လောက်ကိုင်မြို့ကနေ စစ်ဘေးရှောင်နဲ့ နေရပ်ပြန်သူတွေဟာ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ကို ဖြတ်သန်းသွားလာရတဲ့အတွက် စစ်ဘေးရှောင်နဲ့ နေရပ်ပြန်သူတွေအတွက် စားသောက်စရာတွေနဲ့ အ၀တ်ထည်တွေကို လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၂၉ နိုဝင်ဘာ ၂၀၂၃
အမေရိကန် စစ်လေယာဉ် အော့စ်ပရေး လေယာဉ်သည် နိုဝင်ဘာ ၂၉ ရက် ဂျပန်နိုင်ငံ ယူကူရှီမားကျွန်းအနီး သမုဒ္ဒရာထဲ ပျက်ကျသွားပြီး လေယာဉ်ပေါ် လူ (၈) ဦးလိုက်ပါသွားတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ကြေညာပါတယ်။
ကမ်းခြေစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က သူတို့အနေနှင့် ပါသွားတဲ့လူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအပါအဝင် မည်သည့် အသေးစိတ်အချက်အလက်တွေ တစ်ခုမျှ မရရှိသေးဘူးလို့ ပြောပါတယ်။
စစ်လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ ၄၇ မိနစ်ခန့်မှာည ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ရဲ့ ဘက်ဖက်အင်ဂျင်ကနေ မီးတောက်လောင်ပြီး ပင်လယ်ထဲ ထိုးကျသွားတာတွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောတဲ့အကြောင်း အမ်ဘီစီက သတင်းပေးပို့ပါတယ်။
လေယာဉ်ဟာ ရေဒါကနေ ပျောက်သွားခဲ့တာဟာ မွန်းလွဲ ၂နာရီ ၄၀ မိနစ်ခန့်ကဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနိုကပြောပါတယ်။
ဩဂုတ်လတုန်းက အမေရိကန် အော့စ်ပရေးလေယာဉ်တစ်စီးဟာ ဩစတြေလျမြောက်ပိုင်းကမ်းခြေအနီးမှာ ပုံမှန်စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တပ်တွေကိုပို့ဆောင်ပေးနေစဉ်ပျက်ကျခဲ့ပြီး မရင်းတပ်သား (၃)ဦးသေဆုံးခဲ့ရပါတယ်။
၂၀၁၆ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဂျပန်တောင်ပိုင်း အိုကီနာဝါကျွန်းအနီးမှာ အဆိုပါအမျိုးအစား လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အမေရိကန်တပ်က လေယာဉ်တွေ ပျံသန်းတာယာယီရပ်တန့်ခဲ့ပါတယ်။
ရဟတ်ယာဉ်လိုရော လေယာဉ်တစ်စီးလိုပါ ပျံသန်းနိုင်တဲ့ အဆိုပါလေယာဉ်ကို အမေရိကန်မရင်းတပ်၊ အမေရိကန်ရေတပ် နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်တွေက စီမံလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
အော့စ်ပရေးလေယာဉ်တွေ ဂျပန်မှာ နေရာချထားတာဟာ အငြင်းပွားစရာဖြစ်နေခဲ့ပါတယ်။ အဆိုပါ နှစ်မျိုးသုံးလေယာဉ်ဟာ စိတ်မချရဘူးလို့ ဝေဖန်ပြောဆိုနေခဲ့ကြပြီး အမေရိကန်နှင့်ဂျပန်စစ်တပ်နှစ်ခုစလုံးက အဲဒါကို ငြင်းဆိုထားပါတယ်။
Source Reuters
#World_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
ပလပ်စတစ်နေလှမ်း ဆားကြမ်းတွေကို နမူနာအနေနဲ့ တင်ပို့ထား
တောင်ကိုရီးယားကို မွန်ပြည်နယ်၊ ပလိုင်ကီးကျေးရွာက ထွက်ရှိတဲ့ဆားကြမ်းနဲ့ ပငကျေးရွာက ထွက်ရှိတဲ့ဆားကြမ်းတွေကိုတော့ ဂျပန်နိုင်ငံကို တင်ပို့ဖို့ ကနဉီးကမ်းလှမ်းထားတယ်လို့ မွန်ပြည်နယ်ဆားလုပ်ငန်းဌာနခွဲက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
‘ခရစ်စမတ်နီးလာချိန် ဒီဇင်ဘာလ၂၅ရက်လောက်မှာ ရန်ကုန်တိုင်းမှာ အအေးဓာတ် ပိုလာမှာဖြစ်ပြီး ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းမှာ မိုးရွာရက် (၁)ရက်မှ(၃)ရက်ခန့်သာ ရှိမှာဖြစ်ပြီး မြူကျရက် (၅)ရက်မှ(၁၅)ရက်ခန့် မြူတွေကျဆင်းနိုင်မှာဖြစ်ပါတယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon_Times/tthl
