#Local_News
Published_ 30 January 2024
အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ဆောင်ရွက်ကြသည့် နိုင်ငံတကာအဆင့်ပညာရည်တိုင်းတာစစ်ဆေးမှု SEA-PLM 2024 ကို မြန်မာနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ (Southeast Asia Primary Learning Metrics: SEA-PLM 2024) ဆိုသည်မှာ မူလတန်းအဆင့် နောက်ဆုံးနှစ် Grade-5 ကျောင်းသားများ၏ စာဖတ်စွမ်းရည် (Reading Skills)၊ အရေးစွမ်းရည် (Writing Skills)၊ သင်္ချာစွမ်းရည် (Mathematics Skills)၊ ကမ္ဘာ့သားကောင်းဖြစ်မှု (Global Citizenship) စွမ်းရည်များကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့်သောပညာရည် စစ်ဆေးမှုတစ်ခုဖြစ်သည်ဟု ဆိုသည်။
ဇန်နဝါရီ(၃၀)ရက်တွင် နေပြည်တော်၌ SEA-PLM 2019 အကြံပြု လုပ်ငန်းစဉ်များနှင့် SEA-PLM 2024 စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားတွင်ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က "၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် Grade–5 ကျောင်းသား ၁၇၄၄ ဦးကို စာဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်၊ ကမ္ဘာ့သားကောင်းဖြစ်မှုတို ပါဝင်သော Text Booklets များ၊ မိဘစစ်တမ်းလွှာ (Parents Questionnaires) နှင့် ကျောင်းသားစစ်တမ်းလွှာ (Student Questionnaires) တို့ဖြင့် စမ်းသပ်စစ်ဆေးမှုဆောင်ရွက်ခဲ့ပါကြောင်း၊ SEA-PLM 2024 ပင်မစစ်ဆေးမှု (Main Survey)၏ အချက်အလက်ကောက်ခံခြင်းလုပ်ငန်းကို လာမည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှု သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့်တွေ့ရှိချက်များအပေါ် အခြေခံပြီး ပညာရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးမူဝါဒ၊ လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း "ပြောကြားခဲ့သည်။
#Local_News #နိုင်ငံတကာအဆင့် #အရှေ့တောင်အာရှနိုင်ငံ #tthl #Yangon_Times
'ပြည်ပကသူ့ဟာနဲ့သူ သွားနေကျဟာ အခုကတရုတ်နှစ်သစ်ကူးနဲ့ ဘာနဲ့ဆိုတော့ အဝယ်နည်းနည်းရပ်သွားတယ်၊ ထေ့သွားတယ်ပေါ့၊ အဲ့တာကြောင့်လည်းပါတယ်၊ နယ်စုံပေါ်လာပြီး အပြင်ထွက်ဖို့ကလည်း မိုးကြက်သွန်ဆိုတော့ ပစ္စည်းကအထားမခံတော့ဒီရာသီကဈေးကျနေကျပါ'
#Local_News
Published_ 30 January 2024
#ကြက်သွန်နီဈေးဆက်ကျ
#YMG/NN #Yangon_Times
#Local_News
Published 30 January 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီအခွန်ဌာန လက်အောက်ရှိ အပေါင်ဆိုင်လိုင်စင်များအပါအဝင် လုပ်ငန်းလိုင်စင် ၄၃ခုကို ဈေးပြိုင်လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းကော်မတီမှ သိရသည်။
အဆိုပါဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည့် လိုင်စင်အမျိုးအစားများမှာ အပေါင်ဆိုင်လိုင်စင်၃၇ခု၊အခွန်ကောက်ခံလုပ်ငန်း လိုင်စင် ၆ ခု စုစုပေါင်း ၄၃ ခု ပါဝင်ကြောင်း သိရသည်။
လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ အနေဖြင့် နေပြည်တော်ဝင်ကြေး ဘီးကောက်လိုင်စင်(တပ်ကုန်း၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ) ၄ ခု၊ တန်ပိုကြေးကောက်ခံခွင့်လိုင်စင်(ဥတ္တရသီရိ) ၁ ခု၊ ဘောဂသီရိအဝေးပြေးယာဉ် ရပ်နားစခန်းယာဉ်ဝင်ကြေးနှင့် သန့်စင်ခန်း၊ ရေချိုးခန်း ဝင်ကြေးကောက်ခံခွင့် လိုင်စင် ၁ ခု၊ မြို့နယ် ၈ မြို့နယ်၏ ပုဂ္ဂလိက အပေါင်ဆိုင်လိုင်စင် ၃၇ ခု တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ဈေးပြိုင်စနစ်နှင့် လာမည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနအစည်းအဝေးခန်းမတွင် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
စိတ်ပါဝင်စားသည့် တင်ဒါလျှောက်ထားလိုသူများအနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နောက်ဆုံးထားကာ လျှောက်လွှာများ ပေးပို့ရမည်ဖြစ်ပြီး လေလံလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များစသည့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်းအခွန်ဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
#Local_News #အပေါင်ဆိုင်လိုင်စင် #လုပ်ငန်းလိုင်စင်၄၃ခု #စည်ပင်လေလံတင်ရောင်းချ #YMG/NN #Yangon_Times
ကိုဗစ်ပိုးတွေ့သူ(၇၃)ဦးရှိ၊ ရန်ကုန်၌ ကူးစက်ခံရသူ (၅၀)ကျော်တွေ့ပြီးကူးစက်မှုအများဆုံးဖြစ်နေ
"ကိုဗစ်ပိုးတွေ့သူဟာ ဇန်နဝါရီ(၂၁)ရက်ကနေ(၂၈) ရက်အထိ တစ်ပတ်တာအတွင်းမှာ (၇၃)ဦးတွေ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကတော့(၆၄)ဦးပဲ ကိုဗစ်ပိုးတွေ့ရတာဖြစ်တဲ့အတွက် အခုအပတ်မှာတော့ ကိုဗစ်ပိုးတွေ့သူဦးရေတွေတိုးလာတာဖြစ်တယ်"
#Local_News
Published_ 30 January 2024
#ကိုဗစ်ပိုးတွေ့သူ(၇၃)ဦး #ကူးစက်မှုအများဆုံးဖြစ်နေ
#tthl #Yangon_Times
#Local_News
Published 30 January 2024
လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူလုံးဝမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောကြားသည်။
ဇန်န၀ါရီ ၂၉ ရက်က ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည် ပြုလုပ်သည့် ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
ခွေးရူးပြန်ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခုပင်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးပြန်ရောကြောင့် သေဆုံးသူလုံးဝမရှိစေရေး ရည်မှန်းချက်ပြည့်မီစေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်းအားဖြင့် ဆောင်ရွက်၍ အောင်မြင်နိုင်မည်မဟုတ်ဘဲ နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုကပါ တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု (One Health