ဆော်လမွန်ကျွန်းစုအသင်းကို မြန်မာအသင်း က ၆ဂိုး ၂ဂိုး ဖြင့် အနိုင်ရရှိ
မြန်မာအသင်းနဲ့ ဆော်လမွန်အသင်းတိုဟာ အုပ်စု(က)မှာ ဒုတိယပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်
Yangon_Time/my
#Local_News
#Published_ 9 August 2023
#YMG #Yangon_Times
Smartနည်းပညာဖြင့် တောတွင်းကင်းလှည့်ခြင်းများ ဆောင်ရွက်နေ
‘ရေခဲဖုံးလွှမ်းနေတဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊လန်ပိကျွန်းအမျိုးသားဥယျာဉ်၊ အင်းတော်ကြီးကန် စတဲ့ဒေသတွေမှာ တောရိုင်းတိရစ္ဆာန်တွေ၊မုဆိုးတွေနဲ့ တောတွင်းအချက်အလက်ဒေတာတွေကို Smartနည်းပညာ နဲ့ ကင်းလှည့်ထိန်းသိမ်းမှုလမ်းကြောင်းဒေတာအတွက် ဗားရှင်းအမြင့်ကိုအသုံးပြုထိန်းသိမ်းနေပါတယ်’ ဦးကြည်ဦး၊ လန်ပိကျွန်းအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး
Yangon_Time/tthl
#Local_News
#Published_ 9 August 2023
#YMG #Yangon_Times
သထုံ-ရန်ကုန်လမ်းမကြီးတွင် ရေကြီးပြီး လမ်းပိုင်းပျက်စီးနေ
‘ သထုံ-ရန်ကုန်လမ်းမကြီး ကျုံအိတ်တံတားအကျော်ကနေ ဘီးလင်းသကြားစက်နားအထိ လမ်းပိုင်းထိခိုက်ပျက်စီးမှုတွေရှိနေပြီး ကတ္တရာလမ်းတွေပါ ပျက်စီးနေတဲ့အခြေအနေတွေရှိနေတယ်’’ (အကြင်နာတွဲလက်များလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦး)
Yangon_Time/tthl
#Local_News
#Published_ 9 August 2023
#YMG #Yangon_Times
Published_ 9 August 2023
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီ-ကော့ကရိတ် ဆက်သွယ်ထားသော အာရှလမ်းမကြီးတွင်မြေပြိုကျမှုဖြစ်စဉ်များဖြစ်ပွားနေခြင်းကြောင့် ယခင် ဒေါနတောင်တက်လမ်းဟောင်းကို ပြန်လည်အသုံးပြုနေရသည်ဟု ဒေသခံကုန်သည်တစ်ဦးက Yangon Times ကိုပြောသည်။
သို့သော် ကုန်တင်ကားကြီးများအားသွားလာခွင့်မပြုသေးဘဲ ကုန်တင်ကားငယ်များ၊ ခရီးသည်တင်ကားငယ်များနှင့်ဆိုင်ကယ်များသာသွားလာနေကြပြီး၊ မိုးရွာသွန်းမှုကြောင့် လမ်းချော်ခြင်း၊ ခရီးနှောင့်နှေးခြင်းများကြုံတွေ့နေရကြောင်း ဆိုသည်။
"ကားလေးတွေနဲ့ဆိုင်ကယ်တွေကိုတော့ စမ်းပြီးသွားခွင့်ပြုနေတယ်။တော်တော်ခက်ခက်ခဲခဲသွားနေရတယ်။ ပရိုဘောက်လို ကားလေးတွေတောင် အခြေအနေမကောင်းဘူး။ တော်တော်ဆိုးတယ်ပြောတယ်။ ဆိုင်ကယ်တောင် နှစ်ယောက်ကိုတစ်သိန်းလောက်တောင်းနေတယ်"ဟု ယင်းလမ်းပိုင်း သွားလာရေးအခြေအနေနှင့်ပတ်သက်၍ ရှင်းပြသည်။
