Published 23 April 2024
ကိုယ်အလေးချိန် ထိရောက်စွာချဖို့အတွက်ဆိုရင် ကယ်လိုရီကို နည်းနည်းစားပြီး များများလောင်ကျွမ်းပေးဖို့ လိုအပ်ပါတယ်။
ကိုယ်အလေးချိန်ကျရန် အကူအညီဖြစ်စေတဲ့ အစားအစာများစွာထဲကမှ နွေရာသီနဲ့ ကိုက်ညီတာကတော့ သခွားသီးဖြစ်ပါတယ်။
 
သခွားသီးက ကိုယ်အလေးချိန် ကျစေရန် ဘယ်လိုကူညီပေးသလဲဆိုတော့ .. 
 
(၁) ကယ်လိုရီနည်းပါးခြင်း 
သခွားသီးတစ်ခွက်မှာ ကယ်လိုရီ ၁၆ ဂရမ်ခန့်သာ ပါဝင်ပြီး အပူအပင်မရှိ စိတ်ချစွာ စားသုံးနိုင်ပါတယ်။ 
 
(၂) ရေဓာတ်မြင့်မားခြင်း 
ရေဓာတ်ဖြည့်ပေးရုံသာမက ကိုယ်အလေးချိန် ကျစေရန် ကူညီပေးကာ ဆာလောင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ 
 
(၃) အမျှင်ဓာတ်ကြွယ်ဝခြင်း 
အမျှင်ဓာတ်က ဗိုက်ပြည့်ဝနေစေတာကြောင့် နောက်ထပ် ကယ်လိုရီမစားဖြစ်အောင် ကာကွယ်ပေးပါတယ်။ 
 
အခြားအကျိုးကျေးဇူးများအနေဖြင့် 
-        အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ခြင်း 
-        ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်း 
-        ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ခြင်း 
-        သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးခြင်း 
-        ရောင်ရမ်းခြင်းမှ ကာကွယ်ပေးခြင်း
Source: DoctorNDTV 
#World_Health 
#Published_ 23 April 2024
#YMG_News #Yangon_Times #Yangon_Media_Group