ပို့ကုန်ပမာဏဟာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၄၀၇ သန်းရှိပြီး၊ သွင်းကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂ ဘီလီယံကျော်ရှိ
#Local_News
Published_ 8 July 2023
#ကုန်သွယ်မှုတန်ဖိုးကန်ဒေါ်လာ၁ဘီလီယံကျော်
#Ygm/my
#Yangon_Times
အုပ်စုအဆင့် ကျော်ဖြတ်နိုင်ဖို့ ပြိုင်ဘက်တိုင်းကို အလေးထားယှဉ်ပြိုင်သွားရမယ်လို့ မြန်မာအသင်းကို သတိပေးစကားဆို
#Local_News
Published_ 8 July 2023
#အမျိုးသမီးဘောလုံးအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်
#YMG/my
#Yangon_Times
‘သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေး အလှူခံတဲ့နေရာမှာ လူငယ်ဟာသပညာရှင်တွေနဲ့အတူတူပါဝင်ကြိုးပမ်းခဲ့တာကြောင့်နဲ့ မိုခါရံပုံငွေပွဲမှာလည်း သက်ကြီးဟာသပညာရှင်တွေအနေနဲ့အခမဲ့ဖျော်ဖြေပေးခဲ့တာကြောင့် ဂုဏ်ပြုဆုရရှိတာဖြစ်တယ်’ ဦးပေါ်လေး(ဂုဏ်ပြုဆုရ၊သက်ကြီးဟာသပညာရှင်)
#Local_News
Published_ 8 July 2023
#ဟာသပညာရှင်(၁၀)ဦးကိုဂုဏ်ပြုဆုချီးမြှင့်
#tthl
#Yangon_Times
#Local_News
Published _8 July 2023
၅၀၅ (က)ဖြင့်အမှုဖွင့်ကာအရေးယူခံထားရသော အနုပညာရှင်များဖြစ်ကြသည့်မေပန်းချီ(ခ) မေပန်းချီစိုးနောင်၊ မေလသံစဉ်၊ မြတ်သူသူ(ခ) မိုးမိုးမြတ်ဇင်၊
ရွှေရည်သိန်းတန် နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေ တို့ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာကြကြောင်းသိရသည်။
ဇူလိုင်လ ၇ ရက်တွင် ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်း ယင်းအနုပညာရှင်များနှင့် နီးစပ်သူများက ဆိုသည်။
"ဟုတ်ပါတယ်ရှင့်၊ မရွှေရည်ပြန်ရောက်နေပါပြီ။ မေပန်းချီတို့၊ မေလသံစဉ်တို့ ၊ မြတ်သူသူတို့လည်း ပါဝင်တယ်လို့သိရပါတယ်"ဟု ရွှေရည်သိန်းတန်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
သရုပ်ဆောင် မေပန်းချီမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး သရုပ်ဆောင်မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန်၊ မေလသံစဥ်တို့မှာ ပြီးခဲ့သည့် ဧပြီလအတွင်းက အဖမ်းခံခဲ့ရကာ ယခုအခါ ပြန်လည်လွတ်မြောက်လာကြခြင်းလည်း ဖြစ်သည်။
သတင်းစာဆရာ ဦးကျော်မင်းဆွေသည် ယခု ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ၎င်းအားစွဲဆိုထားသည့်အမှုကို ထောင်အတွင်း ရင်ဆိုင်နေရပြီး အမှုမပြီးပြတ်သေးမီ ပြန်လည်လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
#Yangon_Times
