နိုင်ငံပေါင်း(41)နိုင်ငံယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ ခင်ချယ်ရီသက်ဟာ အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲမှာ Vietnam နဲ့ ယှဉ်ပြိုင်ကစားရာ ရမှတ်(၄/၂)နဲ့ ပထမဆုတံဆိပ်ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁)ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်
#Local_News
Published_ 27 November 2023
#မြန်မာအားကစားမယ် #ကမ္ဘာ့အဆင့်(၁)ရရှိ
#tthl #Yangon_Times
မူဆယ်- မန္တလေးယာဉ်စီးခဈေးနှုန်းများခုန်တက်နေပြီး နမ္မတူလမ်းပိတ်ထားသောကြောင့် လွယ်ဂျယ်လမ်းပိုင်းအား အသုံးပြု၍ ဆက်လက်ပြေးဆွဲပေးနေ
'မူဆယ်ကနေမန္တလေးကို ယာဉ်စီးခကျပ် သုံးသိန်းရှစ်သောင်းနဲ့ မန္တလေးကနေ မူဆယ်ကိုကျပ်သုံးသိန်းခွဲအထိဈေးနှုန်းရှိနေပြီး တစ်ချို့ကတော့ကျပ်လေးသိန်းခွဲအထိဈေးခေါ်နေတယ်'
#Local_News
Published_ 27 November 2023
#မူဆယ်- မန္တလေးယာဉ်စီးခဈေးနှုန်းများတက် #လွယ်ဂျယ်လမ်းပိုင်း
#YMG/NN #Yangon_Times
စားနပ်ရိက္ခာပြတ်လပ်မှုနဲ့တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာရှိတဲ့ ပြည်တွင်းရွှေ့ပြောင်း လုပ်သားတွေ အပါအ၀င် ပြည်သူအများစုဟာမြို့ကို စွန့်ခွာလာမှုများလာတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
#Local_News
Published_ 27 November 2023
#လောက်ကိုင်တွင်ပိတ်မိနေ #ပြည်တွင်းရွှေ့ပြောင်းလုပ်သား
#YMG/LW #Yangon_Times
"နိုဝင်ဘာလကုန်ပိုင်းမှာ ဒေသအသီးသီးမှာ အေးဖို့ရှိနေရာမှ လေဖိအားနည်းရပ်ဝန်းကြောင့်အအေးပြန်ပေါ့သွားမှာဖြစ်ပြီး မိုးနည်းနည်းရွာမှာဖြစ်တယ်"
#Local_News
Published_ 27 November 2023
#လေဖိအားနည်းရပ်ဝန်း #တနင်္သာရီတိုင်းမိုးအနည်းငယ်ရွာ
#tthl #Yangon_Times
#Local_News
Published 27 November 2023
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ပစ္စည်းများ တင်လာသည့်ကားအတွင်းပုန်းပြီး လိုက်လာသည့် မြန်မာ အလုပ်သမား ၂၆ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရ သိရသည်။
နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် တာခ်ခရိုင်ရှိ ဟွာအိုင်းဟင်းဖွန် စစ်ဆေးရေးဂိတ်တွင် မဲဆောက်မြို့မှ မောင်းနှင်းလာသည့်ပစ္စည်းများ တင်လာသည့်ကားပေါ်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာအလုပ်သမား ၂၆ ဦးတို့ကိုစစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
စစ်ဆေးမေးမြန်းချက်အရ ယင်းအလုပ်သမားများကို ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးရမည်ဖြစ်ကာ ထိုင်းယာဉ်မောင်းသူကိုတစ်ဦးလျှင် ဘတ် ၁၅၀၀၀ ထိပေးရကြောင်း သိရသည်။
အဆိုပါ အဖမ်းခံရသည့် မြန်မာအလုပ်သမား ၂၆ဦးကို မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းမှု များ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းဥပဒေအရ အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာအလုပ်သမား၂၆ဦး #ထိုင်းအာဏာပိုင်များဖမ်းဆီး #YMG/LW #Yangon_Times
#Local_Sport
Published_ 27 November 2023
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် (JFA) ပူးပေါင်းစီစဉ်သည့် Football Coaching Seminar 2023 ကို လာမည့် နိုဝင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ Seminar ကို JFA Deputy Technical Director Mr. Ono Takeshi၊ JFA Physical Fitness Project Leader Mr. Kanno Atsushi နှင့် JFA Secretariat member Mr. Fukushima Hirotaka တို့က နည်းစနစ်ပိုင်းဆိုင်ရာများ၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာများကို စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲကို သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အမျိုးသမီး/အမျိုးသား အသင်းများမှ နည်းပြဆရာများ၊ မြန်မာနေရှင်နယ်လိဂ်နှင့် လိဂ်-၂ မှ နည်းပြဆရာများ၊ အမျိုးသမီးလိဂ် ကလပ်အသင်းနည်းပြများ၊ ရန်ကုန်၊ မန္တလေးဘောလုံးအကယ်ဒမီများမှ နည်းပြဆရာများ တက်ရောက်ကြမည်။
