ပြင်သစ်မြိုတော် ပဲရစ်ရဲ့လမ်းတွေမှာ ငှားရမ်းအသုံးပြုရတဲ့ လျှပ်စစ်စကူတာများ ပိတ်ပင်ရေးအတွက် တနင်္ဂနွေနေ့က မဲအပြတ်အသတ် ရရှိခဲ့ပါတယ်။
ဒါဟာ စကူတာအော်ပရေတာများအတွက် ရိုက်နှက်ချက်ကြီး ဖြစ်လာပြီး လမ်းအန္တရာယ်ဘေးကင်းရေး လှုပ်ရှားသူများအတွက်တော့ အောင်ပွဲကြီး ဖြစ်လာပါတယ်
#World_News
#Published_ 23 August 2023
#YMG #Yangon_Times
#Daily_News
Published_ 23 August 2023
၁။ ကျောင်းသူမိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဦးစွာအခမဲ့ထိုးနှံ့ပေးမည်
၂။ ရေး-ထားဝယ် ကားလမ်းပြန်ပွင့်သွားပြီဖြစ်၊ ကားကြီး၊ ကားသေးများ ဖြတ်သန်းသွားလာနိုင်
၃။ တရုတ်နိုင်ငံသို့ ရောင်းစားခံရသဖြင့် ယခုနှစ်အတွင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံ အကူညီတောင်းခံထားသူ မြန်မာအမျိုးသမီး ၂၇ဦး ရှိ
၄။ ငှားရမ်းအသုံးပြုရသော လျှပ်စစ်စကူတာများအား ပဲရစ်တွင်ပိတ်ပင်ရန် မဲဆန္ဒပြု .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ကိုဗစ်ကာလပြီးနောက်ပိုင်း ငွေနှင်းမှို စိုက်ပျိုးရောင်းချသူ ယခင်ထက် ၃၀ရာခိုင်နှုန်းပိုများလာ
ငွေနှင်းမှို၊ ကြွက်နားရွက်မှိုစတဲ့ တပိုင်တနိုင်စိုက်ပျိုးနိုင်တဲ့ မှိုအမျိုးအစားထဲမှာ ငွေနှင်းမှိုဟာ စိုက်ပျိုးဖြစ်ထွန်းမှု များတာကြောင့် စိုက်ပျိုးသူ ပိုများခြင်း ဖြစ်ကြောင်းသိရတယ်။
Yangon_Times/LW
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
ရန်ကုန်ရှိ မြို့နယ်အချို့တွင် လေပြင်းများတိုက်ခတ်နေ
‘ရန်ကုန်မှာ လေပြင်းတွေတိုက်နေတာက နေ့အပူချိန်တွေမြင့်တက်မှုကြောင့် မိုးတိမ်တောင်တွေဖြစ်ထွန်းတာဖြစ်ပြီး မိုးတိမ်တောင်တွေကြောင့်လေပြင်း တိုက်ခတ်တာတွေ ဖြစ်ပေါ်နေတာဖြစ်တယ်’ ဦးလှထွန်း၊ညွှန်ကြားရေးမှူး၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon_Times/tthl
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
တရုတ်နိုင်ငံသို့ ရောင်းစားခံရသဖြင့် ယခုနှစ်အတွင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံ အကူညီတောင်းခံထားသူ မြန်မာအမျိုးသမီး ၂၇ဦးရှိ
လူကုန်ကူးခံရပြီး ကျန်ရှိတဲ့အမျိုးသမီး ၁၈ဦး ကိုလဲ မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေ
Yangon_Times/LW
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
ရေး-ထားဝယ် ကားလမ်း ပြန်ပွင့်သွားပြီဖြစ်
‘ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ တံတားတစ်စီးပြိုကျပျက်စီးခဲ့ပြီး အချိန်နဲ့တစ်ပြေးညီပြုပြင်ခဲ့တဲ့အတွက် အခုဆိုရင် ကားလမ်းပြန်ပွင့်သွားပြီဖြစ်ပါတယ်’ မွန်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအဖွဲမှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဦးစွာအခမဲ့ထိုးပေးမည်
‘ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ပိုး အမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်’ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
Yangon_Times/tthl
#Local_News
#Published_ 23 August 2023
#YMG #Yangon_Times
Published_ 23 August 2023
