အီဂျစ်နိုင်ငံမြောက်ပိုင်းကမ်းရိုးတန်းမြို့ အလက်ဇန်ဒရီယာရှိ ၁၃ ထပ်တိုက်ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၇ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဗုဒ္ဓဟူးနေ့မှာဖော်ပြခဲ့ကြပါတယ်။
#World_News
#Published_ 29 June 2023
#YMG #Yangon_Times
#Daily_News
Published_ 29 June 2023
၁။ မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ကိုရီးယားနဲ့ဂျပန်နိုင်ငံက ဆန်ရိက္ခာ (၅၅၄) တန်နဲ့ အသင့်စားဆန်ထုပ် (၂၀၀၀၀) ထောက်ပံ့ပေးအပ်
၂။ တစ်ရက်အတွင်း ကိုဗစ်ဓာတ်ခွဲနမူနာ ၇၀၀၀ ကျော်အနက် အတည်ပြုလူနာသစ် ၄၅ ဦးထပ်မံတွေ့ရှိ
၃။ အာဆီယံ အမျိုးသမီး U-19 ပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်နှင့် ထိုင်းတို့ဖြင့် ယှဉ်ပြိုင်ကစားမည်
၄။ အီဂျစ်နိုင်ငံ အလက်ဇန်ဒရီယာမြို့တွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ(၇)ဦးအထိရှိလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ဂုံဆိပ်ကမ်းမြို့နယ်တွင် ငွေကျပ် ၁၅၂၃ ဒဿမ ၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ကနဦး ဖမ်းဆီးရမိသူနှစ်ဦးကို စစ်ဆေးချက်အရ ကွင်းဆက်တရားခံ နှစ်ဦးကိုပါ မူးယစ်ဆေးဝါးတွေနဲ့အတူ ထပ်မံ ဖမ်းဆီးရမိ
Ygm/ myn
#Local_News
#Published_ 29 June 2023
#YMG #Yangon Times
မြန်မာ့လက်ရွေးစင် ဘောလုံးသမား သန်းပိုင်ကို ချင်းမိုင်ယူနိုက်တက်အသင်းက ခေါ်ယူကစားရန် သဘောတူ စာချုပ် ချုပ်ဆို
၂၀၂၃/၂၀၂၄ ခုနှစ်အတွင်း ကျင်းပမယ့် M-150 ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအတွက် ချင်းမိုင်ယူနိုက်တက်အသင်းကသဘောတူစာချုပ် ချုပ်ဆို
Ygm/ myn
#Local_News
#Published_ 29 June 2023
#YMG #Yangon Times
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စု(ဂ)ပွဲစဉ်မှာ ဖိလစ်ပိုင်နဲ့ ထိုင်းအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမည်
အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်းမြို့မှာ လာမယ့် ဇူလိုင် ၅ ရက်နေ့ ကနေ ဇူလိုင် ၁၇ ရက်နေ့အထိကျင်းပပြုလုပ်
Ygm/ myn
#Local_News
#Published_ 29 June 2023
#YMG #Yangon Times
ယနေ့အချိန်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၉၃၁၀) ဉီးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း (၁၉,၄၉၄) ဉီး ရှိ
ယနေ့အချိန်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ( ၁၀,၈၄၅,၁၂၃)ဉီးကို စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၄၀,၃၉၁ )ရှိ
Ygm/ myn
#Local_News
#Published_ 29 June 2023
#YMG #Yangon Times
မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ဆန်ရိက္ခာ (၅၅၄) တန်နဲ့ အသင့်စားဆန်ထုပ် (၂၀၀၀၀) ထောက်ပံ့ပေးအပ်
ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင်များ အစည်းအရုံး နဲ့ Old Star အဖွဲတိုက ငွေကျပ် (၁၃၂၂) သိန်းနဲ့ မိုခါရန်ပုံငွေ ဘောလုံးအသင်းတာဝန်ရှိသူတွေကလည်း ငွေကျပ်သိန်း (၇၅၀) နဲ့ စားသောက်ဖွယ်ရာတွေ ပေးအပ်လှူဒါန်း
Ygm / myn
#Local_News
#Published_ 29 June 2023
#YMG #Yangon Times
Published_ 29 June 2023
ထိုင်းဘုရင့်သမီးတော်က ချီးမြှင့်သည့် ထူးချွန်ဆရာများ ဆုကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အ.ထ.က(၂) လှိုင်သာယာ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်အေးစုဝင်းက ရရှိကြောင်း
