#Local_News
Published_ 14 June2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၄၆) ဦးကို ဇွန်လ၁၃ရက်(ယနေ့) စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
အဆိုပါအလုပ်သမားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ဇွန်လ၇ရက်ကလည်းကိုရီးယားသမ္မတ နိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၉)ဦး၊ (၁၅၀) ဦးကိုစေလွှတ်ခဲ့ကြောင်းသိရသည်။
#ymg/BM
#Local_News #ကိုးရီးယား #EPSစနစ်ဖြင့်မြန်မာလုပ်သား၁၄၆ဦးကိုယနေ့စေလွှတ်
#YMG #Yangon_Media_Group
#World_Health
Published_14 June 2023
အိပ်စက်ရာမှာ ခက်ခဲနေသူတွေ၊ အိပ်မပျော်နိုင်တဲ့ မည်သည့်လက္ခဏာမျိုးရှိသူမဆို လေဖြတ်ခြင်းအန္တရာယ်များနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အထူးသဖြင့် အသက် ၅၀ အောက် အိပ်မပျော်တတ်တဲ့သူတွေမှာ လေဖြတ်အန္တရာယ်ပိုများနေနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၉ နှစ်အတွင်း လေဖြတ်ဖူးခြင်းမရှိတဲ့ လူပေါင်း ၃၁,၀၀၀ ကို လေ့လာခဲ့ပါတယ်။
ကျန်းမာရေးပြဿနာအမျိုးမျိုးရှိတဲ့ သက်ကြီးရွယ်အိုတွေမှာ လေဖြတ်ခြင်းအန္တရာယ်များတတ်ပါတယ်။
အိပ်မပျော်ခြင်းလက္ခဏာမရှိသူတွေနဲ့ယှဉ်ရင် လက္ခဏာ ၁ မျိုးမှ ၄ မျိုးအထိခံစားရသူတွေက လေဖြတ်နိုင်ချေ ၁၆ ရာခိုင်နှုန်းပိုများနေကြောင်း တွေ့ရှိခဲ့ပါတယ်။
ကောင်းစွာအိပ်စက်နိုင်အောင် ပြုလုပ်ပေးနိုင်မယ့် ကုသနည်းအများအပြားရှိသလို ဘဝနောက်ပိုင်းမှာလည်း လေဖြတ်ခြင်းအန္တရာယ်လျှော့ချနိုင်ကြောင်း စောစီးစွာကုသခံယူသင့်ကြောင်း ရစ်ချ်မွန်ရှိ ဗာဂျီးနီးယားကွန်မန်းဝဲ့တက္ကသိုလ်မှ သုတေသီ'ဝင်ဒမ်မီဆာဝာဒိုဂို'က ဖော်ပြထားပါတယ်။
တစ်ညကိုအိပ်ချိန် ၅ နာရီအောက်သာရှိသူတွေဟာ အိပ်ရေးပျက်တဲ့လက္ခဏာဖြစ်ပြီး ပုံမှန်အိပ်ချိန်ရှိသူတွေထက် လေဖြတ်အန္တရာယ်ဖြစ်နိုင်ချေ ၃ ဆပိုများနေနိုင်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဆိုပါတယ်။
ကောင်းစွာမအိပ်စက်ရတဲ့အခါ သွေးပေါင်ချိန်ထိခိုက်ပြီး သွေးတိုးဖြစ်နိုင်ကာ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောရောဂါတို့ ဖြစ်စေနိုင်ပါတယ်။
အခြားသုတေသနတွေမှာလည်း အိပ်ရေးပျက်ခြင်းကြောင့် ဆီးချို၊ နှလုံးရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့လည်း ဖြစ်နိုင်ကြောင်းဖော်ပြထားပါတယ်။
Source: WION
#World_Health #အိပ်မပျော်ခြင်း #အသက်(၅၀)အောက်လူများ #လေဖြတ်နိုင်ချေများစေကြောင်းလေ့လာတွေ့ရှိ #YMG #Yangon_Media_Group
#World_Health
Published_14 June 2023
အခုဆိုရင် အသက်ရှူပုံစံအမျိုးမျိုးကို စစ်ဆေးခြင်းဖြင့် အစာအိမ်ရောဂါအမျိုးမျိုးကို ဆရာတွေအနေနဲ့ ရှာဖွေတွေ့ရှိနိုင်တော့မှာဖြစ်ပါတယ်။
ခန္ဓာကိုယ်သွေးသားထဲ ဝင်ရောက်စစ်ဆေးစရာမလိုဘဲ အစာအိမ်ရောဂါအမျိုးမျိုးကို ခွဲခြားသိရှိနိုင်ဖို့ လက်တစ်ကမ်းသာလိုပါတော့တယ်။
ဒီစစ်ဆေးနည်းကို အိန္ဒိယအစိုးရ သိပ္ပံနှင့်နည်းပညာဌာနလက်အောက်ရှိ S. N. Bose National Centre မှ ပရော်ဖက်ဆာ'မာနစ်ပရက်ဟန်'နဲ့ သုတေသီအဖွဲ့က စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
အသက်ရှူထုတ်ခွဲခြမ်းခြင်းမှ ရလာတဲ့ အချက်အလက်အများအပြားကနေ မှန်ကန်တဲ့အချက်အလက်များရယူရန် စက်ကိရိယာမှ မှတ်သားသင်ယူတဲ့နည်းလမ်းပုံစံကို အသုံးပြုထားပါတယ်။