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်အနီး နေအိမ်တစ်အိမ်တွင်မီးလောင်မှုဖြစ်ခဲ့၍ လေဖြတ်နေသူ ၁ဦးအပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းကသိရသည်။
အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်အနီး၊တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုရွာရှိ နေအိမ်တစ်အိမ်တွင်ဩဂုတ်၂၂ ရက်၊ ည ၁၁ နာရီကျော်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့၍ ယင်းအိမ်ရှိ လေဖြတ်လူနာ ၁ဦးအပါအဝင် သေဆုံးသူ ၃ဦးခဲ့ကာ သေဆုံးသူများတွင် မီးလောင်ဒဏ်ရာများတွေ့ရကြောင်းလည်းသိရသည်။
"မီးဘယ်က စလောင်တာလဲမသိရသေးဘူး။ မီးသတ်ဘက်က စစ်ဆေးနေတယ်။ မီးလောင်မှုဖြစ်တဲ့အချိန် အပြင်မှာ မိုးတွေလည်းသည်းနေတယ်"ဟု လူမှုကူညီရေးအသင်းကသိရသည်။
မီးလောင်မှု ဖြစ်ပွားတဲ့ နေရာသို့ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များ သွားရောက်ကူညီ ငြိမ်းသတ်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 23 August 2023
ထိုင်းနိင်ငံ နခွန်ရတ်ချဆီမာမြို့ရှိ Laemthong Poultry Co., Ltd (ကြက်သားစက်ရုံ) တွင် အလုပ် လုပ်ကိုင်ရင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာ အလုပ်သမား တစ်ဦး
အတွက် အာမခံကြေး အဖြစ် ထိုင်းဘတ်ငွေ၆သိန်းနှင့်မြန်မာကျပ်ငွေ သိန်း၅၀ ကို မိသားစုဝင်
ထံပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး(ဘန်ကောက်မြို့) မှသိရသည်။
အဆိုပါ အလုပ်သမား မအေးမြင့်သည် ၁၇-၅-၂၀၂၃ ရက်နေ့တွင် လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ မြန်မာနိုင်ငံတွင်ရရှိသည့် အသက်အာမခံကြေး ကျပ်သိန်း ၅၀ တိတိအား ၃၁-၅-၂၀၂၃ ရက်နေ့တွင်တရားဝင်စေလွှတ်ခဲ့သည့် မြန်မာအေဂျင်စီGrand Asia Force Co., Ltdမှလည်းကောင်း၊ထိုင်းနိုင်ငံသို့ လာရောက်စဉ် ကိုဗစ်-၁၉ ရောဂါ အာမခံကြေးမှရရှိသည့် ဘတ် ၁၀၀,၀၀၀ တိတိကို Dhipaya Insurance Public Co., Ltd မှ အလုပ်သမားသံအရာရှိရုံး၌ ၂၆-၆-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ မော်တော်ယာဉ် အာမခံကြေးမှရရှိသည့် ဘတ် ၅၀၀,၀၀၀ တိတိကိုအလုပ်သမားသံအရာရှိရုံး၌ ၂၂-၈-၂၀၂၃ ရက်နေ့တွင်လည်းကောင်း ပေးအပ်ခဲ့ရာ သေဆုံးသူ၏ညီမဖြစ်သူမဆန်းညွန့်မှလက်ခံ ထုတ်ယူခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ယာဉ်မတော်တဆ မှုကြောင့်ထိုင်းနိုင်ငံအတွင်း သေဆုံးသည့်အ မှုများမဖြစ်စေရန်အတွက်ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားများအနေဖြင့် ယာဉ်/လမ်းစည်းကမ်းများ သိရှိလိုက်နာကြရန် အတွက် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး မှ မေတ္တာရပ်ခံအကြံပြု ထားကြောင်းသိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times
၂၃ ဩဂုတ် ၂၀၂၃
ထိုင်းနိုင်ငံရဲ့ဘဏ်ကြီးတစ်ဘဏ်ဖြစ်တဲ့ ကာဆီကွန်ဘဏ် Kasikornbank က သူတို့ဟာ မြန်မာနိုင်ငံရဲ့ ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်ပြုလုပ်ကာ စမတ်ဖုန်းအခြေခံတဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေပို့ငွေလွှဲလုပ်ငန်းကို လုပ်ဆောင်လိုက်ပြီလို့ ဩဂုတ် ၂၂ ရက်ကကြေညာလိုက်ပါတယ်။
