မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး 360 Sports က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်
Published_ 15 August 2023
#မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် #360 FIGHT CLUB V
#YMG/my
#Yangon_Times
#Local_News
Published_ 15 August 2023
မိုးရာသီကာလဖြစ်၍ ပုဂံဘုရားများနှင့် ရှေးဟောင်းအဆောက်အအုံများပေါ်တွင် ညောင်ပင်နှင့် အခြားအပင်များ ပေါက်ရောက်မှုများပြားလျက်ရှိသည်။
အဆိုပါ ပုဂံဘုရားများနှင့်ရှေးဟောင်းအဆောက်အအုံများပေါ်တွင်ပေါက်ရောက်နေသည့်ညောင်ပင်နှင့် အခြားအပင်များကို ဓာတုဆေးဖြင့် ဖယ်ရှားရှင်းလင်းရေးများဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။
ပုဂံရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ဘုရားအမှတ်(၁၅၈၉)၊(၁၄၇၈)၊(၁၅၈၀)၊(၁၂၃၉)၊(၁၂၀၂)၊(၁၁၉၂)၊ (၁၆၈၆)၊(၁၃၂၁)၊(၁၁၉၅)၊(၇၄၄)၊(၁၉၁၇)တို့တွင်ပေါက်ရောက်နေသည့် ညောင်ပင်နှင့်အခြားအပင်များကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှတာဝန်ရှိသူများက ဓာတုဆေးဖြင့် အပင်များ ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။
ယင်းကဲ့သို့အပင်များရှင်းလင်းခြင်းအပြင် ရှေးဟောင်းအဆောက်အအုံအမှတ်(၅၀၅)မြောက်ဘက်အဝင်မုခ်ကြံ့ခိုင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ဌာနမှတာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
#Local_News #ပုဂံရှေးဟောင်းဘုရား(၁၁)ဆူ #ညောင်ပင်နှင့်အခြားအပင်များ
#tthl
#Yangon_Times
မြန်မာအသင်းဘက်ကို အာဖဂန်နစ္စတန်အသင်းက ငါးဂိုးသွင်းယူနိုင်ခဲ့
Published_ 15 August 2023
#Continental Futsal Championship 2023 ပြိုင်ပွဲ #အာဖဂန်နစ္စတန်အသင်း
#YMG/my
#Yangon_Times
ဩဂုတ် ၁၆ ရက်နေ ညနေ(၃) နာရီခွဲအချိန်မှာ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားမည်
Published_ 15 August 2023
#AFC Cup ခြေစစ်ပွဲ #သုဝဏ္ဏကွင်း #မြန်မာ့လက်ရွေးစင်ယူ-၂၃
#YMG/my
#Yangon_Times
‘မြေပဲအထွက်နှုန်းတိုးခဲ့ပြီး တစ်ဧကကို တင်း(၁၀၀)ခန့်လောက်အထိရခဲ့သလို မြေပဲတစ်တင်းကို ကျပ်၄၀၀၀၀ကျော်ဈေးရရှိခဲ့တယ်’ မကွေးမှပဲစိုက်တောင်သူတစ်ဦး
Published_ 15 August 2023
#မြေပဲထွက်နှုန်းကောင်း
#tthl
#Yangon_Times
#Local_News
Published_ 15 August 2023
ပြည်ပသို့ အရေးပေါ်သွားရောက်ရန် နိုင်ငံကူးလက်မှတ်လိုအပ်သူများအတွက် Green Channal ဖြင့် စိစစ်ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သိရသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် အရေးကြီး၊ အရေးပေါ်၊ ပညာရေး၊ကျန်းမာရေးနှင့် နိုင်ငံခြားသို့ အချိန်မှီသွားရောက်ရန် လိုအပ်သူများအနေဖြင့် ခိုင်လုံသော အထောက်အထားများနှင့်အတူ Green Channal ဖြင့် စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် ပွဲစားများက နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လူမှုကွန်ရက်မီဒီယာပေါ်တွင် အဆမတန်ငွေကြေးများပိုမိုတောင်းခံပြီး၊ လိမ်လည်လုပ်ဆောင်ပေးနေခြင်းများကို စိစစ်တွေ့ရှိရခြင်းကြောင့် ပြည်သူများအနေဖြင့် အလိမ်မခံရရေး သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။
Green Channal ဖြင့် လျောက်ထားလိုသူများသည် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝက်ဘ်ဆိုက်ဖြစ်သည့် www.passport.gov.mmတွင် ကြေညာထားသည့်အတိုင်း ဥက္ကဌ၊ မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ်(၃၈)နေပြည်တော်ဟု လိပ်မူပြီးလျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်ရရှိရေးအတွက် အွန်လိုင်းစနစ်မှ ကြိုတင် Booking စနစ်ဖြင့် လျောက်ထားရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလဝက်ခန့်အထိ လျောက်ထားသူများရှိနေကြောင်း သိရသည်။
#YMG/my #Local_News #နိုင်ငံကူးလက်မှတ် #Green Channal
#Yangon_Times