ထို့အပြင် ထိုင်းနယ်စပ်မြို့တစ်ခုဖြစ်သည့် မြဝတီမြို့မှ ပို့ကုန်သွင်းကုန်တင်ပို့ရာတွင် အခက်အခဲဖြစ်နေသော ကုန်သည်များအတွက် ထိုင်းမြန်မာနယ်စပ် မည်သည့် ဂိတ်များကမဆို တင်ပို့ခွင့်ပြုမည့်အပြင် ပင်လယ်ရေကြောင်းကတဆင့် တင်ပို့ခြင်းကိုလည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြဝတီကုန်သွယ်ရေးဇုန်က ထုတ်ပြန်ထားကြောင်း သိရသည်။
ယခု ဩဂုတ်ဆန်းပိုင်းကစ၍ ယနေ့အထိ ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်ရေ ချောင်းရေမြင့်တက်ခြင်းများဖြစ်ပေါ်ကာ မြေပြိုကျမှုနှင့် လူနေအိမ်များ ရေနစ်မြှပ်အချို့ဖြစ်ပွားနေခြင်းဖြစ်သည်။
ဓာတ်ပုံ CJ
Yangon Times/my
#Local_News
#YMG #Yangon_Times
Published_ 9 August 2023
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မြန်မာနိုင်ငံရှိပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လူဦးရေစုစုပေါင်း(၃၀၀)ကို မုန့်ဖုတ်နည်းသင်ကြားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
လန်ခန်း-မဲခေါင်အထူးရန်ပုံငွေဖြင့်‘မုန့်ဖုတ်နည်းသင်တန်းစီမံကိန်း’ဆောင်ရွက်သွားမည်ဖြစ်ပြီး “မုန့်ဖတ်နည်းသင်တန်းစီမံကိန်း” စတင်ခြင်းအခမ်းအနားနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၇ ရက်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(ရန်ကုန်)၌ကျင်းပခဲ့သည်ဟုဆိုသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Ms. Pan Feng က ‘‘ယခုအကြိမ်လေ့ကျင့်မှုသည် မြန်မာနိုင်ငံကနိုင်ငံတကာအဆင့်မီ မုန့်ဖုတ်သူလူရည်ချွန်များ ပိုမိုမွေးထုတ်ပေးပြီး အစားအသောက်လုပ်ငန်း အတွက် အားသစ်လောင်းပေးကာကပ်ရောဂါအလွန်ကာလ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအလားအလာများဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများက ယခုအကြိမ်လေ့ကျင့်မှုကို အခွင့်ကောင်းယူ၍ သေချာလေ့လာသင်ယူပြီး မိမိနိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သည့်အမာခံအင်အားများ ဖြစ်လာရန်မျှော်လင့်ကြောင်း’’ ပြောကြားခဲ့သည်။
ယခုစီမံကိန်းတွင် အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းဟူ၍ ခွဲထားပြီး သင်တန်း ၁၅ ကြိမ်ဖွင့်ကာ မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူပေါင်း လူ ၃၀၀ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 9 August 2023
သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများ သွားလာရေးအဆင်ပြေစေရန် ယာဉ်လိုင်းများပြေးဆွဲ ပေးသွားမည်ကြောင်း ရန်ကုန်မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။