Approach)ဖြင့် ဆောင်ရွက်သွားကြရေးအတွက်ရည်ရွယ်ပြီး ဆွေးနွေးတိုင်ပင်နိုင်စေရေး အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းဝေးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ခွေးကိုက်မှုအဖြစ်များသော ဒေသများ၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို Campaign အသွင်ဖြင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာကဏ္ဍစုံပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ၍ လက်တွေ့လုပ်ဆောင်နိုင်မည့် ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု စီမံချက်များရေးဆွဲသွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာန ဌာနမှူးနှင့် တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
#Local_News #ခွေးရူးပြန်ရောဂါ #သေဆုံးသူလုံးဝမရှိစေရေး #ကျန်းမာရေးဒုဝန်ကြီးပြော #YMG/LW #Yangon_Times
#Local_News
Published-30 January 2024
လာမည့်ဖေဖော်ဝါရီ ၁ ရက်နေ့၌ လိပ်ပြာပုံ စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် လိပ်ပြာမျိုးစိတ်အဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “Golden Birdwing” လိပ်ပြာပုံ (၂၀၀) ကျပ်တန်စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးကိုရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ “Golden Birdwing”လိပ်ပြာပုံ (၂၀၀) ကျပ်တန်စာပို့ တံဆိပ်ခေါင်းသစ်ကို ဖေဖော်ဝါရီ ၁ ရက် မနက်(၉) နာရီခွဲအချိန်က စတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိစာတိုက်ကြီးများ၌ တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တံဆိပ်ခေါင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်များရှိ ဝယ်ယူနိုင်ရန်ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း သိရသည်။
#Local_News #လိပ်ပြာပုံစာပို့တံဆိပ် #ရောင်းချပေးမည် #YMG/ NN #Yangon_Times
ခရီးသွားရာသီဖြစ်တဲ့အတွက် ငွေဆောင်၊ ချောင်းသာစတဲ့ ကမ်းခြေတွေကို ဧည့်ဝင်ရောက်မှုများတဲ့အတွက် အုန်းရည်သောက်သုံးမှုများသလို မုန့်လုပ်တဲ့လုပ်ငန်းတွေကလည်း ၀ယ်ယူမှုရှိတာကြောင့် အုန်းသီးဈေးကွက်ဟာ ပြည်တွင်း၀ယ်လိုအားပုံမှန်ရှိပြီး ဈေးကအမြင့်ပိုင်းမှာရှိနေတယ်။ အခုနှစ်တော့ ဒေသတွင်း အုန်းခြံပိုင်ရှင်တွေ အဆင်ပြေတာပေါ့။ ၀ယ်ရောင်း လုပ်သူတွေအတွက်က ဈေးကွက်ကအရင်လို မှန်းမရတာရယ် သယ်ယူစရိတ်တွေမြင့်တာရယ်ကြောင့် အခက်အခဲ ဖြစ်နေတယ်။
#Local_News
Published_ 30 January 2024
#ပြည်တွင်းဈေးကွက် #အုန်းသီးဈေးမြင့်နေ
#YMG/LW #Yangon_Times
#World_News
Published 30 January 2024