အဆိုပါဘဏ်ဟာ ထိုင်းနိုင်ငံမှအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံမှ မိသားစုတွေထံ ငွေလွှဲဖို့ လိုအပ်ချက်တွေကို အမိဆုပ်ကိုင်လိုက်တာဖြစ်တယ်လို့ နစ်ကေးအေးရှားသတင်းက ရေးသားပါတယ်။
နိုင်ငံတကာငွေလွှဲပြောင်းမှုကို ကာဆီကွန်ဘဏ်ရဲ့ အက်ပလီကေးရှင်းမှတစ်ဆင့် KBZPay ထဲသို့ မြန်မာကျပ်ငွေဖြင့် လွှဲပြောင်းပေးပို့မှာဖြစ်ပါတယ်။ ငွေလွှဲခကို အောက်တိုဘာလအထိ အခမဲ့ပေးမယ်လို့လည်းသိရပါတယ်။
ဒီလုပ်ငန်းကြောင့် ကမ္ဘောဇဘဏ်အနေနှင့် ထိုင်းဘတ်ငွေတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာငွေအစား ဘတ်ငွေနှင့်ငွေပေးချေမှုတွေကို အခြားနည်းလမ်းတစ်ခုအဖြစ်ကြိုးစားဆောင်ရွက်နေပါတယ်။
တကယ်လို့ ထိုင်းကနေ မြန်မာနိုင်ငံကို ငွေလွှဲပို့တာတွေ တိုးတက်လာရင် ကျပ်ငွေကနေ ထိုင်းဘတ်ကိုပြန်လဲဖို့ ပိုပြီး လွယ်ကူလာမှာဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှ အလုပ်သမားတွေဟာ ဟွန်ဒီလို့ခေါ်တဲ့ တရားမဝင်ငွေလွှဲလုပ်ငန်းတွေကနေ ငွေတွေလွှဲပို့ပေးနေခဲ့ကြပါတယ်။ ဒါပေမယ့် နစကအစိုးရက နိုင်ငံခြားငွေလဲလှယ်မှုတွေကို တင်းကြပ်စွာထိန်းချုပ်ထားပြီး ဘဏ်တွေမှတစ်ဆင့် တရားဝင်ငွေလွှဲတာမလုပ်ဘဲ တရားမဝင်ငွေလွှဲမှုတွေကို နှိမ်နှင်းနေပါတယ်။ပြီးတော့ ဘဏ် အက်ပလီကေးရှင်းအချင်းချင်းမှတစ်ဆင့် ပုံမှန်နည်းလမ်းနှင့်ငွေလွှဲတာကို အားပေးနေတယ်လို့ သတင်းကဆိုပါတယ်။
KBZPay လို့ခေါ်တဲ့ မိုဘိုင်းပိုက်ဆံအိတ်ကို ၂၀၁၈ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ QR code အခြေခံတဲ့ ငွေပေးချေမှုနှင့်ငွေလွှဲစနစ်ကို လူပုဂ္ဂိုလ်တွေအကြား အသုံးပြုနေပါတယ်။ အဲဒီအပြင် အေတီအမ်စက် ဒါမှမဟုတ် ကိုယ်စားလှယ်တွေဆီကနေ ငွေသားပြန်ထုတ်ယူနိုင်ကြတာဖြစ်တဲ့အကြောင်း နစ်ကေးအေးရှားကရေးသားပါတယ်။
Published_ 23 August 2023
မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်နေသည်ဟုသံသယရှိသည့်တရုတ်နိုင်ငံသားများကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးခဲ့ကြောင်း ယခုနှစ်အတွင်းဖမ်းဆီးပို့ဆောင်ခဲ့သူ(၈)ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
သြဂုတ်လ ၂၃ ရက်နေ့မနက်ပိုင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၂ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေး၍ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းသံသယရှိသူ(၂)ဦးလုံးသည် လိမ်လည်သည့်ပြစ်မှုကျူးလွန်ကြောင်း သံသယရှိပြီး ၎င်းတို့အနက် (၁)ဦးသည် လောင်းကစားနှင့်လိမ်လည်မှုအဖွဲ့၏ အမာခံခေါင်းဆောင်ဖြစ်ကာ ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုတိုက်ဖျက်နှိမ်နင်းရာတွင် အဓိကကျသူဖြစ်သည်ဟုဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဇွန်လပိုင်းတွင် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ (၆)ဦးကို တရုတ်နိုင်ငံသို့ဖမ်းဆီးပို့ဆောင်ပြီးနောက် ဒုတိယအကြိမ် ဖမ်းဆီးပို့ဆောင်ခြင်း ဖြစ်သည်။
မကြာသေးမီက တရုတ်-ထိုင်း-မြန်မာ-လာအို ၄ နိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့်လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ပြီးဒေသတွင်းဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ရည်ရွယ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ထုတ်ပြန်ချက်များ အရသိရသည်။
