Published 1 December 2023
ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများအား တရားမဝင်စေလွှတ်မှုကြောင့် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဉပဒေဖြင့် တရားစွဲဆိုထားသည့်အမှု ၃၃၇မှု အတွက် လူပုဂ္ဂိုလ် (၅၇၅) ဉီးရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါအမှုများမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ရက်အထိ ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဗီဇာအတုပြုလုပ်၍ စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆို ထားသူဉီးရေ (၈) ဉီး၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားသူ (၃၈၄) ဉီး စုစုပေါင်း (၃၉၂) ဉီးနှင့် အမှုပေါင်း (၂၂၈) မှုဖြစ်ကြောင်းသိရသည်။
ထို့ပြင် အခြားနိုင်ငံများသို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားသူ (၁၈၃) ဉီးနှင့် အမှုပေါင်း (၁၀၉) မှုရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားလာသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ လုပ်သားစုဆောင်းခြင်း ၊ စေလွှတ်ခြင်း ၊ ဝန်ဆောင်ခံများကောက်ခံခြင်းစသည့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လက်ခံရရှိသော တိုင်ကြားစာအမျိုးအစားအလိုက် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ စိစစ်ဆောင်ရွက်ပြီး တရားစွဲဆိုရန် အကျုံးဝင်ပါက သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဉပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာတရားရုံးများက စီရင်ချက်ချမှတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်သားများ လိမ်လည်လှည့်ဖျားခြင်းခံရမှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 1 December 2023
တန်ဆောင်တိုင်ပွဲတော်အတွင်းရှမ်းပြည်တောင်ပိုင်းသို့ ခရီးသွား ငါး သောင်းခန့် ဝင်ရောက်ပြီး ကျန်ဒေသများ၌လည်း ယခင်နှစ်ကထက်ပိုမိုများပြားခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ယခုနှစ်တန်ဆောင်တိုင်ပွဲတော်ကာလအတွက် ကမ်းခြေဒေသများတွင်လည်း ခရီးစဉ်များ၊ ဟိုတယ်ဘိုကင်ယူထားမှုများကို ဖျက်သိမ်းခဲ့ကြသဖြင့် ခရီးသွားဦးရေ မှာ အနည်းငယ် လျော့ကျသွားသော်လည်း ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက များပြားခဲ့သည့်အပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ်ထက် ပို၍ များပြားလာကြောင်း သိရသည်။
'ရှမ်းပြည်နယ်တောင်ပိုင်းတန်ဆောင်တိုင်ကတော့ ခရီးသွားငါးသောင်းလောက်လာလည်ပတ်ကြတယ်။ကျန်တဲ့ပုဂံတို့ ကမ်းခြေတို့လည်းလာကြပါတယ်မနှစ်ကထက်များတယ်၊ 'ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် ကလော၊ညောင်ရွှေစသည့်ဒေသများတွင်လည်း ခရီးသွားများပြားခဲ့သည့်အပြင်တောင်ကြီးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ရာနိုဝင်ဘာ ၂၁ရက်မှစတင်၍ ခရီးသွားများစတင်ဝင်ရောက်လာပြီး ၂၄ရက်မှစတင်၍ အခန်းပြည့်သည်အထိဧည့်သည်များပြားခဲ့ကြောင်းသိရသည်။
တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း အများပြည်သူများမှာ ကမ်းခြေအပါအဝင် ဒေသအများစုသို့ လည်ပတ်ကြရန် ကြိုတင်ဘိုကင်တင်ခြင်းများလုပ်ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့်အောက်တိုဘာနောက်ဆုံးပတ်အတွင်းကဖြစ်ပွားနေသည့်အခြေအနေများကြောင့် ခရီးစဉ်အချို့ဖျက်သိမ်းခြင်းများရှိခဲ့သည့် မှန်းဆချက်ထက်နည်းပါးခဲ့ရကြောင်း ၊သို့သော် ယနှစ်ကာလတူထက်မူ ခရီးသွားပိုမိုများပြားခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တုရင်တောင်စွယ်တော်မြတ် စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီး ဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီဘုရားများတွင် ဘုရားဖူးများ စည်းကားနေပြီး၊ သမိုင်းဝင်ဘုရားများဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီး အုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူ ဘုရားသုံးဆူ၊ တရုတ်ပြေးဘုရားခေါ် နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော်ဘုရား၊ မျက်တော်ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီး ဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ်ကူးနီးဘုရား၊ ခြောက်ဘုရားလှ ဘုရားများတွင်လည်း မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူး လာရောက်သူများက ရှေးဟောင်း နံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှု များပြားလာခဲ့ကြောင်း သိရပြီး တန်ဆောင်တိုင် ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ ဘုရားဖူးလာရောက်သူ များ စည်ကားများပြားခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 01 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၄) ရပ်ကွက်၊ (၉) လမ်း (ရွှေပုဇွန်ဘေး) တိုက်အမှတ် ၇၄ တွင်နေထိုင်သူ ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးအား နိုဝင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီကျော်ခန့်က သတ်သွားသူ ၂ ဦးကို ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
“တစ်ယောက်ကို သာကေတမှာ မိတယ်၊နောက်တစ်ယောက်ကို ဘိုကလေးမှာ မိတယ်။နှစ်ယောက်လုံးမှာ တက်တူးတွေ ထိုးထားတယ်။အခုအသေးစိတ် စစ်ဆေးနေတုန်းပါ၊တစ်ယောက်ယောက်က အခကြေးငွေ ပေးပြီးတော့ လုပ်ကြံခိုင်းတဲ့ အခြေအနေမျိုးလို့ သိရတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အသတ်ခံရသူမှာ အသက် ၆၇ နှစ်အရွယ် ဦးမောင်ဝင်း ဆိုသူ ဖြစ်ပြီးအဆိုပါ အမှု ဖြစ်စဉ်အပေါ် လမ်းမတော် မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှု ဖြင့် အမှုဖွင့် ထားပြီး လူသတ်မှု ကျူးလွန်သွားသူကို ရှာဖွေ စုံစမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
"ကယားမှ ညောင်ရွှေကို တိုက်ပွဲရှောင်ကလေးငယ် ၆၀၀အတွက် ကျောင်းဝတ်စုံစာအုပ် ခဲတံ အစရှိတဲ့ ကျောင်းသုံးပစ္စည်းတွေကို အလှူရှင်တွေနဲ့ ညောင်ရွှေလူမှုကူညီရေးအဖွဲတွေ စုပေါင်းလှူနေတယ်"(ညောင်ရွှေမြို့နယ်ရှိ လူမှုကူညီရေးအဖွဲမှ ကိုသက်ပိုင်စိုး)
Yangon_Times/tthl
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 1 December 2023
၆ ဘီးကုန်ကား ဘရိတ်ပေါက်၍ ဆိုင်ကယ်ကိုတိုက်မိပြီး ဆိုင်ကယ်မောင်းသူ ဆရာဝန်အမျိုးသားသေဆုံးပြီး ကုန်ကားယာဉ်နောက်လိုက် ဒဏ်ရာရရှိသည့် ဖြစ်စဉ်တစ်ခု မော်လမြိုင်မြို့မှာ ယမန်နေ့ညနေက ဖြစ်ပွားခဲ့ကြောင်း ပရဟိအဖွဲ့များထံမှသိရသည်။
အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်၌ မော်လမြိုင်မြို့ ကျိုက္ခမီပတ်လမ်းမကြီးနှင့် တက္ကသိုလ်ပတ်လမ်းထိပ် VeVe အချိုရည်ကုမ္ပဏီရှေ့တွင်၁၂ ဘီးကုန်ကားယာဉ်လာနေသည်ကို ရပ်စောင့်ပေးနေသည့် ဆိုင်ကယ်မောင်းနှင်သည့် အမျိုးသားတစ်ဉီးကို ဘရိတ်ပေါက်သွားသည့် ၆ ဘီးယာဉ်က နောက်မှဝင်တိုက်ရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ သေဆုံးသွားကြောင်းသိရသည်။
'သူက ဆိုင်ကယ်ကိုရပ်ပြီး၁၂ဘီးကားလာတာရပ်စောင့်ပေးနေတုန်း နောက်ကနေ ခြောက်ဘီးကားက ဝင်တိုက်သွားတာပါ၊ နေရာမှာတင်ပွဲချင်းပြီးဆုံးသွားတာ၊ သေဆုံးသူကဆရာဝန်ပါ၊ ၆ဘီးယာဉ်နောက်လိုက်ဒဏ်ရာရပါတယ် 'ဟု Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါအမျိုးသားမှာ နေရာတွင် ပင်သေဆုံးသွားသည့်အတွက် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့တို့ ရောက်ရှိကူညီခဲ့ပြီးယင်း ဖြစ်စဉ်၌ ၆ ဘီးက ယာဉ်နောက်လိုက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူနာကို လိုအပ်သည်များပြုစုပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ ဘိုဘိုဝင်းအဖွဲ့ လူနာတင်ယာဉ်နှင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် သေဆုံးသူဒေါက်တာစိုးကိုလွင်ကိုမူ ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ဆေးရုံကြီး OPD ကို ပို့ဆောင်ပေးပြီး ရင်ခွဲရုံအထိပါ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group



' ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် မူဆယ်ဒေသကို သွားလာတဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိခဲ့ပြီး ဆန်နဲ့စားနပ်ရိက္ခာဈေးနှုန်း တွေမြင့်တက်နေတဲ့အတွက် သက်ဆိုင်ရာနဲ့ မူဆယ်မြို့တွင်းက ဆန်ဆိုင်အချို့ကလျော့ဈေးနဲ့ ရောင်းချပေးနေတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ရန်ကုန်မီဒီယာဂရုကို အခုလိုပဲပြောပါတယ် ။
Yangon_Times/NN
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
ဒီဇင်ဘာ ၃ရက်မှာ ဆိုက်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းနိုင်တယ်။ ဆိုက်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ဒီဇင်ဘာ(၂)ရက်နဲ့(၃)ရက်အတွင်း ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း နှင့် ရှမ်းပြည် နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon_Times/tthl
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
ယနေ့ စက်သုံးဆီဈေးကွက် အနေထားအရ စက်သုံးဆီ ဓါတ်ဆီတစ်လီတာကို ကျပ် ၃၀၀ကျော်အထိ ဈေးမြင့်တတ်လာတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်းသတ်မှတ်ထုတ်ပြန်ချက်အရ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published_1 Dec 2023
အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌ ဦးသန်းထွန်း လုပ်ကြံခံရကာ သေဆုံးသွားကြောင်း အဆိုပါ ပါတီ၏ တာဝန်ရှိသူက ပြောသည်။
ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“သေနတ်နဲ့ပစ်တာဗျ၊ သူ့အိမ်ရှေ့ကနေ ပစ်တာ၊PDF တွေကပစ်တာဗျ၊ သေနတ်ကျည်လေးချက်ထိတယ်။ ဒါကြောင့် မြောက်ဥက္ကလာပ ဆေးရုံကို ပို့ပြီး ကုသပေမဲ့ ဆုံးသွားခဲ့ပါတယ်”ဟု ယင်းတာဝန်ရှိသူကပြောသည်။