ဂျော်ဒန်နိုင်ငံမှာ အီရန်နောက်ခံပြု စစ်သွေးကြွအဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် အမေရိကန်အနေနဲ့ တပ်သားများကို ကာကွယ်ပေးဖို့ရာ လိုအပ်သမျှ အတိုင်းအတာအားလုံး လုပ်ဆောင်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တနင်္လာနေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကတော့ အီရန်နဲ့ စစ်ဖြစ်ပွားစေရန် မရည်ရွယ်ဘူးလို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
တနင်္ဂနွေနေ့က စစ်သွေးကြွများမှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ အမေရိကန်တပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကာ အစ္စရေးလ်-ဟားမတ်စ် စစ်ပွဲစတင်ပြီးနောက်ပိုင်း အမေရိကန်တပ်တွေကို ပထမဆုံးအကြိမ် အသက်အန္တရာယ်ပေးနိုင်သည်အထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ထပ်မံမြင့်တက်စေခဲ့ပါတယ်။
ဂျော်ဒန်မှာကျဆုံးသွားတဲ့ တပ်သား ၃ ဦးနဲ့ ဒဏ်ရာရရှိသူတွေအတွက် ဝမ်းနည်းမိကြောင်း၊ နာကျည်းမှုလည်း ဖြစ်ရကြောင်း အော်စတင်က ပင်တဂွန်စစ်ဌာနချုပ်မှာ ပြောကြားလိုက်ပါတယ်။
‘’ယမန်နေ့က သမ္မတပြောသလိုပါပဲ။ တုန့်ပြန်မှုတွေဟာ အဆင့်ဆင့် အနေအထားဖြင့် အချိန်နဲ့အမျှ ကြာရှည်လာနိုင်တယ်’’ လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဆိုလိုက်ပါတယ်။
ဒါပေမဲ့ အစိုးရအဖွဲ့မှ အရာရှိများကတော့ တင်းမာမှုမဖြစ်စေလိုကြောင်း ဆိုလိုက်ကာ အီရန်ကလည်း စစ်ပွဲလိုလားမှာ မဟုတ်ဘူးလို့ ပင်တဂွန်က ယူဆထားပါတယ်။
ဂျော်ဒန်နိုင်ငံရှိ Tower 22 လို့ခေါ်တဲ့ စစ်စခန်းမှာ တပ်သား ၃၅၀ နီးပါးရှိပြီး ဘာကြောင့်ဒရုန်းကို မတားဆီးနိုင်ခဲ့လဲဆိုတာကို အမေရိကန်က စုံစမ်းနေပါတယ်။
တိုက်ခိုက်ဖို့လာတဲ့ ဒရုန်းဝင်ရောက်လာချိန်မှာပဲ အမေရိကန်ဒရုန်းတစ်စင်းကလည်း စခန်းကို ချဥ်းကပ်လာခဲ့တယ်လို့ အရာရှိ ၂ ဦးက ဆိုပါတယ်။
တိုက်ခိုက်ရေးဒရုန်းက အနိမ့်ပျံသန်းလာတာကြောင့် စခန်းကာကွယ်ရေးစနစ်တွေက မထိမှန်ခဲ့တာ ဖြစ်နိုင်တယ်လို့ အရာရှိတစ်ဦးက ပြောပြပါတယ်။
အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အီရတ် ဆီးရီးယား ဂျော်ဒန်တို့ရှိ အမေရိကန်တပ်တွေနဲ့ ပင်လယ်နီမှ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတာ အကြိမ် ၁၆၀ ကျော်လာပြီဖြစ်ပြီး ယီမင်မှ ဟူသီတိုက်ခိုက်ရေးအဖွဲ့ကလည်း ဒရုန်းများ ဒုံးကျည်များဖြင့် တိုက်ခိုက်နေခဲ့ပါတယ်။
အီရန်နဲ့ တိုက်ရိုက်ဖြေရှင်းရန် ဘိုင်ဒင်အပေါ် နိုင်ငံရေးဖိအားများ ပုံကျလာပြီး စစ်ပွဲကျယ်ပြန့်လာမှာကို ဘိုင်ဒင်က စိုးရိမ်နေပါတယ်။
ဘိုင်ဒင်က အော်စတင်နဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့မှ အခြားအဖွဲ့ဝင်များနဲ့ တွေ့ဆုံကာ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များကို ဆွေးနွေးခဲ့ပါတယ်။
သမ္မတရဲ့ အကြံပြုချက်တွေထဲမှာ အီရန်ပြည်တွင်းနဲ့ ပြင်ပမှာရှိတဲ့ အီရန်တပ်များကို ပစ်မှတ်ထားရေး၊ အီရန်နောက်ခံပြု စစ်သွေးကြွများကိုသာ ပစ်မှတ်ထားတဲ့ တုန့်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ရေးတို့ ပါဝင်ပါတယ်။
