခရီးစဉ်တစ်ခုပျံသန်းနေစဉ် နှစ်ဦးစလုံးအိပ်ပျော်နေခဲ့ကြတာဖြစ်ပါတယ်။
ဇန်နဝါရီ ၂၅ရက်က ဂျာကာတာမြို့တော်မှ ဆူလာဝေဆီပြည်နယ် ကန်ဒါရီမြို့ကို ပျံသန်းတဲ့ ခရီးစဉ်အမှတ် ၆၇၂၃ ဟာ ခရီးသည် ၁၅၃ ဦးကိုတင်ဆောင်ပျံသန်းခဲ့ပါတယ်။ထိုသို့ပျံသန်းနေစဉ် လေကြောင်းထိန်းနှင့် အခြားလေယာဉ်တစ်စီးက သူတို့ကို ဆက်သွယ်ခဲ့တာကို လေယာဉ်မှူးရော တွဲဖက်လေယာဉ်မှူးပါ ပြန်လည်တုန့်ပြန်ခြင်းမရှိခဲ့ကြပါဘူးလို့ အမျိုးသား လေကြောင်းအန္တရာယ်ကင်းရှင်းရေးကော်မရှင်ကပြောပါတယ်။ သူတို့ဟာ အဲဒီလေယာဉ်ပျံ အဲယားဘတ်စ် A320ဟာ သတ်မှတ် ထားတဲ့ လမ်းကြောင်းကနေသွေဖယ်ပြီး ဂျာကာတာကိုဖြတ်သန်းကာ အိန္ဒိယသမုဒ္ဒရာထဲ လေယာဉ်ဦးတည်နေတာ တွေ့ရလို့ ကြိုးစားဆက်သွယ်ခဲ့ကြတာဖြစ်ပါတယ်။
တွဲဖက်လေယာဉ်မှူးထံမှ နောက်ဆုံးအဆက်အသွယ်ရပြီး ၂၈မိနစ်ကြာတဲ့အခါမှ လေယာဉ်မှူးဟာ အိပ်ပျော်ရာကနိုးလာခဲ့ပြီး လေယာဉ်ဟာ လမ်းကြောင်းမှန်အတိုင်းမရှိဘဲပျံသန်းနေတာကို သတိမူမိလိုက်ပါတယ်။ ကြည့်လိုက်တော့ သူ့တွဲဖက် လေယာဉ်မှူးလည်း အိပ်ပျော်နေလို့ သူကနှိုးလိုက်ရပါတယ်လို့ ကနဦးစစ်ဆေးချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။
လေယာဉ်အမှူထမ်းတွေအတွက် လုံလောက်တဲ့ အနားယူမှုမူဝါဒနှင့်အတူ လုပ်ငန်းလုပ်ဆောင်နေတာဖြစ်ပါတယ်လို့ ပါတိတ် လေကြောင်းလိုင်းရဲ့ စနေနေ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း ပါတိတ်လေကြောင်းလိုင်းရဲ့ ပင်မကုမ္ပဏီ လိုင်းယွန်း Lion လေကြောင်းလိုင်းရဲ့ ဘေးကင်းစိတ်ချရမှု မှတ်တမ်း တွေဟာ ပြောစရာတွေဖြစ်ခဲ့ရပါတယ်။လေယာဉ်တွေဟာ ပြုပြင်လို့မရအောင်ပျက်စီးနေတာတွေနှင့်ကြုံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်က လိုင်းယွန်းရဲ့737 Max 8 လေယာဉ်ဟာ ဂျာကာတာလေဆိပ်ကပျံတက်ပြီးသိပ်မကြာ ပျက်ကျခဲ့လို့ လေယာဉ်ပေါ် ပါသူ ၁၈၉ဦးသေဆုံးခဲ့ရပါတယ်။ ၂၀၁၃ခုနှစ်တုန်းကလည်း ယင်းလေကြောင်းလိုင်းရဲ့ 737-800 လေယာဉ်ဟာ ဘာလီ နိုင်ငံတကာလေဆိပ်မှာ ဆင်းသက်စဉ် ပြေးလမ်းလွန်ပြီး ရေထဲကျသွားခဲ့ပါတယ်။ဒါပေမယ့် ထိခိုက်သေဆုံးသူတော့မရှိခဲ့ပါဘူး။
Source AFP
@ymg/knl
၁၀ မတ် ၂၀၂၄
