#Daily_News
Published_ 18 January 2024
၁။ ပျူမြို့သရေခေတ္တရာအကြောင်းနှင့် ပျူအနုပညာရှင်၏ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းအကြောင်း ဇာတ်လမ်းတွဲရိုက်ကူးရန်ရှိ
၂။ ကုန်ကြမ်းဈေးမြင့်တက်ခြင်းအပြင် စားအုန်းဆီနေရာ၌ အစားထိုးသုံးစွဲလာခြင်းကြောင့် အော်ဒါမှာယူမှုများပြီး မြေပဲဆီဈေးနှုန်းများမြင့်တက်လာ
၃။ ကုန်စည်သယ်ယူခနှုန်းထားများ ပိုမိုမြင့်လာပြီး လမ်းခရီးအခြေအနေကြောင့် အချိန်မီမရောက်ရှိတာမျိုးများ ဖြစ်ပေါ်သည့်အတွက် အရောင်းဝယ်ပြုလုပ်သူများ အခက်တွေ့နေ
၄။ အိုကီနာဝါစီရင်စုတွင် အမေရိကန်စစ်အခြေစိုက်စခန်းကြီး ပြောင်းရွှေ့ဆောက်လုပ်ရေးကို ဒေသခံများအပြင်းအထန်ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မြန်မာမှာရှိတဲ့ရွှေနဲ့ပတ်သက်တဲ့ အတုံးအခဲဈေးကွက်က အခုချိန်မှာဝယ်တဲ့သူကလည်းဝယ်ပြီးသွားပြီ၊ ရောင်းစရာရှိတဲ့သူကလည်းပဲ ရောင်းပြီးသွားပြီ၊ ရွှေနဲ့ပတ်သက်ပြီးကိုင်လှုပ်လိုရတဲ့အချိန်မဟုတ်ဘူး၊ ရာသီလည်းမဟုတ်ဘူး၊ အဲ့တော့ရွှေဈေးကဒီကြားထဲမှာလုပ်လည်းလုပ်တဲ့သူပဲ အမောဖြစ်မယ်၊ ဒီကာလမှာတက်လည်းတစ်သောင်း၊ နှစ်သောင်း၊ ကျလည်းတစ်သောင်း၊ နှစ်သောင်းပဲ
#Local_News
Published_ 18 January 2024
#ရွှေတုံးရွှေခဲဈေးကွက်အေးနေ #ရွှေဈေးနှုန်းအတက်အကျနည်းပါးနိုင်
#YMG/NN #Yangon_Times
"ပြင်ပမှာငွေလိမ်လည်တာဟာ ငွေကြေးလိမ်လည်မှုအတွက် ပြဌာန်းထားတဲ့ ပုဒ်မ ၄၂၀နဲ့လည်း ငြိစွန်းနေသလို အွန်လိုင်းကနေ ငွေလိမ်ရင်တော့ ဆိုက်ဘာလုံခြုံရေးဥပဒေ ဆိုက်ဘာ Law အရလည်း အရေးယူနိုင်မှာဖြစ်တယ်" တရားလွှတ်တော်ရှေ့နေ
#Local_News
Published_ 18 January 2024
#အွန်လိုင်းနှင့်ဖုန်းများမှတစ်ဆင့်ငွေလိမ် #ငွေလိမ်နေသူများကိုအရေးယူနိုင်
#tthl #Yangon_Times
#Local_News
Published 18 January 2024
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမ စျေးဟောင်းအရှေ့နားတွင်ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံက သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၈ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရပ်ထားသည့် ကားနှစ်စီးကို မောင်းနှင်လာသည့် ကားကအရှိန်မထိမ်းနိုင်ဘဲဝင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသည့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာမှ လူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ အားမာန်လူငယ်ပရဟိတအသင်း (ရန်ကုန်)မှ ကူညီပို့ဆောင်ပေးခဲကြောင်း သိရသည်။
#Local_News #ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် #YMG/LW #Yangon_Times
စက်သုံးဆီဈေးနှုန်းများ မြင့်လာတဲ့အတွက် တနယ်မှ တနယ်သို့ ကုန်စည်ပို့ဆောင်ပေးရာမှာ ကုန်စည် သယ်ယူခနှုန်းထားတွေဟာ တစ်လနဲ့တစ်လပိုမိုမြင့်လာပြီး အချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အချိန်မီ ကုန်စည်မရောက်တာတွေပါရှိတဲ့အတွက် အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ အခက်အခဲဖြစ်နေတယ်လို့ အခြေခံစားသောက်ကုန်ရောင်းဝယ်တဲ့ ပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 18 January 2024
#ကုန်စည်သယ်ယူခနှုန်းများပိုမိုမြင့် #အရောင်းအဝယ်ပြုလုပ်သူများအခက်တွေ့
#YMG/LW #Yangon_Times
'တရုတ်လိုင်းအတွက် အဝယ်များပြားတာကြောင့် မြေပဲဆံဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပြီး တစ်လခွဲ အတွင်းတစ်ပိဿာကို ကျပ်၁၀၀၀ အထိမြင့်တက်လာခဲ့တာကြောင့်ပဲဆီ ၁၀ ပိဿာတစ်ပုံးကို တစ်သိန်းခွဲအထိဖြစ်လာပြီး အရင်လကထက်ကျပ် ၁၅,၀၀၀ အထိမြင့်တက်လာတယ်၊ ပဲဆီအော်ဒါကြိုမှာထားသူတွေကို ပေးကာနီးအချိန်မှာတော့ ကုန်ကြမ်းဈေးကွာဟတာကြောင့် တွက်ခြေကိုက်မှုနည်းပါးပြီးအခက်အခဲတွေရှိနေတယ်'
