#Local_News
Published 02 December 2023
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသား အများစုပါဝင်သော စုစုပေါင်း လူ ၁၂၁ ဦးကို ဒီဇင်ဘာ ၁ ရက်မှာ မြန်မာနိုင်ငံကနေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။
မလေးရှားနိုင်သားအများစုနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးပါဝင်သည့် ယင်းအဖွဲ့သည်အွန်လိုင်းမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိမည်ဟုဆိုကာ မက်လုံးပေးခေါ်ယူခံရသူ အများစု ပါဝင်သူများဖြစ်ပြီး ယမန်နေ့မနက်ပိုင်းက ကွာလာလမ်ပူလေဆိပ်ကို အထူးစီစဉ်ထားသည့် လေယာဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရောက်ရှိလာခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
မြန်မာ-တရုတ်နယ်စပ်မှာ နိုဝင်ဘာ၃၀ရက် နံနက်ပိုင်းကစတင်ပြီး ရွှေ့ပြောင်းရေး ခရီးစဉ်ကို နိုင်ငံပေါင်းစုံက ပူးပေါင်းဆောင်ရွက်မှုများ၊ ခွင့်ပြုချက်များနှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လက်ရှိ အမိမြေကို ပြန်လည်ခေါ်ယူနိုင်ခဲ့သည့် အဖွဲ့တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့၌ ပိတ်မိနေသူ ၁၂၈ ဦးအတွင်း၌ အပါအဝင်ဖြစ်ကြောင်း
သိရသည်။
ထို့အပြင်မလေးရှားအစိုးရသည် တိုးတက်မှုအခြေအနေများကို စောင့်ကြည့်နေမည်ဖြစ်သကဲ့သို့ ကယ်တင်ခြင်းမခံခဲ့ရသည့် ကျန်ခုနစ်ဦးကို ကယ်ထုတ်နိုင်ရန်အသင့်ရှိကြောင်းလည်း မလေးရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mohamad Alamin က ပြောကြားသည်။
#Local_News #လောက်ကိုင်တွင်ပိတ်မိနေ #မလေးရှားနိုင်ငံသား ၁၂၀ ကျော် #YMG NN #Yangon_Times
#Local_News
Published 02 December 2023
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်အနီးဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့သလို ချင်းပြည်နယ်ဟားခါးအနီး ဘင်္ဂလားဒေ့ရှ်၌လည်း ဗဟိုပြုပြီး ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၀၆) မိနစ်၊ (၄၅) စက္ကန့်အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကွတ်ခိုင်မြို့၏ မြောက်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၉၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖော်ပြထားသည်။
ဒီဇင်ဘာလ (၂) ရက်နေ့ မနက် (၁၀)နာရီ၊ (၀၅)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၁၇၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Bangladesh)၊ မြောက်လတ္တီတွဒ် (၂၃.၂၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၀.၉၂)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၅.၉) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း လည်းဖော်ပြထားသည်။