Princess Maha Chakri Award(PMCA) Foundationက သိရသည်။
ထိုင်းနိုင်ငံ ဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်မှ အာဆီယံ နိုင်ငံများမှ ထူးချွန်ဆရာ၊ ဆရာမ (၁၀)ဦးကို ဆုချီးမြှင့်ရာတွင် မြန်မာနိုင်ငံအတွက် လှိုင်သာယာမြို့နယ်ရှိ၊ အထက( ၂) အခြေ ခံပညာအထက်တန်းကျောင်း၌ အထက်တန်းပြရာထူးဖြင့် အင်္ဂလိပ်ဘာသာရပ်သင်ကြားပြသပေးနေသူ ဆရာမဒေါ်အေးစုဝင်းက ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆုရရှိသူများကို လာမည့် အောက်တို ဘာ ၁၇ ရက်တွင် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် PMCA ညီလာခံတွင် ဆုချီးမြှင့်သွားဖြစ်ပြီး ဆုရရှိသူများကို Princess Maha Chakri ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ရွှေရင်ထိုးတစ်ခုနှင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သောင်းဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းဖောင်ဒေးရှင်းက သိရသည်။
ယင်း Princess Maha Chakri Award ကို မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တုန်းက ဆရာမဒေါ်ရည်မွန်စိုးနှင့် ၂၀၂၁ ခုနှစ်တွင် ဆရာဦးကျော်ဇင်အောင်တို့လည်း ရရှိခဲ့ကြောင်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Time
Published_ 29 June 2023
ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း "ROSATOM" နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဝန်ကြီးဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းလူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ "ROSATOM" မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ တက္ကသိုလ်များမှကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါတယ်။
ဦးစွာဝန်ကြီးက သိပ္ပံပွဲတော်ကျင်းပခြင်း အားဖြင့် အခြေခံပညာအဆင့်မှ သည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့်ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်နေသည့် လူငယ်ပညာရှင်များအထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံ ဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာ ဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ်ဖြစ်ပေါ် လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။
ထို့ပြင် မီဒီယာများမှတစ်ဆင့် နိုင်ငံ အတွင်း နျူကလီးယားစွမ်းအင် ဆိုင်ရာအသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့်နျူကလီးယားစွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက် အကူပြုနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ "ROSATOM" မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky က ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ပါတယ်။
အဆိုပါ သိပ္ပံပွဲတော်ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်း အချက်အလက်စင်တာတို့တွင် ဇွန် ၂၈ ရက် မှ ၃၀ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် နျူကလီးယား နည်းပညာနှင့်သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ကျင်းပပေးပြီးဆုများလည်း ချီးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။
