#Local_News
Published 22 January 2024
ဆန်ကုမ္ပဏီသုံးခုအား အမည်ပျက်စာရင်း မှပယ်ဖျက်ပေးလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။
ရန်ကုန်အခြေစိုက်ကုမ္ပဏီနှစ်ခုနှင့် ရခိုင်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့် Paing family international Co., Ltd ၊ Millionaire Phyo Trading Co., Ltd ၊ Ayar Thu Khan San Pulses &Beans Training Co., Ltd စသည့်ကုမ္ပဏီသုံးခုအား ယခင်က ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းသို့ ငွေကြေးလွှဲပြောင်းမှု လက်ခံခဲ့သည့်အတွက် အမည်ပျက်စာရင်း (Black List) ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း သိရသည်။
သို့သော် ယခုအခါ အဆိုပါ ကုမ္ပဏီသုံးခုသည် ၄ငွေများကို WFP ရိုးမဘဏ် အကောင့်မှ ရိုးမဘဏ် မြန်မာကျပ်ငွေအကောင့်ထဲသို့ ပြောင်းလဲပေးပို့ပြီးဖြစ်၍ အမည်ပျက်စာရင်း (Black List) ပယ်ဖျက်လိုက်ကြောင်း သိရသည်။
#Local_News #ဆန်ကုမ္ပဏီသုံးခု #အမည်ပျက်စာရင်းမှပယ်ဖျက်ပေး #YMG/NN #Yangon_Times
#Local_News
Published_ 22 January 2024
လာမည့်ရက်ပိုင်း ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အတွင်းရန်ကုန်၊ မော်လမြိုင်နှင့် အောက်ပိုင်းဒေသများတွင် အအေးပိုကဲမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇန်နဝါရီလ ၂၂ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် အအေးပိုလာနိုင်ပြီး တောတောင်များပြားသည့် မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ထူးကဲ အအေးပိုနိုင်သည်ဟု ဆိုသည်။
"အခုရက်ပိုင်းအတွင်းမှာ ရန်ကုန်အအေးပိုနေတယ်။ မော်လမြိုင်လည်းတောတောင်တွေရှိတော့ ပိုအအေးပိုမယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေရောတစ်နိုင်ငံလုံးရော ဇန်နဝါရီ ၂၅ ရက်အထိ အအေးပိုဖို့ရှိပါတယ်"ဟု မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက YMG ကို ပြောသည်။
ညအပူချိန်များအနေဖြင့် ယခုရက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့သည်။
ဇန်နဝါရီလ(၂၃)ရက်နှင့်(၂၄)ရက်တွင် နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။
#Local_News #ရန်ကုန်၊ မော်လမြိုင် #အအေးပိုကဲမည် #tthl #Yangon_Times
အရင်လတွေတုန်းက ကျပ် ၅၀၀၀ အောက်နဲ့ ကျပ် ၅၀၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် ဇန်နဝါရီလအတွင်း ပြီးခဲ့တဲ့အပတ်နဲ့အခုအပတ်တွေမှာတော့ ထူးထူးခြားခြား ၅၂၀၀ကျော် သွားခဲ့တာ ဖြစ်ပါတယ်။
#Local_News
Published_ 22 January 2024
#စားအုန်းဆီဈေးတက် #ရည်ညွှန်းဈေးကျော်
#tthl #Yangon_Times
#Local_News
Published 22 January 2024
အရှေ့တောင်အာရှ၌ သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၏ (၁၁၈)နှစ်ပြည့် ပွဲတော်ကိုယခုလအတွင်း လေးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။
အဆိုပါပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ ၄ ရက်တိုင်တိုင် ပျော်ရွှင်ဖွယ်ရာအစီ အစဉ်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ပွဲတော်ကာလအတွင်း တေးဂီတနှင့် အကအလှဖျော်ဖြေရေးအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များ၊ ချစ်စရာတိရစ္ဆာန် လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်နည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ကလေးတို့အကြိုက် ဂိမ်းအစီအစဉ်များ၊ လက်ဆောင်များရယူနိုင်မည့် အမေးအဖြေကဏ္ဍများ၊ ဈေးရောင်းပွဲများအပါအဝင် ပျော်ရွှင်ဖွယ်ရာအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏(၁၁၈)နှစ်ပြည့် #ပွဲတော်လေးရက်တိုင်တိုင်ကျင်းပ #YMG/ NN #Yangon_Times
အစာဈေးမြင့်လာပေမယ့် ဆိတ်မွေးမြူရေးလုပ်ငန်းကလွှတ်ကြောင်းစနစ်နဲ့ အများဆုံးမွေးမြူတဲ့ အတွက် ထိခိုက်မှုမရှိပါဘူး လှောင်ခြံစနစ်နဲ့ မွေးတာကလဲကြီးကြီးမားမား အရောင်းဝယ်လုပ်သူတွေလောက်ပဲမွေးကျတာ လှောင်ခြံသမားတွေလည်း အရောင်းထုတ်ခံနီးမှသာ အစာကျွေးရတာများ ပါတယ်။