၂၀၂၃ခုနှစ်အတွင်း ပြတ်ရွေ့ကြောများရှိသော ရန်ကုန်၊ပဲခူး၊မန္တလေးစသည့်ဒေသများအပြင် ပြတ်ရွေ့ကြောငယ်များရှိသည့် ဒေသအနှံ့ ငလျင်ကြီး ငယ်များလှုပ်ခတ်မှုများခဲ့ပြီး တစ်ကျော့ပြန် ငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန် မြေငလျင်ဌာနခွဲမှသတိပေးထားကြောင်း သိရသည်။
#Local_News #ကွတ်ခိုင်အနီး(၄.၈)အဆင့်ငလျင်လှုပ် #tthl #Yangon _Times
#World_News
Published 02 December 2023
တောင်ကိုရီးယားဟာ ယင်းတို့ရဲ့ ပထမဆုံးစပိုင်ဂြိုဟ်တုကို ကယ်လီဖိုးနီးယား Vandenberg အာကာသအခြေစိုက်စခန်းမှ ပစ်လွှတ်လိုက်တဲ့ SpaceX Falcon 9 ဒုံးပျံပေါ်ကနေ သောကြာနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
ဒါဟာ ရန်သူတော်ကြီး မြောက်ကိုရီးယားဘက်မှ အလားတူ စပိုင်ဂြိုဟ်တု လွှတ်တင်ပြီး ရက်ပိုင်းအကြာမှာပဲ တောင်ကိုရီးယားဘက်ကလည်း လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
အင်အားပြင်းဒုံးပျံ ပစ်လွှတ်ပြီး တစ်နာရီကျော်ကျော်မှာပဲ ဂြိုဟ်တုဟာ ပတ်လမ်းကြောင်းသို့ ရောက်ရှိခဲ့ပါတယ်။
SpaceX က တောင်ကိုရီးယားရဲ့ တောင်းဆိုချက်အတိုင်း လွှတ်တင်မှုရဲ့ တိုက်ရိုက်ပြသမှုနဲ့ ပတ်သက်ပြီး ဒုံးပျံကနေ ခွဲထွက်သွားပြီးနောက်ပိုင်း ဒုတိယအဆင့်ကို မပြသခဲ့ပါဘူး။
ပြည်ပမှ မြေပြင်စခန်းတစ်ခုနဲ့ ဆက်သွယ်ရေး အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပြီလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ခြင်းဖြင့် စစ်တပ်ဟာ အခြားနိုင်ငံတွေကို အားကိုးစရာမလိုဘဲ ထောက်လှမ်းရေးနဲ့ စောင့်ကြည့်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်တဲ့ စွမ်းရည်ရရှိထားပြီလို့ ဆိုပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ယှဥ်ပြိုင်ရာမှာလည်း အားသာချက်ရရှိစေလိမ့်မယ်လို့ ဆိုပါတယ်။
သောကြာနေ့က ဂြိုဟ်တုလွှတ်တင်ခြင်းဟာ SpaceX က ၂၀၂၅ အထိ လွှတ်တင်ရန် စာချုပ်ချုပ်ဆိုထားတဲ့ ဂြိုဟ်တု ၅ ခုထဲက ပထမဆုံးတစ်ခု ဖြစ်လာပါတယ်။
တောင်ကိုရီးယားက လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုကို 425 Project EO/IR လို့ခေါပြီး အလေးချိန် ၈၀၀ ကီလိုဂရမ်ရှိပါတယ်။
အနီအောက်ရောင်ခြည်နဲ့ အီလက်ထရိုအလင်းဆိုင်ရာ စွမ်းရည်များ ပါရှိပါတယ်။
ဒါ့အပြင် ထူထပ်နေတဲ့ တိမ်တွေနဲ့ ညအမှောင်ကို ဖြတ်သန်းပြီး မြင်ရနိုင်တဲ့ ရေဒါစနစ်လည်း ပါရှိပါတယ်။
ယခင်က တောင်ကိုရီးယားဟာ ဂြိုဟ်တုထောက်လှမ်းခြင်းနဲ့ ပတ်သက်ပြီး အမေရိကန် မဟာမိတ်တွေကို အားကိုးနေခဲ့ရပေမယ့် မြောက်ကိုရီးယားမှ ဂြိုဟ်တုလွှတ်တင်ပြီးနောက် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ လိုအပ်လာပါတယ်။
မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ပြီးနောက် ခေါင်းဆောင်ကင်မ်ဂျုံအန်းဟာ ဆိုးလ်မြို့တော်၊ အိမ်ဖြူတော်၊ ပင်တဂွန်တို့ကို ဂြိုဟ်တုမှရိုက်ကူးရရှိတဲ့ ပုံရိပ်တွေကို ကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင် ရန်သူတွေရဲ့ ရန်စမှုတွေကို တုန့်ပြန်ရန် စစ်တပ်ကိုအသင့်အနေအထား ပြင်ခိုင်းထားပြီး တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက်မှာ လက်နက်အသစ်များ၊ တပ်အင်အားများ အားဖြည့်နေရာချထားပါတယ်။