#World_Health
Published 9 July 2023
သင့်ရဲ့တစ်နေ့တာ စွမ်းအင်ပမာဏကို သက်ရောက်စေမယ့် အကြောင်းအရာများစွာ ရှိပါတယ်။
အိပ်ရေးပျက်ခြင်းဖြင့် မနက်ခင်းမှာ မူးဝေခြင်းဖြစ်စေနိုင်သလို အစားအသောက်၊ စိတ်ဖိစီးမှုအလွန်မြင့်မားခြင်းဖြင့်လည်း တစ်နေ့တာအတွင်း စွမ်းအင်ကျဆင်းစေပါတယ်။
ပူအိုက်တဲ့ကာလမှာဆိုရင် သတ္တုဓာတ်ပမာဏ မညီမျှခြင်းကို ဖြစ်စေနိုင်သလို ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်း ခံစားရတာဟာ ခန္ဓာကိုယ်ထဲမှာ အချို့သော အာဟာရဓာတ်များ၊ သတ္တုဓာတ်များ ချို့တဲ့တာကြောင့် ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း မလုပ်တာကလည်း ဒီလိုအချိန်တွေမှာ အားအင်ကျဆင်းစေနိုင်ပါတယ်။
တစ်နေ့တာအားအင်ပမာဏ ထိန်းညှိရာမှာ အသုံးဝင်စေတဲ့ အစားအစာများကို အာဟာရပညာရှင်'လော့ဗ်နိဘာထရာ'က အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။
(၁) ငှက်ပျောသီး
ဗိုက်တာမင်-ဘီ၆ ကြွယ်ဝစွာပါဝင်ကာ ကာဗိုဟိုက်ဒရိတ်တွေကို ချေဖျက်ပြီး စွမ်းအင်ထုတ်လုပ်ပေးပါတယ်။
(၂) ကွင်အာစေ့
အမျှင်ဓာတ်များပါဝင်ပြီး ခန္ဓာကိုယ်စွမ်းအင်ကို အချိန်ကြာရှည်စွာ ထိန်းသိမ်းပေးပါတယ်။
(၃) ဒိန်ချဉ်
ဒိန်ချဉ်က အစာချေခြင်း၊ အာဟာရစုပ်ယူခြင်းအပါအဝင် လုပ်ဆောင်ချက်အမျိုးမျိုးအတွက် အရေးပါတဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၄) ချီယာစေ့
ကာဗိုဟိုက်ဒရိတ်ပါဝင်မှု၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီနဲ့ အမျှင်ဓာတ်များ ပါဝင်တာကြောင့် စွမ်းအင်ကြာရှည်စွာ ထိန်းသိမ်းပေးပါတယ်။
(၅) အုတ်ဂျုံ
သူတို့မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားပြီး အစာချေခြင်းကို နှေးစေကာ စွမ်းအင်ကုန်ဆုံးခြင်းကို ကာကွယ်ပေးပါတယ်။
Source: India Today #World_Health #ပြန်လည်ဖြည့်တင်းပေးနိုင်မည့်အစားအစာများ
#Yangon_Time
#World_Health
Published 8 July 2023
အပြာကားနဲ့ ရုပ်ပုံစာပေတွေဟာ ဆယ်စုနှစ်တွေတိုင်အောင် တည်ရှိနေခဲ့ပေမယ့် အင်တာနက် တိုးတက်လာတာနဲ့အမျှ ထိုအနုပညာကို ကြည့်ရှုသူ ပိုပြီးများပြားလာပါတယ်။
နာမည်ကြီးအပြာဝက်ဘ်ဆိုက် PornHub ဆိုရင် တစ်နှစ်ကို ဝင်ရောက်ကြည့်ရှုသူ ၃၈ ဘီလီယံရှိပြီး တစ်လကို ၃.၂ ဘီလီယံရှိပါတယ်။
XVideos ဝက်ဘ်ဆိုက်ဆိုရင် တစ်လကို ၃.၃ ဘီလီယံကြည့်ရှုနှုန်း ရှိပါတယ်။
ကမ္ဘာပေါ်မှာ လူဦးရေ ၈ ဘီလီယံသာရှိတာကြောင့် ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နှစ်အတွင်း ထိုဝက်ဘ်ဆိုက်တွေထဲကို ၅ ကြိမ်ခန့် ဝင်ရောက်ကြည့်ရှုတယ်လို့ ခန့်မှန်းရပါတယ်။
