#Local_News
Published 28 April 2024

▪️ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးအတွက် နိုင်ငံဧရိယာ၏  ၃၀ ရာခိုင်နှုန်းကို သစ်တော နယ်မြေနှင်  ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ 

 

▪️မြန်မာနိုင်ငံ၏  သစ်တောဖုံးလွှမ်းမှုသည်  ၂၀၂၀ ပြည့်နှစ်တွင်  နိုင်ငံဧရိယာ၏  ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ဧက ၇ သိန်းကျော် ပြုန်းတီးနေ ကြောင်း‌သိရသည်။

 

▪️ ထို့ကြောင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာရေး၊ ကြိုးဝိုင်း/ကြိုးပြင်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ သစ်တော စိုက်ခင်းများနှင့်  ကျေးရွာသုံး ထင်းစိုက်ခင်းများတည်ထောင်ရေး၊ သဘာဝတောများ ထိန်းသိမ်းကာကွယ်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေးနှင့်  တရားမဝင်သစ်ထုတ်လုပ်မှု တားဆီးရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးအတွက်  သစ်တော နယ်မြေနှင့် သဘာဝနယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times