#World_Health
Published 07 December 2023
ငှက်ပျောသီးစားခြင်းဟာ ခန္ဓာကိုယ်စွမ်းအင်ကို မြှင့်တင်ခြင်း၊ ဖောရောင်မှုကို လျှော့ချခြင်းတို့ ပေးစွမ်းနိုင်တဲ့အပြင် အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ရှိနေပါတယ်။
အိပ်ရာမဝင်ခင်မှာ ငှက်ပျောသီးတစ်လုံး စားခြင်းဖြင့် ကောင်းမွန်စွာ အိပ်စက်စေနိုင်တယ်လို့ Sleep Charity က ဖော်ပြထားပါတယ်။
ငှက်ပျောသီးမှာ ကြွက်သားတွေကို ပြေလျော့စေတဲ့ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံအပြင် ဦးနှောက်ကို ငြိမ်သက်စေတဲ့ ထရစ်တိုဖန်လည်း မြင့်မားစွာ ပါဝင်တာကြောင့် လျင်မြန်စွာ အိပ်ပျော်စေနိုင်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။
စပျစ်သီး၊ စတော်ဘယ်ရီသီးတို့ဟာလည်း အိပ်ပျော်မှုကို အားပေးတဲ့ မယ်လတိုနင်များ မြင့်မားစွာပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗာဒံသီး၊ ငါး၊ ကောက်ပဲသီးနှံ၊ ကွေကာတို့ကလည်း အိပ်စက်ခြင်းကို ကူညီပေးပါတယ်။
နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် နောက်ထပ်နည်းလမ်းတွေကတော့ အနည်းငယ်သာ စားသောက်ခြင်း၊ အပူအစပ် ချောကလက် ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ အစားအစာများ ရှောင်ရှားခြင်းတို့ ပါဝင်ပါတယ်။
အစားအသောက်အပြင် တီဗီ ဖုန်း ကွန်ပျူတာ ကြည့်ရှုချိန်လျှော့ချခြင်း၊ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ ရေချိုးခြင်း၊ အိပ်ခန်းကို အေးမြ မှောင်မည်း တိတ်ဆိတ်အောင် ပြုလုပ်ခြင်းတို့ကလည်း အထောက်အကူ ဖြစ်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ငှက်ပျောသီးမှာ အိပ်ပျော်စေတဲ့ အာဟာရဓာတ်များအပြင် ဗိုက်တာမင်စီ၊ ဘီ ၆၊ အမျှင်ဓာတ်များနဲ့ ခွန်အားပေးစွမ်းနိုင်တဲ့ ဓာတ်များလည်း ပါဝင်ပါတယ်။
ပိုတက်ဆီယံက သွေးဖိအားလျော့စေပြီး သွေးတိုးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ပရိုတိန်းအနည်းငယ်နဲ့ အဆီမပါဝင်ပေမယ့် ကာဗိုဟိုက်ဒရိတ်၊ ရေဓာတ်၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါတယ်။
ငှက်ပျောသီးရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် အစာခြေခြင်းကို ကောင်းမွန်စေပါတယ်။
ငှက်ပျောသီးမှာ တွေ့ရတဲ့ ပပ်တင်က ဝမ်းကိုပျော့စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
#World_Health #အိပ်စက်ခြင်း #ငှက်ပျောသီးနှင့်အခြားစားစရာ #Source: New York Post
Published 07 December 2023
အမေရိကန် လက်စ်ဗေးဂတ်စ်ရှိ နေဗာဒါတက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားဟာလည်း ရဲတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောပြခဲ့ပါတယ်။
နံနက် ၁၁ နာရီ ၄၅ မိနစ်မှာ ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က တက္ကသိုလ်ကျောင်းဝင်းသို့ ဖြန့်ကျက်ဝင်ရောက်လာကြပြီး ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာတွေကတော့ စာသင်ခန်းတွေထဲမှာ ပုန်းခိုနေခဲ့ကြပါတယ်။