ရုရှားရဲ့ပထမဦးဆုံး ပြည်တွင်းမှာမွေးဖွားတဲ့ ပန်ဒါပေါက်ကလေး ကက်ယူရှားကို သောကြာနေ့က မော်စကို တိရိစ္ဆာန်ဥယျဉ်မှာ အများပြည်သူတွေကို ထုတ်ပြပြီး ပရိဿတ်တွေနှင့်ပေးတွေ့ခဲ့ပါတယ်။
အဲဒီပန်ဒါပေါက်ကလေးဟာ ပြီးခဲ့တဲ့ နှစ် ဩဂုတ်လက မော်စကိုကိုရောက်ရှိလာတဲ့ ပန်ဒါမကြီး တင်တင်နှင့် ပန်ဒါထီးကြီး ရုယီတို့က နှင့်မွေးဖွားလာတာဖြစ်ပါတယ်။
Video:CCTV+
ဘဲစာဈေးမြင့်တက်နေပြီး ဥဈေးမငြိမ်သောကြောင့် စနစ်တကျမလေ့လာဘဲ မွေးမြူသူများအရှုံးပြနေ 'ဘဲစာဈေးကမြင့်နေတယ်၊ ဥဈေးကတော့မတည်ငြိမ်ဘူး၊ ကျွေးရတဲ့အစာဈေးက အတက်ကြည့်ပဲဆိုတော့ လုပ်နေကျသူတွေက တအားကြီး အမြတ်မဟုတ်ပေမယ့် သူ့ဟာနဲ့သူ လည်ပတ်နိုင်ပေမယ့် ခုမှအသစ်ဝင်လာသူတွေ၊ နားမလည်တဲ့သူတွေက အရှုံးပြတဲ့သူတွေလည်းရှိတယ်'
Yangon Times/NN
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 10 March 2024
အပူဒဏ်(Heat Stroke)ကြောင့် အသက်ဆုံးရှုံးရသည်အထိဖြစ်လာနိုင်ခြင်း ကြောင့် အပူပြင်းလာနိုင်မဲ့ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအထူးသတိထားရန်လိုအပ်ကြောင်းမိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က အသိပေးထားသည်။
လက်ရှိအချိန်သည် ဆောင်းအကုန် ၊ နွေအကူး ရာသီပြောင်းကာစကာလဖြစ်ခြင်း ကြောင့် ညအအေးဓါတ်မှာ နေ့အပူချိန်ကို မသိမသာလျော့ကျအောင် လုပ်နိုင်သော်လည်း ညအပူချိန်များ တိုးလာပြီး ညဘက်အအေးပေါ့လာပြီးသည့် နောက်တွင်မူ နေ့အပူချိန်များ ကို လျော့ကျရန် ထိန်းပေးထားနိုင်မည့် အအေးဓါတ်လည်း မရှိသလောက်ဖြစ်လာမည်ဟု၎င်းကဆိုသည်။
သို့သော် GFS နှင့် ICON model များ၏ ကြိုတင်ခန့်မှန်းချက်များတွင်ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် မတ်လ ၁၅ ရက်နောက်ပိုင်းမှ စတင် ပြီး နေ့အပူချိန်များမြင့်တက်လာနိုင်ကြောင်းသိရသည်။
အဆိုပါ အမြင့်ဆုံးအပူချိန်က ၄၀°C အထက်(ခရမ်းရောင်)ဖြစ်လာနိုင်သည့်အတွက် အပူဒဏ်(Heat Stroke)ကြောင့်အသက်ဆုံးရှုံးနိုင်သည့်အတွက် အပူပြင်းလာနိုင်မည့် ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအနေဖြင့် အထူးသတိထားရန်လိုအပ် ကြောင်းဆိုထားသည်။
Yangon Times/NN
#Local_News
#Published_ 10 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 872 of 2057