#World_Health
Published 2 March 2024
ရာသီအကူးအပြောင်းနဲ့အတူ တုပ်ကွေးကူးစက်မှု များပြားလာတတ်ပြီး အရေးပေါ်ဌာနတွေမှာ ချောင်းဆိုး နှာချေလူနာတွေနဲ့ ပြည့်နေတာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။
အကူးစက်များတဲ့ ဗိုင်းရပ်စ်တွေထဲမှာ adenovirus ၊ influenza A ၊ RSV ၊ rhino-enterovirus တို့ ပါဝင်ပြီး အအေးမိဖျားနာ လက္ခဏာများ ဖြစ်တတ်ပါတယ်။
ပြင်ပလူနာဌာနကို ရောက်လာကြတဲ့ လူနာတွေဟာ အထက်ပါဗိုင်းရပ်စ်များအပြင် ကိုဗစ်ဗိုင်းရပ်စ်နဲ့ အခြားကူးစက်ပိုးမွှားရောဂါများ ခံစားရတတ်ပါတယ်။
ဆေးရုံတက်ကုသရလောက်တဲ့အထိ ပြင်းထန်တဲ့ အခြေအနေမျိုးမှာ လျစ်လျူရှုမိမယ်ဆိုရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ပါတယ်။
ရာသီအကူးအပြောင်းတွေမှာ ဝတ်မှုန်ကူးခြင်းတို့ကြောင့် ဓာတ်မတည့်ကာ နှာချေခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းတို့ ဖြစ်တတ်ပါတယ်။
ရောဂါကူးစက်မှုအနေနဲ့ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယား အဆုတ်ရောင်တို့ ဖြစ်တတ်ပါတယ်။
ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ဆီးချို နှလုံး အသည်း ကျောက်ကပ်ပြဿနာ ရှိသူတွေဟာ ပိုပြီးရောဂါဖြစ်လွယ်ပါတယ်။
ဘယ်လိုကူးစက်မှုမျိုးလဲဆိုတာ သိရဖို့ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပြီး ကိုယ့်ဘာသာ ဆေးစပ်သောက်သုံးတာမျိုး မပြုလုပ်သင့်ပါဘူး။
ရင်ကြပ်ခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ နာတာရှည်ရောဂါရှိတဲ့ ကလေးတွေမှာ တုပ်ကွေးကူးစက်တဲ့အခါ ပြင်းထန်လေ့ရှိပါတယ်။
ရောဂါကင်းဝေးဖို့အတွက် ရေဓာတ်ထိန်းသိမ်းခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်စွာစားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
တုပ်ကွေးနဲ့ အဆုတ်ရောင်ကာကွယ်ဆေးတို့ဖြင့် ကြိုတင်ကာကွယ်ခြင်းကလည်း ပိုမိုသင့်လျော်ပါတယ်။
တစ်ခုခု နေထိုင်မကောင်းဘူးဆိုရင် ရောဂါပျံ့နှံ့ခြင်းမရှိအောင် အိမ်မှာပဲ နေထိုင်သင့်ပါတယ်။
လက်ကိုဂရုတစိုက် ဆေးကြောသန့်စင်သင့်ပြီး နှာချေချောင်းဆိုးတဲ့အခါ တစ်ခုခုဖြင့် ပါးစပ်ကိုအုပ်သင့်ပါတယ်။
ကိုယ်ခံအားစနစ် အားကောင်းစေရန် အာဟာရမျှတစွာ စားသုံးရမှာဖြစ်ပြီး အိပ်ရေးဝအောင် အိပ်စက်သင့်ပါတယ်။
#World_Health #တုပ်ကွေးရာသီ #ဂရုစိုက်နေထိုင်သင့်သလဲ #Source: India Today
#World_Health
Published 02 March 2024
စိတ်ပြေလက်ပျောက်ဖြင့် အိပ်စက်ရခြင်းဟာ နှလုံးကို တည်ငြိမ်စေတဲ့ သက်ရောက်မှုရှိတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိဖော်ပြထားပါတယ်။
အိပ်ပျော်နေတဲ့အချိန်မှာ ပြင်ပလှုံ့ဆော်မှုတွေကို ခန္ဓာကိုယ်က ဘယ်လိုတုန့်ပြန်လဲဆိုတာ သိရဖို့အတွက် နှလုံးထဲက အီလက်ထရစ်ကယ် လှုပ်ရှားမှုတွေကို ဘယ်လ်ဂျီယံမှ လိဂ်တက္ကသိုလ်နဲ့ ဆွစ်ဇာလန်မှ ဖရိုင်းဘော့ဂ်တက္ကသိုလ်တို့မှ သုတေသီများက ဆန်းစစ်ခဲ့ကြပါတယ်။
လူတွေဟာ အိပ်နေတဲ့အချိန်မှာတောင် အမျိုးမျိုးသော အသံတွေကိုကြားပြီး နှလုံးခုန်နှုန်း ပြောင်းလဲသွားကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။
စမ်းသပ်ချက်များအရ အိပ်နေစဥ် ညင်သာတဲ့အသံတွေကို ကြားပါက နှလုံးခုန်နှုန်း နှေးသွားစေပြီး သာမန်အသံတွေကို ကြားရင်တော့ ဘာသက်ရောက်မှုမှ မရှိပါဘူး။