လီစီးပွားရေးကျောင်း ဖွင့်ထားတဲ့ ကျောင်းဝင်းအဆောက်အဦသို့ ဒေသခံရဲများ ဝင်ရောက်သွားခဲ့ကြကာ တက္ကသိုလ်စုံထောက် ၂ ဦးက တရားခံနဲ့ ပစ်ခတ်ခဲ့ပြီး ပစ်သတ်နိုင်ခဲ့ကြောင်း နေဗာဒါတက္ကသိုလ် လက်စ်ဗေးဂတ်စ်မှ ရဲမှူးချုပ်အဒမ်ဂါစီယာက ညနေခင်းသတင်းကွန်ဖရန့်မှာ ပြောကြားသွားပါတယ်။
သေနတ်ပစ်ခတ်မှုအကြောင်း ပထမဆုံးအကြောင်းကြားပြီးနောက် မိနစ် ၄၀ မှာ အားလုံးရှင်းလင်းသွားပြီလို့ အာဏာပိုင်များက ကြေညာခဲ့ပါတယ်။
ရဲတွေကသာ သေနတ်သမားကို မသတ်ခဲ့ဘူးဆိုရင် နောက်ထပ်လူအများအပြား သေဆုံးသွားနိုင်တယ်လို့ နယ်ထိန်းရဲ ကီဗင်မက်မာဟေးလ်က ပြောပြသွားပါတယ်။
ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာတွေကိုတော့ အာဏာပိုင်များ မထုတ်ပြန်ခဲ့ပါဘူး။
ပရော်ဖက်ဆာ ကယ်ဗာနေမာတင်နဲ့ အခြားဝန်ထမ်း၊ ကျောင်းသား ၃ ဦးတို့က စားပွဲခုံအောက်မှာ ပုန်းနေခဲ့ကြပါတယ်။
နောက်ထပ် ပရော်ဖက်ဆာတစ်ဦး ဝင်လာပြီး ထွက်ပြေးခိုင်းဖို့ ပြောတဲ့အခါ အခြားလူတွေနဲ့အတူ ထွက်ပြေးခဲ့ကြပြီး ကျောင်းဝင်းထဲကနေ ကားဖြင့် မောင်းထွက်သွားခဲ့ကြပါတယ်။
၃၃၂ ဧကကျယ်ဝန်းတဲ့ နေဗာဒါတက္ကသိုလ်ကျောင်းဝင်းဟာ လက်စ်ဗေးဂတ်စ်ကမ်းမြောင် အရှေ့ဘက် ၂ မိုင်အောက်သာ ကွာဝေးပြီး ကျောင်းဝင်းထဲမှာ ကျောင်းသား ဘယ်နှယောက် ရှိနေခဲ့လဲဆိုတာ မသေချာပါဘူး။
၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ထိုမြို့မှာပဲ သေနတ်ပစ်ခတ်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ဂီတပွဲတော်ကို တက်ရောက်လာတဲ့ သူတွေထဲက လူအယောက် ၆၀ သေဆုံးခဲ့ကာ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။
တက္ကသိုလ်မှာ သောကြာနေ့ အတန်းတွေ ဖျက်သိမ်းခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေက ဒေတန်တက္ကသိုလ်မှာ ကစားရန်စီစဥ်ထားတဲ့ ဘက်စ်ကက်ဘောပွဲကိုလည်း နေဗာဒါတက္ကသိုလ်က ဖျက်သိမ်းခဲ့ပါတယ်။
Source: AP News
#World_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

#World_Health
Published 07 December 2023
ကမ္ဘာတဝှမ်းမှာ အဆုတ်ဖြူရောဂါလို့ခေါ်တဲ့ ရောဂါဆန်းတစ်ခု အဖြစ်များနေပြီး ဥရောပအပြင် အမေရိကန်နဲ့ တရုတ်တို့မှာလည်း အဖြစ်များနေပါတယ်။
ပိုမိုကျယ်ပြန့်လာတဲ့ အဆုတ်ရောင်ရောဂါဟာ ဒိန်းမတ်မှာ ကပ်ရောဂါအဆင့်ပင် ရောက်ရှိနှင့်နေပြီဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံမှာ အဆုတ်ဖြူရောဂါ ဖြစ်ပွားမှုမြင့်တက်နေပြီး အထူးသဖြင့် ကလေးတွေမှာ ဖြစ်နေပါတယ်။
အဆုတ်ဖြူရောဂါဟာ mycoplasma pneumoniae ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်ပါတယ်။
အဆုတ်ဖြူရောဂါဆိုတာဟာ အဆုတ်အင်္ဂါတွေ ရောင်ရမ်းခြင်းတစ်မျိုး ဖြစ်ပါတယ်။
ဒီရောဂါဟာ လက်ရှိမှာတော့ ကလေးတွေမှာ အဖြစ်များနေပါတယ်။
အမေရိကန် အိုဟိုင်ယိုမှာ ပြီးခဲ့တဲ့လအတွင်း ကလေးတွေမှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုပေါင်း ၁၅၀ ခန့် ရှိခဲ့ပါတယ်။
ဒီရောဂါရဲ့ လက္ခဏာတွေကတော့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
အချို့သူတွေမှာ အသက်ရှူကြပ်တတ်ပြီး အဆုတ်နဲ့ လည်ချောင်းတို့ကနေ သလိပ်ထွက်ခြင်းမျိုး ခံစားရတတ်ပါတယ်။
ပုံမှန်လက်ဆေးခြင်း၊ ချောင်းဆိုးနှာချေစဥ် ပါးစပ်အုပ်ထားခြင်း၊ ဖျားနာတဲ့အခါ လူတွေနဲ့ထိတွေ့ပြောဆိုမှု မပြုလုပ်ခြင်းတို့ဖြင့် အဆုတ်ဖြူရောဂါကို ကာကွယ်နိုင်ပါတယ်။