#Local_News
Published_ 18 January 2024
#စားအုန်းဆီနေရာ၌အစားထိုးသုံးစွဲ #မြေပဲဆံဈေးနှုန်းတွေမြင့်တက်
#YMG/ NN #Yangon_Times
"ပျူဘုရင်ကို လက်ဆောင်ပဏ္ဍာပို့တဲ့ သံအဖွဲ့မှာ ပါလာတဲ့ ကုန်သည်လေးနဲ့ ပျူအနုပညာရှင်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အခြေခံထားပြီး ပျူခေတ်သရေခေတ္တရာမြို့ရဲ့ ကြီးကျယ်ခမ်းနားပုံကို ပေါ်လွင်အောင်ရိုက်ကူးဖို့ရှိနေတယ်"
ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာဦးဇော်မြင့်ဦး
#Local_News
Published_ 18 January 2024
#ပျူ၊ သရေခေတ္တရာ #ဇာတ်လမ်းတွဲရိုက်
#tthl #Yangon_Times
#Local_News
Published 18 January 2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်မှုအရ သိရသည်။
နံနက် ၁နာရီ ဝန်းကျင်ခန့်က လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဉီးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကံသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁နာရီ ၄၀ မိနစ်ခန့်က မီးငြှိမ်းခဲ့ကြောင်း သိရသည်။
"ရွှေတောင်ရိုးကားဂိတ်ကားခြံမှာ လောင်တာ မီးလောင်ချိန်ကကြာပြီး မီးများတယ် လူထိခိုက်မိတယ်တော့ မကြားဘူး တန်ဆာပို့ရမယ့်ကုန်ပစ္စည်းတွေ မီးထဲပါသွားတယ်တော့ကြားတယ် သေချာတော့မသိဘူး"ဟု မြို့ခံပြည်သူတစ်ဦးကပြောသည်။ မီးလောင်သည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #ရေအေးကွင်းရပ်ကွက် #မီးလောင်မှုဖြစ် #YMG/LW #Yangon_Times
#Local_News
Published_ 18 January 2024
တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ 'ရတနာပုံတက္ကသိုလ်အသင်း' တံခွန်စိုက် ဒိုင်းဆုရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတိုက ပူးတွဲတတိယရရှိကြသည်။
တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံး နောက်ထိန်းကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်မင်းသန့်သူကိုလည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ကစားသမား ဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်အောင်ကိုလည်းကောင်း၊ အကောင်းဆုံးပင့်ထောင် ကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်နိုင်းနိုင်းအောင်ကိုလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်မျိုးကျော် ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတို့က ပူးတွဲတတိယရရှိခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအားကစားရုံတို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
#Local_News #ပိုက်ကျော်ခြင်းပြိုင်ပွဲ #'ရတနာပုံတက္ကသိုလ်အသင်း'တံခွန်စိုက်ဒိုင်းဆုရ #tthl #Yangon_Times
#Local_News
Published 18 January 2024
ရှေးဟောင်း Classic မော်တော်ယာဉ်များ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ မှတ်ပုံတင်ခြင်းများပြန်လည် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။
မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင် မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 Model နှင့် ၄င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကဲ့သို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သော ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်အား ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကာ ယခင် မှတ်ပုံတင်ထားခြင်းမရှိသော ရှေးဟောင်းယာဉ်များအား မှတ်ပုံတင်ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။