ထို့ပြင် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားကျောင်းသူ လူငယ်ပညာရှင်များပါဝင်သည့် အဖွဲ့လိုက်ပြိုင်ပွဲ၊ အဖွဲ့လိုက်သရုပ်ပြပြိုင်ပွဲများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း လေ့လာရေးအစီအစဉ်များ၊ အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများက နျူကလီးယား စွမ်းအင်နှင့် ဆက်စပ် သိပ္ပံခေါင်းစဉ်များအလိုက်ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူများကပြန်လှန်မေးမြန်း ဆွေးနွေးခြင်းများ၊ မီဒီယာများအတွက် နျူကလီးယားဆိုင်ရာ အသိပညာများမျှဝေခြင်းအစီအစဉ်များ ပါဝင်မှာဖြစ်ကြောင်းသိရ ပါတယ်။
သိပ္ပံပွဲတော်ကျင်းပစဉ် အတွင်း သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ "ROSATOM" ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်၍ နိုင်ငံတော်အတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေးနှင့် နျူကလီးယား နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲညှိနှိုင်းကော်မတီ ဆွေးနွေးပွဲကိုကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Local_News
#YMG #Yangon_Times
Published_ 29 June 2023
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'ဟာ အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်းဝေဒနာခံစားနေရတဲ့အတွက် လတ်တလောမှာ အသက်ရှူလမ်းကြောင်းဆက်တိုက်ဖိအားပေးစက်(CPAP)ကို စတင်အသုံးပြုနေရကြောင်း အိမ်ဖြူတော်အရာရှိများက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ချီကာဂိုမှာ မိန့်ခွန်းပြောကြားရန် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက အိမ်ဖြူတော်မှထွက်ခွာလာရာမှာ သူ့မျက်နှာနှစ်ဖက်စလုံးမှာ အဆိုပါကိရိယာတပ်ဆင်ထားခဲ့ရတဲ့ အရာတွေမြင်တွေ့ရပါတယ်။
၂၀၀၈ ခုနှစ်ကတည်းက သမ္မတဟာ အိပ်ပျော်စဉ်အသက်ရှူကြပ်ခြင်းဝေဒနာ ရှိနေကြောင်း ထုတ်ဖော်ခဲ့ပြီး မနေ့ညကတော့ ထိုဝေဒနာရှိသူတွေမှာ အသုံးများတဲ့ CPAP စက်အသုံးပြုခဲ့ရတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ'အန်ဒရူးဘိတ်စ်'က ပြောကြားသွားပါတယ်။
CPAP စက်တွေဟာ အိပ်ပျော်စဉ်အသက်ရှူကြပ်ခြင်းဝေဒနာအတွက် အသုံးများတဲ့စက်ဖြစ်ပါတယ်။
အိပ်နေစဉ်မှာ နှာခေါင်းအုပ်အတွင်းသို့ လေစီးဆင်းမှုဆက်တိုက်ဖြစ်စေပြီး အသက်ရှူလမ်းကြောင်းများပွင့်နေစေကာ အောက်ဆီဂျင်ထောက်ပံ့မှု မပြတ်ရရှိစေပါတယ်။
ထိုဝေဒနာဟာ အမေရိကန်လူမျိုးသန်း ၃၀ ခန့်မှာ ဖြစ်ပွားနေပြီး ဆိုးကျိုးတွေကအမျိုးမျိုးရှိနေကာ အောက်ဆီဂျင်ပြတ်လပ်ကာ အိပ်စက်မှုကိုနှောင့်ယှက်စေသလို သွေးတိုးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေများစေပါတယ်။
လတ်တလောနှစ်များအတွင်းမှာ အမေရိကန်မှာ လူပေါင်း ၈ သန်းလောက် CPAP စက်အသုံးပြုနေရတယ်လို့ ကိရိယာထုတ်လုပ်သူများက ခန့်မှန်းထားပါတယ်။
မစ္စတာဘိုင်ဒင်အနေနဲ့ ဒါဟာ ပထမဆုံးအကြိမ် ဒီစက်ကိုအသုံးပြုရတာဖြစ်တယ်လို့ ဘလွန်းဘာ့ဂ်က ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်က မစ္စတာဘိုင်ဒင်ဟာ နှာခေါင်းတွင်းခွဲစိတ်မှုများစွာ ပြုလုပ်ခဲ့ရတယ်လို့ သူ့ဆရာဝန်က ပြောပြခဲ့ပါတယ်။
ဒီလိုခွဲစိတ်မှုတွေက ဝေဒနာကိုသက်သာစေပေမယ့် အပြီးတိုင်ပျောက်ကင်းခြင်းမရှိကြောင်း အိမ်ဖြူတော်တာဝန်ရှိသူက ဆိုပါတယ်။
သမ္မတက လတ်တလောသီတင်းပတ်တွေမှာ ကောင်းစွာအိပ်စက်နိုင်ရန်အတွက် CPAP ကိရိယာကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရပါတယ်။
Source: The New York Times
