Published_ 20 October 2023
UAE နိုင်ငံတွင် ကျင်းပနေသည့် ABU DHABI MASTERS 2023 ပြိုင်ပွဲ၌ မြန်မာ့ကြက်တောင်လက်ရွေးစင် အားကစားမယ်သက်ထားသူဇာသည် လူဇင်ဘတ်နိုင်ငံသူကို (၂)ပွဲဆက်အမှတ်ပြတ်ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားကြောင်း ABU DHABI MASTERS 2023 Websiteမှသိရသည်။
အဆိုပါပြိုင်ပွဲသည်အောက်တိုဘာလ(၁၇)ရက်မှ(၂၂)ရက်အထိ UAE နိုင်ငံ၏မြို့တော်၊ အဘူဒါဘီမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲ(၁၆)ဦးအဆင့်တွင် မြန်မာကြက်တောင်လက်ရွေးစင်အားကစားသမား သက်ထားသူဇာမှ လူဇင်ဘတ်နိုင်ငံသူ Kim SCHMIDT ကို (၂၁)မှတ်(၈)မှတ်၊(၂၁)မှတ်(၈)မှတ် ရလဒ်တို့ဖြင့်အနိုင်ရပြီး ကွာတားဖိုင်နယ်သို့တက်ရောက်လာခဲ့သည်။ သက်ထားသူဇာသည် United Arab Emirates အားကစားသမားနှင့် Luxembourg လူဇင်ဘတ်နိုင်ငံသူကိုအနိုင်ရရှိခဲ့ပြီးနောက် World Rank 46မှ45အဖြစ်တစ်ဆင့်တိုးသွားသည်။
သက်ထားသူဇာသည် ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယနိုင်ငံသူSHRIYANSHI VALISHETTY ယနေ့အောက်တိုဘာလ(၂၀) ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group

Published_20 October 2023
ရုရှားက လယ်ယာအခြေပြုစီးပွားရေးလုပ်ငန်းများနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများဖွံ့ဖြိုးတိုး တက်ရေးအတွက် နေပြည်တော်ကောင်စီရုံး၌ ယမန်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဌ မြို့တော်၀န်ဦးသန်းထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့၀င် ပြည်သူ့ဆက်ဆံရေးကော်မတီဥက္ကဌ Mr.Grigoriev Evgeny Dmitrie-vich ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ ၁၉ရက်နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၌လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရေး၊နှစ်နိုင်ငံပြည်သူများနားလည် မှုနှင့်ချစ်ကြည်ရင်းနှီးမှုရှိစေရေးကဏ္ဍစုံပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများအား ဆွေးနွေးခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဌနှင့်စိန့်ပီတာစဘတ်အစိုးရအဖွဲ့၀င်ပြည်ပဆက်ဆံရေးကော်မတီဥက္ကတို့သည် လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြောင်းလည်းသိရ သည်။
Yangon_Times/PP
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 20 October 2023
ထိုင်းနိုင်ငံ လုပ်ငန်းခွင် အတွင်း ဖော့ကလစ်ကားတိမ်းမှောက် မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား အတွက် နစ်နာကြေး ဘတ်၁သန်းကျော် ကို မိသားစုထံ ပေးအပ် ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှိ မြန်မာသံရုံး ၏သတင်းထုတ်ပြန်ချက်အရ သိရသည်.။
အဆိုပါ သေဆုံးခဲ့သည့် မြန်မာ အလုပ်သမား သည်ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ Evergrowing Resources Recycling (Thailand) Co., Ltd သို့ လာေရာက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ဖြစ်ကာ ၁၂-၅-၂၀၂၂ ရက်နေ့တွင် လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကားတိမ်းမှောက်၍ သေဆုံးခဲ့ ခြင်း ဖြစ်သည်။