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 November 2023
တရုတ်နိုင်ငံကျန်းရှီပြည်နယ်၊နန်ချန်းမြို့တွင် ‘တိုင်းရင်းဆေးဖိုရမ်’ကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါဖိုရမ်တွင်
တိုင်းရင်းဆေးဝါး အရည်အသွေးကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ၊တိုင်းရင်းဆေးဝါးထုတ်လုပ်မှုဆန်းသစ် တီထွင်ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်ခြင်းကိစ္စရပ်များ ကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းမှကြီးမှူးပြီးတိုင်းရင်းဆေးဖိုရမ်ကို
‘တိုင်းရင်းဆေးပညာ၏ အမွေအနှစ်နှင့် ဆန်းသစ်တီထွင်မှု၊ တိုင်းရင်းဆေးပညာ၏ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် တိုင်းရင်း ဆေးပညာဆိုင်ရာ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ခြင်း ‘(Inheritance and Innovation of Traditional Medicine, Globalization of Traditional Medicine, and Protection of Traditional Medicine Intellectual Property Rights)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟုဆိုသည်။
ယင်းအစည်းအဝေးသို့ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘတ်၊ ကစ္စတန်စသည့် နိုင်ငံများပါဝင်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ မွန်ဂိုးလီးယား စသည့်နိုင်ငံများ ပါဝင်သည့် လေ့လာသူနိုင်ငံများ၊ မြန်မာ၊ ဘာရိန်း၊ ကူဝိတ်၊ ကမ္ဘောဒီးယားစသည့်နိုင်ငံများပါဝင်သည့် ဆွေးနွေးဖက်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်တိုင်းရင်းဆေးကုမ္ပဏီများမှ တာဝန်ရှိသူများတက် ရောက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံမှလည်း တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အရ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏တိုင်းရင်း ဆေးဖိုရမ်သို့ တက်ရောက်ရန် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ၂၈ရက်နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှတရုတ် နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 November 2023
ဟိမဝန္တာမှာ ဥမင်လိုဏ်ခေါင်းတစ်ခု ပြိုကျပြီး အလုပ်သမား ၄၁ ဦး ၁၇ ရက်တိုင်အောင် ပိတ်မိနေခဲ့ရာ ကယ်ဆယ်ရေးများက အပျက်အစီး ကျောက်တုံး ကွန်ကရစ်များကို ထိုးဖောက်ဖျက်ဆီးပြီးနောက် အဆိုပါ အလုပ်သမားအားလုံးကို အင်္ဂါနေ့က ကယ်ဆယ်နိုင်ခဲ့သဖြင့် အိန္ဒိယတစ်နိုင်ငံလုံး ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။
ဥတ္တရဟန်ပြည်နယ်ရှိ ဥမင်လိုဏ်ခေါင်းဟာ နိုဝင်ဘာ ၁၂ ရက်နေ့က ပြိုကျခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးသမားများ အပျက်အစီးများကြား ဝင်ရောက်ကြပြီးနောက် ၆ နာရီကျော်အကြာမှာ အလုပ်သမားတွေကို စတင်ကယ်ထုတ်ခဲ့ကြပါတယ်။
သူတို့ကို စတီးပိုက်ထမ်းစင်များဖြင့် ဆယ်ထုတ်ခဲ့ကြပြီး ကယ်ဆယ်ရေး လုပ်ငန်းစဥ်တစ်ခုလုံးဟာ တစ်နာရီခန့် ကြာမြင့်ခဲ့ပါတယ်။
အလုပ်သမားတွေရဲ့ ကျန်းမာရေးက ကောင်းမွန်နေပြီး ဘာမှစိုးရိမ်စရာ မရှိဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဝါခီလ်ဟာဆန်က ပြောပြသွားပါတယ်။