‘ဗဟိုဘဏ်ကခွင့်ပြုပေးထားတဲ့ နိုင်ငံခြားငွေလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ(၁၃)ဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့အမိန့်နဲ့ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့အတွက် နိုင်ငံခြားငွေတွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer License)ကို အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ရုပ်သိမ်းတယ်’ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
Published_ 15 August 2023
#နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင် #ဗဟိုဘဏ်
#tthl
#Yangon_Times
#Local_News
Published-15 August 2023
ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၉၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ (ဩဂုတ်၁၅ရက်) တွင် ထုတ်ပြန်လိုက်သည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ ဩဂုတ်လ (၁) ရက် မှ (၁၅) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၈၀) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး(၅၀၀)ကျော်၊ စုစုပေါင်း ဦးရေ(၉၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ (၁၈) ရက် မှ (၃၁) ရက်အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၈၃) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Local_News #မြန်မာအလုပ်သမား
#Yangon_Times/PP
#Local_News
Published_ 15 August 2023
ကော့သောင်းကုန်သွယ်ရေးစခန်းမှထိုင်းနိုင်ငံသို့ဆီအုန်းအများဆုံးနှင့်ရေထွက်ကုန်များတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်မှဓာတ်ဆီ၊ဒီဇယ်နှင့်ကားတာယာ၊ကားဘက်ထရီများအများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။
ဩဂုတ်လ(၉)ရက်မှ (၁၃)ရက်အထိမြန်မာနိုင်ငံအနေဖြင့် ကော့သောင်းကနေ ထိုင်းနိုင်ငံကို ဆီအုန်းတန်ချိန် ၄၈၅တန်၊ ရေထွက်ကုန်များဖြစ်သော ပလာတူး၊ငါးချဉ်ပေါင်၊ပလာလန်း၊စစ်ကလပ်၊ငါးပုလွေ၊ ကုလားငူ၊ ငါးခွေးလျှာ၊ပုဇွန်၊ ငါးစက္ကူတို့ တင်ပို့ခဲ့ပြီးပို့ကုန်တန်ချိန်စုစုပေါင်း(၂၂၁၈)တန်တင်ပို့ခဲ့သည်။
ထိုင်းမှမြန်မာသို့ ဒီဇယ်၊ဓာတ်ဆီ၊ဆပ်ပြာ၊ပီလောပီနံမှုန့်၊ ဘက်ထရီ၊ ကားတာယာတို့တင်သွင်းခဲ့ပြီး စုစုပေါင်း တန်ချိန်(၁၈၉)တန်တင်သွင်းခဲ့သည်ဟုဆိုသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ မြန်မာရေထွက်ပစ္စည်းများကို FOBစနစ်ဖြင့် ဆီအုန်းနှင့်ရေထွက်ကုန်များကိုအများဆုံးတင်ပို့နေသောစခန်းဖြစ်ကြောင်းနှင့်ဩဂုတ်လ(၁၄)ရက်ပြင်ပ ငွေလွှဲနှုန်းမှာမြန်မာကျပ်တစ်သိန်းလျှင်ဘတ်တစ်ထောင်၊တစ်ဘတ်လျှင်မြန်မာငွေကျပ်၁၀၀ရှိခဲ့ကြောင်း သိရသည်။
#tthl #Local_News #ကော့သောင်း #ဆီအုန်းနှင့် ရေထွက်ကုန်
#Yangon_Times
#World_Politics
Published 15 August 2023
မြောက်ကိုရီးယားခေါင်းဆောင် 'ကင်မ်ဂျုံအန်း'နဲ့ ရုရှားသမ္မတ'ဗလာဒီမာပူတင်'တို့ဟာ ဩဂုတ် ၁၅ ရက်နေ့က အပြန်အလှန် စာပေးပို့ခဲ့ကြပြီး သူတို့ရဲ့ ဆက်ဆံရေးကို ကာလကြာရှည်စွာ ရပ်တည်နေမည့် ဗျူဟာမြောက်ဆက်ဆံရေးအဖြစ် မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA မီဒီယာက ဖော်ပြခဲ့ပါတယ်။
ထိုကဲ့သို့ စာပေးပို့မှုဟာ ၁၉၁၀-၁၉၄၅ ခုနှစ် ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်ရေး ၇၈ နှစ်ပြည့် အထိမ်းအမှတ်ကို ရည်ညွှန်းတာဖြစ်ပြီး တောင်ကိုရီးယားမှာလည်း နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
နှစ်နိုင်ငံ ရင်းနှီးဆက်ဆံရေးက ဒုတိယကမ္ဘာစစ် ဂျပန်ကိုအနိုင်ရပြီး စတင်လာခဲ့ကာ နယ်ချဲ့ရန်သူတွေရဲ့ မတရားကျင့်မှုများ၊ လွှမ်းမိုးအုပ်စိုးမှုများကို ချေမှုန်းရန်အတွက် ခွန်အားနဲ့ အစွမ်းအစတွေကို အပြည့်အဝဖော်ပြနေတယ်လို့ ကင်မ်ဂျုံအန်းက ပူတင်ကို စာပေးပို့ခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပါတယ်။
ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုတို့ကနေ ခေတ်သစ်လိုအပ်ချက်နဲ့အညီ ရေရှည်တည်မြဲတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် တိုးတက်လာမယ်လို့ အခိုင်အမာယုံကြည်ကြောင်း ဆိုထားပါတယ်။
နှစ်နိုင်ငံ ဘုံရည်မှန်းချက်နဲ့ ရည်ရွယ်ချက်များ အောင်မြင်ရေးလုပ်ငန်းစဉ်မှာ အချင်းချင်း အခိုင်အမာထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်ပွဲများ ရရှိလာမှာဖြစ်ကြောင်း ဆိုပါတယ်။
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားကို အမြောက်ကျည်များ၊ ပခုံးထမ်းဒုံးကျည်များဖြင့် ထောက်ပံ့ပေးတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကတော့ လက်နက်ပေးပို့မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့လက ပြုံယမ်းမှာကျင်းပတဲ့ စစ်ရေးလက်နက်ပြပွဲမှာ ကင်မ်ဂျုံအန်းက ရုရှားကာကွယ်ရေးဝန်ကြီးကို နျူကလီးယားဒုံးကျည်များ၊ တိုက်ခိုက်ရေးဒရုန်းများ လိုက်လံပြသခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ အရှေ့မြောက်အာရှတစ်ခုလုံးအတွက် နှစ်နိုင်ငံပြည်သူများရဲ့ သုခချမ်းသာအတွက် နယ်ပယ်ပေါင်းစုံမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမယ်ဆိုတာ သေချာပေါက်ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်တို့မှ ခေါင်းဆောင်များက မြောက်ကိုရီးယား၊ ယူကရိန်း၊ အခြားကိစ္စများနဲ့ ပတ်သက်ပြီး လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးများအကြောင်း ဩဂုတ် ၁၈ ရက်နေ့မှာ ဆွေးနွေးသွားရန် စီစဉ်ထားပါတယ်။
#World_Politics #ကင်မ်ဂျုံအန်းနှင့်ပူတင် #နှစ်နိုင်ငံဆက်ဆံရေးမဟာဗျူဟာ
Source: CNA
#Local_News
Published_ 15 August 2023
သံလွင်မြစ်နှင့်ချင်းတွင်းမြစ်ရေများကြီးနေဦးမည်ဖြစ်၍ဘားအံမြို့နှင့်ဟုမ္မလင်းမြို့နေထိုင်သူများအထူး သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဩဂုတ်လ၁၄ရက်တိုင်းတာချက်များအရ သံလွင်မြစ်သည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၂)ပေခွဲ ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
ချင်းတွင်းမြစ်သည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၁)ပေခွဲ ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်း ရန်ရှိကြောင်းသိရသည်။
#tthl #Local_News #သံလွင်မြစ် #ချင်းတွင်းမြစ်ရေကြီး
#Yangon_Times
#Local_News
Published_ 15 August 2023
မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် ဝန်ထမ်းများကလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပါတယ်။
ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူက Myanmar Electronic Voting Machine (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက် (Control Unit) ၊ ဆန္ဒပြုစက် (Ballot Unit) ၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit) ၊ မဲပုံးနှင့်ဘက်ထရီများ ဖွဲစည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့် စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူ ရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်းခဲ့ပါတယ်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး နစကအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပါတယ်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်း ၈၆ ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်အား လေ့လာကြည့်ရှုပြီး လက်တွေ့အသုံးပြု၍ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ကြပါတယ်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာနသို့ သွားရောက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အဆိုပါဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၈၅ ဦး တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #မြန်မာအီလက်ထရောနစ် #လက်တွေ့သရုပ်ပြ
#Yangon_Media_Group
Page 886 of 1776