#Local_News
Published_ 16 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၅ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၉၀၄၄ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၇၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။အဲ့ဒီလူနာများထဲမှာ သေဆုံးသူမရှိဘူးလိုလည်းသိရပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ပိုးတွေ့လူနာ
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ရန်ကုန်မြို့တွင်းပတ်ကာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအချို့ ယနေ့မေလ ၁၅ရက်က စတင်ပြီး ယာဉ်စီးခ တိုးမြှင့်သတ်မှတ်ကောက်ခံနေပြီ ဖြစ်တယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။
#Local_News #ရန်ကုန်မြို့တွင်း #ယာဉ်လိုင်းအချို့ယာဉ်စီးခတိုးမြှင့်
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ယခု တစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီဈေးမှာ နှုန်းထား နှစ်ရာကျပ်ဝန်းကျင် အထိသို့ ကျဆင်းခဲ့ပြီး ၉၂တစ်လီတာလျှင် ၁၉၀၀အထိ ရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီးဈေးနှုန်း #အကျဘက်ဆက်လက်တည်ရှိ
#YMG #Yangon_Media_Group
#Daily_News
Published_ 16 May 2023
၁။ စက်သုံးဆီးဈေးနှုန်း ၁၉၀၀ ဖြင့် အကျဘက် ဆက်လက်တည်ရှိ
၂။ ရန်ကုန်မြို့တွင်းပတ် ယာဉ်လိုင်းအချို့ ယာဉ်စီးခတိုးမြှင့်
၃။ ကိုဗစ်လူနာသစ် ၇၂ ဦးထပ်တွေ့ရှိ ပိုးတွေ့လူနာ ကျဆင်း
၄။ နှစ်ပေါင်း(၅၀)ကြာမှ အိန္ဒိယရုပ်ရှင်ကားကို ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံးပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 16 May 2023
မေလ(၁၈)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာပြတိုက်နေ့ဖြစ်ပြီး အဲဒီနေ့မှာနေပြည်တော် ၊ရန်ကုန်မှာ ဖွင့်ထားတဲ့ အမျိုးသားပြတိုက်တွေ ၊ပုဂံပြတိုက် ၊မန္တလေးယဉ်ကျေးမှုပြတိုက် အပါအဝင်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနလက်အောက်ရှိ ပြတိုက်တွေကို အခမဲ့လေ့လာကြည့်ရူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News #အမျိုးသားပြတိုက် #မန္တလေးယဉ်ကျေးမှုပြတိုက် #အခမဲ့ကြည့်ရူနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
.
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၅၀ဦးကို မေလ၁၆ရက်(ယနေ့)ထပ်မံစေလွှတ်လိုက်ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
မေလ၁၆ရက်တွင်ကုန်ထုတ်လုပ်သားသစ် (၁၃၅) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၁၅)ဦး၊ စုစုပေါင်းလုပ်သား (၁၅၀) ဦးကို စေလွှတ်ခဲ့ပြီး မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကိုမှာကြားခဲ့ပြီး လိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
ယခု မေလ ၉ရက်ကလည်းကိုရီးယားသမ္မတနိုင်ငံသို့အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သား (၁၄၉) ဦးကို စေလွှတ်ခဲ့ကြောင်းဆိုလ်းမြို့ မြန်မာသံရုံးကသိရသည်။
#ymg/pl
#Local_News #EPSစနစ် #မြန်မာလုပ်သား ၁၅၀ဦး #ကိုးရီးယားနိုင်ငံသို့ယနေ့ထပ်မံစေလွှတ်
#Yangon-Media-Group
#Local_News