ပထမဆုံး ကယ်ထုတ်နိုင်ခဲ့တဲ့သူကို ပြည်နယ်ဝန်ကြီးချုပ် ပွတ်ရှ်ကာဆင်းဒမ်မီနဲ့ ဖက်ဒရယ်အဝေးပြေးဌာန ဒုဝန်ကြီး ဗီကေဆင်းတို့က အိန္ဒိယရိုးရာယဥ်ကျေးမှုပုံစံဖြင့် ကြိုဆိုခဲ့ကြပါတယ်။
အချို့ကလည်း အပြုံးမပျက် ထွက်လာကြကာ ပန်းကုံးများဖြင့် ကြိုဆိုခဲ့ကြပါတယ်။
လိုဏ်ခေါင်းထဲ ပိတ်မိနေတဲ့ မိတ်ဆွေတွေဟာ လူတိုင်းကို လေးစားအားကျစေခဲ့တယ် ဆိုတာကို ပြောပြချင်ပါတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက X မီဒီယာပလက်ဖောင်းမှာ ဖော်ပြခဲ့ပါတယ်။
မိုဒီက ထိုအလုပ်သမားများကို ဖုန်းဆက်ပြောဆိုခဲ့ပြီး ကျန်းမာရေး အခြေအနေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ကယ်ဆယ်ရေးများကို ကျေးဇူးတင်လိုက်ကာ လိုဏ်ခေါင်းဘေးကင်းစိတ်ချရေးကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
လူနာတင်ကားတွေက အလုပ်သမားတွေကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုပြီးတဲ့အခါ နေရပ်သို့ ပြန်နိုင်မှာဖြစ်ပါတယ်။
လိုဏ်ခေါင်းပြိုကျပြီး ပိတ်မိနေတဲ့သတင်းဟာ ဟိန္ဒူဒီဝါလီနေ့နဲ့ ခရစ်ကတ် ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကြောင့် ပထမရက်သတ္တပတ်မှာ သိပ်ပြီးလူသိရှင်ကြား မဖြစ်ခဲ့ပါဘူး။
ဖောက်ထွင်းရေးစက်ကြီးများဖြင့် အလုပ်မဖြစ်တဲ့အခါ လူတွေရဲ့ ကျွမ်းကျင်မှုဖြင့် အပေါက်သေးလေးတွေ ဖောက်ထွင်းတဲ့ နည်းလမ်းကို အသုံးပြုခဲ့ရပါတယ်။
တူးဖော်ရေးသမားတွေဟာ တနင်္လာနေ့တစ်ညလုံး တူးဖော်ခဲ့ကြပြီး အင်္ဂါနေ့ နေ့လယ်လောက်မှာ ၆၀ မီတာခန့်ရှိတဲ့ ကျောက်အစိုင်အခဲတွေကို ဖောက်ထွင်းနိုင်ခဲ့ကြပါတယ်။
အဆိုပါလိုဏ်ခေါင်းဟာ မိုဒီရဲ့ အရေးပါဆုံးစီမံကိန်းတွေထဲက တစ်ခုဖြစ်တဲ့ ဒေါ်လာ ၁ ဘီလီယံခွဲတန်ဖိုးရှိ ချာဒမ်အဝေးပြေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၈၉၀ ကီလိုမီတာရှိ လမ်းမကြီးတွေကနေ ဟိန္ဒူဘုရားဖူးနေရာ ၄ ခုကို ဆက်သွယ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
လိုဏ်ခေါင်းပြိုကျရတဲ့ အကြောင်းအရင်းကို မဖော်ပြခဲ့ပေမယ့် ထိုနေရာဟာ ရေကြီးခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ ဖြစ်တတ်တဲ့ နေရာဖြစ်ပါတယ်။
လိုဏ်ခေါင်းမှာ အရေးပေါ်ထွက်ပေါက်မရှိဘဲ ဒါဟာ ဘူမိဗေဒလွဲမှားချက်ကနေ ဆောက်လုပ်ထားတာ ဖြစ်တယ်လို့ စုံစမ်းရေးကျွမ်းကျင်ပညာရှင်အဖွဲ့မှ တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပြသွားပါတယ်။
ချာဒမ်စီမံကိန်းကို ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ဝေဖန်နေကြပြီး အိမ်ရာနဲ့ချီ ထိခိုက်ခဲ့သဖြင့် အချို့အလုပ်များကို ရပ်ဆိုင်းလိုက်ရပါတယ်။
Source: Reuters
#World_News
#YMG_News #Yangon_Times #Yangon_Media_Group


Published 29 November 2023
အချစ်ရေးမေတ္တာ ဆက်ဆံရေးတွေမှာ ဟာသပြောဆိုခြင်းက ပိုမိုသာယာပျော်ရွှင်စေတဲ့အပြင် ဆက်ဆံရေး တိုးတက်ခိုင်မာဖို့ရာ အသုံးဝင်တဲ့ လက်နက်တစ်မျိုးလည်း ဖြစ်ပါတယ်။
ဘယ်လို အချစ်ရေးမှာမဆို ဟာသပြောခြင်းက ထင်ရှားတဲ့ အမှတ်အသားဖြစ်ကြောင်း သုတေသီများ တွေ့ရှိခဲ့ပြီးဖြစ်ပေမယ့် ယခုလေ့လာချက်မှာတော့ အချိန်ကြာလာတာနဲ့အမျှ ဆက်ဆံရေးအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို လေ့လာထားတာ ဖြစ်ပါတယ်။