အဆိုပါ ယာဉ်လိုင်းပြေးဆွဲမှုအတွက် မည်သည့်ယာဉ်လိုင်းများ ပြေးဆွဲပေးမည်ကို လတ်တလော မသိရှိရသေးသော်လည်း ယင်းသို့ပြေးဆွဲမှုအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က စီစဉ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဦးခင်ဇော်က " အိမ်ရာမှာနေထိုင်မယ့်သူတွေမြို့ထဲသွားဖို့ နည်းနည်းဝေးတယ်။ဒါကြောင့်သွားရေးလာရေးအဆင်ပြေစေဖို့ ဘတ်စ်ကားလိုင်းတွေအတွက် နေရာပေးထားပါတယ်။ ဘယ်နှစ်လိုင်းဆွဲမလဲဆိုတာတော့ YRTCက စီစဉ်ပါလိမ့်မယ်"ဟု ပြောကြားထားသည်။
YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် အား ဖုန်းဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုခြင်းမရှိသေးပေ။ ယင်းအတွက် Yangon Times အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ထို့အပြင် အိမ်ရာအတွင်းနေထိုင်သူများအတွက် လဂွန်းပြင်ရေပေးဝေရေးစခန်းမှ သောက်သုံးရေများဖြန့်ဖြူးခြင်း၊ ယာယီလျှပ်စစ်မီးများ သွယ်တန်းခြင်းနှင့် ယာယီဈေးတည်ဆောက်နိုင်ရန်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာစီမံကိန်းမှ ပထမ အဆင့် ပြီးစီးမည့် တိုက်ခန်း (၁၂၀၀) ခန့်တွင် ဝင်ငွေနည်းပြီး နေရေး အခက်အခဲ ရှိသော ပြည်သူ၊ အငြိမ်းစားဝန်ထမ်းနှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ ဝန်ထမ်းများကို (၅) နှစ် သက်တမ်း ငှါးရမ်း နေထိုင်ခွင့်ပြုသွားပါမည်။
လက်ရှိတွင် နေထိုင်ခွင့်လျှောက်ထားသူ တစ်သောင်းကျော်အတွက် စိစစ်မှုများဆောင်ရွက်နေပြီး၊ အိမ်ရာကော်မတီ၏ ဆုံးဖြတ်ချက်အစည်းအဝေးပြီးမှသာ နေထိုင်ခွင့်ရရှိသူများကို အသိပေးအကြောင်းကြားသွားမည်ဟု သိရသည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times
Published_ 9 August 2023
အင်ဒိုနီးရှားမှာ အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုကြုံတွေ့နေပြီး ဆူနာဒီနေထိုင်တဲ့ရွာမှာ မိုးမရွာတာ ၄ လကြာမြင့်ခဲ့ပြီဖြစ်ကာ ဆေးရွက်ကြီးစိုက်ပျိုးသူအနေဖြင့် ရေရရှိရန်မှာ မြစ်ရေခြောက်သွေ့နေတဲ့ မြစ်ကြမ်းပြင်ကို တူးဖော်ဖို့သာ ရှိပါတယ်။
တစ်နာရီ နှစ်နာရီလောက်နေတဲ့အခါ ရေငန်နဲ့ ရွှံ့တွေက တူးဖော်ထားတဲ့အပေါက်မှာ ပြည့်တက်လာပါတယ်။
ဂျာဗာအလယ်ပိုင်း ကာရန်ဂန်ယာရွာရှိ ဆူနာဒီနဲ့ အခြားရွာသူရွာသားများဟာ သောက်သုံးရန်၊ ဆေးကြောရန်၊ တဖြည်းဖြည်းသေဆုံးလာတဲ့ ကောက်ပဲသီးနှံများကို ရေလောင်းရန် ရေကိုအိမ်သို့ သယ်ဆောင်သွားကြပါတယ်။
