#Local_News
Published_ 16 May 2023
ပြည်တွင်းမှာ သုံးဆွဲနေတဲ့ ဆင်းကဒ်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး သက်ဆိင်ရာ အော်ပရေတာများတွင် ဇွန်လ ၂၁ ရက်နေ့အထိ မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်အသိပေးစာတိုများ ပေးပို့ထားတယ်လို့ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများထဲမှ သိရပါတယ်။
#Local_News #SIMကဒ်များဇွန်လ၂၁ရက်နေ့အတွင်းအပြီးပြန်လည်မှတ်ပုံတင်ရန် # ကြားပွဲစားများကိုငွေကျပ်၁၀၀၀ပေးပြီးမှတ်ပုံတင်နေရ
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ပြည်တွင်းမှာ သုံးဆွဲနေတဲ့ ဆင်းကဒ်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး သက်ဆိင်ရာ အော်ပရေတာများတွင် ဇွန်လ ၂၁ ရက်နေ့အထိ မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်အသိပေးစာတိုများ ပေးပို့ထားတယ်လို့ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများထဲမှ သိရပါတယ်။
#Local_News #SIMကဒ်များဇွန်လ၂၁ရက်နေ့အတွင်းအပြီးပြန်လည်မှတ်ပုံတင်ရန် # ကြားပွဲစားများကိုငွေကျပ်၁၀၀၀ပေးပြီးမှတ်ပုံတင်နေရ
#YMG #Yangon_Media_Group
#Local_News
Published_ 16 June 2023
ရန်ကုန်မြို့တွင်း day ကလပ်တွေမှာ Happy Waterဆိုတဲ့ မူးယစ်ဆေးဝါးတစ်မျိုး ပျံ့နှံနိုင်တဲ့အတွက် ကလပ်ကိုသွားကြတဲ့လူငယ်တွေအနေနဲ့ အထူးသတိပြု ရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်းမှ သိရပါတယ်။
#Local_News #ရန်ကုန်တွင်HappyWater #လူငယ်များသတိပြုရှောင်ကြဉ်ရန်
#YMG #Yangon_Media_Group
#Daily_News
Published_ 16 June 2023
၁။ ရန်ကုန်တွင် Happy Water ဆိုသည့် မူးယစ်ဆေးတစ်မျိုး ပျံနှံနိုင်၍ လူငယ်များသတိပြုရှောင်ကြဉ်ရန် လိုဟုဆို
၂။ SIM ကဒ်များ ဇွန်လ ၂၁ရက်နေ့ အတွင်းအပြီး ပြန်လည်မှတ်ပုံတင်ရန် သတိပေးထားပြီး ကြားပွဲစားများကို ငွေကျပ်၁၀၀၀ ပေးပြီး မှတ်ပုံတင်နေရဟုဆို
၃။ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈) ဘီလီယံအား MSME လုပ်ငန်းများသို့ ထုတ်ချေးမည်
၄။ ဟယ်ရီပေါ်တာ စတူဒီယိုပြခန်းကြီးအား ဇွန်လ(၁၆)ရက်နေ့တွင် တိုကျို၌ စတင်ဖွင့်လှစ်သွားမည် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
၁၆ ဇွန် ၂၀၂၃
မြန်မာနိုင်ငံသားနှစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၃)သိန်းကျော်နှင့်အတူ ထိုင်း-မြန်မာ နယ်စပ် ချင်းမိုင်ပြည်နယ်၊ ချင်းဒေါင်ခရိုင်အတွင်း ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ကြာသပတေးနေ့ညက ဆွမ်လမ်ယိုင်အနီးမှာ နယ်စပ်ဖြတ်ကျော်လာတဲ့ ကျောပိုးအိတ်လွယ်ထားကြတဲ့ မသင်္ကာစရာ (၃)ဦးကို ထိုင်းနိုင်ငံ ဖမောင် အထူးတပ်ဖွဲ့မှစစ်သားတွေက ခြေရာခံမိခဲ့ပါတယ်။ ထိုင်းစစ်သားတွေက သူတို့ကို ရပ်တန့်ဖို့ အချက်ပြပေးမယ့် သူတို့က ချက်ခြင်း ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့နောက်ထပ်ချပ်မကွာလိုက်တဲ့ အခါ သူတို့အထဲက နှစ်ဦးကိုဖမ်းမိပြီး အဲဒီနှစ်ဦးစလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းရဲကပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။