#World_News #အမေရိကန်စစ်စခန်းတိုက်ခိုက်ခံရ #အီရန်နှင့်စစ်ဖြစ်ရန်မလိုလားဟုပင်တဂွန်ပြော #Source: Reuters
#Local_News
Pblished 30 January 2024
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ဇန်န၀ါရီ ၃၀ ရက် နံနက် ၆နာရီ ၄၀မိနစ်ခန့်က ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ယာဉ်သည် စက်နှိုးစဉ်ဘထ္ထီရီခေါင်းချောင်ပြီး ရှော့ခ်ဖြစ်ရာမှ မီးပွားများ ထွက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှု သတင်းရရှိသောကြောင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်(၆ )ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၆နာရီ ၅၀မိနစ် ခန့် က မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း မီးလောင်သည့် ယာဉ်ပျက်စီးဆုံးရှုံးမှုများ ကြောင်း သိရသည်။
#Local_News #ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
#World_Health
Published 30 January 2024
တစ်နေ့ကို လက်ဖက်ကြမ်းရည် ၃ ခွက်သောက်ခြင်းဖြင့် အသက်ရှည်စေနိုင်တယ်လို့ တရုတ်ပြည် ချန်ဒူရှိ စီချွမ်တက္ကသိုလ်မှ လေ့လာဖော်ပြခဲ့ပါတယ်။
လက်ဖက်ကြမ်းရည် သောက်တတ်တဲ့ အလေ့အထနဲ့ ပတ်သက်ပြီး ဗြိတိန်လူမျိုး ၆ ထောင်ခန့်နဲ့ တရုတ်လူမျိုး ၈ ထောင်ခန့်တို့ကို သုတေသီများ စစ်တမ်းကောက်ယူခဲ့ကြပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်အဆီ ပါဝင်မှုနှုန်း၊ ကိုလက်စ်ထရောလ်၊ သွေးပေါင်ချိန်တို့ကို စဥ်းစားကာ ကိုယ်တွင်းဇီဝဖြစ်စဥ်သက်တမ်းကို တွက်ချက်ခဲ့ကြပါတယ်။
အကြမ်းရည် အမြဲသောက်သုံးသူတွေဟာ အိုမင်းရင့်ရော်ခြင်းလက္ခဏာ သိပ်မရှိဘဲ အများစုက အမျိုးသားများဖြစ်နေပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ကြကာ အရက်သောက်သုံးတတ်သလို စိုးရိမ်ပူပန်ခြင်းနဲ့ အိပ်မပျော်ခြင်းတို့ သိပ်မရှိကြပါဘူး။
တစ်နေ့ကို လက်ဖက်ခြောက် ၈ ဂရမ်လောက်ပါဝင်တဲ့ အကြမ်းရည် ၃ ခွက်မျှ သောက်သုံးခြင်းဖြင့် အိုမင်းခြင်းကို ဆန့်ကျင်တဲ့ အစွမ်းသတ္တိတွေ အများဆုံးတွေ့ရကြောင်း သုတေသီတွေ ဆိုပါတယ်။
အကြမ်းရည် မသောက်တော့တဲ့လူတွေက အိုမင်းခြင်းလက္ခဏာများ ပေါ်ပေါက်လာတယ်လို့လည်း တွေ့ရှိရပါတယ်။
လက်ဖက်မှာပါဝင်တဲ့ ပိုလီဖီနောလ် ဇီဝသတ္တိကြွပစ္စည်းဟာ ကိုယ်ခံအားစနစ်၊ ဇီဝကမ္မဖြစ်စဥ်၊ မှတ်ဉာဏ်လုပ်ဆောင်ချက်တို့ကို ထိန်းညှိရာမှာ အရေးပါနေပါတယ်။
အသက်အရွယ်အရ ဖြစ်လာတတ်တဲ့ နှလုံးသွေးကြောရောဂါများ၊ ဆီးချိုသွေးချို၊ ဒီမန်ရှာ၊ ကင်ဆာတို့မှ ကာကွယ်ပေးတယ်လို့လည်း ဖော်ပြထားပါတယ်။
ဘယ်လိုလက်ဖက်အမျိုးအစားက အိုမင်းခြင်းကို ဆန့်ကျင်သလဲဆိုတာတော့ တိတိကျကျ မလေ့လာရသေးပါဘူး။
လက်ဖက်ခြောက်ကို ဘယ်လိုအပူချိန်မျိုးဖြင့် သောက်သုံးသလဲဆိုတာက ကွာခြားခြင်းမရှိဘဲ ဘယ်လောက်ပမာဏ သောက်လဲဆိုတာကို စမ်းသပ်ပါဝင်သူတွေထံ မမေးခဲ့ကြပါဘူး။