#World_News ##မြောက်ကိုရီးယား #စပိုင်ဂြိုဟ်တုလွှတ်တင် #တောင်ကိုရီးယား #Source: WION
#Local_News
Published 02 December 2023
အွန်လိုင်းဈေးရောင်းချမည့်သူများ အနေဖြင့် မှန်ကန်စွာမှတ်ပုံတင်နိုင်စေရန်အတွက်ရည်ရွယ်ပြီး eComReg System အသုံးပြုနည်းသင်တန်းကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခြင်းဖြစ်ပြီး virtual အွန်လိုင်း zoom စနစ်နဲ့ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်သည်။
ယင်းသင်တန်းတက်ရောက်ခြင်းအားဖြင့် eComReg System ကိုအသုံးပြုပြီး မိမိတို့အွန်လိုင်း ဈေးရောင်းသည့် လုပ်ငန်းအတွက် ကိုယ်တိုင်မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး အချက်အလက် ဖြည့်သွင်းမှုမှန်ကန်အောင် သင်တန်းမှပို့ချပေးမည်ဟုဆိုသည်။
အဆိုပါ သင်တန်းတက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာများကို နိုဝင်ဘာ ၃၁ ရက်မှ ဒီဇင်ဘာလ ၈ ရက်အထိလျှောက်ထားနိုင်ပြီး သတ်မှတ်လူဦးရေပြည့်ပါက နောင်ဖွင့်လှစ်မည့် သင်တန်း၌တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်လိုသူများအနေဖြင့်
#Local_News #eComReg System #သင်တန်းအခမဲ့ဖွင့်လှစ်မည် #tthl #Yangon _Times
Published 02 December 2023
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေရုံမက မျက်လုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေး စင်တာက ဆိုပါတယ်။
ကမ္ဘာတဝှမ်းမှာ အမြင်အာရုံချို့ယွင်းမှု အမျိုးမျိုးကို ခံစားနေရသူပေါင်း ၂၈၅ သန်း ရှိတယ်လို့ သိရပါတယ်။
မျက်လုံးရောဂါများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းကတော့ မျက်စိညောင်းညာမှုကို သက်သာစေမယ့် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ မျက်လုံးရောဂါများ ပိုမိုဖြစ်ပွားလာနိုင်ပြီး အမြင်အာရုံဆုံးရှုံးနိုင်လောက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။
မျက်လုံးပြဿနာများ ခံစားနေရသူတွေတောင်မှ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပြီးနောက် တိုးတက်မှုများရှိလာပြီး ဝေဒနာများ သက်သာလာတယ်လို့ ပြောလာကြပါတယ်။
ဒါ့အပြင် မျက်လုံးစိုစွတ်မှုကို ပိုမိုထိန်းသိမ်းနိုင်ပြီး မျက်လုံးခြောက်ခြင်း ပြဿနာကိုလည်း သက်သာစေနိုင်ပါတယ်။
တစ်ပတ်ကို လေ့ကျင့်ခန်း အနည်းဆုံးငါးကြိမ် ပြုလုပ်သူတွေဟာ မလုပ်တဲ့သူတွေထက် မျက်ရည်ထုတ်လုပ်မှု ပိုမိုသာလွန်ကြောင်း တွေ့ရှိထားပါတယ်။
မျက်လုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်နိုင်မယ့် အကြံပြုချက်တွေကတော့..