ကိုဗစ်-၁၉ရောဂါကြောင့် ကိုယ်ခံအားနည်းနေရာကနေ ကလေးတွေမှာ အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေများနေတာ ဖြစ်ကြောင်း သုတေသီ ဟန်းဒေါ့သ်အမ်ဘော့ဂ်က ပြောပြသွားပါတယ်။
တရုတ်မြောက်ပိုင်းမှာ အသက်ရှူလမ်းကြောင်းရောဂါများ အဖြစ်များနေချိန်မှာ ကမ္ဘာတဝှမ်းမှာ အဆုတ်ဖြူရောဂါလည်း အဖြစ်များနေတာ ဖြစ်ပါတယ်။
ကျန်းမာရေးအာဏာပိုင်တွေကတော့ ရောဂါပိုးမွှား အထူးအဆန်းတွေ မတွေ့ရှိသေးဘူးလို့ WHO က ဆိုပါတယ်။
အသက်ရှူလမ်းကြောင်း ရောဂါများ အဖြစ်များလာတာဟာ ကိုဗစ်ရောဂါ ကန့်သတ်ချက်များ လျှော့ချလာတာကြောင့်အပြင် ကလေးတွေကို အဓိကကူးစက်တတ်တဲ့ ဘက်တီးရီးယားကလည်း ပျံ့နှံ့နေတာနဲ့ ဆက်စပ်နေပါတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
#World_Health #အဆုတ်ဖြူရောဂါ #အဆုတ်ရောင်ရောဂါတစ်မျိုး #ကမ္ဘာတဝှမ်းတွင်အဖြစ်များ #Source: India Today






၇ ဒီဇင်ဘာ ၂၀၂၃
နစကသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၇)ရက်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ် ၁၄၇ ဦးတို့ကို ဂုဏ်ထူဆောင်ဘွဲ့နှင့်ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဆိုပါ အမိန့်ကြော်ငြာစာအရ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများမှာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ (သူရဘွဲ့) (၄)ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် (၃၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ၊ ရဲသူရတံဆိပ် (၅)ဦး၊ ရဲဗလတံဆိပ် (၁၀၃)ဦး၊ စုစုပေါင်း (၁၄၇)ဦးတို့ ဖြစ်ကြပါတယ်။
-ymg/knl
၆ ဒီဇင်ဘာ ၂၀၂၃
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ဗီနေး မိုဟန် ကွာထရာတို့ နယ်စပ်ဒေသလုံခြုံရေးအခြေအနေများနှင့်စီမံခန့်ခွဲရေးများကို ဒီဇင်ဘာ ၆ရက်က နယူးဒေလီတွင် ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယ-မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနများရဲ့ အကြိမ်(၂၀)မြောက် ဆွေးနွေးညှိနှိုင်းပွဲကို ဒီဇင်ဘာ ၆ ရက်က နယူးဒေလီမှာ ကျင်းပခဲ့ရာတွင် ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် အိန္ဒိယနို်ငံခြားရေးအတွင်းဝန် ဗီနေးကွာထရာတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးကိစ္စများကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
နှစ်နိုင်ငံသည် လုံခြုံရေးအခြေအနေနှင့် နယ်စပ်စီမံခန့်ခွဲရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးတို့အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍစုံကို သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်နေမှုများကိုထောက်ခံကြောင်း ထပ် လောင်းပြောကြားခဲ့တယ်လို့ အိန္ဒိယမီဒီယာများက သတင်းရေးသားပါတယ်။ ယင်းအပြင် မြန်မာပြည်သူများ၏ အကျိုးစီးပွား အတွက် နှစ်နိုင်ငံဆက်သွယ်သည့် စီမံကိန်း များ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အောက်က စီမံကိန်းများနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ထောက်ခံအားပေးတယ်လို့လည်း အိန္ဒိယနိုင်ငံက ဆက်လက်အတည်ပြုပြောဆိုခဲ့ ကြောင်းသိရှိရပါတယ်။