#Local_News
Published_ 22 January 2024
#ဆိတ်မွေးမြူသူပိုများ #အစာဖိုးမကုန်
#YMG/LW #Yangon_Times
'ကမ္ဘာ့ပေါက်ဈေး FOB ဈေးလည်းနိမ့်တယ်၊ အဓိကကတော့ ထိုင်းဈေးနည်းနည်းနည်းတော့ပြန်ဆင်းတယ်၊ အခုထိုင်းဖွင့်တဲ့ဈေးကကျတော့ ရန်ကုန်ဈေးဆိုလည်းတစ်ပိဿာကို
၁၅ကျပ်၊၂၀ လောက် ဆင်းသွားတယ်၊ ၂လပိုင်း၁ရက်နေ့ ထိုင်းပို့ဖို့ကြိုဝယ်ထားတာရယ်၊ အခုကတော့ ကုန်လမ်းတွေကသွားရတဲ့ အနေအထားနဲ့က ပင်လယ်ရေကြောင်းက သွားတာကိုပဲတော်တော်များများကဝယ်ကြပါတယ် '
#Local_News
Published_ 22 January 2024
#မြန်မာ့ပြောင်းထိုင်းတင်ပို့ #အကျဈေးဖြင့်ဝယ်ယူနေ
#Yangon_Times #YMG/NN
"အခေါက်ရွှေတုံး၊ ရွှေခဲ၊ ရွှေပြားတွေရဲ့ဈေးနှုန်းဟာ ပစ္စည်းရှားပါးမှု ပေါများမှု အပေါ်မူတည်ပြီး အတက်အကျရှိနိုင်သလို ရွှေအရည်အသွေးနဲ့ ရောင်းချတဲ့ဆိုင်တွေအပေါ်မူတည်ပြီး ဈေးနှုန်း အနည်းငယ်တော့ကွာခြားနိုင်တယ်။ ရွှေအရည်အသွေးက ၁၆ ပဲရည်တူတူပါပဲ" ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်
#Local_News
Published_ 22 January 2024
#ရွှေဈေးကွက်အတွင်းရွှေပြား #ရွှေခဲကတ်ပြားများစတင်ရောင်း
#Yangon_Times
#Local_News
Published 22 January 2024
ဂျပန်နိုင်ငံ ငလျင်ဘေးဒဏ်သင့်ပြည်သူလူထုအတွက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ Nanao မြို့တော်ဝန်ထံသို့ အလှူရှင်များ ကိုယ်စား အလှူငွေ ယန်း၁ဒသမ၉၈သန်း ကို သွားရောက်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တိုကျိုသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လှူဒါန်းငွေကို မြန်မာသံရုံး၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် နိုင်ငံ့ဝန်ထမ်းပညာ
တော်သင်များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြသော ဂျပန်ကုမ္ပဏီများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်နိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြသည့် မြန်မာကုမ္ပဏီများနှင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေ ယန်း ၁.၉၈ သန်း အား မြို့တော်ဝန် Mr. Yoshitaka Chatani ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် ၁-၁-၂၀၂၄ ရက်နေ့က ပြင်းအား ၇.၅ ရှိသော အင်အားကြီး ငလျင်လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၂၃၂ ဦးကျော်အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူအများအပြားလည်းငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရကာ အဆိုပါ ဒေသတွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများလည်း ကယ်ဆယ်ရေးစင်တာများ တွင် ယာယီခိုလှုံနေထိုင်ခဲ့ရကြောင်းသိရသည်။
#Local_News #ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး #ယန်း၁.၉၈သန်းပေးအပ်လှူဒါန်း #YMG/LW #Yangon_Times
#Local_News
Published 22 January 2024
မော်လမြိုင်မြို့ကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ်တွင် ကား၊ သုံးဘီးဆိုင်ကယ် ၁ စီးနှင့် ဆိုင်ကယ်၁စီးတို့ ၃စီးဆင့်တိုက်မိသဖြင့် အမျိုးသမီး၁ဦး ေ-သဆုံး ကာ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း လူမူကူညီရေးအသင်းများထံက သိရသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ည ၉ နာရီခန့်က မော်လမြိုင်မြိုကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ် မစရ၅ အနီးတွင် မော်လမြိုင်ဘက်ကမောင်းနှင်လာသော Probox ယာဉ် ၁ စီးမှာ အလားတူမောင်းနှင်လာသော ဘုရားပွဲသွားမည့် သုံးဘီးဆိုင်ကယ်၁စီးနှင့် ဆိုင်ကယ်၁စီး ၃စီးဆင့်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်အတွင်း ကလးငယ် ၆ ဦး နှင့် လူကြီး ၆ ဦး စုစုပေါင်း(၁၂) ဦးထိခိုက်ဒဏ်ရာများရရှိသဖြင့် ဒဏ်ရာရရှိသူများအား မော်လမြိုင် Rescue လူမူကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘို၀င်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်အရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့၊ မိုးစေတနာပရဟိအသင်း(မော်လမြိုင်) မုဒုံလူငယ် ပရဟိတအဖွဲ့တို့မှ လူနာများအားပြုစုကုသပေးပြီး လူနာတင်ယာဉ်၅စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးရုံကြီး OPD အရောက်တွင် အမျိုးသမီး (၁)ဦးမှာ ေ-သဆုံးသွားသဖြင့် ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲမှဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကား၃စီးဆင့်တိုက်မှုဖြစ် #၁ဦး ေ-သဆုံးကာ၁၁ဦးဒဏ်ရာရ #YMG/LW #Yangon_Times