- ကြားရက်တွေမှာ မိနစ် ၃၀ မျှ ပိုင်းခြားပြီး လုပ်နိုင်သလောက် အချိန်ဇယားဖြင့် စတင်သတ်မှတ် လုပ်ဆောင်သင့်ပါတယ်။
- အဖော်ရှာပြီး လေ့ကျင့်ခန်းတွေကို အတူပြုလုပ်ပါက စိတ်ခွန်အား မြှင့်တင်ပေးနိုင်ပါတယ်။
- အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ရန် အပြင်ထွက်ပါက နေကာမျက်မှန်တပ်သင့်ပြီး ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းနေရာတွေမှာ မျက်လုံးကာကွယ်ရေး ကိရိယာတွေ တပ်ဆင်သင့်ပါတယ်။
- ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကျန်းမာရေးကိုသာမက မျက်လုံးဆိုးရွားစွာ ထိခိုက်ခြင်းနဲ့ အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
- မိသားစုထဲမှာ မျက်လုံးရောဂါဖြစ်ဖူးသူတွေရှိရင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါတယ်။
- အသက် ၄၀ အရွယ်မှာ မျက်လုံးစစ်ဆေးမှု ပြုလုပ်သင့်ပြီး အသက် ၆၅ နှစ်ကျော်လာရင်တော့ နှစ်စဥ်စစ်ဆေးသင့်ပါတယ်။
Source: India Today
#World_Health
#Published 02 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
#Local_News
Published_ 2 December 2023
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးက စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် အလုပ်အကိုင်အခွင့်အလမ်း ၇၀၀ ကျော်ရရှိမည့် လုပ်ငန်းသစ် ၃ ခု ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။
နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပတဲ့အစည်းအဝေးသို နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ပြီး ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးတွင် စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတိုမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်၃ ခုကို ခွင့်ပြုပေးခဲ့တာဖြစ်ပြီး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၀ဒသမ၁၈၀ သန်းနှင့် ငွေကျပ် ၃၁၃,၀၉၂ဒသမ၉၇၀ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၇၄၄ ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၂၈ဒသမ၄၉ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ဒသမ၄၄ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်း ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ တင်ပြ လာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိပါတယ်။
#Local_News #စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ #မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် #ymg_mnn #Yangon_Media_Group
#Local_News
Published_ 2 December 2023
ဗီယက်နမ်နိုင်ငံ၌ နိုဝင်ဘာ (၂၅)ရက်မှ(၃၀)ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ 7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ (၅၁) ကီလိုတန်းအတိုက်ပြိုင်ပွဲ နှင်းသက်ဝေ က ရွှေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး နိုဝင်ဘာ(၃၀)ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၉)ခု၊ စုစုပေါင်းဆုတံဆိပ် (၁၄)ခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်းသိရပါတယ်။