-ymg/knl
၆ ဒီဇင်ဘာ ၂၀၂၃
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကဖြေလျော့ပေးလိုက်ပါတယ်။
၂၀၂၃ခုနှစ် ဒီဇင်ဘာ(၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ တွင် အဆိုပါဖြေလျော့ ပေးလိုက်ကြောင်း ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။
“ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်” လို့ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း (၁၃-၇- ၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၃) ဖြင့် သတ်မှတ်ခဲ့ရာမှ ယခုလို၃၅ ရာခိုင်နှုန်းသို့ ဖြေလျော့ပေးလိုက်ခြင်းဖြစ်ပါတယ်။
အဆိုပါအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီးလိုက်နာခြင်းမရှိပါက နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမယ်လို့လည်း အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
၆ ဒီဇင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသကိစ္စများပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တရားမဝင်နေထိုင်သူများအား တရုတ် နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု
၆-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်
နှင့်ပတ်သက်၍နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်းပြောကြားခဲ့ပါတယ်။
ထိုပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဘရာဇီးလ်မိုးသစ်တောများတွင် တောမီးလောင်ခြင်းနှင့်ရေကြီးမှုများ ပိုမိုကြုံတွေ့လာ
ရာသီဥတုဖောက်ပြန်ခြင်းနဲ့ ဆက်စပ်နေတဲ့ မိုးခေါင်ရေရှားမှု ပြင်းထန်ခြင်း၊ ရေလျှံခြင်းတိုလို ရာသီဥတုဆိုးရွားမှုတွေကြောင့် ဘရာဇီးလ်နိုင်ငံရှိ အမေဇုန်မိုးသစ်တောများ မြန်ဆန်စွာ ပြုန်းတီးပျက်စီးလာရပါတယ်။
#World_Disaster
Published 06 December 2023
#ရာသီဥတုဖောက်ပြန် #ဘရာဇီးလ်မိုးသစ်တော #အမေဇုန်မိုးသစ်တော
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 06 December 2023
၁။ တရုတ်မှအိမ်သုံး gas များ ၀ယ်ယူနိုင်တဲ့အတွက် မူဆယ်တွင် အိမ်သုံး gas ဈေးနှုန်းများ ထက်ဝက်ခန့်ပြန်ကျ
၂။ ပူတာအိုတွင်ရေခဲနေပြီးလှပနေသည့်အတွက် ခရီးသွားလိုသူများ၊ လေယာဉ်အခက်အခဲကြောင့် အပြည့်အဝမလာရောက်နိုင်သေး
၃။ ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအေးနေသောကြောင့် သိန်းထောင်ချီလျော့ဈေးဖြင့်ရောင်းချနေ
၄။ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဘရာဇီးလ်မိုးသစ်တောများတွင် တောမီးလောင်ခြင်းနှင့်ရေကြီးမှုများ ပိုမိုကြုံတွေ့လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 6 December 2023
ပဲပင်ပေါက်ပြုလုပ်ရန် မြန်မာ့ပဲတီစိမ်းများ ဥရောပမှအဓိကဝယ်ယူနေသည့်အတွက် ဈေးကွက်ပုံမှန်ရှိနေကြောင်း ပဲကုန်သည်များထံမှသိရသည်။
