၁၂ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံအကူအညီဖြင့် MNDAA၊ TNLA၊ AA အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို အဖျက်သဘောဆောင်သည့် ထုတ်လွှင့်နေမှုများရှိနေ
နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NUG၊ PDF များမှ ၎င်းတို့ထံ ရောက်ရှိလာစေရေး ခြိမ်းခြောက် စည်းရုံးနေ
၁၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်ဒေသနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
နိုင်ငံတော်ဝန်ကြီးချုပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာတွင် ဒေသခံပြည်သူများ၏ သားသမီးများအား ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် အဓိကထားဆောင်ရွက်နေ
ခြင်းတို့နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို
ပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
#Daily_News
Published 12 December 2023
၁။ လုံခြုံရေးအခြေနေအရ ထိုင်းသို့ MOU လုပ်သားစေလွှတ်မှု ယာယီရပ်နားထားပြီး နယ်မြေအခြေနေ ကောင်းမွန်သည်နှင့် ပြန်လည်စေလွှတ်မည်ဟုဆို
၂။ ဆောင်းတွင်းဖြစ်သော်လည်း အယ်နီညိုကြောင့် ဒေသ(၁၁)ခု၌ အအေးပေါ့ပြီး ညအပူချိန်ပိုဦးမည်
၃။ မူဆယ်စစ်ရှောင်များ တိုက်ပွဲရှောင် ရက်ရှည်လာသည်နှင့်အမျှ စားနပ်ရိက္ခာများ ဆက်လက်လိုအပ်နေပြီး ကျေးရွာအချို့၌လည်း ဒေသခံအချို့ ဆက်လက်ပိတ်မိနေ
၄။ တရုတ်မှ ပထမဆုံးဆောက်လုပ်သည့် အပျော်စီးသင်္ဘောကြီး စမ်းသပ်ပြေးဆွဲမှုများ ပြုလုပ်ရန်အသင့်ရှိ
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ရေတင်မရတာကြောင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာ ရေချောင်းတွေနဲ့ ရွှေလီမြစ်ကမ်းဘေးတွေမှာ ရေချိုးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်မြိုတွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်YBSယာဉ်တွေ လိုက်ပါစီးနင်းနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ YBS QR Code နဲ့ ယာဉ်စီးခပေးချေမှုကို ယခုလကုန်သို့မဟုတ် လာမည့်နှစ်ဆန်းဖြစ်တဲ့ ဇန်နဝါရီလဆန်းမှာ ဆောင်ရွက်နိုင်တော့မယ်လို့ Asia Starmar Transport Intelligent Co.,Ltd မှ သိရပါတယ်။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 12 December 2023
စမ်းချောင်းမြို့နယ်၊လင်းလွန်း(မြောက်)ရပ်ကွက်၊ ကြံခင်းလမ်းရှိ လူနေတိုက်ခန်း တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ (၁၂)ရက် နေ့လယ် (၁) နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီးထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကျွမ်းမှုကြောင့် ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
မီးငြိမ်းသတ်ရာတွင် နေ့လည် (၁) နာရီ (၇) မိနစ် အချိန်ခန့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁) နာရီ (၁၃)မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် (၁)နာရီ (၁၉) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group


Published 12 December 2023