လူတွေရဲ့ စွဲဆောင်မှု မတွေ့ရခင်မှာ ဟာသဉာဏ်ရှိခြင်းက အရင်ရောက်လာပြီး ဒီလိုပုဂ္ဂိုလ်တွေက ပိုမိုစွဲဆောင်မှု ရှိတယ်လို့ မှတ်ယူကြကြောင်း စင်္ကာပူစီမံခန့်ခွဲရေးတက္ကသိုလ်မှ စိတ်ရောဂါဗေဒတွဲဖက် ပရော်ဖက်ဆာ ကန်နက်တန်က ပြောပြသွားပါတယ်။
ဆက်ဆံရေးတစ်ခုမှာ ပျော်ရွှင်ကျေနပ်တဲ့အခါ မိမိရဲ့လက်တွဲဖော်က ရယ်စရာကောင်းတယ်လို့ ထင်မြင်တတ်ကြကြောင်း၊ မေတ္တာရေးတည်ဆောက်တဲ့အခါမှာ ဟာသဉာဏ်ရှိခြင်းနဲ့ ဆက်ဆံရေး အရည်အသွေးတို့ကြား ဆက်စပ်ပုံကို လေ့လာချင်တာဖြစ်ကြောင်း ပြောပြသွားပါတယ်။
သုတေသီတွေက တွဲလာတာ ပျမ်းမျှသက်တမ်း ၁၈ ကျော်ရှိတဲ့ အတွဲပေါင်း ၁၀၈ တွဲကို လေ့လာခဲ့ကာ ၇ ရက်ဆက်တိုက် လေ့လာသုံးသပ်ခဲ့ပါတယ်။
ဆက်ဆံရေးမှာ ပိုမိုကျေနပ်တယ်လို့ ခံစားရသူတွေဟာ ထိုနေ့မှာရော နောက်နေ့မှာပါ သူတို့ရဲ့လက်တွဲဖော်တွေဟာ ပိုမိုရယ်ရွှင်ကျေနပ်စရာကောင်းတယ်လို့ ထင်မြင်ကြကြောင်း မှတ်သားခဲ့ရပါတယ်။
သိပ်ပြီးမကျေနပ်တဲ့ နေ့မှာတော့ မိမိရဲ့လက်တွဲဖော်ဟာ ထိုနေ့မှာရော နောက်နေ့မှာပါ ကျေနပ်စရာမကောင်းဘူးလို့ ထင်မြင်ခဲ့ကြပါတယ်။
စုံတွဲတွေမှာ အမျိုးသားတွေက ပိုပြီးဟာသပြောတတ်ကြတယ်လို့လည်း တွေ့ရှိထားပါတယ်။
ယခုလေ့လာချက်ဟာ ကောလိပ်မှာ ပညာသင်ယူနေတဲ့ စုံတွဲများလည်း ပါဝင်တာကြောင့် အသက်ကြီးတဲ့ စုံတွဲတွေကို ထည့်သွင်းလေ့လာမယ်ဆိုရင် ရလဒ်က ပြောင်းလဲသွားနိုင်တယ်လို့လည်း သုတေသီများ မှတ်ချက်ပြုခဲ့ပါတယ်။
Source: WION
#World_Health
#YMG_News #Yangon_Times #Yangon_Media_Group
Published 29 November 2023
သလဲသီးက အထဲမှာ အစေ့လေးတွေနဲ့ အသားတွေပါရှိတဲ့ အသီးဖြစ်ပါတယ်။
အသီးကို ညှစ်ယူရာကနေ ရရှိတဲ့အရည်ဖြင့် သလဲသီးဖျော်ရည် သောက်သုံးနိုင်ပြီး အနီရောင်ရဲရဲနဲ့ ထူးခြားတဲ့ အနံ့အရသာ ရှိပါတယ်။
အာဟာရဓာတ်တန်ဖိုး များစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အသီးလို့ သတ်မှတ်ထားပါတယ်။
သလဲသီးဖျော်ရည် သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
(၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကာ ဓာတ်တိုးခြင်းကို လျှော့ချပေးတာကြောင့် နာတာရှည်ရောဂါများကို ကာကွယ်ပေးပါတယ်။
(၂) သလဲသီးဖျော်ရည်က သွေးပေါင်ချိန်နဲ့ ကိုလက်စ်ထရောလ်ပမာဏကို လျှော့ချပေးကာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးကို ကျန်းမာသန်စွမ်းစေပါတယ်။
(၃) ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့ပစ္စည်းများ ပါဝင်ကာ အဆစ်ရောင်၊ ဆီးချို၊ ကင်ဆာတို့လို ဝေဒနာတွေကို ကာကွယ်ပေးပါတယ်။
(၄) အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေခြင်းကို ကူညီပေးကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
(၅) ဗိုက်တာမင်စီ ပါဝင်မှုမြင့်မားကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါကူးစက်မှုများကို တိုက်ထုတ်ပေးပါတယ်။
(၆) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဖိုင်တိုဓာတုပစ္စည်းများက ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တားဆီးပေးပါတယ်။
(၇) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗိုက်တာမင်များက အရေပြားကို အားဖြည့်ပေးကာ အိုမင်းရင့်ရော်ခြင်းကို လျှော့ချပေးပြီး အရေပြားကို ကျန်းမာစေပါတယ်။