မြန်မာအသင်းအနေဖြင့် Male multiple training-01male athlete defends against 03 others with wespon ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ Cross form female ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်းက ကြေးတံဆိပ်(၁)ခု၊ One female athlete defense against 3 male athlete with weapon ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော်၊ ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ် (၁)ခု ရရှိခဲ့ပါတယ်။
ထို့ပြင် Pair knife form male ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ Pair machete form male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့်ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ်(၁)ခု ရရှိခဲ့ပါတယ်။
Male yin Yan sword form team 4 ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁)ခု ထပ်မံရရှိခဲ့ပြီး၊ ၅၄ ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက် ကြေးတံဆိပ်ဆု(၁)ခု၊ female self-defense (အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲ ကြေးတံဆိပ်ဆု(၁)ခု၊ pair sword form male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင် တို့အတွဲ ကြေးတံဆိပ်ဆု(၁)ခု၊ ying yang sword form male ပြိုင်ပွဲတွင် ဟိန်းထက်အောင် ကြေးတံဆိပ်ဆု(၁)ခု၊ ying yang sword form female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင် ငွေတံဆိပ်ဆု(၁)ခု ရရှိခဲ့ပါတယ်။
Four element staff form ပြိုင်ပွဲ၌ တင်ထူးဇော် ငွေတံဆိပ်(၁)ခုနှင့် 3male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိန္ဒြေဖူးတို့က ငွေတံဆိပ်(၁)ခု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
#Local_News #ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံပြိုင်ပွဲ #ရွှေတံဆိပ်(၂)ခု #ဆုတံဆိပ်ပေါင်း(၁၄)ခုရရှိ #ymg_mnn #Yangon_Media_Group
Published 02 December 2023
နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ရရှိတဲ့ ဗိုက်တာမင်ဒီက ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။
အရိုးနဲ့သွား ကျန်းမာရေး၊ ရောင်ရမ်းခြင်း၊ ကိုယ်ခံအားစနစ်တို့ကို ထိန်းသိမ်းဖို့အတွက် မရှိမဖြစ်အရာ ဖြစ်ပါတယ်။
အမေရိကန် အနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းမှ လေ့လာချက်ပြုလုပ်ရာမှာ နှလုံးကျန်းမာရေး ပြဿနာရှိနေတဲ့ လူ ၆၃၂ ဦးကို စမ်းသပ်ခဲ့ပြီး လူအများစုဟာ လိုအပ်တဲ့ ဗိုက်တာမင်ဒီ အလုံအလောက်ရရှိဖို့ ဖြည့်စွက်စာတွေ များစွာသုံးစွဲနေရကြောင်း တွေ့ရှိခဲ့ပါတယ်။
အစောပိုင်း လေ့လာချက်များအရ ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းနဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေတို့ကြား ဆက်စပ်မှုကို တွေ့ရှိထားပါတယ်။
ဗိုက်တာမင်ဒီဟာ အစားအစာတွေနဲ့ ဖြည့်စွက်စာတွေကနေလည်း တွေ့ရှိနိုင်ပါတယ်။
အရိုးဖွဲ့စည်းမှုအတွက် အလွန်အရေးကြီးကာ အရိုးတစ်ရှူးများ ကြီးထွားသန်မာစေရန် ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တို့ကို အားဖြည့်ပေးပါတယ်။
ဗိုက်တာမင်ဒီအများစုကို အသားအရေနဲ့ နေရောင်ခြည် ထိတွေ့ချိန်မှာ ရရှိတာဖြစ်ပြီး အဆီဆဲလ်တွေထဲမှာ ထိန်းသိမ်းထားပါတယ်။ ဗိုက်တာမင်ဒီ နည်းပါးနိုင်ခြေရှိတဲ့ သူတွေကတော့ မသန်မစွမ်းလူနာများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မြောက်နဲ့ တောင်ဝင်ရိုးစွန်းတို့မှာ နေထိုင်တဲ့သူများ ဖြစ်ပြီး အရိုးသိပ်သည်းဆ လျော့နည်းခြင်းနဲ့ အရိုးကွဲအက်ခြင်းတို့လည်း ဖြစ်နိုင်ခြေများပါတယ်။