လုပ်ငန်းခွင် အတွင်းသေဆုံးခဲ့ သည့် မြန်မာအလုပ်သမား အတွက် ချာချင်ဆောင်မြို့ လူမှုဖူလုံရေးရုံးမှ နစ်နာကြေးငွေ ဘတ် (၁,၀၁၇,၂၄၄.၂၂ ) ကို ၄-၁၀-၂၀၂၃ ရက်နေ့နှင့် ၁၂-၁၀-၂၀၂၃ ရက်နေ့တို့တွင် အသီးသီးပေးအပ်ခဲ့ရာ အဆိုပါနစ်နာကြေးငွေများကို အလုပ်သမားသံအရာရှိရုံးမှ မိခင်ဖြစ်သူ ၏ လက်ဝယ်သို့ ၁၉-၁၀-၂၀၂၃ ရက်နေ့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီး၏ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် အတွက် မြန်မာ သံရုံးမှ တိုက်တွန်းထားသည်။
Yangon_Times/LW
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group

Published 20 October 2023
ယူကရိန်းနဲ့ အစ္စရေးလ်တို့ကို ငွေကြေးအများအပြား ထောက်ပံ့ကူညီမယ့် ကိစ္စကို အတည်ပြုပေးဖို့ သောကြာနေ့မှာ ကွန်ဂရက်လွှတ်တော်ထံ တင်ပြသွားမှာဖြစ်ပြီး ဒါဟာ အနာဂတ်မှာ အမေရိကန်က ကမ္ဘာ့ခေါင်းဆောင် ဖြစ်တယ်ဆိုတာကို ပြသလို့ရဖို့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဟားမတ်စ်ရော ရုရှားကပါ ဒီမိုကရေစီကို အန္တရာယ်ပြုနေကြတဲ့ သူတွေဖြစ်ကြောင်း သမ္မတရုံးခန်းကနေ မိန့်ခွန်းပြောကြားလိုက်တာဖြစ်ပြီး ယူကရိန်းနဲ့ အစ္စရေးလ်တို့ကို ကူညီထောက်ပံ့မယ့် ကိစ္စကိုတော့ အမေရိကန် အကျိုးစီးပွားတစ်ခုအဖြစ် သူကရှုမြင်နေပါတယ်။
ယခု ဘိုင်ဒင်မိန့်ခွန်းပြောကြားခဲ့တဲ့ အိမ်ဖြူတော်မှ ဘဲဥပုံရုံးခန်းဟာ သမ္မတအစဥ်အဆက်က အရေးကြီးတဲ့ နိုင်ငံတော်အရေးအကြောင်း မိန့်ခွန်းပြောကြားဖို့ရာ အသုံးပြုခဲ့ကြပါတယ်။
အမေရိကန်ရဲ့ ဦးဆောင်မှုဖြင့် ကမ္ဘာကြီးကို စည်းလုံးအောင် ထိန်းသိမ်းထားကြောင်း၊ အမေရိကန် မဟာမိတ်များအားဖြင့် အမေရိကကို ဘေးကင်းလုံခြုံစေကြောင်း၊ အမေရိကန်ရဲ့ စီးပွားတန်ဖိုးတွေက အခြားနိုင်ငံတွေ မိတ်ဖက်ဖြစ်လိုတဲ့ နိုင်ငံဖြစ်စေကြောင်း၊ အမေရိကဟာ ကမ္ဘာကြီးအတွက် ပြယုဂ်တစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ဘိုင်ဒင်က ၂၀၂၄ ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရန် မြှင့်တင်လုပ်ဆောင်နေပြီး စစ်ပွဲမက်သူတွေနဲ့ ရီပတ်ဘလစ်ကန် အမာခံတွေအပေါ် အနိုင်ရချင်နေပါတယ်။
ဟားမတ်စ်နဲ့ စစ်ဖြစ်နေတဲ့ အစ္စရေးလ်၊ ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းတို့အတွက် ဒေါ်လာ ၁၀၀ ဘီလီယံတန်ကြေးရှိ အကူအညီပေးဖို့ကိုလည်း ကွန်ဂရက်လွှတ်တော်ထံ တွန်းအားပေးသွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
‘’ဟားမတ်စ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ မတူညီတဲ့ အခြေအနေတွေကနေ ခြိမ်းခြောက်နေကြပေမယ့် တူညီတာကတော့ အိမ်နီးချင်းတွေရဲ့ ဒီမိုကရေစီကို လုံးဝပျက်သုဥ်းအောင် ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်’’ လို့ မိန့်ကြားလိုက်ပါတယ်။
ယခုအခါ လွှတ်တော်အသက်မဝင်တာ အချိန်နှစ်ပတ်ကျော် ရှိလာပြီဖြစ်ပြီး အေက်လွှတ်တော်ကို အဓိကချုပ်ကိုင်ထားတဲ့ ရီပတ်ဘလစ်ကန်တွေ သဘောထား ကွဲလွဲနေကာ အောက်လွှတ်တော်ဥက္ကဌ ရွေးချယ်ရာမှာ သဘောတူညီမှု မရရှိဘဲဖြစ်နေပါတယ်။