နိုးကြားပြီး တည်ငြိမ်နေစဥ်မှာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၆၀ မှ ၁၀၀ ကြားရှိတတ်ပြီး အိပ်နေစဥ်မှာတော့ ၄၀ / ၅၀ လောက်အထိ ရှိတတ်ပါတယ်။
နှလုံးခုန်နှုန်းနည်းတယ်ဆိုတာဟာ နှစ်ခြိုက်စွာ အိပ်ပျော်တဲ့သဘော ဖြစ်ပါတယ်။
ဦးနှောက်နဲ့ ခန္ဓာကိုယ်တို့ဟာ အိပ်နေစဥ်မှာတောင် ချိတ်ဆက်နေကြတယ်လို့ ယူဆရကြောင်း လိဂ်တက္ကသိုလ်မှ ဇီဝကမ္မဗေဒ အကြီးအကဲ အေသီနာဒီမာ့တ်ဇီက ပြောပြပါတယ်။
ယခင်သုတေသနမှာလည်း ထိုအဖွဲ့ဟာ သက်တောင့်သက်သာ ရှိစေတဲ့ အသံတွေနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းတို့ကြား ဆက်စပ်မှုကို တွေ့ရှိခဲ့ကာ ယခုနောက်ဆုံး လေ့လာချက်မှာတော့ နှလုံးနဲ့ ဦးနှောက်လှုပ်ရှားမှုကိုပါ ထည့်သွင်းလာပါတယ်။
သက်လတ်ပိုင်းတွေဟာ တစ်ညကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်သင့်တယ် ဆိုပေမယ့်နှစ်ခြိုက်စွာ အိပ်စက်ခြင်းလည်း အရေးကြီးနေပါတယ်။
ကောင်းစွာ မအိပ်စက်ရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့မှာ ဆိုးကျိုးများ သက်ရောက်လာပြီး သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
#World_Health #စိတ်ပြေလျော့စေသောအသံများ #နှလုံးအတွက်ကောင်းမွန်စေကြောင်း #Source: New York Post
ကမ္ဘာပေါ်မှာ နည်းပညာလုပ်ငန်းများ အကြီးမားဆုံးစုစည်းဆွေးနွေးတဲ့ ပွဲတစ်ခုဖြစ်တဲ့ The Web Summit ပွဲကို အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသတိုမှာ တနင်္လာနေ့က စတင်လိုက်ပြီး AI နဲ့ နောက်ဆုံးကျော်ကြားနေတဲ့ နည်းပညာဆန်းသစ် ထုတ်လုပ်မှုများ ပါဝင်လာပါတယ်။
#World_Event
Published_ 1 March 2024
#The_Web_Summit #ကာတာမြို့တော်တွင်စတင်ကျင်းပ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 1 March 2024
၁။ သင်္ကြန်တွင်းရိပ်သာဝင်မည့်သူများ ကြိုတင်စာရင်း ပေးသွင်းနိုင်ပြီ
၂။ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၅၀ မှ ၈၀ကျပ်ဝန်းကျင် ဈေးပြန်ကျ
၃။ ပြည်တွင်းစားဆန်များဈေးနှုန်းကျဆင်းနေ
၄။ The_Web_Summit နည်းပညာ စုစည်းဆွေးနွေးပွဲကြီး ကာတာမြို့တော်တွင် စတင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
နွေရောက်တိုင်း မိုးတိမ်တောင်များကြောင့် မိုးသက်လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာတွေဖြစ်ပေါ်လေ့ရှိပြီး အခုနှစ်မှာတော့ အယ်နီညိုသက်ရောက်မှုရှိတဲ့အတွက် ပိုမိုပြီးသတိထားဖို့ လိုအပ်တယ်။
#Local_News
Published_ 1 March 2024
#မိုးသက်လေပြင်းတိုက်ခတ် #အယ်နီညိုသက်ရောက်မှုရှိ
#tthl #Yangon_Times
#Local_News
Published-1 March 2024
၁၁နီးပါးကာလအတွင်း ပြည်ပသို့ကန်ဒေါ်လာသန်းပေါင်း ၁၂၀၀ကျော် တန်ဖိုးရှိသည့်ပဲမျိုးစုံ တန်ချိန် ၁၃ သိန်းနီးပါးတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့တင်ပို့ ရာတွင်(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ဧပြီ ၁ရက် မှ ဖေဖော်ဝါရီ ၂၃ရက်နေ့ အထိ)ပင်လယ်ရေကြောင်းမှအမေရိကန်ဒေါ်လာ(၁၀၉၂.၀၈၈)သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန် (၁၂၉၀၅၀၆.၅၁၂)နှင့် နယ်စပ်မှအမေရိကန်ဒေါ်လာ (၁၂၂.၈၇၀) သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန် (၁၄၁၆၁၉.၄၆၉) တန်၊ စုစုပေါင်းအမေရိကန်ဒေါ်လာ(၁၂၁၄.၉၅၈) သန်းတန်ဖိုးရှိသည့် (၁၄၃၂၁၂၅.၉၈၁) တန်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။
လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄)သန်း တန်ဖိုးရှိသည့်ပဲမျိုးစုံ (၁၆၄၀၇၇၇) တန်၊ နယ်စပ်မှ အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံ (၂၇၈၃၇၉) တန်၊ စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံ(၁၉၁၉၁၅၆) တန်၊ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #၁၁နီးပါးကာလ #ကန်ဒေါ်လာသန်းပေါင်း၁၂၀၀ကျော် #၁၃သိန်းနီးပါးတင်ပို့ #YMG/NN #Yangon-Times
#Local_News
Published 1 March 2024
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် စာစစ်ဌာန ၆၉ ခုဖြင့်သာ ကျင်းပစစ်ဆေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၉ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမမှာကျင်းပသည့် ရခိုင်ပြည် နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်း၊ အဖြေလွှာပို့ဆောင်နိုင်ရေးနှင့် စာမေးပွဲ အောင် မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲကို မတ်လ ၁၁ရက်နေ့မှ မတ်လ ၁၉ ရက် နေ့အထိ မြန်မာတနိုင်ငံလုံးတွင် တပြိုင်တည်း ကျင်းပမည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် စာစစ်ဌာန ၆၉ ခုဖြင့် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပြီး စာစစ်ဌာနများကို တတည်နေရာပြောင်း စစ်ဆေးခြင်း သင့်တော်ရာစာစစ်ဌာနအလိုက်ပေါင်းပြီး စစ်ဆေးတာတွေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မသမာမှုကင်းရှင်းစွာဖြင့် အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရန် အတွက် ပြည်နယ်အဆင့်ဦးစီးကော်မတီများ ဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်ထားကြောင်း စာမေးပွဲကျင်းပနေစဉ် အတွင်းစည်းလုံခြုံရေးများကို အထူးအလေးပေးကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကာ စာမေးပွဲအဖြေလွှာတွေကို သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးတွေကို ပေးပို့ထားပြီး စာစစ်ဌာနတွေကို အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မေးခွန်းလွှာများကိုလည်း အချိန်မီ ပေးပို့နိုင်ရေးစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
#Local_News #၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ #စာစစ်ဌာန၆၉ခုဖြင့်ကျင်းပ #YMG/LW #Yangon_Times
"ကျွန်တော်တို့ အစ်မကြီး(ဒေါ်တင်တင်မြ)ဆီ ဖုန်းဆက်သွယ်မေးမြန်းကြည့်လိုက်တော့ နေမကောင်းလို့ဆေးရုံတက်နေရတာမဟုတ်ဘဲ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ဆေးရုံတက်နေတာလို့ပြောပါတယ်"
#Local_News
Published_ 1 March 2024
#ဂန္တဝင်အဆိုတော်ကြီးဒေါ်တင်တင်မြ #ကျန်းမာရေးစောင့်ရှောက်မှုခံယူ
#tthl #Yangon_Times
'စားသုံးသူတွေကဒီကာလအတွင်းခရီးသွားကာလဖြစ်တာရယ်၊ စာမေးပွဲကာလဖြစ်တာတွေကြောင့် ဝယ်လိုအား လျော့ပြီး ပြည်တွင်းစားဆန်တွေဈေးကျနေတာပါ၊'
#Local_News
Published_ 1 March 2024
#ဆန်ဈေးကျ #ဝယ်လိုအားလျော့
#YMG/NN #Yangon_Times
#Local_News
Published 1 March 2024
နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမားကောင်းများ ပေါ်ထွက်နိုင်ရေးနှင့် မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့သည်။