#World_Society #အသက်ရှူကြပ်ရောဂါ #အသက်ရှူထောက်ကူစက်ပစ္စည်းစတင်အသုံးပြု #ဂျိုးဘိုင်ဒင်
#YMG #Yangon_Times
Published_ 29 June 2023
အသားများကို ကြာရှည်စွာထိန်းသိမ်းနိုင်ရန် အေးခဲထားတတ်ကြပေမယ့် ကြာချိန်ဘယ်လောက်အထိ ထိန်းသိမ်းနိုင်မလဲဆိုတာကတော့ ပြောဖို့ခက်နေပါတယ်။
ကျွမ်းကျင်သူများပြောကြားချက်အရ အသားများကို လတ်ဆတ်တဲ့အရသာအတိုင်း ထိန်းသိမ်းထားနိုင်ဖို့ အများဆုံးတစ်လအထိ အေးခဲထားနိုင်တယ်လို့ အကြံပြုထားပါတယ်။
အချို့သောစားစရာများကတော့ ဒီထက်ပိုပြီး အေးခဲထားနိုင်ပါသေးတယ်။
ပုစွန်စိတ်၊ ကျောက်ပုစွန်၊ ပြည်ကြီးငါးတို့ဟာ အအေးခန်းထဲမှာ ၆ လကနေ ၁၈ လအထိ ကြာရှည်ခံပြီး ဝက်အူချောင်းတွေကတော့ ၂ လအထိသာ စိတ်ချစွာအေးခဲနိုင်ပါတယ်။
အသားအမျိုးမျိုးဟာ ထိန်းသိမ်းနိုင်တဲ့ကာလ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
ဟမ်ဘာဂါဆိုရင် ၃ လမှ ၄ လလောက်အထိ ထိန်းသိမ်းနိုင်ကာ အမဲသား၊ သိုးသားတွေကတော့ ၄ လမှ ၁၂ လအထိ ထိန်းသိမ်းနိုင်ပါတယ်။
ကြက်သား၊ ကြက်ဆင်သားတို့ဆိုရင် ၉ လအထိ အေးခဲထားနိုင်ပြီး ကြက်တစ်ကောင်လုံးဆိုရင် တစ်နှစ်လောက်အထိ ကြာရှည်ခံပါတယ်။
ငါး၊ ကဏန်း၊ ကျောက်ပုစွန်တို့ဆိုရင် အေးခဲထားမယ်ဆိုရင် ၄ လလောက်ခံနိုင်ပါတယ်။
အသားတွေလတ်ဆတ်နေတုန်း အေးခဲလိုက်ခြင်းက ယင်းအရည်အသွေးကို ထိန်းသိမ်းနိုင်ရန်အရေးကြီးကြောင်း အမေရိကန်ကုမ္ပဏီယာကူဇိုင်းက ဆိုပါတယ်။
အချိန်ကြာလွန်သွားတဲ့အထိ အေးခဲထားရင် အသားတွေက အနံ့ထွက်လာပြီး ပုံပျက်သွားတာကိုလည်း ဂရုစိုက်သင့်ပါတယ်။
အသားတွေကို လတ်လတ်ဆတ်ဆတ်နဲ့ အနံ့အရသာကောင်းမွန်အောင် ထိန်းသိမ်းရန်နည်းလမ်းတွေကတော့..
- ဝယ်ယူပြီးတာနဲ့ အသားကိုအေးခဲ့ထားပါ။
- အလုံပိတ်အိတ်များဖြင့် ထုတ်ပိုးကာ လုံးဝအအေးရိုက်ခြင်းမဖြစ်အောင် ထိန်းသိမ်းရပါမယ်။
- ထိန်းသိမ်းချိန်မှတ်မိနိုင်ရန် စတင်အေးခဲတဲ့ရက်စွဲကို ရေးသားထားပါ။
- မချက်ပြုတ်ခင်မှာ အေးခဲထားတဲ့အသားတွေကို အရည်ပျော်အောင်လုပ်ပါ။
အဆိုပါနည်းလမ်းများအတိုင်း ပြုလုပ်ပါက ကြာရှည်စွာအေးခဲထားရင်တောင် အရည်အသွေးမြင့်အသားတွေကို အာဟာရရှိရှိဖြင့် အရသာရှိစွာ စားသုံးနိုင်မှာဖြစ်ပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
Published_ 29 June 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၃၃၁)ဦးကို ဇွန်လ ၂၉ရက် (ယနေ့) စေလွှတ်ခဲ့ပြီး ယခုလအတွင်း ၅ကြိမ်စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးမှသိရသည်။
ဇွန်လ၂၉ရက်တွင် Regular ကုန်ထုတ်လုပ်သား (၂၄၉) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၈၀) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၂) ဦး၊ စုစုပေါင်း (၃၃၁) ဦးကိုစေလွှတ်ခဲ့ကြောင်းသိရသည်။
ထို့အတူဇွန်လအတွင်း ပထမဆုံးအကြိမ်အဖြစ်ဇွန်လ၇ ရက်က EPS စနစ်ဖြင့်
မြန်မာလုပ်သား စုစုပေါင်း (၁၅၀) ဦးကို လည်းကောင်း၊ ဒုတိယအကြိမ်အနေဖြင့် EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၄၆) ဦးကို ဇွန်လ၁၃ ရက်က စေလွှတ်ခဲ့ကြောင်းသိရသည်။
တတိယအကြိမ်အဖြစ် ဇွန်လ၂၀ ရက်က EPS စနစ်ဖြင့် မြန်မာလုပ်သား စုစုပေါင်း (၁၄၅) ဦးကိုလည်းကောင်း၊ ဇွန်လ ၂၁ရက်တွင် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦးကို စတုတအကြိမ်အနေဖြင့်ထပ်မံစေလွှတ်ခဲ့သည်။
အဆိုပါအလုပ်သမားများရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
Page 879 of 1704