မြန်မာ့ပဲတီစိမ်းကို နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံတို့က အများဆုံးဝယ်ယူကြပြီး အခြားသော ဥရောပကုန်သည်များနှင့် ချိတ်ဆက်ကာ ပြန်လည်ဖြန့် ဖြူးရောင်းချလေ့ရှိကြပြီး နယ်စပ်အပြင်ပင်လယ်ရေကြောင်းမှပါတင်ပို့နေရသည့်အတွက်ဈေးကွက်ပုံမှန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
'ပဲတီစိမ်းကနယ်စပ်အပြင်ပယ်လယ်ရေကြောင်းကလည်းသွားတယ်၊အဓိကဥရောပနိုင်ငံတွေကိုလည်းသွားနေတော့လက်ရှိဈေးကွက်အခြေအနေကမှန်မှန်လေးပါပဲ၊ ' ဟု ပဲကုန်သည် ဦးဝင်းမြင့်က ပြောသည်။
မြန်မာ့ပဲတီစိမ်းကိုအီးယူနိုင်ငံများသို့နှစ်စဉ်တန်ချိန် ၈,၀၀၀ ကျော်ခန့် တင်ပို့ရောင်းချလျက်ရှိပြီး ယခု ၂၀၂၃ ခုနှစ် ပဲရာသီဖြစ်သည့် မတ်လမှ အောက်တိုဘာလအထိ ကာလအတွင်း စုစုပေါင်းတန်ချိန် (၇၄,၀၁၃) တန် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ယခုနှစ် ပဲရာသီတွင်လည်း မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့ရန် အဆိုပြုထားသည့် ကုမ္ပဏီ ၁၀ ခုတွင်ကုမ္ပဏီအသစ်လေးခု ပါဝင်လာကြောင်း သိရသည်။
#Local_News #မြန်မာ့ပဲတီစိမ်း #ဥရောပမှအဓိကဝယ်ယူ #YMG/NN #Yangon_Times
ဒီဇင်ဘာ ၅ ရက်က စတင်ပြီး သီလဝါတွင် ဆီထုတ်ဖို့တန်းစီနေကြတဲ့ ဆီသယ်ယာဉ်တန်းကြီးနဲ့ ဆီထည့်ဖို့ စောင့်ဆိုင်းနေကြတဲ့ မော်တော်ယာဉ်တွေဟာ တန်းစီမှုများပြားနေကာ ရန်ကုန်မြိုတွင်း၌လည်း ဒီကနေ့မနက်အထိဆိုင်အချို့ဆက်လက်ပိတ်ထားတာကြောင့် ရောင်းချပေးနေတဲ့ဆိုင်တွေမှာပဲ တန်းစီဝယ်ယူနေရပြီး အချို့မှာဇီးရိုးမိုင်အထိ သွားရောက်ဝယ်ယူနေရတယ်လို့ စက်သုံးဆီဝယ်ယူသူတွေကပြောပါတယ်။
#Local_News
Published 06 December 2023
#စက်သုံးဆီ #သီလဝါ #တရုတ်မှဝယ်ယူရောင်းချ
#YMG/ NN #Yangon_Times
#Local_News
Published 06 December 2023
'မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၃' ရန်ကုန်၌ ပြုလုပ်မည်ဖြစ်ကြောင်း Myanmar International Textile Expo မှ သိရသည်။
အဆိုပါပြပွဲတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းရှင်များမှ လာရောက်ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၈ရက်မှ ၁၀ ရက်အထိ Inya Lake Hotel, Yangon Convention Center (YCC) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
'တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ အထည်ချုပ်လုပ်ငန်းရှင်တွေ လာရောက်ခင်းကျင်းပြသမှာပါ။ တရုတ်နိုင်ငံက အမှတ်တံဆိပ် (၂၅) ခုနှင့် အတူအထည်အလိပ်၊ အဝတ်အထည်၊ ဖိနပ်နဲ့အိတ် ထုတ်လုပ်သူ (၁၀၀) ကျော်တို့ရဲ့ ထုတ်ကုန်များကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Made in Myanmar ထုတ်ကုန်များဖြစ်တဲ့ အဝတ်အထည်၊ ပြည်တွင်းထုတ် ဖိနပ်နှင့် အိတ်များကိုလည်း ပြသသွားမှာဖြစ်ပြီး ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း၊ မိတ်ဆက်ခြင်းများကို ပြုလုပ်သွားမှာဖြစ်ပါတယ်'ဟု Myanmar International Textile Expo မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းပြပွဲအား တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာ တရုတ်-မြန်မာနှစ်နိုင်ငံအထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ့အထည်အလိပ် #စက်ယန္တရားကုန်စည်ပြပွဲ #YMG/NN #Yangon_Times
Page 880 of 1932