(၈) သလဲသီးဖျော်ရည် ပုံမှန်သောက်သုံးခြင်းက မှတ်ဉာဏ်နဲ့ ဦးနှောက်သိရှိမှု စွမ်းရည် တိုးတက်စေပြီး အသက်အရွယ်ကြောင့် မှတ်ဉာဏ်စွမ်းရည် ကျဆင်းခြင်းမှ ကာကွယ်ပေးပါတယ်။
(၉) အင်ဆူလင်ကို အလုပ်လုပ်စေကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချိုဝေဒနာရှင်များနဲ့ ဆီးချိုဖြစ်လာနိုင်ခြေရှိသူများကို အကျိုးဖြစ်စေပါတယ်။
(၁၀) ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန်ချချင်သူတွေအတွက် သင့်လျော်ပါတယ်။
သလဲသီးက သဘာဝအရ အချိုဓာတ်မြင့်မားတာကြောင့် သင့်တင့်ရုံသာ သောက်သုံးသင့်ပါတယ်။
Source: NDTV
#World_Health
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published_28 nov 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်နှင့် အထင်ကရနေရာများသို့ ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် လေ့လာရေးခရီးသွားရောက် ခဲ့ကြ ကြောင်း သိရသည်။
တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး Senior Captain Sun Bo ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့် ရေကြောင်းလုံခြုံရေး ဆိုင် ရာ လေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
ယင်းအပြင် သန်လျင်တပ်နယ်ရှိ အခြေခံပညာအ ထက်တန်း ကျောင်း(ဆိပ်ကြီး)တွင် ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအား စာရေးကိရိယာ များ လှူဒါန်းခဲ့ကာ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက် လည်ပတ်ခဲ့ကြ ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group



တရုတ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် Intelligent Vehicles Future Challenge ပြိုင်ပွဲကြီးကို တရုတ်အရှေ့ပိုင်း ကျင်စုပြည်နယ် ချန်ရှူမြို့မှာ စနေနေ့က ကျင်းပခဲ့ပါတယ်။
တက္ကသိုလ်များ၊ လုပ်ငန်းများ၊ သုတေသန အဖွဲ့အစည်းများမှ သုတေသနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ ၂၀ လောက်က အလိုအလျောက်မောင်းနှင်ခြင်းစနစ်အတွက် ပြိုင်ဆိုင်သွားကြပါတယ်။
#Asia_Development
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၂၈ နိုဝင်ဘာ ၂၀၂၃
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စင်း၏ ချစ်ကြည်ရေးခရီးစဉ်
မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်နှစ်ရပ်အကြားနှင့် နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်နေမှုအခြေအနေများ၊
၂၈-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများ-
နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
Published_ 28 November 2023
၁။ အိမ်နီးချင်းနိုင်ငံတွင် အဖြစ်များနေသည့် နမိုးရီးယားအဆုတ်ရောင်ရောဂါ မြန်မာကလေးငယ်များတွင် မဖြစ်အောင်ကာကွယ်ရန်လို
၂။ မူဆယ် ၁၀၅မိုင်အနီးရှိ ဒေသခံပြည်သူများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ လူမှုကူညီရေးအသင်းတွေ စီစဉ်ဆောင်ရွက်နေဟုဆို
၃။ ယခု ကြံကြိတ်ခွဲရာသီ၌ ဗီယက်နမ်သို့ သကြားတန်ချိန် တစ်သိန်းဝန်းကျင် တင်ပို့သွားမည်
၄။ တရုတ်နိုင်ငံ၏ (၁၃)ကြိမ်မြောက် အလိုအလျောက်စနစ် မောင်းယာဥ်ပြိုင်ပွဲကြီးကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 895 of 1934