အပြာကားများ ကြည့်ရှုခြင်းမှ တစ်ပတ်လောက် ရှောင်ကြဉ်ခြင်း ဒါမှမဟုတ် ရှောင်ရန်ကြိုးပမ်းပြီးနောက် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရခြင်းရှိမရှိကို လတ်တလော လေ့လာခဲ့ကြပါတယ်။
အပြာကားကြည့်ရှုများတဲ့ ပြဿနာများ၊ စွဲလမ်းတဲ့လက္ခဏာများအကြောင်း တင်ပြကြပြီးနောက်မှာ အခုလို လေ့လာကြတာဖြစ်ပါတယ်။
ဒီလိုတွေတင်ပြကြပေမယ့် အပြာကြားပုံမှန်ကြည့်ရှုသူတွေဟာ စွဲလမ်းလာတယ်ဆိုတာကို သုတေသီတွေက လက်မခံသေးဘဲ ရှိနေဆဲဖြစ်ပြီး စွဲလမ်းခြင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖော်ထုတ်ပြသနေပါတယ်။
အရက်၊ ဆေးဝါးစွဲလမ်းသူတွေ ဖြတ်တောက်တဲ့အခါ ခံစားရတဲ့လက္ခဏာတွေလိုမျိုး အပြာကားဖြတ်တဲ့လူတွေမှာလည်း ဖြစ်ပေါ်နိုင်သလားဆိုတာကို သုတေသီတွေက လေ့လာဖို့ ကြိုးစားခဲ့ကြပါတယ်။
စမ်းသပ်ခံမယ့်သူတွေကို အဖွဲ့ ၂ ဖွဲ့ခွဲကာ တစ်ဖွဲ့ကတော့ ပုံမှန်အတိုင်းဆက်လက်ကြည့်ခဲ့ကြပြီး နောက်တစ်ဖွဲ့ကတော့ တစ်ပတ်ကြာအောင် အပြာကားမကြည့်ဘဲ နေခိုင်းခဲ့ပါတယ်။
စမ်းသပ်ကာလအတွင်း အပြာကားတစ်ပတ်မကြည့်သူတွေထဲက ၅၄.၆၅ ရာခိုင်နှုန်းက အပြာကားလုံးဝမကြည့်ခဲ့ကြကာ ၄၅.၃၅ ရာခိုင်နှုန်းကတော့ အနည်းဆုံးတစ်ခါ ကြည့်ခဲ့ပါတယ်။
စမ်းသပ်ခံသူများကိုယ်တိုင် အစီရင်ခံထားတဲ့ အချက်အလက်များကို ယခင်လေ့လာမှုများကနေ ကြည့်ရှုခဲ့ကြပါတယ်။
ထိုလေ့လာမှုကတော့ စမ်းသပ်ခံသူများကြား စွဲလမ်းခြင်းလက္ခဏာ ကွဲပြားမှုမရှိကြောင်း တွေ့ခဲ့ပါတယ်။
ဆက်လက်လေ့လာမှုပြုလုပ်တဲ့အခါမှာ အပြာကားဖြတ်တဲ့လက္ခဏာတွေ လျော့သာလျော့ကျသွားပါတယ်။
ထပ်ခါထပ်ခါစမ်းသပ်လေ ဆိုးကျိုးလက္ခဏာတွေ ပိုပိုနည်းလာလေ ဖြစ်ပါတယ်။
#World_Health #အပြာကားကြည့်ခြင်းကိုတစ်ပတ်ခန့်ရှောင်ရှား
Source: The Jerusalem Post
မက္ကဆီကိုတောင်ပိုင်းမြို့လေးတစ်မြို့မှာ ဒေသခံတွေထံ ကံကောင်းမှုများ ရောက်ရှိလာရန်အတွက် မြို့တော်ဝန်က မိကျောင်းမတစ်ကောင်နဲ့ လက်ထပ်တဲ့ ရိုးရာဓလေ့ပွဲကို ကျင်းပခဲ့ပါတယ်။
#World_Tradition
Published 7 July 2023
#မြို့တော်ဝန်နှင့်တွားသွားသတ္တဝါတစ်ကောင်ထိမ်းမြားလက်ထပ်
#Yangon_Times
#Daily_News
Published_ 7 July 2023
၁။ ကလေးငယ်များဖျားလျှင် ရာသီတုပ်ကွေးထင်ပြီး မပေါ့ဆသင့် သွေးလွန်တုပ်ကွေးဖြစ်နိုင်ဟုဆို
၂။ သင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ယူနက်စကိုသို့အဆိုပြုလွှာပေးပို့ထားပြီဖြစ်ဟုဆို
၃။ MFF Carabao Futsal Amateur Cup 2022 ဘောလုံးပြိုင်ပွဲ Black Cross FC က City Dagon FC (၈-၆) ဂိုးဖြင့် အနိုင်ရ