ဂျပန် ဘောလုံးအဖွဲ့ချုပ် သည်မြန်မာ့ ဘောလုံး အဆင့်အတန်းမြင့်မားရေး အစီအစဉ်အဖြစ် ယင်းအလုပ်ရုံဆွေးနွေးပွဲကို လာရောက်ကျင်းပခြင်းဖြစ်သည်။
#Local_Sport #ဂျပန်ဘောလုံးအဖွဲ့ချုပ် #မြန်မာနည်းပြများထံမျှဝေ #JFA_Seminar #Yangon_Times #YMG_News
#Local_News
Published 27 November2023
ဗိုလ်တထောင်စေတီတော်၌(၃၉) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင် ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကိုနိုဝင်ဘာ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဉီးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ အခမ်းအနားကို " နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဉီးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဉီးစေတီတော်၊ အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်းမှ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပေးပြီး (၃၉) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲ အခမ်းအနားကို "ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဉီးစိုးသိန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ထွန်းလူ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး၊ ဉီးဗိုလ်ဌေး ၊ သယံဇာတရေးရာဝန်ကြီး၊ ဉီးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ၊ ဉီးမောင်မောင်သန်း၊ အတွင်းရေးမှူး ဉီးညီညီမင်း၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ဒုတိယပါချုပ်( စီမံ) ဉီးစိန်မော်နှင့် ဗိုလ်တထောင်စေတီတော် အလှည့်ကျသဘာပတိ ဒေါက်တာတင်ထွန်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် မသိုးသင်္ကန်းအလှူရှင်များမှလည်း မိမိတို့၏ရက်ကန်းစင်များရှေ့တွင် ရက်ကန်းစင်တော်များအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး မသိုးရွှေကြာသင်္ကန်းရက်ခတ်ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ရက်ခတ်ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရက်ကန်းစင်တော် တစ်စင်လျှင် ကျပ် ( ၁၀၀၀၀၀/)( ကျပ်တစ်သိန်းတိတိ) ဖြင့် စင်တော် ( ၂၄) စင်အတွက် ကျပ် ( ၂၄၀၀၀၀၀/) ( ကျပ် နှစ်ဆယ့်လေးသိန်းတိတိ) အား ဆုချီးမြှင့် ကြောင်းသိရသည်။
#Local_News #ဗိုလ်တထောင်စေတီတော် #မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ် #YMG/ NN #Yangon_Times
#Local_News
Published 27 November 2023
ရွှေတိဂုံစေတီတော်၌ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်၌ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရေစက်ချအခမ်းအနားကျင်းပ နိုဝင်ဘာ ၂၇ ရက် နံနက် ၅နာရီခွဲခန့်က စတင်ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များဖြင့် နံနက်အာရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခဲ့ကြသည်။