သူတို့နှစ်ဦးရဲ့ ကျောပိုးအိတ်တွေအတွင်းက စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၃၄၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့ကို နာဝိုင်းရဲစခန်းကို လွှဲပေးခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးဖောက်ကားကြတဲ့ အုပ်စုငယ်ကလေးတွေဟာ သဘာဝနယ်စပ်နေရာတွေနေ ထိုင်းနိုင်ငံဘက်ကို မူးယစ်ဆေးဝါးတွေ မှောင်ခိုသွင်းနေကြတယ်လို့ ထိုင်းထောက်လှမ်းရေးက သတင်းရတဲ့အတွက် နယ်စပ်ဒေသ တလျောက်မှာ လုံခြုံရေးတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
သတင်းအရင်းအမြစ်-ဘန်ကောက်ပို့စ်
#Thai_Myanmar_Border
#စိတ်ကြွမူးယစ်ဆေးပြား_မြန်မာနိုင်ငံသား_ထိုင်းမြန်မာနယ်စပ်
#YangonMediaGroup
#YangonTimes
#Local_News
Published_ 16 May 2023
(၁၈) ကြိမ်မြောက် ပေကျင်း နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ (18th Beijing International Tourism Expo) ကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ကိုယ်စားပြုခရီးသွားပြခန်း ပါဝင်ပြသခဲ့တယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ဇူလိုင်လ(၃)ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မျက်မမြင်အမျိုးသမီးများအပါအဝင်မသန် စွမ်းအမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှလျှော့ချနိုင်အောင်အသိပညာပေးမည့်အစီအစဥ်များဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ မြန်မာနိုင်ငံအတွင်းရှိမသန်စွမ်းအမျိုးသမီးများအတွက် အကြမ်းဖက်မှုလျှော့ချခြင်းနှင့်ပက်သတ်သော အကြောင်းအရာများအား အသိပညာမျှဝေပေးမည့် အစီအစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် အကြမ်းဖက်မှု လျှော့ချခြင်း နှင့် ပက်သတ်သော အကြောင်းအရာများအား ဝေမျှပေးသွားမည်ဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့ မနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ Zoom platform မှတဆင့် လူဦးရေအကန့်အသတ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
အဆိုပါအစီအစဉ်အား အသက် ၁၈ နှစ်နှင့်အထက်ရှိသော မသန်စွမ်းအမျိုးသမီးများ မည်သူမဆို မြန်မာနိုင်ငံမျက်မမြင်အသင်းသို့စာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးသူများထဲမှ အရင်လျှောက်ထားလာသူများအား ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မျက်မမြင်အမျိုးသမီးများအပါအဝင်မသန် စွမ်းအမျိုးသမီးအချို့သည် အခြားအမျိုး သမီးများနည်းတူ အကြမ်းဖက်ခံရခြင်းများရှိသည့်အတွက် အကြမ်းဖက်ခံရမှုမှလျှော့ချနိုင်အောင် ယင်းအစီအစဥ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ymg/tthl
#YMG #Yangon_Media_Group
#World_Soccer
Published_16 June 2023
အင်္ဂလိပ်ဘောလုံးကလပ်အသင်း မန်ချက်စတာယူနိုက်တက်ဟာ အသင်းကို ကာတာနိုင်ငံမှ ရှိတ်ခ်ဂျက်ဆင်ဘင်ဟာမက်အယ်ထာနီဦးဆောင်တဲ့ လုပ်ငန်းစုထံသို့ ဒေါ်လာ ၆ ဘီလီယံကျော်ဖြင့် သီးသန့်ရောင်းချရန် ညှိနှိုင်းနေကြောင်း အဆိုပါကိစ္စနဲ့နီးစပ်သူများက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