သိပ္ပံပညာရှင်တွေက Pyro-Breath လို့ခေါ်တဲ့ ကိရိယာကို ဖန်တီးခဲ့ကြပါတယ်။
ဒီစိတ်ကူးနောက်ကွယ်က အခြေခံသဘောတရားကတော့ အစာအိမ်အသွင်အပြင်ဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ ဇီဝဓာတုတုံ့ပြန်မှုများနဲ့ ဆဲလ်တွင်းဆဲလ်ပြင်လုပ်ငန်းစဉ်များကြောင့် ဒြပ်ပေါင်းများရဲ့ အလုံးစုံသက်ရောက်မှုက အသက်ရှူခြင်းပုံရိပ်ထုထည်ကို ထင်ဟပ်နေစေတာပဲဖြစ်ပါတယ်။
အသက်ရှူထုတ်ခြင်းမှ မော်လီကျူးမျိုးစိတ်များကို အစာအိမ်အနာရောဂါခွဲခြားသတ်မှတ်ရှာဖွေခြင်းအတွက် ထိုနည်းလမ်းဖြင့် ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဟယ်လီကိုဘက်တာပိုင်လော်ရီဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရတဲ့အစာအိမ်အနာရောဂါဟာ လက်ရှိမှာ အရေးကြီးတဲ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်နေပါတယ်။
သမားရိုးကျစစ်ဆေးနည်းလမ်းက နာကျင်ရပြီး ရောဂါအချိန်မီရှာဖွေစစ်ဆေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အစာအိမ်ပြဿနာရှိသူအများအပြားဟာ ရောဂါရှာဖွေမတွေ့ရှိဘဲ ရှိနေကြတာဖြစ်ပါတယ်။
Source: India Today.
#World_Health #အသက်ရှူပုံစံ #ခွဲခြမ်းစစ်ဆေးခြင်း #အစာအိမ်ရောဂါပြဿနာများ
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
ဇွန်လ ၆ ရက်နေ့ညပိုင်းက မိုးကြိုးစက်ကွင်း ထိမှန်ခဲ့တဲ့ ဗူးဘုရားရဲ့လုံးပတ်တော်ထိခိုက်မှုကို (၃)ရက်အတွင်း အပြီးပြုပြင်နိုင်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရပါတယ်။
#Local_News #ဗူးဘုရား #ရွှေသင်္ကန်းပြန်ကပ်လှူခြင်းလုပ်ငန်း
#YMG #Yangon_Media_Group
#World_Event
Published_ 13 June 2023
ရွက်တိုင်မြင့် သင်္ဘောများစုဝေးရာ ၈ ကြိမ်မြောက် ကမ္ဘာ့အကြီးဆုံးသင်္ဘောတပ်ဖွဲကြီး အာမာဒါကို ပြင်သစ်အနောက်ပိုင်း ရိုအန်မှာ ကြာသပတေးနေ့က စတင်ပြုလုပ်ခဲ့ပြီး ၁၀ ရက်ပြသထားမှာဖြစ်ပါတယ်။
#World_Event #ရွက်တိုင်မြင့်သင်္ဘောကြီးများ #အာမာဒါပြပွဲကြီး #နော်မန်ဒီတွင်ပြသ
#YMG #Yangon_Media_Group
#Local_News
Published_ 13 June 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ ဇွန် ၁၃ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၆၀ ဒေါ်ပေါက်စျေးရှိနေပြီး မနေ့ကတော့ စျေးမြင့်လာပါတယ်။
#Local_News #ကမ္ဘာ့ရွှေစျေးမြင့်တက် #ပြည်တွင်းရွှေစျေးကွက်
#YMG #Yangon_Media_Group
#Local_News
Published_ 13 June 2023
အခုနှစ်ကျောင်းဖွင့်ရာသီမှာ လမ်းဘေးကလေးငယ် (၁၀၀) ဦးကို စာသင်ကြားပေးနေတယ်လို့ ရေချမ်းစင် ၊လမ်းဘေးကလေးငယ်များ စာသင်ဝိုင်းမှသိရပါတယ်။
#Local_News #လမ်းဘေးကလေးငယ်(၁၀၀) #ပညာသင်ကြားပေးနေ
#YMG #Yangon_Media_Group
#Local_News
Published_13 June 2023
မြ၀တီမြို့မှာ ဖွင့်လှစ်ထားတဲ့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ တက်တူးဆိုင်များကို ဇွန်လ ၁၀ရက်နေ့ကစပြီး ပိတ်သိမ်းပေးရန် ညွှန်ကြားချင်တစ်ဆောင် ထွက်လာကြောင်း မြ၀တီမြို့ခံတွေက YMG ကိုပြောပါတယ်။
#Local_News #မြ၀တီမြို့ # စည်ပင်နယ်နိမိတ် #တက်တူးဆိုင်များအားဖြတ်သိမ်းရန်ညွှန်ကြားချက် #YMG #Yangon_Media_Group
#Daily_News
Published_ 13 June 2023