ကြည့်မြင်တိုင် မျက်မမြင်သင်တန်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေးဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက မျက်မမြင်သင်တန်းသား သင်တန်းသူများအတွက် ခေတ်မီသင်ကြားမှုစနစ်များနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် လေ့လာပြီး လိုအပ်ချက်များတင်ပြရန်၊ သက်မွေးအတတ်ပညာများကို ယခုထက်ပို၍ အမျိုးအစား ပိုမိုသင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ မျက်မမြင်များကို မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ ရှေးဟောင်းအဆောက်အအုံအား ရေရှည်တည်တံ့ရေး သက်ဆိုင်ရာဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမားကောင်းများ ပေါ်ထွက်နိုင်ရေး မသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့်ဆက်သွယ်၍ စနစ်တကျ လေ့ကျင့်ပေးရန်မှာကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်း မျက်မမြင်ကျောင်းသား ကျောင်းသူ ၁၁၁ ဦးကို မျက်မမြင်လက်စမ်းစာ (Braille Letter) ဖြင့် မူလတန်းပညာရေးကို ကျောင်းတွင်းပညာရေးအဖြစ် သင်ကြားပေးနေမှု၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာရပ်များကို Inclusive Educationဖြင့် ပညာရေးဝန်ကြီးဌာနများမှ ဖွင့်လှစ်ထားသောကျောင်းများတွင် ဆက်လက်သင်ကြားပေးနေမှု၊ Japan Heart အဖွဲ့နှင့် ပူးပေါင်း၍ တစ်နှစ်သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားပေးသည့် ဂျပန်နည်းစနစ်ဆိုင်ရာ ဆေးပညာအကြောပြင် အနှိပ်သင်တန်း လက်တွေ့သင်ကြားပို့ချနေမှု၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၏ အကြောပြင်အနှိပ်သင်တန်း နှစ်နှစ်သင်ကြားပို့ချနေမှု၊ ဆက်တီခုံကြိမ်ထိုးနေမှုနှင့် ပလတ်စတစ်ခြင်း ရက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မျက်မမြင်စစ်တုရင်သင်ကြားနေခြင်းနှင့် Goal Ball အားကစားနည်းလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက် ဗဟန်းမြို့နယ် အလယ်ရွှေဂုံတိုင်လမ်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့သွားရောက်၍ စောင့်ရှောက်ထားရှိသော ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #နိုင်ငံ့ဂုဏ်ဆောင်မျက်မမြင် #YMG/NN #Yangon-Times #မြန်မာ့တီးဝိုင်း #နိုင်ငံတကာတီးဝိုင်း
#Local_News
Published-24 March 2024
ရန်ကုန်ဆိပ်ကမ်းများသို့ လာမည့်မတ်လအတွင်း နိုင်ငံတကာကုန်သေတ္တာတင် သင်္ဘော (၅၅) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင်(၅၃)စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာကုန်သေတ္တာ တင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့သည်။
#Local_News #ရန်ကုန်ဆိပ်ကမ်း #ကုန်သေတ္တာတင်သင်္ဘော(၅၅)စင်း #ဝင်ရောက်ဆိုက်ကပ်မည် #YMG/NN #Yangon_Times
မတ်လ ၁ရက်နေ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ ပြည်တွင်း စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကိုကျပ် ၅ဝမှ၈၀ကျပ်ဝန်းကျင်ဈေးပြန်ကျလာတယ် လို့ သိရပါတယ်။
#Local_News
Published_ 1 March 2024
#စက်သုံးဆီဈေးကျ #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/LW #Yangon_Times
Page 883 of 2057