"ဒီရွာမှာ ဧပြီလကတည်းက မိုးခေါင်ရေရှားနေပြီး အခုအချိန်ထိ မိုးမရွာသေးပါဘူး။ ဒီဒေသက ရေတွင်းတွေ ခန်းခြောက်ကုန်ပြီး ဒေသခံတွေက မြစ်ကြမ်းပြင်ကနေသာ ရေကိုရယူကြရပါတယ်" လို့ ဆူနာဒီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီက စိုက်ပျိုးပင်တွေအားလုံး ညှိုးနွမ်းကုန်ကြောင်း၊ ဆေးရွက်ကြီးတွေက အသက်ရှင်နိုင်ပေမယ့် ကောင်းစွာမကြီးထွားကြောင်း၊ ဒါကြောင့် မြစ်ကြမ်းပြင်ကရတဲ့ ရေနဲ့ ရေလောင်းနေရကြောင်း ပြောပြသွားပါတယ်။
ရေတွင်းများရှိ ရေများခန်းခြောက်သွားတဲ့ ဇွန်လကတည်းက မြစ်ကြမ်းပြင်မှ ရေတူးဖော်နေရပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ကြာရှည်စွာဖြစ်ပေါ်နေစေတဲ့ အယ်လ်နီညိုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ၃ ပုံ ၂ ပုံကျော်ကို သက်ရောက်နေပြီး ဂျာဗာ၊ ကာလီမန်တန်မြောက်ပိုင်း၊ ဆူမာတြာကမ်းရိုးတန်းဒေသတွေ ပါဝင်ကြောင်း အင်ဒိုနီးရှားမိုးလေဝသဌာန (BMKG)က ဆိုပါတယ်။
ထိုဒေသတွေမှာ အင်ဒိုနီးရှားရှိလူဦးရေ သန်း ၂၀၀ ကျော်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း BMKG မှ လက်ထောက်ခေါင်းဆောင် 'အာဒေဆယ်နာဆိုပါဟယ်လူဝါကန်'က ပြောပြခဲ့ပါတယ်။
အယ်လ်နီညိုက ပေကျင်းမှ ရောမမြို့အထိ စံချိန်တင်အပူလှိုင်းများ ဖြစ်ပေါ်စေပြီး သစ်တောမီးလောင်ကျွမ်းမှု အန္တရာယ်များစေကာ စိုက်ပျိုးသီးနှံများကို ထိခိုက်စေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ GDP မှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍက ၁၄ ရာခိုင်နှုန်းနီးပါး ပတ်သက်နေကာ အလုပ်သမားအင်အား ၃ ပုံ ၁ ပုံခန့်က လယ်ယာစိုက်ပျိုးရေးမှာ လုပ်ဆောင်ကြကြောင်း အစိုးရအချက်အလက်များအရ သိရပါတယ်။
Source: CNA
#World_News
#YMG #Yangon_Times
Published_ 9 August 2023
ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ြသဂုတ် ၉ရက် (ယနေ့) နံနက် ၆နာရီတိုင်းထွာချက်အရသိရသည်။
အဆိုပါမြစ်ရေသည် နောက်၁ရက်(လာမည့် ၂၄နာရီ)အတွင်း ၂ပေခန့်အထိမြင့်တက်လာနိုင်ပြီး ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနကထုတ်ပြန်ထားသည်။
ယင်းကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း အကြံပြုထားသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published-8 August 2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးအဆင်းလမ်းတွင်Suzuki Carry ယာဉ်သည် ဘရိတ်ပေါက်၍ ၁၂ ဘီးကားအားဝင်တိုက်ခဲ့၍ လူ၁ ဦးသေ ၄ ဦးဒဏ်ရရှိမှု ဂုတ်လ ၈ရက်(ယနေ့) နံနက်ပိုင်းက ဖြစ်ခဲ့သည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၈ရက် နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က ပြင်ဦးလွင်မြို့နယ်၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိုးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၅၀/၂)တွင် Suzuki