#Lcoal_News
Published 29 April 2024


▪️ ကချင်ပြည်နယ်၊ကာမိုင်းမြို့အနီးဗဟိုပြု၍အင်အား ရစ်(ခ်)တာစကေး(၄.၅)အဆင့်ရှိမြေငလျင်လှုပ်ခတ် သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။

 

▪️ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃) နာရီ၊ (၁၅) မိနစ်၊ (၄၀) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှအနောက်- အနောက် မြောက်ဘက် (၄၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့ဘက် (၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၂) ဒီဂရီ၊ အနက် (၁၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

▪️ မြေငလျင်သည် ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ကချင်ပြည်နယ်မှ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်ရှိ ရန်ကုန်၊မန္တလေး၊ပဲခူးစသည့်မြို့များတွင်လည်း တစ်ကျော့ပြန်ငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ကြဖို့ လိုအပ်ကြောင်း သိရသည်။

 

#tthl #Yangon_Times