Published 21 April 2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဖျာပုံ-ဒေးဒရဲလမ်း၊ မိုင်တိုင်အမှတ်(၁၀/၃)၊ မှော်အိုင်ကျေးရွာအနီးတွင် Light Truck ယာဉ်(၁)စီးသည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း ဖျာပုံခရိုင် မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဧပြီ ၂၀ရက် မွန်းတည့် ၁၂နာရီ ကျော် အချိန် ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။
ယင်းယာဉ်တိုက်မှု ကို ဖျာပုံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် သံဃာတော်(၁)ပါး၊ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၂)ဦးစုစုပေါင်း ၈ဦး အနက် အမျိုးသား(၁)ဦး(သေဆုံး)၊ သံဃာတော်(၁)ပါး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပဲ့တင်သံလူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် ဖျာပုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
 
	    	  	
	    	       
	