ရွှေတိဂုံနှင့် ဗိုလ်တထောင်ဝင်ကြေး နိုင်ငံခြားငွေများကို ကျပ် (၂၁၀၀) ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်ပြီး ပေးခဲ့သည်ဆိုသည့်သတင်းမဟုတ်မှန်ကြောင်း နစကမှ ပြန်လည်ရှင်းလင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၏ ဝင်ကြေး၊အလှူငွေ အမေရိကန်ဒေါ်လာ (၂၀)သန်းကျော်နှင့် ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့် ဝင်ကြေး အမေရိကန်ဒေါ်လာများကို အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် (၂,၁၀၀) ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့သည်ဟု သတင်းတု၊ သတင်းမှားများ ဝါဒဖြန့် ရေးသားလျက်ရှိကြောင်းနှင့် ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏တာဝန်ရှိသူ၏ရှင်းလင်းပြောကြားချက်အရသိရသည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများ၌ဖော်ပြခဲ့ကြောင်း သိရသည်။
ရွှေတံဂုံစေတီတော်သို့ ယခင်က တစ်ရက်ကို နိုင်ငံခြားသား၁၀၀ခန့်ဝင်ရောက်ရာမှ နောက်ပိုင်းတွင် တစ်ရက်ကို နိုင်ငံခြားသား၃၀၀ခန့်ဝင်ရောက်ကြောင်းနှင့် ရွှေတိဂုံစေတီတော်တွင် ယခင်က ကျပ်တစ်သောင်းခွဲသို့မဟုတ် တစ်သောင်းခွဲနှင့်ညီ သောနိုင်ငံခြားငွေကောက်ခံခဲ့ရာမှ ယခု ကျပ်၂၀၀၀၀သို့မဟုတ် ကျပ်နှစ်သောင်းနှင့်ညီသောနိုင်ငံခြားငွေကို ကောက်ခံခဲ့ပြီး ဗိုလ်တထောင်စေတီတော်သို့လာရောက်သူများကို ယခင်က မြန်မာကျပ်၁၀၀၀၀(သို့မဟုတ်)မြန်မာကျပ်တစ်သောင်းနှင့်ညီမျှသောနိုင်ငံခြားငွေကို ကောက်ခံခဲ့ပြီး ယခုအခါ မြန်မာကျပ်၁၅၀၀၀(သို့မဟုတ်) မြန်မာကျပ်တစ်သောင်းငါးထောင်နှင့်ညီမျှသောနိုင်ငံခြားငွေကို ကောက်ခံခဲ့ပြီး အများစုမှ မြန်မာကျပ်ဖြင့်ဝင်ကြေးပေးလေ့ရှိကြောင်း ဂေါပကအဖွဲ့များထံမှသိရသည်။
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဒေသမှာ တိုက်ပွဲရှောင် ရက်ရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ အနွေးထည်တွေ ဆက်လက်လိုအပ်နေပြီး ကျေးရွာအချို့မှာလည်း ဒေသခံအချို့ဆက်လက်ပိတ်မိနေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေ ဆီကသိရပါတယ် ။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဒီဇင်ဘာလ ၁၁ရက်မှ၂၁ရက်အထိ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ပျမ်းမျှအပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့ အထက်ပိုနိုင်တယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ကရင်ပြည်နယ် ကော့ကရိတ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေအရ ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်မှု ယာယီရပ်နားထားတာကာ နယ်မြေအခြေနေ ကောင်းမွန်တာနဲ့ ပြန်လည်စေလွှတ်သွားမယ်လို့အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 12 December 2023
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၏ နောက်ဆက်တွဲဖြည့်စွက်စာချုပ် လက်မှတ်မကြာမီရေးထိုးမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက်၌ လက်မှတ်ရေးထိုးခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ပိုမိုကောင်းမွန်ပြီး ရှင်းလင်းပြည့်စုံမှုရှိစေရေးအတွက် ရင်းနှီးတည်ဆောက်သူ CITIC နှင့် ညှိနှိုင်းမှုများ ပြီးပြတ်ခဲ့ပြီဖြစ်ရာ မကြာမီအတွင်းနောက်ဆက်တွဲ ဖြည့်စွက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ချုပ်ဆိုထားသည့် စာချုပ်များတွင်နှစ်ဖက်စလုံး အဓိပ္ပာယ်ကွဲလွဲယူဆ၍ ရနိုင်သော အချက်အချို့ရှိနေသောကြောင့် ပြန်လည်ညှိနှိုင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စီမံကိန်းအတွင်း အစိုးရအသိအမှတ်ပြုကုမ္ပဏီစု (Government Designated Entity