#Local_News
Published 1 May 2024

▪️ ယခုနှစ်ငါးလတာအတွင်း မြန်မာနိုင်ငံသို့နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော၂၅၀ကျော် ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

 

▪️ ထိုသို့ဆိုက်ကပ်ရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင် (၅၃) စင်း၊မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင် (၅၀) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး ယခု မေလတွင် (၅၂)စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။

 

▪️ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောများတစ်နှစ်လျှင် အစင်းရေ ၆၀၀ကျော်အထိဝင်ရောက်ဆိုက်ကပ်လေ့ရှိရာပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့ပြီး  ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့သည်။

 

▪️ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိခြင်းဖြစ်ကာ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်လျှက်ရှိခြင်းဖြစ်သည်။

 

▪️ ထို့အပြင်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရသည်။

 

#YMG/NN #Yangon-Times