#World_Politics
Published 22 January 2024
အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယား အကြိုရွေးကောက်ပွဲမတိုင်မီ ၂ ရက်အလိုမှာပဲ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က သမ္မတရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းစဥ်များ အဆုံးသတ်ခဲ့ကာ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း ဖော်ပြလိုက်ပါတယ်။
ဒါဟာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်နေရာအတွက် ထရမ့်ကို အခိုင်အမာစိန်ခေါ်လာခဲ့တဲ့ ကုလသမဂ္ဂ သံအမတ်ဟောင်း နစ်ကီဟာလေကို ကျော်လွန်ပြီး ထရမ့်ကို ထောက်ခံလိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ရီပတ်ဘလစ်ကန်ဘက်မှာ ထရမ့်နေရာ အစားထိုးနိုင်မယ်လို့ ထင်ကြေးပေးခံရဆုံး ဒီဆန်းတစ်ဟာ အိုင်ယိုဝါမှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်ခဲ့ပေမယ့် ထရမ့်ကိုရှုံးနိမ့်ခဲ့ပြီးနောက် အခုလိုမျိုး ထောက်ခံလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဟာလေဟာ ထရမ့်နဲ့ တစ်ယောက်ချင်း ယှဥ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
သမ္မတဟောင်း ထရမ့်က တရားစွဲဆိုချက် ၄ ခုဖြင့် ရင်ဆိုင်နေရပေမယ့် ရီပတ်ဘလစ်ကန်ဘက်မှာ အခိုင်အမာ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
ဒီဆန်းတစ်ထောက်ခံသူတွေက အလယ်အလတ်လမ်းစဥ် ပိုကျတဲ့ ဟာလေထက်စာရင် ထရမ့်ဘက်ကိုပြောင်းပြီး ထောက်ခံချင်နေပါတယ်။
နယူးဟမ့်ရှိုင်းယားမှာ ဒီဆန်းတစ်ထောက်ခံသူ ၃ ပုံ ၂ ပုံခန့်က ထရမ့်ကို ဒုတိယဦးစားပေးအဖြစ် ရွေးချယ်ထားကြတယ်လို့ နယူးဟမ့်ရှိုင်းယား စစ်တမ်းဌာနတက္ကသိုလ်မှ ညွှန်ကြားရေးမှူး အန်ဒရူးစမစ်က ပြောပြသွားပါတယ်။
ယမန်နှစ်က ဒီဆန်းတစ်ကို တစ်ချိန်လုံး တိုက်ခိုက်နေခဲ့တဲ့ ထရမ့်က ရိုချက်စတာမှာ တနင်္ဂနွေနေ့ညနေခင်းမိန့်ခွန်း ပြောကြားရာမှာ အုပ်ချုပ်ရေးမှူးဟောင်း ဒီဆန်းတစ်ကို ချီးကျူးသွားပြီး သမ္မတဂျိုးဘိုင်ဒင်ကို အနိုင်ရရန် အတူတကွ လုပ်ဆောင်သွားဖို့ မျှော်လင့်နေကြောင်း ဆိုလိုက်ပါတယ်။
ထရမ့်က နယူးဟမ့်ရှိုင်းယားမှာ ဟာလေကို အသာရနေသလို ကယ်ရိုလိုင်းနား တောင်ပိုင်းမှာလည်း ဦးဆောင်ထားပါတယ်။
ဒီဆန်းတစ် ပြိုင်ပွဲမှ ဆုတ်ခွာသွားခြင်းက ရီပတ်ဘလစ်ကန် ယှဥ်ပြိုင်မှုမှာ ကြီးကြီးမားမား ပြောင်းလဲသွားဖွယ် မရှိဘူးလို့ အချို့က သုံးသပ်ထားကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဆန်းတစ် မယှဥ်ပြိုင်တော့တာဟာ ထရမ့်အတွက် အကျိုးရှိသွားတာ အသေအချာပါပဲ။
#World_Politics #ရွန်ဒီဆန်းတစ်နှုတ်ထွက် #ထရမ့်ကိုထောက်ခံချက်ပေး #Source: Reuters
#Local_News
Published_ 22 January 2024
ပြည်တွင်း၌ ကူးစက်မြန် ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိရသည့်အတွက် ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့်သူများတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကို တွေ့ရှိရပြီး ယခုတွေ့ရှိရသည့် SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသက် ၅၀ နှင့်အထက်ရှိသူများ အသက် ၆၅ နှင့်အထက်ရှိသူများ၊သွေးတိုး၊ဆီးချို၊ နှလုံး၊ကင်ဆာ အခြားရောဂါအခံရှိသူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံသင့်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန်ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်း သိရသည်။
#Local_News #ကိုဗစ်၁၉ရောဂါ #MOHSသတိပေး #YMG/NN #Yangon_Times
Page 886 of 2004