အဆိုပါ ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ ၆ လကာလအတွင်း ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များအား www.motc.gov.mm နှင့် www.myanmarrtad.com တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Local_News #ရှေးဟောင်းClassicမော်တော်ယာဉ် #မှတ်ပုံတင်ခြင်းများပြန်လည်ဆောင်ရွက် #YMG/ NN #Yangon-Times
#World_Health
Published 18 January 2024
ကြက်ဥမှာ ကိုလက်စ်ထရောလ် ပါဝင်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေကြား အကြံပြုချက် ကွဲလွဲနေကြပါတယ်။
အာဟာရပညာရှင်တစ်ဦးကတော့ ကြက်ဥကို ဘယ်လိုပြင်ဆင်စားသောက်လဲ ဆိုတဲ့အပေါ်မူတည်ပြီး ကွဲပြားတယ်လို့ ဆိုပါတယ်။
ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှ အသိအမှတ်ပြု အာဟာရပညာရှင် ဒေါက်တာ ကယ်လီယန်ပက်ထရူချီက ကြက်ဥမှာ ရိုင်ဘိုဖလေဘင်၊ သံဓာတ်၊ ဇင့်၊ ဖော့စ်ဖရပ်စ်၊ ဖောလိတ်၊ ကိုလင်းနဲ့ ဗိုက်တာမင်များ ပါဝင်တယ်လို့ ဆိုပါတယ်။
ကိုလင်းစားပေးရင် စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ကျဆင်းခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ကြက်ဥက ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရောလ်ကို သိပ်ပြီးမသက်ရောက်ဘူးလို့ ဆိုလိုက်ပါတယ်။
အချို့သုတေသနတွေကို နှိုင်းယှဥ်ကြည့်ရာမှာ ကြက်ဥအလွန်အကျွံ စားသုံးရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေမြင့်စေတာကြောင့် တော်သင့်ရုံသာ စားသုံးသင့်ပါတယ်။
ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လို အရာတွေနဲ့ တွဲဖက်ရင်တော့ မူလကတည်းက အဆီဓာတ်နဲ့ ဆိုဒီယမ်ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ကြက်ဥကို ဟင်းချက်ဆီတွေနဲ့ ပြင်ဆင်စားသုံးတာက ကျန်းမာရေးအန္တရာယ် ပိုရှိနိုင်တာကြောင့် မြက်စားနွားတွေထံမှရတဲ့ ထောပတ်တို့ဖြင့် ချက်ပြုတ်စားသုံးသင့်တယ်လို့ ပက်ထရူချီက အကြံပြုလိုက်ပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးကောင်းတဲ့ လူတွေဟာ တစ်ပတ်ကို ကြက်ဥ ၇ လုံးအထိ ဘေးကင်းစွာစားသုံးနိုင်တယ်လို့ ပညာရှင်များ အကြံပြုထားပါတယ်။
အမေရိကန်နှလုံးအဖွဲ့အစည်းမှ ဂျာလင်ဂျုန်းစ်က ကြက်ဥဟာ အာဟာရဓာတ်များစွာပါဝင်တဲ့ အစားအစာဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုက်တာမင်အများအပြားနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် မျက်လုံး၊ နှလုံးအတွက် ကျန်းမာရေးကောင်းမွန်စေတယ်လို့ ရှင်းပြသွားပါတယ်။
#World_Health #ကျန်းမာရေးဆိုးရွားစွာထိခိုက်စေ #ကြက်ဥ #Source: New York Post
#Local_News
Published_ 18 January 2024
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄) ဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဉီးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြားဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများတိုးမြှင့် ဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် အိန္ဒိယနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
#Local_News #အိန္ဒိယနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ #နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက် #Ymg_mnn #Yangon_Media_Group
Page 891 of 2004