၁။ မြ၀တီမြို့ရှိ စည်ပင်နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားသည့် တက်တူးဆိုင်များအား ဖြတ်သိမ်းရန်ညွှန်ကြားချက်ထွက်ပေါ်
၂။ လမ်းဘေးကလေးငယ် (၁၀၀) ဦးကို ပညာသင်ကြားပေးနေ
၃။ ကမ္ဘာ့ရွှေစျေးမြင့်တက်နေပြီး ပြည်တွင်းရွှေစျေးကွက် အရောင်း၀ယ်အေးစက်နေ
၄။ ရွက်တိုင်မြင့်သင်္ဘောကြီးများ စုဝေးရာ (၈) ကြိမ်မြောက် အာမာဒါပြပွဲကြီးကို နော်မန်ဒီတွင်ပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 13 June 2023
လာမည့် ၂၀၂၃ - ၂၀၂၄ ပြောင်းရာသီတွင် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိတဲ့ အစေ့ထုတ် ပြောင်းများကို ပုသိမ်စက်မှုစီမံကိန်း ဆိပ်ကမ်းမှတဆင့် ထိုင်းကိုတင်ပိုနိုင်ဖို့အတွက် ထိုင်းကုန်သည်များနဲ့ မြန်မာကုန်သည်များတွေ့ဆုံပြီး ဈေးနှုန်းနဲ့တင်ပိုမှုပိုင်းဆိုင်ရာများကို ဆွေးနွေးနေကြောင်း စီးပွားကူးသန်း၀န်ကြီးဌာနမှ သိရပါတယ်။
#Local_News #ဧရာ၀တီတိုင်း #အစေ့ထုတ်ပြောင်းတွေ #ထိုင်းနိုင်ငံသို့ရေကြောင်းဖြင့်ပထမဆုံးတင်ပို့
#YMG #Yangon_Media_Group
#Local_News
Published_ 13 June 2023
၇၆ နှစ်မြောက် အာဇာနည် နေ့အခမ်းအနားအား ဇူလိုင်လ ၁၉ ရက်နေ့တွင်းကျင်းပသွားမှာဖြစ်ပြီး ဗဟန်းမြို့နယ် အာဇာနည်ဗိမာန် ပြင်ဆင်နေမှုများပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါပြင်ဆင်မူများအား ဇွန်လ ၁၁ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး ဝန်ကြီးများက သွားရောက် ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
အာဇာနည်မိသား စုတွေ့ဆုံခန်းမတွင် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ရဲဘော် ကိုထွေးမိသားစုများကို နိုင်ငံတော် အကြီးအကဲမှ တွေ့ဆုံမည့် နေရာ ခင်းကျင်းမည့်ပုံစံများကိုလည်း ကောင်း၊ အရေးကြီးပုဂ္ဂိုလ်များ နားနေခန်းခင်းကျင်းမည့် ပုံစံ များကိုလည်းကောင်း၊ ၇၆ နှစ် မြောက်အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနားလွမ်းသူပန်းခွေချ အလေးပြု အခမ်းအနားဆောင် ရွက်မည့် နေရာယူမှုပုံစံနှင့် အရေးကြီး ပုဂ္ဂိုလ်အပါအဝင် ခြောက်ဦးနှင့် အလေးပြုအခမ်း အနားတက်ရောက်မည့် ၃၆ ဦး တို့၏ နေရာများကို ပြင်ဆင်နေကြောင်းလည်းသိရသည်။
ကွပ်ကဲရေးရုံးပြင် ဆင်နေမှုများ၊အာဇာနည် ပုဂ္ဂိုလ်ကြီးများအား လာရောက် ဂါဝရပြုမည့်ပြည်သူ များ၏ အဝင် အထွက် ဂိတ်ပြင် ဆင်နေမှုများကိုလည်းကောင်း၊ အာဇာနည်ဗိမာန်ပေါ်နှင့်အာဇာ နည်ကုန်းအတွင်းရှိပတ်ဝန်ကျင် သန့်ရှင်းသာယာမှုရှိရေး ဆောင် ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသသတင်းထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News #၇၆နှစ်မြောက် #အာဇာနည်နေ့အခမ်းအနားကျင်းပ #အာဇာနည်ဗိမာန်
#YMG #Yangon_Media_Group
#Local_News
Published_ 13 June 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
အဆိုပါဒေသများတွင် မိုးတိမ်တောင်များအားကောင်းနေသဖြင့် မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်မည်ဟုဆိုသည်။
မနက်ဖြန်ဇွန်လ၁၄ရက်နံနက်အထိခန့်မှန်းချက်အနေဖြင့်စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ymg/tthl
#Local_News #ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်တို့တွင် မိုးသည်း #လေပြင်းတိုက်နိုင်
#YMG #Yangon_Media_Group
Page 895 of 1704