ယူကရိန်းကို ထောက်ပံ့ဖို့ အမေရိကန်က ကတိပြုထားတဲ့ ဒေါ်လာ ၄၃.၉ ဘီလီယံ ထပ်တိုးထောက်ပံ့သွားဖို့ကို လက်ယာစွန်းရောက် ရီပတ်ဘလစ်ကန်တွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။
သောကြာနေ့ တင်ပြမယ့် ကူညီထောက်ပံ့မှုထဲမှာ အစ္စရေးလ်အတွက် အရေးပေါ်ထောက်ပံ့မှု ၁၀ ဘီလီယံနဲ့ ယူကရိန်းအတွက် ၆၀ ဘီလီယံ ပါဝင်နေကြောင်း အမေရိကန်မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးလ်တောင်ပိုင်းသို့ ပါလက်စ်တိုင်း စစ်သွေးကြွများ ဝင်ရောက်သောင်းကျန်းပြီးနောက် ဂါဇာကို မြေပြင်ကျူးကျော်မှုပြုလုပ်ရန် ပြင်ဆင်နေတဲ့ အစ္စရေးလ်ကို ဘိုင်ဒင်က ထောက်ခံထားပါတယ်။
Source: NDTV
#World_Politics
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 20 October 2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြီးကြပ် တည်ဆောက်မည့် ရွှေတိဂုံစေတီ တော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ခြင်း မြေသန့်မင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၁၉ရက် နံနံက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ မြေအောက်လမ်း ကူးလူသွားဥမင် (Underpass) တည်ဆောက်ရခြင်းမှာ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ သွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရန်၊ ခေတ်မီအခြေခံ အဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေ ရန်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဥမင်လူသွားလမ်းမှာ အကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက်လေးခု၊ ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက်စီးနှစ်စင်းနှင့် စီမံကိန်းကာလမှာ ၁၄ လခန့် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 20 October 2023
မာကျူရီဂြိုဟ်နားမှာ ဆန်းပြားတဲ့ ပလတ်စ်မာသံစဥ်လှိုင်းများကို ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိပ္ပံပညာရှင်များ ပြောကြားလာပါတယ်။
ဒီဖြစ်စဥ်ကို ကာနာဇာဝါတက္ကသိုလ်မှ နက္ခတ္တပညာရှင် မစ်ဆူနိုရီအိုဇာကီနဲ့ ဂျပန် ပြင်သစ်တို့မှ သိပ္ပံပညာရှင်များအဖွဲ့တို့က တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလိုသံစဥ်လှိုင်းမျိုးကို ကမ္ဘာဂြိုဟ်၊ ဂျူပီတာဂြိုဟ်၊ စေတန်ဂြိုဟ်တို့မှာ ဖမ်းယူရရှိခဲ့ဖူးပြီး ယူရေးနပ်စ်၊ နက်ပ်ကျွန်းဂြိုဟ်တို့မှာ တွေ့ရှိထားဖူးပေမယ့် မာကျူရီဂြိုဟ်ကနေ ထိုကဲ့သို့အသံ ကြားရတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အခြားဂြိုဟ်တွေမှာ အားကောင်းတဲ့ သံလိုက်စက်ကွင်းရှိနေပေမယ့် မာကျူရီဂြိုဟ်ကတော့ အဲဒီလိုမဟုတ်ပါဘူး။
တကယ်တမ်းတော့ မာကျူရီဟာ လေထုမရှိသလောက်ဖြစ်နေတဲ့ ကျောက်တုံးကြီးသာ ဖြစ်ပါတယ်။
နေနဲ့ အလွန်နီးကပ်စွာ လှည့်ပတ်နေပြီး နေဒဏ်လေဒဏ်တွေ အဆက်မပြတ် ခံစားနေရပါတယ်။