သဘောတူညီမှုက မသေချာသေးပေမယ့် ပင်လယ်ကွေ့ဒေသရှိ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ကာတာဝန်ကြီးချုပ်ဟောင်းရဲ့သားဖြစ်သူ 'ရှိတ်ခ်ဂျက်ဆင်'က အားကစားရေးရာမှာ အထင်ကရနာမည်ကြီးအသင်းတစ်သင်းကို ပိုင်ဆိုင်ရယူနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေ မြင်တွေ့နေရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်မှာ ရှယ်ယာအနည်းစုပိုင်ဆိုင်ပြီး အသင်းကိုချုပ်ကိုင်ထားတဲ့ ဂလေဇာမိသားစုအဖွဲ့ဝင်တွေကတော့ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် ငွေသားထုတ်သွားနိုင်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။
ဂလေဇာမိသားစုက လက်ရှိမှာ ဓာတုပစ္စည်းထုတ်လုပ်ရေး INEOS တည်ထောင်သူ ဗြိတိန်ဘီလျံနာ'ဂျင်မ်ရက်ကလစ်ဖ်'ရဲ့ ကမ်းလှမ်းချက်ထက် ကာတာရဲ့ကမ်းလှမ်းချက်ကို ပိုပြီးအလေးပေးစဉ်းစားနေပါတယ်။
ရက်ကလစ်ဖ်ရဲ့ကမ်းလှမ်းချက်ကြောင့် ဂလေဇာတို့ဟာ မန်ချက်စတာယူနိုက်တက်ကို ဆက်ပြီးစိတ်ဝင်စားနေဦးမယ်လို့ မျှော်လင့်ရပါတယ်။
ယခုကာလအပိုင်းအခြားမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ ရှိတ်ခ်ဂျက်ဆင်ကလွဲပြီး အခြားမည်သူနဲ့မျှ ညှိနှိုင်းသွားဦးမှာမဟုတ်ဘဲ ဘယ်လောက်အထိ ကြာရှည်နေဦးမလဲဆိုတာ မသိနိုင်ပါဘူး။
အခြေအနေက ဘာမဆိုဖြစ်နိုင်နေပြီး ရက်ကလစ်ဖ်ထံမှ ကမ်းလှမ်းချက်အသစ်ရလာပါက ရှိတ်ခ်ဂျက်ဆင်အနေနဲ့ တစ်ဦးတည်းပိုင်ဆိုင်ဖို့ အတားအဆီးဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ရှိတ်ခ်ဂျက်ဆင်တို့ရဲ့ ကိုယ်စားလှယ်တွေကတော့ တုန်ပြန့်ဖြေကြားခြင်း မရှိသေးပါဘူး။
မန်ချက်စတာယူနိုက်တက်အတွက် ဒေါ်လာ ၆ ဘီလီယံနဲ့အထက် ကမ်းလှမ်းချက်ဟာ အားကစားလောကမှာ အများပြားဆုံးပမာဏဖြစ်လာနိုင်ပါတယ်။
ဒေါ်လာ ၆ ဘီလီယံကျော်ဖြင့်ရောင်းချဖြစ်ပါက မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နှစ်တစ်နှစ်တာဝင်ငွေရဲ့ ၁၀ ဆကျော် ပိုပြီးတန်ကြေးရှိလာမှာဖြစ်ပါတယ်။
ဂလေဇာမိသားစုဟာ ၂၀၀၅ ခုနှစ်က အသင်းကို ပေါင်သန်း ၇၉၀ ဖြင့် ဝယ်ယူခဲ့တာဖြစ်ပါတယ်။
အင်္ဂလိပ်အမှတ်ပေးချန်ပီယံအကြိမ် ၂၀ စံချိန်တင်ရရှိထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာတဝှမ်းပရိသတ်ပေါင်း သန်း ၆၅၀ ရှိကာ အများစုက ပိုင်ရှင်ပြောင်းလဲပေးဖို့ တောင်းဆိုနေကြပါတယ်။
ဂလေဇာလက်ထက်မှာ အသင်းက အကျဘက်သို့သိသိသာသာရောက်ရှိနေပြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက ဂန္တဝင်နည်းပြ'အဲလက်စ်ဖာဂူဆန်' နောက်ဆုံးကိုင်တွယ်ခဲ့တဲ့နှစ်မှာသာ အမှတ်ပေးဖလားကို နောက်ဆုံးအကြိမ်ရရှိခဲ့ပါတယ်။
ယခုနှစ် 'အဲရစ်တန်ဟက်ဂ်'လက်ထက်မှာ ပြည်တွင်းလိဂ်ဖလားရရှိခဲ့ပေမယ့် အမှတ်ပေးဇယားမှာ အဆင့် ၃ ဖြင့် မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနောက် ၁၄ မှတ်ပြတ်ကျန်ခဲ့ပါတယ်။
ယခုနောက်ပိုင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံအများအပြားက အားကစားဘက်မှာ ရင်းနှီးမြှုပ်နှံမှုကြီးများ ပြုလုပ်လာကြပါတယ်။
Source: Reuters
#World_Soccer #မန်ယူအသင်း #ကာတာမှရှိတ်ခ်ဂျက်ဆင်ဘင်ဟာမက်
#YMG #Yangon_Media_Group
#Local_News
Published_ 16 June 2023
ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များတွင် ဖုန်းကတစ်ဆင့် QR Code စနစ်ဖြင့် ယာဉ်စီးခပေးချေ နိုင်သည့် စနစ်ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကသိရသည်။