အသက် ၅၅ နှစ်ခန့်အရွယ်ရှိသည့် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသန်းထွန်းသည် ယခင်က သင်္ဃန်းကျွန်းမြို့နယ် NLD လူငယ် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၁၉၈၈ အရေးအခင်းတွင်လည်း ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ရွေးကောက်ပွဲကသာ လက်ရှိအခင်းအကျင်းရဲ့ ထွက်ပေါက်တစ်ခုဆိုပြီးသတ်မှတ်ထား တာကြောင့် ရွေးကောက်ပွဲကို ဝင်ရောက်ဖို့ လုပ်ဆောင်နေကြတာ၊အခုလို ပါတီ အကြီးအကဲတစ်ယောက်ကို လုပ်ကြံတယ်ဆိုတာက ရွေးကောက်ပွဲကို ပါဝင်ဖို့ လုပ်နေကြတဲ့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်း တစ်ခုလုံးကို မထီမဲ့ပြင် ပြုလိုက်တာပဲ”ဟု ရွေးကောက်ပွဲ၌ ပါဝင်ရန် လုပ်ဆောင်နေသော နိုင်ငံရေးပါတီတစ်ခု၏ တာဝန်ရှိ သူက ပြောသည်။
ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ်က NDF ပါတီ၌ဦးသိန်းညွန့်နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်တွင် လက်တွဲလုပ်ဆောင် ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ဦးသိန်းညွန့် နှင့် အမျိုးသားဒီမိုကရေစီပါတီသစ်ကိုတည်ထောင် ကာ ပါတီ၏ ဒုဥက္ကဋ္ဌတာဝန်ကို ယူခဲ့သူ ဖြစ်သည်။
ယင်းနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်း အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌ ဦးသိန်း ညွန့် က နစက အဖွဲ့ဝင်အဖွဲ့ တာဝန်ယူနေသည့်အတွက် ဒုဥက္ကဌက ဦးသန်းထွန်းက ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့ရကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
1 December 2023
ဗိုလ်တထောင်စေတီတော်သို့ လာရောက်ဖူးမြော်သည့် ပြည်ပဧည့်ဝင်ကြေးကို ဇန်နဝါရီလ(၁)ရက်မှစတင်ပြီး တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ယခုလအတွင်းတော့ ကျပ်တစ်သောင်းဖြင့်ဝင်ရောက်နိုင်သေးကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှသိရသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးသို့ လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားခရီးသွားများ အနေဖြင့်၂၀၂၄ခုနှစ်ဇန်နဝါရီလ၁ရက်မှစတင်ပြီး ဧည့်ဝင်ကြေး၁၅၀၀၀ကျပ်အဖြစ်ပြောင်းလဲသတ်မှတ်ကောက်ခံ မည်ဖြစ်သည်ဟုဆိုသည်။
အဆိုပါစေတီတော်ကြီးတွင် ဧည့်ဝင်ကြေးကျပ်တစ်သောင်းနှုန်းဖြင့် ကောက်ခံနေရာမှ ယခု၁၅၀၀၀အဖြစ် ပြောင်းလဲကောက်ခံတော့မည်ဖြစ်ပြီး နိုင်ငံခြားငွေလဲလှယ်မှုတန်ဖိုးများအရ ရွှေတိဂုံစေတီတော်နှင့် အခြားယဉ်ကျေးဇုန်များ၊ ယဉ်ကျေးမှုပြတိုက်များတွင်လည်း ပြည်ပဧည့်ဝင်ကြေးများကို တိုးမြှင့် ကောက်ခံလျက်ရှိကြောင်းသိရသည်။
ဗိုလ်တထောင်စေတီတော်ကြီးကို ထိုင်းအဖွဲ့လိုက်ခရီးသွားများ၊ဗီယက်နမ်အဖွဲ့လိုက်ခရီးသွားများနှင့် နိုင်ငံတကာ မှခရီးသွားဝင်ရောက်မှုများများပြားလျက်ရှိပြီး ရန်ကုန်မြို့တွင်ခရီးသွားလာရောက်မှုအများဆုံး စေတီတော်ကြီး တစ်ဆူလည်းဖြစ်ကြောင်း သိရသည်။
Yangon Time/tthl
#Local_News
#Yangon_Times #Yangon_Media_Group #YMG_News
၁ ဒီဇင်ဘာ ၂၀၂၃
ကာလရှည်ကြာ နှောင့်နှေးနေခဲ့တဲ့ တက်စ်လာရဲ့ ဆိုင်ဘာထရပ် Cybertruck လျှပ်စစ်ကားကို တက္ကဆပ်ပြည်နယ် ဩစတင်မှာ ကြာသပတေးနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီကားဟာ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၆၀,၉၉၀ကနေ ၉၉,၉၉၀ ကြားရှိမယ်လို့ တက်စ်လာပိုင်ရှင် အီလွန်မတ်စ်ကပြောပါတယ်။ အဲဒီဈေးနှုန်းဟာ ၂၀၁၉တုန်းက သူပြောဖူးထက်ဈေးထက်များနေပါတယ်။