#World_Health #နေ့စဥ်လက်ဖက်အကြမ်းရည်သောက်သုံးခြင်း #အိုမင်းရင့်ရော်ခြင်း #လျှို့ဝှက်ချက်ဖြစ်လာနိုင် #Source: New York Post
#World_Health
Published 30 January 2024
ဆစ်ဖလစ် (ကာလသားရောဂါ)ဟာ ထရပ်ပိုနီမာပယ်လီဒမ်ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး အထူးသဖြင့် ဗိုက်ထဲက ကလေးအတွက် အန္တရာယ်ရှိတတ်ပါတယ်။
လိင်အင်္ဂါနားတဝိုက်ရှိ အနာတွေနဲ့ တိုက်ရိုက်ထိတွေ့ရာကနေ ကူးစက်တတ်ပြီး နှုတ်ခမ်းနားတဝိုက်မှာလည်း ဖြစ်တတ်ပါတယ်။
အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ အဓိကကူးစက်တတ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေကနေ သန္ဓေသားတွေဆီလည်း ကူးစက်တတ်ပါတယ်။
HIV လူနာတွေနဲ့ လိင်ကြောင့်ဖြစ်တဲ့ အခြားရောဂါသည်တွေဟာ ကိုယ်ခံအား ကျဆင်းနေတာကြောင့် ကာလသားရောဂါ ပိုမိုကူးစက်လွယ်ပါတယ်။
ကာလသားရောဂါကို အဆင့် ၃ ဆင့်ခွဲနိုင်ကာ ပထမဆုံးအဆင့်က ကူးစက်ပြီး ရက် ၉၀ အတွင်း အနာတွေဖြစ်ပေါ်လာပါတယ်။
မကုသဘဲနေရင် နောက်တစ်ဆင့်သို့ ကူးစက်သွားကာ အရေပြားပေါ်မှာ အင်ပျဥ်တွေ ပေါ်လာပါတယ်။
ရောဂါလက္ခဏာတွေ အနေနဲ့ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ နွမ်းနယ်ခြင်းတို့ ဖြစ်တတ်ကာ သက်သာသွားနိုင်ပေမယ့် မကုသဘဲထားရင် ရောဂါက နောက်ဆုံးအဆင့် ရောက်ရှိသွားပါတယ်။
အနာတွေ မရှိတော့ပေမယ့် ကိုယ်တွင်းအင်္ဂါအများအပြားကို ထိခိုက်လာကာ အကြောသေခြင်း၊ အာရုံမခံစားရခြင်း၊ ဒီမန်ရှာတို့ ဖြစ်လာနိုင်ပြီး အဆိုးဆုံးအနေနဲ့ အသက်သေဆုံးခြင်းတို့ ဖြစ်နိုင်ပါတယ်။
ရောဂါရှာဖွေနည်းကတော့ ရောဂါကိုဆန့်ကျင်တိုက်ခိုက်တဲ့ ပဋိဇီဝပစ္စည်းတွေ ရှိမရှိ စစ်ဆေးတာ ဖြစ်ပါတယ်။
ကလေးငယ်တွေအတွက် အလွန်အန္တရာယ်ရှိတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနဲ့ စောစီးစွာ စစ်ဆေးသင့်ပါတယ်။
ပင်နီဆလင် ၁ တောင့်မှ ၃ တောင့်ထိုးသွင်းပြီး ကာလသားရောဂါကို ကုသသလို ဆိုးရွားတဲ့အခြေအနေမှာ သွေးကြောသွင်းကုသရတာမျိုး ရှိတတ်ပါတယ်။
ကာလသားရောဂါဟာ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။
အမျိုးသမီးတွေနဲ့ သူတို့ရဲ့ ဝမ်းထဲကကလေးတွေ အန္တရာယ်မဖြစ်စေရန် ပုံမှန်စစ်ဆေးသင့်ပါတယ်။
ပင်နီဆလင်လို သင့်လျော်တဲ့ ပဋိဇီဝဆေးများဖြင့် ထိရောက်စွာ ကုသနိုင်ပါတယ်။
#World_Health #ကာလသားရောဂါ #သိသင့်သိထိုက်စရာများ #Source: The Jerusalem Post
တရုတ်ပြည်မှ အန္တာတိတ်စူးစမ်းလေ့လာရေး အကြိမ် ၄၀ မြောက်အဖွဲမှ သုတေသီများဟာ အဒယ်လိတ်ကျွန်းပေါ်မှ ပင်ဂွင်းငှက်မျိုးစိတ် ၂ မျိုးရဲ့ အကောင်ရေတည်ရှိမှု ပြောင်းလဲလာတာကို တွေ့ရှိလာကြပါတယ်။
#World_Discovery
Published 29 January 2024
#ကမ္ဘာ့အပူချိန်မြင့်တက် #အဒယ်လိတ်ကျွန်း #ပင်ဂွင်းမျိုးစိတ်(၂)မျိုး
#YMG #Yangon_Times #Yangon_Media_Group
Page 875 of 2004