#Local_News
Published 29 April 2024


▪️ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ နောင်တော်ကြီးစေတီတော်နှင့် အရံစေတီ (၂၄) ဆူ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲ အထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။

 

▪️ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နောင်တော်ကြီးစေတီတော်နှင့် အရံစေတီ (၂၄) ဆူကို ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ အပါအဝင် သံဃာတော် (၁၀၈)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာ အခမ်းအနားနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို ဧပြီ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါနေ့ နံနက် ၅ နာရီခွဲတွင် ထီးတော်ရုံတန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး နံနက် ၆ နာရီ ၁၅ မိနစ်တွင် နောင်တော်ကြီးစေတီ အထက်ပစ္စယံထောင့်လေးထောင့်၌ ဗုဒ္ဓါ ဘိသေက အနေကဇာတင်ပွဲကျင်းပမည်ဖြစ်သည်။

 

▪️ ထို့နောက် ချမ်းသာကြီးတန်ဆောင်း၌ ကောင်းမှုအစုစုတို့ကို ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပကာ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times