#Local_News
Publicshed 28 April 2024

▪️ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ဒီဇယ်ပေပါများ တင်ဆောင်လာသော မော်တော်ယာဉ်(၁)စီးယနေ့တွင်  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

 

▪️ ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက်နေ့၊ နေ့လယ်၁၁နာရီ ၁၂အိနစ် အချိန်က ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ အင်ကြင်သာကျေးရွာအနီးတွင် ဒီဇယ်ပေပါများ တင်ဆောင်လာသော မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

▪️ အဆိုပါမီးလောင်းမှုဖြစ်ပွားသည့် သတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြင်းခြံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အဖြူရောင်လက်များပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ နတ်ကြီးပင်ပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ မိနစ်၃၀  အချိန်၌  မီးငြိမ်းခဲ့ကြောင်းသိရသည်။

 

▪️ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းလျှက်ရှိပြီး မီး‌လောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times