Carry (အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်၍ Nissan Diesel (၁၂) ဘီး (အပြာရောင်)ယာဉ်အား ဝင်ရောက်တိုက် မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက် မှုဖြစ်စဉ်ကြောင့် Suzuki Carry (အဖြူရောင်) ယာဉ်ပေါ်ပါ ကျား (၃)ဦး အနက် ကျား (၁)ဦး(သေဆုံး)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် Nissan Diesel (၁၂)ဘီး(အပြာရောင်)ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့၍ သန္တိသုခလူမူကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ယာဉ်တိုက် မှုဖြစ်စဉ်နေရာသို့ ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 9 August 2023
ဝန်ထမ်းတွေ ကွန်ပျူတာအသုံးပြုတဲ့အခါ ဘယ်အချိန်တွေမှာ အလုပ်အဖြစ်ဆုံးလဲ ဘယ်အချိန်တွေမှာ အလုပ်မဖြစ်ဆုံးလဲဆိုတာတွေကို တက္ကဆပ် A&M ပြည်သူ့ကျန်းမာရေးမှ လေ့လာခဲ့ပါတယ်။
ဒီအတွက် စာရိုက်နှုန်း၊ စာမှားရိုက်ခြင်း၊ မောက်စ်အသုံးပြုမှု စတာတွေကို လေ့လာခဲ့ပါတယ်။
စွမ်းအင်ကုမ္ပဏီကြီးတစ်ခုမှ ဝန်ထမ်း ၇၈၉ ဦးရဲ့ ကွန်ပျူတာအသုံးပြုခြင်းကို ၂ နှစ်တိုင် သုတေသီတွေ ဆန်းစစ်ခဲ့ကြပါတယ်။
ဒါ့အပြင် ရက်သတ္တပတ်အတွင်း နေ့အမျိုးမျိုးနဲ့ အချိန်အမျိုးမျိုးတို့မှာ ကွန်ပျူတာအသုံးပြုနှုန်းများကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
ထိုအခါ ဝန်ထမ်းများအလုပ်မဖြစ်ဆုံး အပျင်းရိဆုံးအချိန်ကတော့ သောကြာနေ့ နေ့လယ်အချိန်ဖြစ်နေပါတယ်။
အခြားရက်တွေမှာ ကွန်ပျူတာအသုံးပြုမှု များပေမယ့် သောကြာနေ့တွေမှာတော့ သိသိသာသာကျဆင်းသွားကြောင်း တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ'ထယ်ဟွန်ရို'က ပြောပြခဲ့ပါတယ်။
လူတွေက တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ စာရိုက်ခြင်း၊ မောက်စ်ရွေ့လျားခြင်း၊ အသုံးပြုခြင်း ပိုမိုပြုလုပ်တတ်ပေမယ့် သောကြာနေ့ဆိုရင် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
အမေရိကန်မှ ဝန်ထမ်းပေါင်း ၂ ထောင်ကျော်ကို ဖေဖော်ဝါရီလက စစ်တမ်းကောက်ယူရာမှာတော့ တနင်္လာနေ့ဟာ အလုပ်အဖြစ်ဆုံးနေ့ဖြစ်နေပါတယ်။
အမြန်နှုန်း၊ တိကျနှုန်းတို့ကို အလေးထားတဲ့ ဝန်ထမ်းတွေကတော့ နေ့တစ်နေ့ရဲ့ အစောပိုင်းမှာ ကောင်းစွာလုပ်ဆောင်နိုင်ပါတယ်။
နေ့လယ်အချိန်တွေမှာ တက်ကြွမှုနည်းပါးလာပြီး စာရိုက်ရာမှာ အမှားပိုများလာပါတယ်။