နံနက် ၆နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများက မသိုးရွှေကြာသင်္ကန်းများကိုင်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကာ ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့အား ရည်မှန်းပူဇော်သောအားဖြင့် အထက်ပစ္စယံပတ္တမြား မျက်ရှင်ရုပ်ပွားတော်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အရှေ့ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကောဏဂမနရုပ်ပွားတော်၊ အနောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကဿပရုပ်ပွားတော်၊ မြောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ဂေါတမရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များကလည်းကောင်း မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် နံနက် ၉နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရေစက်ချအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်ကြကာ ဧည့်ပရိသတ်အပေါင်းတို့က ကထိန်သင်္ကန်းလှူဒါန်းမှုကုသိုလ်အကျိုးတရားများ နာကြားခဲ့ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
#Local_News #တန်ဆောင်မုန်းလပြည့် #မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ #YMG/LW #Yangon_Times
#World_News
Published 27 November 2023
တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ဟာ ပူးပေါင်းဆောင်ရွက်ရေး ပြန်လည်ပုံဖော်ရန် တနင်္ဂနွေနေ့က သဘောတူညီခဲ့ကြပြီး အာရှအိမ်နီးချင်းနိုင်ငံများကြား တင်းမာမှုများ ဖြေလျှော့ဖို့ ထိပ်သီးအစည်းအဝေး ကျင်းပရန်လမ်းစ ဖော်ဆောင်ခဲ့ကြပါတယ်။
တရုတ်နဲ့ အမေရိကန်တို့က ဆက်ဆံရေး ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းနေပြီး သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင့်ဖင်တို့ ယခုလအတွင်း ထိပ်သီးအစည်းအဝေး ကျင်းပရန်ပင် စီစဥ်နေကြပေမယ့် အမေရိကန်နဲ့ အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားတို့ ၃ နိုင်ငံမိတ်ဖက်ဆက်ဆံရေး ကောင်းမွန်နေတာကို တရုတ်က စိုးရိမ်နေပါတယ်။
တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ သံတမန်ရေးနဲ့ စီးပွားရေး ဖလှယ်ရေးတို့မှာ မြှင့်တင်ဆောင်ရွက်နိုင်ရန် ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဥ်အစည်းအဝေးများ ပြုလုပ်ရန် သဘောတူညီခဲ့ပါတယ်။
ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ အခြားပြဿနာများကြောင့် အစီအစဥ် ပျက်ပြားခဲ့ရပြီး ၂၀၁၉ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ပါတယ်။
၃ နိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပရန် စက်တင်ဘာလက သဘောတူညီပြီးနောက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းမှာ နိုင်ငံခြားရေးဝန်ကြီး ၃ ဦးဟာ ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
၃ နိုင်ငံသမ္မတတွေဟာ ယခုနှစ်အတွင်း တွေ့ဆုံနိုင်ဖွယ် မရှိပေမယ့် မကြာမီကာလအတွင်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး ချိုထယ်ယောင်က ယွန်ဟပ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဝန်ကြီးတွေက မိနစ်ခန့် ဆွေးနွေးခဲ့ကြရာမှာ လုံခြုံရေး၊ စီးပွားရေး၊ နည်းပညာကဏ္ဍများ အပါအဝင် ကဏ္ဍ ၆ ခုမှာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ပြောဆိုခဲ့ကြပြီး ထိပ်သီးအစည်းအဝေး ကျင်းပပြင်ဆင်နိုင်ရန် ခိုင်မာတဲ့ဆွေးနွေးမှုများ ဆောင်ရွက်သွားဖို့ ပြောကြားခဲ့ကြကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယား ပြဿနာများနဲ့ ပတ်သက်ပြီး ဝောာင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင်က ၃ နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ပြီး တည်တံ့ခိုင်မြဲတဲ့စနစ် ဖန်တီးနိုင်ရန် အရေးကြီးကြောင်း ပြောပြသွားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၃ နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေး ညှိနှိုင်းမှုများ အတတ်နိုင်ဆုံး အမြန်ဆုံးပြန်လည်စတင်ရန် တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာ လုံခြုံရေးကိစ္စများက ယခင်ကထက် ပိုမိုရှုပ်ထွေးဆိုးရွားလာချိန်မှာ ၃ နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းနိုင်စေမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါက ဆိုပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားမှ ပထမဆုံးစပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းကို ရှုတ်ချလိုက်ကြကာ မြောက်ကိုရီးယားနဲ့ ရုရှားတို့ လက်နက်သဘောတူညီမှုများကို ပိုမိုတုန့်ပြန်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါတယ်။
#World_News #ဆက်ဆံရေးတင်းမာမှု #တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား #ထိပ်သီးအစည်းအဝေးကျင်းပ #Source: Reuters
#World_Health
Published 27 November 2023
အသည်းအင်္ဂါဟာ အဆိပ်အတောက်တွေကို စွန့်ထုတ်ရာမှာ ကူညီပေးပြီး ခန္ဓာကိုယ်ထဲမှာ အရေးကြီးဆုံး အင်္ဂါတွေထဲက တစ်ခုဖြစ်ပါတယ်။
အညစ်အကြေးတွေကို စစ်ထုတ်ပေးပြီး သွေးကို အဆိပ်မဖြစ်အောင် သန့်စင်ပေးပါတယ်။
အဆီတွေကို ဖြိုခွဲရာမှာ အရေးပါတဲ့ သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပြီး အစာခြေခြင်းကို ကူညီပေးပါတယ်။
အလုံးစုံကျန်းမာရေးနဲ့ သက်ရှည်ခြင်းကို ထိန်းသိမ်းရာမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။
လူတွေရဲ့ နေ့စဥ်နေထိုင်စားသောက်မှု ပုံစံများကြောင့် အသည်းကို ထိခိုက်စေပြီး အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။
အသည်းအထူးကုပညာရှင် ဒေါက်တာ ဆိုင်ရက်အက်ဘီဖိလစ်က အသည်းကျန်းမာနေစေမယ့် နည်းလမ်းတွေကို ဖော်ပြသွားပါတယ်။
- တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် ခပ်မြန်မြန်လမ်းလျှောက်ပါ။
- တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်းပြေးပါ။
- တစ်နေ့ကို သကြားမပါတဲ့ ကော်ဖီ ၃ ခွက်သောက်ပါ။
- ဆေးလိပ်၊ အရက်ရှောင်ကြဥ်ပါ။
- တစ်နေ့ကို အနည်းဆုံး ၇ နာရီအိပ်စက်ပါ။
- ဆေးဖက်ဝင် ဖြည့်စွက်စာများ ရှောင်ကြဥ်ပါ။
- အသည်းရောင် ဘီပိုးကာကွယ်ဆေး ထိုးနှံထားပါ။
- သကြားနဲ့ အဆင့်ဆင့်ထုပ်ပိုးထားသော စားစရာများ လျှော့ချစားသုံးပါ။
- အချိုဓာတ်ပါသော အဖျော်ယမကာများ ရှောင်ကြဥ်ပါ။
- ကိုယ်အလေးချိန်ချပါ။
- အသီးအရွက်များ၊ ကောက်ပဲသီးနှံများ၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီများပါဝင်တဲ့ မက်ဒီတာရေးနီးယန်း စားသောက်ပုံစံကို စားသုံးပါ။
- နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို၊ အင်ဆူလင်ယဥ်ပါးခြင်း၊ အသည်းအဆီဖုံးခြင်းတို့ ရှိတဲ့သူတွေမှာ တစ်ပတ်ကို ကြက်ဥ ၅ လုံးစားပေးပါ။
- အထက်ပါရောဂါများ မရှိသူတွေမှာ တစ်ပတ်ကို ၇ လုံးစားပေးပါ။
- ဒိန်ချဥ်၊ တိုဖူးကဲ့သို့ အချဥ်ဖောက်ထားတဲ့ အစားအစာများ ထည့်သွင်းစားသုံးပေးပါ။
- ဆရာဝန်များရဲ့ အကြံပြုချက်များကို နားထောင်ပါ။
အသည်းကျန်းမာနေစေရန် ကိုယ်အလေးချိန် သင့်တင့်ရန်လိုအပ်ပါတယ်။
#World_Health #အသည်းအင်္ဂါ #လိုက်နာသင့်သည့်အလေ့အထများ #Source: India Today
#Local_News
Published_ 27 November 2023
နက္ခတ်တာရာစုံညီလေ့ရှိသည့် ယနေ့တန်ဆောင်မုန်း လပြည့်နေ့တွင် ဆေးပေါင်းခမည့်အချိန်(၂)ချိန်ရှိပြီး ကံအကျိုးပေးကောင်းစေမည့် ပံ့သကူပစ္စည်းလေးမျိုးလှူဒါန်းနိုင်ကြောင်း သိရသည်။