၄။ မက္ကဆီကိုမြို့လေးမှမြို့တော်ဝန်နှင့် တွားသွားသတ္တဝါတစ်ကောင် ထိမ်းမြားလက်ထပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
‘မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် ယူနက်စကိုသို့ အဆိုပြုစာတွဲပေးပို့ခဲ့ပြီးဖြစ်တယ်’
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး
#Local_News
Published 7 July 2023
#ကမ္ဘာ့အမွေအနှစ်စာရင်းတင်ထား
#Tthl
#Yangon_Time
‘ဒီအချိန်မှာ ကလေးတွေဖျားရင် ရာသီတုပ်ကွေးဆိုပြီးမပေါ့ဆသင့်ဘူး။ သွေးလွန်တုပ်ကွေးဖြစ်တာ ဖြစ်နိုင်တယ်။ ဒါကြောင့်ဆေးရုံ၊ ဆေးပေးခန်းတွေမှာ သေချာသွားရောက်ကုသသင့်တယ်’ ကျန်းမာရေးအသိပညာမြှင့်တင်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုး
#Local_News
Published 7 July 2023
#ရာသီတုပ်ကွေးထင်ပြီးမပေါ့ဆသင့်
#Tthl
#Yangon_Time
‘မြန်မာမှာတော့ ရွှေထည်တွေကို ရွှေသားထူထူဝယ်ယူကြပေမယ့် နိုင်ငံတကာမှာတော့ ဒီဇိုင်းဦးစားပေးရွှေထည်ပါးပါးတွေနဲ့ 3D Cutting တွေကိုကြိုက်နှစ်သက်ကြတယ်။ လက်ရာပိုင်းကြိုက်ဖို့ လိုအပ်နေသေးတယ်’ ဦးမျိုးမြင့် (ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ)
#Local_News
Published 7 July 2023
#မြန်မာ့ရွှေထည်
#Tthl
#Yangon_Time
#Local_News
Published 7 July 2023
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းမပေါ်တွင် အိမ်စီးကားနှင့်ဖယ်ရီကားတို့ဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းက သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၆ ရက် ည ၈ နာရီအချိန်ခန့်က လှိုင်သာယာအရှေ့ပိုင်း၊ ရန်ကုန်-ညောင်တုန်းလမ်း အောက်ထိပ်မှတ်တိုင်အနီး ဖယ်ရီကားကို အိမ်စီးကားက အရှိန်လွန်၍ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"ဖယ်ရီကားက တိမ်းမှောက်သွားခဲ့ပြီး ယာဥ်မောင်းက ခြေထောက် ၂ ဖက်လုံးထိသွားတယ်။ အိမ်စီးကားပေါ်က လူ ၂ ယောက်ကတော့ ဒဏ်ရာရပေမဲ့ စိုးရိမ်စရာမရှိပါဘူး"ဟု မေတ္တာပါရမီလူမှုကူညီရေးအသင်းက သိရသည်။
ယာဥ်တိုက်မှုဖြစ်ရာနေရာသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမီးသတ်တပ်ဖွဲ့ဝင်များသွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအား မေတ္တာပါရမီလူမှုကူညီရေးအသင်းယာဥ်ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #ယာဥ်၂စီးတိုက်မိ၍၃ဦးထိခိုက်ဒဏ်ရာရ
#Yangon_Times/BM
Page 870 of 1704