လက်ရှိ YBS ယာဉ်များတွင် ယာဉ်စီးခပေးချေမှုကိုYPS ကတ်ဖြင့် ငွေပေးချေသည့်စနစ်ကို ကျင့်သုံးနေရာမှ ဖုန်းကတစ်ဆင့် မိုလ်ဘိုင်းအပလီကေးရှင်းကို အသုံးပြု၍ QR Codeဖြင့်ယာဉ်စီးခပေးချေခြင်း၊ ငွေဖြည့်သွင်းခြင်းနှင့် လက်ကျန်ငွေ စစ်ဆေးခြင်းများကိုဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း (YRTC)၏တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
QR Code နဲ့ ယာဉ်စီးခပေးမယ်ဆိုရင် ဖုန်းတစ်လုံးရှိရုံနဲ့ အဆင်ပြေမှာဖြစ်တယ်။ ဒါကြောင့်ဒီစနစ်ကို ဒီနှစ်ကုန်မှာ စတင်နိုင်ဖို့ ဆောင်ရွက်နေတယ်"ဟု ဦးလျန်ကျင့်မန်က ပြောပါတယ်။
YBS ခရီးသည်များအနေဖြင့်QR Code အသုံးပြုသည့် အတွက် ယာဉ်စီးခပိုပေးရခြင်းနှင့် ငွေအကြွေဆောင်ထားရသည့် အခက်အခဲများလျော့နည်းသွားမည်ဖြစ်၍ QR Code စနစ်ကို အမြန်ဆုံး စတင်အသုံးပြုနိုင်ရန် YRTC နှင့်Asia Starmar Transport Intelligent Co.Ltd တို့ ပူးပေါင်း လုပ်ဆောင်နေကြောင်းသိရသည်။
အခုအခါ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ယာဉ်အများစုတွင် YPS ကတ်စနစ်တပ်ဆင်ထားပြီး ရောင်းချပြီးသည့် ကတ်အရေအတွက် နှစ်သိန်းကျော်ခန့်ရှိ သော်လည်းလက်ရှိအသုံးပြုနေသည့် ကတ်အရေအတွက်တွင် တစ်သိန်း သုံးသောင်းကျော် ရှိကြောင်းသိရသည်။
လက်ရှိတွင် တစ်နေ့လျှင်ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBSယာဉ်လိုင်း၁၁၈လိုင်း၊ YBS အစီးရေ ၃၅၀၀ ကျော်၊ ခရီးသည် ၁၅သိန်းကျော်ရှိကြောင်း YRTCမှ သိရသည်။
#ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ရန်ကုန်မြို့ရှိ KTV ၊ CLUB ၊ BAR နှင့် စားသောက်ဆိုင်များတွင် စိတ်ကြွရူးသွပ်ဆေးပြားရောင်းချသူများကို ဖမ်းဆီးမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ စိုင်းလှဟန် ၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိုင်းလှဟန် နှင့် စိုင်းစိန်လင်း တို့အား ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်း စိတ်ကြွရူးသွပ် ဆေးပြားများအား ရန်ကုန်မြို့ရှိ KTV ၊ CLUB ၊ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း၊ယခုအခါ အဆိုပါ အမျိုးသားနှစ်ဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 16 June2023
ဂျပန်ကုမ္ပဏီ ၃၅၀ ကျော်က မြန်မာလုပ်သား (၁၁၀၀) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ဇွန်လ၁၅ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁)ရက် မှ ဇွန်လ(၁၅)ရက်အတွင်းစိစစ်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ(၃၅၂)ခု နှင့်ပတ်သက်သည့် အချက် အလက် များအသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်းသိရသည်။
ယင်းထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၃၅၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား(၄၀၀) နီးပါး၊ အမျိုးသမီး(၇၀၀) ကျော် စုစုပေါင်းဦးရေ(၁၁၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို အချိန်နှင့်တစ်ပြေးညီ စိစစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်းသိရသည်။
ထိုသို့စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ/
ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီးစိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ပြန်လည်ပေးပို့လျက်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ၃၁ရက်ကလည်း ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား(၄၀၀) ကျော်၊ မြန်မာလုပ်သားအမျိုးသမီး (၇၀၀) ကျော် စုစုပေါင်း(၁၂၀ဝ) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။
#ymg/BM
#Local_News #ဂျပန်ကုမ္ပဏီ ၃၅၀ ကျော် # မြန်မာလုပ်သား(၁၁၀၀) ကျော်ခေါ်ယူ
#YMG #Yangon_Media_Group
#World_Health
Published 16 June 2023
တော်ရင်းအမိုင်နိုအက်ဆစ်ဟာ အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ဒီဒြပ်စင်က လူသားတွေမှာရှိပြီး လေ့လာမှုကတော့ တိရိစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ကာ ဇီဝကမ္မပြောင်းလဲမှုများနဲ့ ဆက်စပ်နေပါတယ်။
လူ့ခန္ဓာကိုယ်ကနေ တော်ရင်းထွက်သလို အသား၊ နို့ထွက်ပစ္စည်း၊ ငါးတို့မှာလည်း တွေ့ရပါတယ်။
ကြွက်တွေနဲ့ မျောက်တွေမှာ အပြင်ပန်းကနေ တော်ရင်းထည့်သွင်းလိုက်ခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကို နှေးစေပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေကြောင်း အမေရိကန် ကိုလံဘီယာတက္ကသိုလ်မှ ဦးဆောင်သုတေသီ'ဗီဂျေးယာဒက်ဗ်'က Science ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
တော်ရင်းဟာ DNA ပျက်စီးခြင်း၊ တယ်လိုမာရေ့စ်ချို့တဲ့ခြင်း၊ မိုင်တိုခွန်ဒရီယယ်လုပ်ဆောင်ချက် ချို့ယွင်းခြင်း၊ ဆဲလ်ကြီးထွားခြင်းစတဲ့ အိုမင်းရင့်ရော်စေတဲ့ အကြောင်းအရင်းတွေကို နှေးကွေးစေတယ်လို့ ယူဆထားပါတယ်။
တော်ရင်းဖြည့်စွက်စာများ စားသုံးထားတဲ့ကြွက်များကို တစ်နှစ်ကြာစမ်းသပ်ပြီးနောက် အမိုင်နိုအက်ဆစ်ဟာ ကြွက်မတွေရဲ့ပျမ်းမျှနေထိုင်သက်တမ်းကို ၁၂ ရာခိုင်နှုန်း၊ ကြွက်ထီးတွေမှာ ၁၀ ရာခိုင်နှုန်း တိုးမြင့်စေတာကို တွေ့ရှိခဲ့ကြပါတယ်။
သာမန်ကြွက်တွေထက်စာရင် တော်ရင်းသုံးစွဲထားတဲ့ကြွက်တွေက ပိုပြီးအသက်ရှည်ခဲ့ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ အရိုး၊ ကြွက်သား၊ ပန်ကရိယ၊ ဦးနှောက်၊ အူ၊ ကိုယ်ခံအားစနစ်တို့လည်း တိုးတက်လာတာတွေ့ရပါတယ်။
လူသားတွေမှာ တော်ရင်းရဲ့သက်ရောက်မှုတွေအကြောင်း မသိရသေးပေမယ့် စမ်းသပ်ချက်အရတော့ တော်ရင်းက ရင့်ရော်ခြင်းကိုနှေးစေနိုင်တဲ့ မျှော်လင့်ချက်ရှိနေပါတယ်။
ပထမစမ်းသပ်ချက်မှာ ဥရောပမှ အသက် ၆၀ အရွယ် ၁၂,၀၀၀ ဦးမှာ ကျန်းမာရေးအပိုင်း ၅၀ ခန့်စမ်းသပ်ခဲ့ပါတယ်။
တော်ရင်းပမာဏများပြားသူတွေမှာ ကျန်းမာရေးပိုမိုကောင်းမွန်သလို ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ သွေးတိုး၊ ရောင်ရမ်းခြင်းတို့လည်း လျော့နည်းတာကို တွေ့ခဲ့ရပါတယ်။
ရလဒ်တွေက စိတ်ချရပြီး တော်ရင်းချို့တဲ့ရင် အိုမင်းရင့်ရော်မှုပိုမြန်စေတာလည်း ဖြစ်နိုင်ပါတယ်။
တော်ရင်းချို့တဲ့ရင် လူသားတွေမှာ အိုမင်းရင့်ရော်စေတာလားဆိုတာ သိရဖို့အတွက် သက်တမ်းအလိုက် တိုင်းတာစစ်ဆေးခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
Source: India Today #World_Health #အမိုင်နိုအက်ဆစ်တစ်မျိုးအားသိပ္ပံပညာရှင်များတွေ့ရှိ
#YMG #Yangon_Media_Group
Page 892 of 1704