ထိုလေ့လာချက်က အလုပ်ရှင်တွေအနေနဲ့ သူတို့ရဲ့အလုပ်တွေကို ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်ရမလဲဆိုတာကို ချမှတ်နိုင်ဖို့ အကူအညီဖြစ်စေနိုင်မှာဖြစ်ပါတယ်။
အလုပ်တွေကို လိုက်လျောညီထွေဖြစ်အောင် စီမံနိုင်ခြင်းဖြင့် ကုမ္ပဏီတစ်ခုရဲ့ စွမ်းအင်သုံးစွဲမှု၊ အခန်းငှားရမ်းခတွေ သက်သာအောင် ပြုလုပ်နိုင်စွမ်းရှိကြောင်း တက္ကဆပ် A&M မှ လေ့လာမှတ်သားခဲ့ပါတယ်။
Source: NY Post
#World_Science
#YMG #Yangon_Times
Published_ 9 August 2023
မိမိမှာဆော်ဒီကလပ်အယ်အီတီဖတ်အသင်း၏နည်းပြဖြစ်နေသော်လည်း လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာကို လီဗာပူးအသင်းတွင် ဆက်လက်ကစားစေချင်ကြောင်း အင်္ဂလန် ဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်ကဖွင့်ဟပြောဆိုခဲ့သည်။
အခြား ဆော်ဒီ ကလပ်တစ်ခုဖြစ်သောအယ်လ်အီတီဟတ်အသင်းက ငွေကြေးမြောက် မြားစွာဖြင့် ကမ်းလှမ်းမည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီးဆာလာအနေဖြင့်ဖာမီနို၊ဟန်ဒါဆင်နှင့် ဖာဘင်ဟိုတို့ကဲ့သို့ဆော်ဒီလိဂ်တွင် သွားရောက် က စားမည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လျက်ရှိသည်။
ဆော်ဒီအစိုးရက ကျောထောက်နောက်ခံပေးထားသော လိဂ်ပြိုင်ပွဲတွင် ရော်နယ်ဒို၊ ဘင်ဇီးမား တို့ပြီးလျင် ဆာလာမှာလည်း ထိပ်တန်းအဆင့်ကစားသမားအဖြစ်ပြောင်းရွှေ့လာနိုင်သည်ဟု သုံးသပ်နေကြခြင်းဖြစ်သည်။
သို့ရာတွင် အင်တာဗျူးတစ်ရပ်၌ ဆာလာမှာ မိမိအကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်ပြီး လီဗာပူးမှာမိမိချစ်မြတ်နိုးသောကလပ်ဖြစ်သဖြင့် လီဗာပူးတွင်ဆက်လက်ကစား စေလိုကြောင်း ဂျရတ်ကဖြေကြားခဲ့သည်။
ဟန်ဒါဆင်ကိုခေါ်ယူခဲ့ခြင်းမှာမူ အယ် အီတီဖက်အသင်းကို ထိပ်တန်းအဆင့်တွင်ဦးဆောင်နိုင်သောခေါင်းဆောင်တစ်ဦး ရှိနေရန်လိုအပ်သဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
အခြားသတင်းတစ်ရပ်တွင်လီဗာပူးအသင်းကခေါ်ယူရန်ချိတ်ဆက်နေသော ကွင်းလယ်လူ လာဗီယာ အား ဆောက်သမ်တန်အသင်း၏လူစာရင်းမှဖယ်ရှားထားလိုက်ပြီး ကစားသမားမှာလည်းအလျင်အမြန်ပြောင်းရွှေ့လိုနေကြောင်းသိရသည်။
Ref ; This is Anfield
#World_Sport
#YMG #Yangon_Times
Published_ 9 August 2023
ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ် EG.5.1 ဟာ ကမ္ဘာတဝှမ်းမှာ ပျံ့နှံ့နေကြောင်း ကျန်းမာရေးပညာရှင်များ ပြောကြားလိုက်ပါတယ်။
ထိုမျိုးဗီဇကွဲကို ဇူလိုင် ၂၄ ရက်နေ့အထိ နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ တွေ့ရှိထားကာ အစ္စရေးလ်မှာ အနည်းဆုံး ၁၈ ဦးကူးစက်ထားပါတယ်။