Published_ 16 May 2023
မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကူညီဆောင်ရွက်သွားနိုင်ရေးအတွက် အစီအစဉ်များစတင်နေပြီဟု UMFCCI Task Forceအဖွဲ့ဝင်ထံမှသိရသည်။
“မုန်တိုင်းဝင်တဲ့အချိန်မှာထိခိုက်တဲ့ဒေသကရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ပါဘူး ။စစ်ကိုင်း၊မကွေးနဲ့တခြားတိုင်းဒေကြီးတွေမှာလည်းထိခိုက်ဆုံးရှုံးမှုတွေရှိတာကြောင့်ဒေသအလိုက် အကူအညီတွေခွဲခြားဖြန့်ဝေသွားမှာပါ”ဟု UMFCCI Task Forceအဖွဲ့ဝင် အဝေးပြေးကုန်တင်ကားအစင်းဥက္ကဌဦးကျင်သိန်းကပြောသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ညီနောင်အသင်းများမှတဆင့်လက်တလောအဆက်အသွယ်များပြန်လည်ပြုလုပ်နေပြီးအကူအညီလိုအပ်သည့်နေရာများကို အဝေးပြေးကုန်တင်အသင်းမှအထောက်အပံများပေးပို့သွားမည်ဟုသိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိမိုခါမုန်တိုင်းဒဏ်သင့်ခဲ့သော အဆောက်အဦးများ၊ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများ လုံလောက်စွာ ထောက်ပံ့ ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက် အစားအသောက်များ ၊ ဆေးဝါးများလှူဒါန်းပေးနိုင်ရေး၊ စသည့်လက်တလောဆောင်ရွက်နိုင်မည့်အစီအစဉ်များကိုအမြန်ဆုံးဆောင်ရွက်ရန် စီစဉ်နေကြောင်းသိရသည်။
မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကူညီဆောင်ရွက်သွားနိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်မှ မတ်လ၁၅ရက်နေ့ကဖွဲ့စည်းထားသောUMFCCI Task Force မှ လက်လောမှာ အလှူငွေကျပ်ငွေ၁၃ဘီလီယံကို လိုအပ်တဲ့နေရာတွေမှာအကူအညီပေးအပ်သွားမည်ဟုသိရသည်။
ymg/ppk
#Local_News #ဒေသအလိုက်မတူညီတဲ့အကူအညီ #UMFCCI Task Forceပြော
#YMG #Yangon_Media_Group
#Local_News
Published_16 May 2023
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ဇောတိကအိမ်ရာတွင် ရေခဲသေတ္တာဆိုင်မှ ကွန်ပရဆာ(Compressor)ပေါက်ကွဲ မှုကြောင့် အမျိုးသား ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း Medicalလူ ငယ်များအသင်းကသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ဇ/မြောက် ရပ်ကွက်၊ ဇောတိက အိမ်ရာရှိ တိုက်ခန်းမြေညီထပ်တွင်ဖွင့်လှစ်ထားသည့် ရေခဲသေတ္တာဆိုင်မှ ကွန်ဗက်ဆာ-လေအိုး- ဂတ်အိုး ပေါက်ကွဲမှု မေလ၁၅ရက် နေ့လယ်၁၂နာရီ၄၅မိနစ်ကဖြစ်ပွားခဲ့ပြီး အမျိုးသား၂ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အရေပြားတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သူ ၂ဦးကို Medicalလူငယ်များအသင်းက မြေပြင်စစ်ဆေးကုသမှုများပြုလုပ်၍ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ရကြောင်း သိရသည်။
#ymg/pl
#Local_News #သင်္ဃန်းကျွန်းမြို့နယ် #ဇောတိကအိမ်ရာ #ကွန်ပရဆာ(Compressor)ပေါက်ကွဲမှု #ဒဏ်ရာပြင်းထန်စွာရရှိ
#YMG #Yangon_Media_Group
#World_Military
Published_ 16 May 2023
ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က မေလ ၁၅ ရက်နေ့မှာ ဗြိတိန်ဝန်ကြီးချုပ်'ရီရှီဆူနက်ခ်'နဲ့ တွေ့ဆုံပြီးနောက် ဂျက်လေယာဉ်ပူးပေါင်းအဖွဲ့ထူထောင်ရန် အလွန်ယုံကြည်မှုရှိနေကြောင်း မေလ ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဇယ်လန်စကီက တနင်္လာနေ့မှာ ယူကေသို့ရောက်ရှိလာကာ လန်ဒန်မြို့ပြင် ဝန်ကြီးချုပ်အိမ်ရာမှာ ဆူနက်ခ်နဲ့တွေ့ဆုံခဲ့ပါတယ်။