ထိုတွေ့ရှိချက်တွေကနေ မာကျူရီဂြိုဟ်တဝိုက်ရှိ သံလိုက်စက်ကွင်းအကြောင်းနဲ့ သံလိုက်စက်ကွင်း ပုံဖော်ဖြစ်တည်လာပုံတို့ကို သိရှိလာနိုင်မယ်လို့ သုတေသီများ ယုံကြည်နေကြပါတယ်။
ဒီဂြိုဟ်နဲ့ ပတ်သက်ပြီး အာကာသခရီးစဥ်တွေ သိပ်မပြုလုပ်ထားတာကြောင့် သိရှိမှုအပိုင်းမှာလည်း အနည်းငယ်သာ ရှိပါတယ်။
၂၀၁၈ ခုနှစ်မှာ မာကျူရီကို လေ့လာမယ့်ခရီးစဥ် စတင်ခဲ့ပြီး MIO လို့ခေါ်တဲ့ ပစ္စည်းကိရိယာကို အသုံးပြုခဲ့ပါတယ်။
၂၀၂၁ နဲ့ ၂၀၂၂ တို့မှာ မာကျူရီဂြိုဟ်ရဲ့ သံလိုက်စက်ကွင်းကို ဖမ်းယူရရှိခဲ့ပါတယ်။
ထိုအချိန်မှာပဲ မာကျူရီရဲ့ သံလိုက်စက်ဝန်းထုကနေ အသံလှိုင်းထွက်တာကို ရှင်းရှင်းလင်းလင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ကမ္ဘာဂြိုဟ်နဲ့ မာကျူရီဂြိုဟ်တို့မှာ ထုတ်လွှတ်တဲ့ အသံလှိုင်းဂုဏ်သတ္တိတွေ တူညီသလားဆိုတာတော့ မသိရှိကြသေးပါဘူး။
Source: WION
#World_Science
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 20 October 2023
အရေပြားရောဂါများ ခံစားရသူတွေဟာ အိပ်စက်ခြင်းပြဿနာများ ခံစားရနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ လေ့လာချက်တစ်ခုမှာ ဖော်ပြလိုက်ပါတယ်။
လူတွေရဲ့ အိပ်စက်ခြင်း အခြေအနေနဲ့ ကျန်းမာရေးအပေါ် အရေပြားရောဂါတွေရဲ့ သက်ရောက်မှုကို လေ့လာခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၂၀ မှ လူပေါင်း ငါးသောင်းကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။
အရေပြားရောဂါများ ခံစားရသူတွေရဲ့ ၄၂ ရာခိုင်နှုန်းက အိပ်စက်မှုအပိုင်းမှာ ပြဿနာရှိနေပြီး ၄၉ ရာခိုင်နှုန်းက လုပ်ငန်းပိုင်းမှာပါ လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်လာကြောင်း တွေ့ရှိခဲ့ပါတယ်။
ထိုနေရာမှာ အဓိကလက္ခဏာတွေက ယားယံခြင်းက ၆၀ ရာခိုင်နှုန်းရှိပြီး စပ်ဖျင်းဖျင်းခံစားမှုမျိုးက ၁၇ ရာခိုင်နှုန်းရှိနေပါတယ်။
ဒါ့အပြင် အိပ်ရာထစဥ် ပင်ပန်းနွမ်းနယ်မှုကို ခံစားရသူ ၈၁ ရာခိုင်နှုန်း၊ နေ့ခင်းဘက် ငိုက်မျဥ်းခြင်းခံစားရသူ ၈၃ ရာခိုင်နှုန်း၊ မျက်လုံးထဲမှာ တစ်ခုခုခံစားရသူ ၅၈ ရာခိုင်နှုန်း၊ ခဏခဏသမ်းခြင်း ခံစားရသူ ၇၂ ရာခိုင်နှုန်း ရှိနေပါတယ်။
ဒီပြဿနာတွေက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေတာကြောင့် စောစီးစွာသိရှိပြီး ထိရောက်စွာ ထိန်းချုပ်ကုသဖို့ အရေးကြီးပါတယ်။
အရေပြားရောဂါ ရှိတဲ့သူတွေမှာ အိပ်စက်ခြင်းပြဿနာများကိုပါ စစ်ဆေးသွားဖို့ သုတေသနပြုစုသူ ဒေါက်တာ ဘရူနိုဟာလျိုအာက တောင်းဆိုလိုက်ပါတယ်။
အရေပြားမှာ အနာတွေနဲ့ အမာရွတ်တွေဖြစ်တဲ့ ရောဂါတစ်မျိုးကိုလည်း လေ့လာခဲ့ကြပါတယ်။
ထိုရောဂါက လူတစ်ရာမှာ တစ်ယောက်ဖြစ်နိုင်ကာ ထိန်းချုပ်ရခက်ခဲပါတယ်။
ထိုရောဂါမျိုး ခံစားရသူတွေဟာ လူချင်းတွေ့ဆက်ဆံမှု ရှောင်ရှားခြင်း ၅၇ ရာခိုင်နှုန်းနဲ့ လူမှုပေါင်းသင်းရေး ရှောင်ရှားခြင်း ၅၄ ရာခိုင်နှုန်းရှိနေတယ်လို့ သိရပါတယ်။
ဒီလိုခံစားရမှုတွေကြောင့် လူနာတွေရဲ့ မိမိကိုယ်ကိုယုံကြည်မှု၊ ဆက်ဆံရေး၊ နေ့စဥ်လှုပ်ရှားမှုဘဝတွေမှာပါ သက်ရောက်နေပါတယ်။
Source: India Today.