Consortium) တွင် ပါဝင်ရင်းနှီးမြှုပ်နှံလိုကြောင်း စိတ်ဝင်စားမှုအဆိုပြုလွှာ - EOI တင်သွင်းထားသည့် နိုင်ငံသားကုမ္ပဏီများ စိစစ်ရွေးချယ်ခြင်းကို မကြာမီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ယင်းစီမံကိန်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူငယ်များအတွက်လည်း အခွင့်အလမ်းများ ပေါ်ပေါက်စေမည်ဖြစ်ကြောင်း ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ဆက်ပြောသည် ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး - BRI ၏ အစိတ်အပိုင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာ၏ ရေနက်ဆိပ်ကိမ်းစီမံကိန်း သုံးခုတွင် ကနဦး အကောင်အထည်ဖော်မည့် စီမံကိန်းလည်း ဖြစ်ကြောင်းသိရသည်။
ယခင် သဘောတူညီချက်များအရ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁.၃ ဘီလီယံ အသုံးပြုရန် စီစဉ်ခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုများအဖြစ် တရုတ်အစိုးရပိုင် CITIC အုပ်စုက ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 12 December 2023
တရုတ်နိုင်ငံ မန်စီမြို့နှင့် ရန်ကုန်၊မန္တလေးတိုက်ရိုက် ပြေးဆွဲသည့် လေကြောင်းလိုင်းကိုယခု ဒီဇင်ဘာလအတွင်း ပြန်လည် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှသိရသည်။
ယင်းကဲ့သို့ ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်းကို MNAမှ လေယာဉ်ပျံသန်းမှုအချိန်စာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။
ဒီဇင်ဘာ၁၂၊၁၄၊၁၆ရက်များတွင် ရန်ကုန်မှ တရုတ်(မန်စီ)သို့ မနက်ပိုင်းအသွား 12:30၊ ဆိုက်ရောက် 17: 15 ညနေပိုင်းတရုတ်(မန်စီ) မှရန်ကုန်သို့ အသွား18:15 ဆိုက်ရောက် 20:35 ဖြင့်လေကြောင်းလိုင်းများပြေးဆွဲပေးမည်ဟုဆိုသည်။
ဒီဇင်ဘာ၁၂၊၁၄၊၁၆ရက်များတွင် မန္တလေးမှ တရုတ်(မန်စီ)သို့ မနက်ပိုင်းအသွား14:30၊ ဆိုက်ရောက်17:15နှင့် တရုတ်(မန်စီ)မှ မန္တလေးသို့ ညနေပိုင်း18:15တွင်ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်များကို ဒီဇင်ဘာလ၅ရက်ကတည်းက ပြေးဆွဲနေခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း အပတ်စဥ် အင်္ဂါ၊ကြာသပတေး၊စနေ နေ့များတွင်ပြေးဆွဲပေးလျက်ရှိသည်။
မန်စီမြို့ကနေ မန္တလေးမြို့ဆီ ပျံသန်းမည့် လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားကို (၁၅၈၈) ယွမ် သတ်မှတ်ထားပြီး မန်စီ- ရန်ကုန်ခရီးစဉ်အတွက်ကိုတော့ လေယာဉ်လက်မှတ်ခ (၁၂၈၈) ယွမ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းဇွန်လအတွင်း MNA လေကြောင်းလိုင်း၏ကနဦးထုတ်ပြန်ချက်များ အရသိရသည်။
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group


Published 12 December 2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လေးအိမ်ဘူတာကုန်းကျေးရွာ၊ သံလမ်းကွေ့ဇရပ်အနီး၊ မကွေး-နတ်မောက်-ပျော်ဘွယ်ကားလမ်းမကြီးတွင် ယာဉ်တစ်စီးချောက်ထဲထိုးကျမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရသိရသည်။
ဒီဇင်ဘာ ၁၂ ရက် နံနက် ၅နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး အဆိုပါ ယာဉ် ချောက်ထဲ ထိုးကျမှု ကြောင့် လူညပ်နေကြောင်း သတင်းရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား စိတ်ဓာတ်ဖြူစင်ဂရုဏာရှင်များအသင်းမှ ယာဉ်ဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Page 871 of 1932