ဆိုက်ဘာထရပ်ကို တောက်ပြောင်တဲ့ သံမဏိနှင့်တည်ဆောက်ထားပါတယ်။ မှန်တွေက သံချပ်ကာကားမှန်က အမြန်နှုန်း တစ်နာရီ မိုင်၇၀နှင့်လာတဲ့ ဘေ့စ်ဘောတစ်လုံးကို ခံနိုင်ရည်ရှိပြီး ကလပ်စ်ဖိုးအသံလုံမှန်က ကားအတွင်းခန်းထဲမှာ အာကာသထဲရောက်နေရသလို တိတ်ဆိတ်အေးချမ်းစေမယ်လို့ တက်စ်လာက ဆိုထားပါတယ်။ကားရဲ့ ပုံစံက ၁၉၇၇ခုနှစ် ဂျိမ်းစ်ဘွန်းရုပ်ရှင် "The Spy Who Loved Me” ဇာတ်ကားထဲက ကားကနေ ရေငုပ်သင်္ဘောဖြစ်သွားတဲ့ ဒီဇိုင်းကို ခံစားပုံစံထုတ်ထားတာဖြစ်တယ်လို့ မတ်စ်က ဆက်ပြောပါတယ်။
အသုံးပြုတဲ့ သတ္တုအမျိုးအစားနှင့် သမားရိုးကျမဟုတ်ဘဲ ရှေ့ပြေးလှတဲ့ စတိုင်တွေကြောင့် ပိုရှုပ်ထွေးပြီး ထုတ်လုပ်မှုစရိတ်တွေ ပိုတက်လာ တာဖြစ်ပါတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
ဒါပေမယ့် မတ်စ်ကတော့ သူ့ရဲ့ ဆိုက်ဘာထရပ်ကားဟာထရပ်ကားတစ်စီးထက်ပိုတယ်။ ပြိုင်ကားတစ်စီးထက်ပိုမြန်တယ်” လို့ ပြောဆိုပါတယ်။
ဆိုက်ဘာထရပ်ဟာ အားတစ်ကြိမ်အပြည့်သွင်းပြီးရင် မိုင်၃၄၀ခန့် မောင်းနှင့်နိုင်ပါတယ်။ ဘက်ထရီအပိုထပ်တပ်ရင် မိုင်၄၇၀ အထိမောင်းနှင်နိုင်အောင်လုပ်ထားပါတယ်။ ၂၀၁၉တုန်းကတော့ အီလွန်မတ်စ်ကဒီကားကို မိုင်၅၀၀အထိမောင်းနိုင်မယ်ပြောထားတာပါ။
ဆိုက်ဘာထရပ်ဟာ လေးနှစ်နီးပါးအတွင်း တက်ဆ်လာရဲ့ ပထမဆုံးထွက်ပေါ်လာတဲ့ မိုဒယ်အသစ်ဖြစ်ပါတယ်။
Source Reuters/Tesla website


Published 1 December 2023
ကရင်ပြည်နယ် ကော့ကရိတ် တွင် တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ကော့ကရိတ်မြို့အနီး အာရှ လမ်း ပေါ်တွင် ကုန်တင်ယာဉ်များနှင့် ခရီးသွား ပြည်သူ အချို့ပိတ်မိနေကြောင်း ဒေသခံ ပြည်သူများထံ က သိရသည်။
ယနေ့ နံနက် ၈ နာရီ ခန့် က စပြီး ကော့ကရိတ် မြို့ အနီး မြ၀တီ-ကော့ကရိတ် အာရှလမ်းကြီး ဖြတ်သန်းခွင့် မရတော့ဘဲ ကားများ ကို လမ်းပေါ်တွင် ရပ်ထားရက ပြည်သူအချို့ မှာ လမ်းဘေးရှိ ဘေးကင်းသည့် နေရာတွင် နေထိုင်နေရကြောင်း သိရသည်။
'' ညကတည်း အသံ တွေကြားရတယ် အခုမနက် ကျတော့ ကော့ကရိတ် နား ကနေ ဖြတ်လို့ မရတော့ဘူး ကျွှန်တော်တို့ ကုန်ကားလဲ ပိတ်မိနေတာ လမ်းပေါ်မှာတော့ ကုန်ကားတွေကော ခရီးသွားကားတွေကော များတယ်''ဟု ကုန်တင်ယာဉ်မောင်းသူတစ်ဦးက ပြောသည်။
ထို့ပြင် မြ၀တီကျောက် လုံးကြီး မှ တစ်ဆင့် ထိုင်းနိုင်ငံ သို့ သွားရောက်မည့် MOU အလုပ်သမားများ လဲ လမ်းပေါ်တွင် ပိတ်မိနေကြောင်း အေဂျင်စီများ ထံ က သိရသည်။
'' ညီမ တို့ ရုံး က ကား ၃စီး လာတာ ၂စီး ကတော့ လွတ်သွားတယ်၊တစ်စီးက ပိတ်မိနေသေးတယ်၊အခု ၁၁နာရီ အထိ တော့ ပစ်ခတ်သံတွေ ကြားနေရ သေးတယ်၊လမ်းတော့ မဖွင့်သေးဘူး၊ထမင်းစားနားချိန်တော့ ပြန်ဖွင့်ပေးမယ် ကြားတယ် ဖွင့်မဖွင့်တော့မသိဘူး''ဟု အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တိုက်ပွဲများကြောင့် ကော့ကရိတ် မြို့ အတွင်းရှိ ဒေသခံ ပြည်သူအများ စု မှာ ယခင် ကတည်းက ပြောင်းရွှေ့နေထိုင်ကျမှု များ သဖြင့် လက်ရှိ တိုက်ပွဲ အခြေနေကြောင့် မြို့ အတွင်း ပိတ်မိနေသည့် ဒေသခံ ပြည်သူ အနည်းငယ်သာ ရှိကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Yangon_Times #Yangon_Media_Group #YMG_News
Page 889 of 1932