#World_Health
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပါလက်စ်တိုင်းနဲ့ အစ္စရေးလ်တိုရဲ့ ပဋိပက္ခကြောင့် အစ္စရေးလ်နဲ့ ဂါဇာဘက်မှ လူပေါင်း ၄,၂၀၀ ကျော် သေဆုံးထားပါတယ်။
စစ်ပွဲအတွင်း ပါလက်စ်တိုင်းလူမျိုး ၂,၈၃၇ ဦး သေဆုံးထားကာ ၁၁,၂၅၀ ဦးဒဏ်ရာရရှိထားတယ်လို့ ပါလက်စ်တိုင်း ကျန်းမာရေး အာဏာပိုင်များက တနင်္လာနေ့က ဆိုပါတယ်။
Yangon_Times
#World_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
၁၉ အောက်တိုဘာ ၂၀၂၃
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့ နှင့် မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့အကြား ညီအစ်မမြို့များSister Cities အဖြစ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရ အဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် Mr. Grigoriev Evgeny Dmitrievich တို့သည် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း
ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အဆင့်မြင့်ပညာသင်ကြားရေးဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံမှုများ တိုးမြှင့်ရေးအတွက်ရုရှားနိုင်ငံ၌ ကောင်စစ်ဝန် ရုံးများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာများ အပြန်အလှန်ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တက်
ရောက်ကြပြီး Mr. Grigoriev Evgeny Dmitrievich နှင့်အတူကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။
-ymg/knl
#Daily_News
Published_ 19 October 2023
၁။ တညင်းကုန်းဈေးရှိ ဈေးသည်များကို လုပ်ငန်းတိုးချဲ့နိုင်ဖို့ MSME ချေးငွေ ထုတ်ချေးပေးမည်
၂။ သီတင်းကျွတ်ကာလအတွက် ကားအငှား ကြိုတင်ငှားရမ်းမှု များပြားနေပြီး ပုဂံဟိုတယ်များလည်း ဘိုကင်ပြည့်နေ
၃။ ဂျပန်အရည်အချင်းစစ်(JLPT) စာမေးပွဲ ဖြေမည့်သူများ သိသင့်သည့်အချက်များကို စာမေးပွဲကျင်းပရေးကော်မတီမှရှင်းလင်းမည်
၄။ ပါလက်စတိုင်း အစ္စရေး ပဋိပက္ခကြောင့် လူပေါင်း ၄၂၀၀ကျော် သေဆုံးထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 19 October 2023
တရုတ်-ပေါင်စန်း-ထိန်ချုံး နယ်စပ်ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ စီးပွားရေး အသင်းအဖွဲ့လုပ်ငန်းရှင် (၇၄)ဦး က ပြခန်းပေါင်း (၁၂)ခန်း ပါဝင်ပြသလျက်ရှိကြောင်း သိရပါတယ်။
ကူမင်းမြို့မှ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် အောက်တိုဘာ ၁၈ ရက်တွင် ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ၊ ထိန်ချုံးမြို့၌ ကျင်းပခဲ့သည့် တရုတ်-ပေါင်စန်း-ထိန်ချုံး (၈) ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားများသို့ ပေါင်စန်းပြည်နယ်ခွဲ ပါတီကော်မတီဝင်နှင့် အမြဲတမ်း ဒုတိယ အုပ်ချုပ်ရေးမှူး၊ ထိန်ချုံးခရိုင်ပါတီ ကော်မတီအတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး၊ ထိန်ချုံး ပြည်နယ်ပြည်သူ့အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတူးခေါင်နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ထိန်ချုံး-ဟိုချောင်-မြစ်ကြီးနားကားလမ်းနှင့် ကန်ပိုက်တီနယ်စပ်ဂိတ် အဆင့် မြှင့်တင်ရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့တယ် လို့ ဆိုပါတယ်။