ဗြိတိန်မှာလည်း ပိုမိုကူးစက်နေပြီး ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ကုသခံယူမှု ပိုမိုများပြားလာဦးမယ်လို့ ကျန်းမာရေးအရာရှိများက ဆိုလိုက်ကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဗိုင်းရပ်စ်ပညာရှင်တွေက ထိုမျိုးဗီဇကွဲကို 'အဲရစ်'လို့ အမည်ပြောင်ခေါ်နေကြပါတယ်။
ကူးစက်မှုများလာတာကြောင့် ဇူလိုင်အစောပိုင်းကတည်းက EG.5.1 ကို စောင့်ကြည့်လာခဲ့ကာ မတ်လမှာ ဦးဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၁၀ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေရဲ့ ၁၁.၈ ရာခိုင်နှုန်းဟာ EG.5.1 ဖြစ်ခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ ၁၄.၅၅ ရာခိုင်နှုန်း ရှိလာပါတယ်။
အာရှမှာ ၂၀ ရာခိုင်နှုန်း၊ ဥရောပမှာ ၁၀ ရာခိုင်နှုန်း၊ မြောက်အမေရိကမှာ ၇ ရာခိုင်နှုန်းအသီးသီးရှိခဲ့ကာ ထိုကဲ့သို့ကူးစက်မှုနှုန်းရှိတဲ့ ယခင်မျိုးဗီဇကွဲတွေဟာ ကူးစက်မှုလှိုင်းတွေ ဖြစ်ပေါ်ခြင်း မရှိခဲ့ဘူးလို့ UKHSA မှ မီဂန်ကောလ်က ပြောကြားခဲ့ပါတယ်။
"ယခုတစ်ပတ်အတွင်း ကိုဗစ်ကူးစက်မှုဆက်လက် မြင့်တက်နေပါတယ်။
အထူးသဖြင့် အသက်ကြီးပိုင်းတွေမှာ ဆေးရုံတက်ရောက်ရသူတွေ အနည်းငယ်များပြားလာပါတယ်။
အထူးကြပ်မတ်ဆောင်တွေမှာ ပိုပြီးလူနာများလာတာမျိုးတော့ မမြင်ရသေးပါဘူး။
ဆက်လက်စောင့်ကြည့်နေပါတယ်" လို့ UKHSA မှ ဒေါက်တာ'မယ်ရီရမ်ဆေး'က ပြောပြခဲ့ပါတယ်။
ဂျပန်မှာလည်း ၁၇ ပတ်ဆက်တိုက် ကူးစက်မှုမြင့်မားနေကာ ဆေးရုံတက်ရောက်မှု ၁၄ ရာခိုင်နှုန်း များပြားလာပါတယ်။
အမေရိကန်မှာ EG.5 က ကူးစက်မှုအများဆုံးဖြစ်နေပြီး ၁၇.၃ ရာခိုင်နှုန်းရှိနေကြောင်း၊ ဆေးရုံတက်ကုသခံယူရမှုလည်း မြင့်တက်နေကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)ကဆိုပါတယ်။
ကမ္ဘာတဝှမ်းမှာ စမ်းသပ်မှုများလျော့ကျလာတာကြောင့် မျိုးဗီဇကွဲအသစ်တွေကို စောင့်ကြည့်ရန် ခက်ခဲလာကြောင်း သိပ္ပံပညာရှင်များ စိုးရိမ်နေကြပါတယ်။
စိုးရိမ်စရာအကောင်းဆုံးက ပြီးခဲ့တဲ့ဆောင်းရာသီကလိုမျိုး ကိုဗစ်၊ တုပ်ကွေး၊ RSV တို့ တစ်ချိန်တည်းဖြစ်ပွားလာမှာကိုပဲ ဖြစ်ပါတယ်လို့ လန်ဒန်တက္ကသိုလ်ကောလိပ်မှ ပရော်ဖက်ဆာ'ခရစ္စတီးနားပေဂျယ်လ်'က ပြောကြားခဲ့ပါတယ်။
WHO မှ ကိုဗစ်-၁၉ နည်းပညာပိုင်းခေါင်းဆောင် 'မာရီယာဗန်ကာခို့ဗ်'က စောင့်ကြည့်ရေးနဲ့ သတင်းတင်ပြရေး၊ မျိုးဗီဇကွဲများ ခြေရာခံခြင်း၊ အဖြစ်များနိုင်တဲ့သူတွေမှာ ကာကွယ်ဆေးရရှိရေး၊ ဆက်သွယ်ရေးစတဲ့ ကဏ္ဍတွေ တည်ဆောက်ရန် တိုက်တွန်းလိုက်ပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times
Page 894 of 1775