Yangon_Time/tthl
#Local_News
#မြန်မာနိုင်ငံ #တရုတ်ရဲတပ်ဖွဲ့ #ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန် #သံသယရှိသူများ #ဖမ်းဆီ
#YMG #Yangon_Times
Published_ 23 August 2023
ထိုင်းနိုင်ငံ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့မှ ဖွေထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ရွေးကောက်ပွဲယှဉ်ပြိုင်သူ ဆရက်ထာထာဝစ်ဆင်ကို အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ပြီးနောက် Move Forward ပါတီမှ အထွေထွေအတွင်းရေးမှူးချုပ် ချိုင်ထာဝက်တူလာသွန်က သူနဲ့သူ့ပါတီတို့ဟာ ထိုအစိုးရအသစ်ရဲ့ လုပ်ဆောင်ချက်တွေကို သေချာစောင့်ကြည့်သွားရန် ကြိုးပမ်းအားထုတ်သွားမှာ ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသွားပါတယ်။
လူမှုအဖွဲ့အစည်းမှာ အပြောင်းအလဲ ပေါ်ပေါက်ရန်အတွက် ဘုရင်မင်းမြတ်အား စော်ကားခြင်းဥပဒေအပါအဝင် တိုင်းပြည်ကို ရှေ့သို့လှမ်းချီစေမယ့် ဥပဒေများကို ပါလီမန်ကနေရော ပြင်ပကနေပါ တင်သွင်းသွားမှာဖြစ်ကြောင်း ချိုင်ထာဝက်က ပြောပြခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ မဝေးကွာလှတဲ့ အနာဂတ်မှာ ပြည်သူတွေက အခွင့်အရေးရလာပြီး တစ်နေ့နေ့မှာ ဒီမိုကရေစီရလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ Move Forward ပါတီက ပြည်သူတွေဘက်က လုံးဝရပ်တည်သွားမှာဖြစ်ကြာင်း ဆိုပါတယ်။
အတိုက်အခံပါတီတွေရဲ့ ဦးဆောင်သူပါတီ အကြောင်း မေးမြန်းခဲ့ရာမှာ ပီတာလင်မ်ဂျရိုအင်ရတ်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးအနေနဲ့ အလျင်အမြန် ဆုံးဖြတ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ် အများဆုံးပါဝင်ပြီး ကိုယ်တိုင်လည်း လွှတ်တော်အမတ်ဖြစ်တဲ့ ပါတီခေါင်းဆောင်က အတိုက်အခံပါတီ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Move Forward ပါတီခေါင်းဆောင် ပီတာဟာ လွှတ်တော်အမတ်အဖြစ်မှ တာဝန်ဆိုင်းငံ့ထားခြင်း ခံနေရပါတယ်။
ချိုင်တာဝက်ကတော့ အတိုက်အခံပါတီများဘက်မှ အခြားပါတီများနဲ့ ပြောဆိုခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
ဖွေထိုင်းပါတီ ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ လူနေမှုအခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ဘဲ အများပြည်သူရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေကြောင်း ဝန်ကြီးချုပ် ရွေးကောက်ပွဲပြီးနောက် ပီတာက သူ့ရဲ့အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
''ကျွန်ုပ်တို့ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်သာ ကြိုးစားအားထုတ်မှာဖြစ်ပြီး ပြည်သူတွေရဲ့ ကျွန်ုပ်တို့အပေါ် ယုံကြည်မှုကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး'' လို့ ပြောကြားလိုက်ပါတယ်။
Source: The Nation
#Asia_Politics
#အတိုက်အခံဦးဆောင်ပါတီ #Move Forwardပါတီ #ဥပဒေ #ဝန်ကြီးချုပ်ရွေးကောက်ပွဲ
#YMG #Yangon_Times
Page 875 of 1776