#Local_News
Published 29 April 2024


▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ကုန်ထုတ်လမ်းအနီးရှိ ရေကန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေနစ်​ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

▪️ ဧပြီ ၂၈ ရက်ညနေ၃နာရီ၁၀မိနစ်ခန့်က အဆိုပါ ရေကန်အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေဆင်းကူးကျရာမှ ရေနစ် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ​ေ-သဆုံးခဲ့သည့် အမျိုးသား မှာ ၁၄နှစ်ဝန်းကျင်ရှိပြီး အမျိုးသမီးမှာ ၁၈နှစ်ဝန်းကျင်ရှိကြောင်း အနီးနားနေသူများ၏ ပြောကြားချက်အရသိရသည်။

 

▪️ အဆိုပါရေနစ်မှုဖြစ်ပွားသည့် နေရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ လူမှုကူညီရေးအသင်းများက သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ညနေ ၄နာရီ ၂၇မိနစ်တွင် အမျိုးသား (သေဆုံး )ကို ဆယ်ယူနိုင်ခဲ့ပြီး ၄နာရီ ၄၁မိနစ် တွင်အမျိုးသမီး(သေဆုံး ) ကို ဆယ်ယူခဲ့ကာ မေတ္တာစွမ်းရည်လူမှုကူညီရေးအသင်း၊ ရွာသာကြီးလူမှုကူညီရေးအသင်းယာဉ်တို့ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times