ထို့ပြင် ထိန်ချုံးမြို့ နိုင်ငံတကာကုန်သည်ကြီးများအသင်းနှင့် ကချင်ပြည်နယ် သီးနှံ စိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ထိန်ချုံးခရိုင် ပြည်သူ့အစိုးရနှင့် Sichuan Zhongnonglan Agricultural Development Co.,Ltd ၊ ယူနန်ကျင်းရှင်းအထွေထွေ စိုက်ပျိုးရေးကုမ္ပဏီနှင့် ချန်းရင်းခူးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့မှလည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ အသီးသီးလက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။
နယ်စပ်ကုန်စည်ပြပွဲကို အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံပေါင်း (၂၀) နိုင်ငံမှ ပြခန်းပေါင်း (၆၀၀) ကျော်ဖြင့် (၇) ရက်ကြာ ခင်းကျင်းပြသရောင်းချသွားမယ်လို့ သိရပါတယ်။
ymg_mnn
#Local_News
#YMG #Yangon_Times #Yangon_Media_Group


၁၉ အောက်တိုဘာ ၂၀၂၃
နိုင်ငံတကာငွေပေးချေမှု SWIFT စနစ်ထဲမှာ ယွမ်အသုံးပြုမှုအချိုးအစားဟာ သိသာစွာတိုးတက်လာပြီး ယူရိုငွေကိုကျော်ကာ ဒုတိယနေရာရောက်ရှိသွားတယ်လို့ သိရပါတယ်။ ယွမ်ရဲ့အချိုးအစား ဟာ ဩဂုတ်လမှာ ၄.၈၂ရာခိုင်နှုန်းရှိနေရာမှ စက်တင်ဘာ လမှာ ၅.၈ ရာခိုင်နှုန်းသို့ရောက်ရှိသွားတာဖြစ်ပါတယ်။ ဒီရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ (၅)နှစ်အတွင်းအမြင့်ဆုံးဖြစ်ပါတယ်။
ယွမ်ဟာ ယူရိုကို ကျော်ဖြတ်ကာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ SWIFT ငွေပေးချေမှုစနစ်သုံးတဲ့နိုင်ငံတွေအကြားမှာ ပထမဆုံးအဖြစ် ဒုတိယနေရာရောက်ရှိသွားတာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာကတော့ စုစုပေါင်းရဲ့ ၈၄.၁၅ ရာခိုင်နှုန်းနှင့်ပထမနေရာမှာပဲ ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။ ဩဂုတ် လက ၈၃.၉၅ ရာခိုင်နှုန်းထက်နည်းနည်းလေးတက်လာပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကစပြီး အမေရိကန်ဒေါ်လာဟာ ၈၅ ရာခိုင်နှုန်းအောက်ကနေပြန်မတက်တော့တာဖြစ်ပါတယ်။ ယခုလိုအမေရိကန်ဒေါ်လာအချိုးအစားကျဆင်းမှုမျိုး ၂၀၁၈ခုနှစ် နောက်ပိုင်း တစ်ခါမျှဖြစ်ပေါ်ခဲ့ခြင်းမရှိပါဘူး။
တတိယနေရာကိုယူရိုက ၅.၄၃ ရာခိုင်နှုန်းနှင့်ကျဆင်းရောက်ရှိသွားပါတယ်။ ယူရိုဟာ ဩဂုတ်လက ၆.၄၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ယူရိုနောက်မှာ ဂျပန်ယန်းငွေက ၁.၄ ရာခိုင်နှုန်း၊ ဆော်ဒီရိုင်ယယ်က ၀.၅၆ ရာခိုင်နှုန်းဖြင့် အဆင့် ၄နှင့် ၅ အသီးသီးနေရာရှိနေ ကြပါတယ်။
Source: forexmart
Page 878 of 1859