ဆူနက်ခ်နဲ့တွေ့ဆုံရာမှာ ဒုံးကျည်တွေနဲ့ဒရုန်းတွေ ရာနဲ့ချီပံ့ပိုးပေးဖို့ ကတိရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီက ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဟာ ယူကရိန်းကို လက်နက်တွေ အကူအညီတွေထောက်ပံ့နေခဲ့ပါတယ်။
ထိုလက်နက်တွေထဲမှာ ဒုံးကျည်လောင်ချာများ၊ ခဲယမ်းများ၊ တင့်ကားများနဲ့ အခြားအရာများပါဝင်ပါတယ်။
ယူကရိန်းဘက်က တိုက်လေယာဉ်များလည်း တောင်းဆိုထားပေမယ့် အနောက်နိုင်ငံက တင်းမာမှုမြင့်တက်လာမှာစိုးတဲ့အတွက် ချင့်ချိန်စရာဖြစ်နေပါတယ်။
ယူကရိန်းလေယာဉ်မှူးများကို လေ့ကျင့်သင်ကြားပေးရန် လေယာဉ်မောင်းသင်တန်းကျောင်းဖွင့်ဖို့ ဗြိတိန်ကအဆင်သင့်ဖြစ်နေကြောင်း ဆူနက်ခ်ကဆိုပါတယ်။
ရုရှားမဟာမိတ်ဖြစ်တဲ့တရုတ်က ယခုသီတင်းပတ်အတွင်း ယူကရိန်းသို့အထူးသံတမန်တစ်ဦးစေလွှတ်ကာ ငြိမ်းချမ်းရေးစေ့စပ်ရန် ကြိုးပမ်းနေချိန်မှာ ဇယ်လန်စကီကတော့ ပြင်သစ်နဲ့ဂျာမနီတို့ထံ သွားရောက်လည်ပတ်ကာ စစ်ရေးအကူအညီများ ရယူခဲ့ပါတယ်။
ယူကရိန်းသို့ ဗြိတိန်မှ လက်နက်အသစ်များပေးပို့နေတာကို ရုရှားက အပြင်းအထန်တုန့်ပြန်လိုက်ကာ ဒါဟာ အပျက်အစီးပိုမိုဆိုးရွားစေမှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။
ဗြိတိန်ကထောက်ပံ့ပေးတယ်လို့ဆိုတဲ့ စတွန်းမ်ရှဲဒိုးဒုံးကျည်ကို ရုရှားက ပစ်ချလိုက်တယ်လို့ တနင်္လာနေ့ကအခိုင်အမာဆိုလိုက်ပါတယ်။
ဇယ်လန်စကီနဲ့တွေ့ဆုံမှုဟာ အိုက်စ်လန်ရှိ ဥရောပကောင်စီအစည်းအဝေးနဲ့ ဂျပန်မှာပြုလုပ်မယ့် G7 ထိပ်သီးအစည်းအဝေးတို့ရဲ့ အကြိုသဘောအနေနဲ့ဖြစ်ကြောင်း ဆူနက်ခ်ကဆိုပါတယ်။
ပူတင်က ယူကရိန်းကိုကျူးကျော်နေပေမယ့် ကမ္ဘာတဝှမ်းကိုပါထိခိုက်နေတာကြောင့် ယူကရိန်းရှုံးလို့မဖြစ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
စစ်ပွဲပဋိပက္ခဟာ ယူကရိန်းလုံခြုံရေးပြဿနာတစ်ခုတည်းသာ မဟုတ်ဘဲ ဥရောပတခွင်လုံးအတွက် အရေးကြီးကြောင်း ဇယ်လန်စကီကဆိုပါတယ်။
ယူကရိန်းဘက်က စွန့်စားရာကျတဲ့ တန်ပြန်ထိုးစစ်အကြောင်း ရေရေရာရာမသိသေးပေမယ့် ဥရောပမြို့တော်တွေထံ ဇယ်လန်စကီလည်ပတ်တာဟာ တိုက်ပွဲမှာဖိအားပေးရန် အနောက်နိုင်ငံလက်နက်ကြီးများနဲ့ ခဲယမ်းများရရှိရေး အရေးကြီးကြောင်း ပြသရာရောက်နေပါတယ်။
ပြင်သစ်က တင့်ကားအသေးစား၊ သံချပ်ကာယာဉ်တစ်ဒါဇင် ကမ်းလှမ်းထားပြီး ဂျာမနီကလည်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ စစ်ရေးထောက်ပံ့မှုများပြင်ဆင်နေပါတယ်။
Source: WION
#World_Military #ဗြိတိန်နှင့်ဂျက်လေယာဉ်ပူးပေါင်းရေးဆောင်ရွက် #ယူကရိန်းသမ္မတမျက်စိကျ
#YMG #Yangon_Media_Group
#Local_News
Published-16 May2023
ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံး နစ်နာခဲ့ရသူများကို ကူညီပေးနိုင်ရန် အလှူငွေကောက်ခံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအစည်းအရုံး (ဂျပန်နှင့်) ရခိုင်အသင်း (ကိုးရီးယား)တို့မှ အသီးသီးထုတ်ပြန်ထားသည်။
မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင်း ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့် တပြေးညီ ကူညီနိုင်ရန်အတွက် ရခိုင်အမျိုးသားအသင်း (ကိုးရီးယား)မှ အလှူငွေများ ကောက်ခံပြီး လေဘေးသင့် ပြည်သူများကို လှူဒါန်း သွားမည်ဖြစ်၍ တောင်ကိုးရီးယားနိုင်ငံကိုရောက်ရှိနေကြသူရခိုင်လူမျိုးများနှင့်လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်းနှိုးဆော်ထားသည်။
ထို့အပြင် ရက္ခိုင်အစည်းအရုံး(ဂျပန်)မှလည်း မတည်ငွေ ယန်း သောင်း (၃၀) လှူဒါန်းရန် စီစဉ်ထားပြီး ဂျပန် ရောက် ရခိုင်များနှင့် တခြားလှူဒါန်းလိုသူများ အနေဖြင့်လည်း ရက္ခိုင်အစည်းအရုံး (ဂျပန်)နှင့် အတူ လူသား ချင်းစာနာထောက်ထားသည့် အနေဖြင့် ပူးပေါင်း ပါဝင်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ရခိုင်ပြည်နယ်တွင်မိုခါ ဆိုင်ကလုန်မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့အပါအဝင် ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ကျောက်ဖြူ အစရှိသဖြင့် မြို့နယ်များတွင် အပျက်အစီးဆုံးရှုံးမှုများစွာရှိခဲ့ကြောင်းသိရသည်။
#ymg/pl
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာတွင် ဓမ္မာရုံပြိုကျ၍ ၁၃ဦးသေဆုံးကြောင်း လူမူကွန်ယက်မှာပြန်နှံ့နေကြောင်းသိရသည်။
ယခင်လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေ၏ လူမူကွန်ယက်စာမျက်နှာမှာတော့ ဒုံးပိုက်ကျေးရွာတွင် သေဆုံးသူ၁၃ဦးရှိပြီး အမျိုးသား ၄ဦး အမျိုး သမီး၉ဦးဖြစ်ကြောင်းဖော်ပြထားသည်။သေဆုံးသူအမျိုးသမီး ၉ဦးထဲတွင် အသက်၇ နှစ်အရွယ်မိန်းကလေး တစ်ဦးပါရှိကြောင်း ပြောဆိုထားသည်။
နစကအစိုးရ၏ မေလ ၁၅ရက်နေ့ကောက်ယူဆဲကနဦးစာရင်းများအရ ဆိုက်ကလုန်းမုန်တိုင်းမိုခါကြောင့်ဒေသ(၈)ခုတွင်လူ(၃)ဦးသေဆုံး၊လူနေအိမ်(၈၆၄)လုံးနှင့်တာဝါတိုင်(၇)ခု၊လမ်းမီးတိုင်(၇၁)တိုင်၊အဆောက်အဦ (၁၄၃)ခုထိခိုက်ပျက်စီး၊ရခိုင်(၇)မြို့နယ်နှင့်ချင်း(၁)မြို့နယ်တို့၌စာရင်းကောက်ယူဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါသည်။
ymg/ynzw
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၆/အနောက်ရပ်ကွက် ဇဗ္ဗူသီရိ(၄)လမ်းထိပ်တွင် မေလ ၁၅ရက်နေ့ နေ့လည် ၁၂နာရီကျော်ခန့်အသက်(၅၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦးလဲကျသေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှသိရသည်။
အဆိုပါရုပ်အလောင်းကို ရပ်ကွက်နေပြည်သူများမှ အကြောင်းကြားလာ၍ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ပြီးခဲ့ရာ ပြင်ပဒါဏ်ရာများမရှိပဲ သေဆုံးနေသော အဆိုပါ အမျိုးသား၏ ရုပ်အလောင်းအားတွေ့ရှိရခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှသိရသည်။
အဆိုပါသေဆုံးသူအမျိုးသား၏မိသားစုဝင်များကိုဆက်သွယ်၍မရသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်တွေက စစ်ဆေးမူတွေပြုလုပ်ခဲ့ကြောင်း အောင်နိုင်သူလူမူကူညီရေးအသင်းမှတာ၀န်ခံက YMG ကိုပြောသည်။
ယင်းရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့်ပင် စံပြဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း အောင်နိုင်သူလူမူကူညီရေးအသင်းမှထုတ်ပြန်ထားပါသည်။
ymg/ynzw
#YMG #Yangon_Media_Group
Page 874 of 1643