#Local_News
Published_ 29 April 2024

▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေး‌ဒေသ၌  စတင်အသုံးပြုနေသည့် ချည်ထည်လုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများအား ဇီဝနည်းပညာဖြင့် သန့်စင်သည့် နည်းစနစ်တောင်းခံသူများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ သိရသည်။

 

▪️ အင်းလေး ဒေသရှိ အင်းပေါခုံကျေးရွာတွင်ချည်ထည်လုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများအား ဇီဝနည်းပညာဖြင့် သန့်စင်သည့် နည်းစနစ်ကိုစတင် အသုံးပြုလျက်ရှိခြင်းဖြစ်သည်။

 

▪️ အဆိုပါ ရေသန့်စင်စနစ်ကို ချည်မျှင်နှင့် အထည်လုပ်ငန်းရှင်များ သာမက ယင်းလုပ်ငန်းတွင်  လုပ်ကိုင်နေသည့်  လုပ်သားများပါ အလွယ်တကူနားလည်လွယ်ပြီး  ကုန်ကျစရိတ်လည်း သက်သာ၍ ဓာတုပစ္စည်း အသုံးပြုခြင်းကိုလည်း လျှော့ချနိုင်ရာယင်း နည်းပညာကိုတောင်းခံသူတိုင်းအတွက်လည်း ဆက်လက်လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ဆောင်ရွက်ပေးရာတွင် မြေပြင်၌ တည်ဆောက်ခြင်း၊ ရေသန့်စင်ခြင်းလုပ်ငန်းများကို အခြေကျသည် အထိ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  သိရသည်။

 

▪️ ယင်းနစ်သည် စွန့်ပစ်ထားသည့်  ရေဆိုးကန်များထဲမှ  ရှာဖွေရရှိထားသည့် အနုဇီဝပိုး ၁၃ မျိုးကို အသုံးပြုပြီး ချေဖျက်သန့်စင်ခြင်း နည်းလမ်းဖြင့်  လုပ်ဆောင်ထားသကဲ့သို့  ယခု နည်းပညာကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌  အင်းလေး ကန်တွင်းရှိ အင်းပေါခုံရွာမှ ဦးသန်းလှိုင်၏  ရက်ကန်းရုံ၌  စံနာမူနာပြ လက်တွေ့အကောင်အထည်ဖော်တည်ဆောက် သန့်စင် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

▪️ အဆိုပါ စနစ်၏  အကျိုးကျေးဇူးအနေဖြင့် စွန့်ပစ်ရေများကို သဘာဝရေအရင်းအမြစ်များသို့ ပြန်လည် မစွန့်ပစ်မီ  အဆိပ်ဓါတ်ပါဝင်မှုလျော့နည်းသွားစေရန် သန့်စင်ပေးသည့် အတွက် သဘာဝရေအရင်းအမြစ် ထိခိုက်မှုကို လျော့နည်းစေမည်ဖြစ်သကဲ့သို့  စိုက်ပျိုးရေးအတွက် ပြန်လည်အသုံးပြုနိုင်သည့်  ရေအထိ သန့်စင်နိုင်ကာ ယင်းစနစ်၏ ရေသန့်စင်နိုင်သည့် ပမာဏသည် ညစ်ညမ်းမှု၏  ၇၀ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon-Times