အသားညိုသူတွေဟာ ခရမ်းလွန်ရောင်ခြည် စုပ်ယူမှုအားနည်းတာကြောင့် ဗိုက်တာမင်ဒီရရှိမှု နည်းပါးတတ်ပါတယ်။
နွေရာသီလိုကာလမျိုးမှာ ၁၀ မိနစ်ခန့် နေရောင်ခြည်ထိတွေ့ခြင်းဖြင့် လိုအပ်တဲ့ ဗိုက်တာမင်ဒီပမာဏ ရရှိနိုင်ပါတယ်။
ဆောင်းရာသီလို ချမ်းအေးတဲ့အချိန်မှာတော့ နေ့ခင်းဘက်မှာ အချိန် ၂ နာရီလောက် နေရောင်ခြည်ထိတွေ့မှသာ လိုအပ်တဲ့ ပမာဏရရှိမှာ ဖြစ်ပါတယ်။
ကလေးငယ်များ အရိုးဖွံ့ဖြိုးတဲ့အချိန်မှာ ဗိုက်တာမင်ဒီ လုံလောက်စွာ ရရှိဖို့အရေးကြီးပြီး ချို့တဲ့ပါက အရိုးပျော့ခြင်း၊ ခြေခွင်ခြင်းတို့အထိ ဖြစ်တတ်ပါတယ်။
ဗိုက်တာမင်ဒီ ခဏတာချို့တဲ့ခြင်းက ရောဂါအပြင်းအထန် မဖြစ်တတ်ပေမယ့် ကြာရှည်စွာ ချို့တဲ့ပါက ကယ်လ်စီယမ်ချို့တဲ့ခြင်း၊ ဟော်မုန်းမညီမျှခြင်းတို့ ဖြစ်တတ်ပါတယ်။
ထိုကနေ အရိုးကြွပ်ဆတ်ခြင်း၊ အရိုးပွခြင်း၊ ကြွက်သားအားနည်းခြင်း၊ အဆစ်အမြစ်တောင့်တင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
ကာလကြာရှည်စွာ ဗိုက်တာမင်ဒီ ချို့တဲ့လာတဲ့အခါ ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ကင်ဆာရောဂါအချို့၊ အာရုံကြောရောဂါများ၊ ရောဂါကူးစက်မှုများ၊ ကိုယ်ဝန်ဆောင်အခက်အခဲများ ဖြစ်လာနိုင်ပါတယ်။
ဗိုက်တာမင်ဒီပါဝင်တဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်၊ မက်ကရယ်၊ တူနာငါးများ၊ ကြက်ဥအနှစ်၊ ဒိန်ခဲ၊ အမဲသားအသည်း၊ မှိုများ၊ နို့၊ ကွေကာ၊ ဖျော်ရည်များ ဖြစ်ပါတယ်။
Source: New York Post
#World_Health
#Yangon_Times #YMG_News #Yangon_Media_Group
ဒါဟာ ပိုင်ဆိုင်ခွင့်အတွက် တောင်းဆိုတာမဟုတ်ဘဲ ပြန်လည်ပေါင်းစည်းခြင်းသဘောသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
#World_Culture
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
၁ ဒီဇင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ မြန်မာနိုင်ငံ တပ်မတော်(ရေ) စစ်ရေယာဉ်များ ပူးပေါင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများဆောင်ရွက်မှု
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ
၁-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်များကို အားပေးလုပ်ဆောင်နေမှုများ
တိူ့နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
#Published 01 December 2023
၁။ စက်သုံးဆီ ဓါတ်ဆီ တစ်လီတာ ကျပ် ၃၀၀ ကျော် ဈေးမြင့်တတ်
၂။ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်အနီး ဘင်္ဂလားပင်လယ်အော်ထဲ၌ ဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်၊ မြန်မာပြည်ထဲတော့ မဝင်နိုင်ဟုခန့်မှန်း
၃။ မူဆယ်၌ ပုဂ္ဂလိကဆန်ဆိုင်အချို့နှင့် နယ်စပ်ကုန်သွယ်ရေးမှ ဆန်များလျော့ဈေးဖြင့် ရောင်းချပေးနေပြီး တရုတ်မှ စက်သုံးဆီနှင့် စားကုန်များကို အားပြုနေရဟုဆို
၄။ အင်္ဂလိပ်တို့ ကိုလိုနီချဲ့စဥ်သိမ်းယူခဲ့ကာ ဗြိတိန်ပြတိုက်၌ ပြသထားသော အမွေအနှစ်ပစ္စည်းများကို ပြန်လည်အပ်နှံရန် နိုင်ငံအများ အပြားတောင်းဆိုလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
တောင်ငူခရိုင်အတွင်းရှိ တိုက်ပွဲတွေကြောင့် ဘုရားဝန်းများ ဘုန်းတော်ကြီးကျောင်းတွေမှာ လာရောက် စစ်ဘေးရှောင် နေထိုင်သူတွေ အနေနဲ့ ယခင်နေရပ်ကို ပြန်သွားကျသလို အချို့မှာလဲ ဘေးကင်းရာ ဆွေမျိုးများစီ သွားရောက်နေထိုင် ကျတယ်လို့ ဒေသခံများထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Page 888 of 1932