"တန်ဆောင်မုန်းလပြည့်နေ့ မနက်၁၁ နာရီ ၃၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်အတွင်း ဆေးပေါင်းခချိန်မှာ ဆေးဘက်ဝင် မဲဇလီဖူးသုပ်ကို သုံးဆောင်ပါက မိမိပြောဆိုသမျှအောင်မြင်တာ၊ စီးပွားလာဘ် လာဘကောင်းဝာာ၊ အသိုင်းအဝိုင်းကောင်းတွေကြုံတွေ့နိုင်တယ်။ ရုံးသမားတွေအတွက်ကတော့ ည ၆ နာရီ ၅ မိနစ်မှ ၁၅ မိနစ်အထိ မဲဇလီဖူးသုပ်စားသုံးနိုင်မှာဖြစ်တယ်"ဟုမြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ပါရဂူဒေါက်တာကြည်ကြည်စိန်ကပြောသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်စောင့်နတ်မင်း အပေါင်းသည် မဲဇလီပင်စောင့်နတ်မင်းကြီးကို လာရောက် ခစားလေ့ရှိသည့်အတွက် အဆိုပါနေ့တွင် မဲဇလီကိုဆေးဖက်ဝင်အောင် စီရင်ပြီး သုံးဆောင်လေ့ရှိသည်ဟု တိုင်းရင်းဆေးပညာကျမ်းများ၏ ဖော်ပြချက်အရသိရသည်။
တန်ဆောင်တိုင်ကာလတွင် ပံ့သကူပစ်ပြီး ကုသိုလ်ပြုလိုသူတွေ အနေဖြင့်အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်အောင်၊ သောကကင်းဝေးအောင်၊ စီးပွားလာဘ်လာဘတွေတိုးအောင် ၊ငွေဝင်အောင် ပံ့သကူပစ္စည်းအဖြစ်ဖိနပ်၊ အဝတ်အစား၊ အမွှေးနံသာနှင့် ငွေကြေးများ ပံ့သကူပစ်ပြီး ကုသိုလ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #တန်ဆောင်မုန်းလပြည့်နေ့ #ဆေးပေါင်းခမည့်အချိန်(၂)ချိန် #ပံ့သကူပစ္စည်းလေးမျိုးလှူနိုင် #tthl #Yangon _Times
#World_Health
Published 27 November 2023
အမေရိကန်မှ သိပ္ပံပညာရှင်များဟာ ဓာတ်ခွဲခန်းထုတ် လူ့အရေပြားတစ်ရှူးအတွင်း 3D ဆံပင်မွေးညင်းပေါက်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ရာ ဇီဝဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာကဏ္ဍ ပြောင်းလဲခြင်းသမိုင်းမှာ ပထမဆုံးဖြစ်လာပါတယ်။
ဆံကေသာ မွေးညင်းပေါက်တွေဟာ ချွေးထုတ်လုပ်ခြင်းကနေ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး အရေပြား ပြန်လည်ပြုပြင်ခြင်းအတွက် အရေးပါတဲ့ ပင်မစတမ်ဆဲလ်များ ထုတ်လုပ်ရာမှာ မရှိမဖြစ် အရေးကြီးပါတယ်။
ဒီစမ်းသပ်ချက်ဟာ ဆံပင်ကျွတ်ခြင်းကို ကုသနိုင်ရုံမက ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ ဆေးပညာရပ်မှာလည်း ရှေ့သို့တက်လှမ်းရာ ရောက်ပါတယ်။
ဒီအောင်မြင်မှုက အရေပြားကို ဇီဝနည်းအရ အလိုအလျောက် ပြုလုပ်နိုင်တာကိုလည်း ပြသရာရောက်ပါတယ်။
လူသားဆဲလ်များကို 3D ပုံစံဖြင့် ထုတ်လုပ်နိုင်တာဟာ ဆံပင်မွေးညင်းပေါက်အသစ်များကို ထုတ်လုပ်နိုင်ရန်နဲ့ အရေပြားအစားထိုးခွဲစိတ်မှုမှာလည်း တိုးတက်မှုတွေ ရှိလာနိုင်ရန် သေချာစေမှာ ဖြစ်ပါတယ်။
အရေပြားပုံစံထဲသို့ ဆံပင်မွေးညင်းပေါက်များ ထည့်သွင်းခြင်းဖြင့် သုတေသီများအတွက် ပိုမိုလက်တွေ့ဆန်တဲ့ ဖြစ်စဥ်မျိုး ပြုလုပ်လာနိုင်မှာဖြစ်ပြီး အမျိုးမျိုးသော အရေပြားများကို ပိုမိုထိရောက်စွာ ကုသနိုင်ရန် စမ်းသပ်ဖို့နည်းလမ်းများ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
သုတေသီအဖွဲ့က ဆဲလ်အလုံအလောက် မရရှိခင်အထိ မွေးညင်းပေါက်ဆဲလ်များနဲ့ အရေပြားကို ထုတ်လုပ်ခဲ့ပါတယ်။
ထို့နောက် ဆဲလ်များကို အခြားပစ္စည်းများ ပရိုတိန်းများနဲ့ ပေါင်းစပ်ကာ အထူးဇီဝမင်ကို ဖန်တီးလိုက်ပါတယ်။
အလွန်ပါးတဲ့ အပ်ဖြင့် ဇီဝမင်ကို တစ်လွှာချင်း ဖန်တီးကာ ဆံချည်မျှင်ဆဲလ်များ ထားရှိရန်လမ်းကြောင်းများ ပြုလုပ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အရေပြားဆဲလ်တွေက ထိုလမ်းကြောင်းတွေဆီ ပေါင်းစပ်သွားကာ သဘာဝမွေးညင်းပေါက်များနဲ့ ဆင်တူအောင် ဖန်တီးလိုက်ကြပါတယ်။
ဒီဖြစ်စဥ်ဟာ အရေပြားတစ်ရှူးကို သိပ္ပံနည်းကျ လက်တွေ့ဖန်တီးရာမှာ တိုးတက်မှုရှိလာတာဖြစ်ပြီး ဆံပင်တုစိုက်ခြင်း အနာဂတ်ဆေးပညာကို ပုံဖော်သွားမှာဖြစ်ပါတယ်။
#World_Health #ဆံပင်ကျွတ်ခြင်း #ကုသနိုင်ရန်နည်းလမ်းများ #Source: WION
Page 898 of 1934