Published 30 April 2023
တရုတ်နိုင်ငံ ချန်တူးမြို့မှာရှိတဲ့ ပန်ဒါကြီးမွေးမြူရေးသုတေသနစခန်းမှာ ပန်ဒါတစ်ကောင်က အခန်းထဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ နောက်အဖော်ပန်ဒါတစ်ကောင်က အတင်းပြန်ဆွဲချတဲ့ ရုပ်သံတစ်ခုကို မြင်တွေ့ကြရပါတယ်။
အိုင်ပန်ဒါလို့ အမည်ပေးထားတဲ့ မာလ်တီမီဒီယာပလက်ဖောင်းတစ်ခုပေါ်တင်ထားတဲ့ အဆိုပါဗွီဒီယိုမှာ ပန်ဒါပေါက်စပ် နှစ်ကောင်ဟာ အကျဉ်းကနေလွတ်မြောက်ချင်တာကြောင့် ကာရံထားတဲ့ ခြံစည်းရိုးအပေါ် ခုန်ကျော်တက်ဖို့ ကြိုးစားနေကြတာကိုတွေ့ကြရပါတယ်။ အဲဒီအထဲက တစ်ကောင်ဟာ ကြိုးစားတာမအောင်မြင်ပေမယ့် နောက်တစ်ကောင်ကတော့ အပေါ်ကိုရောက်လုနီးနီးရှိတဲ့အချိန်မှာ အောက်မှာရှိနနတဲ့ မနာလိုတဲ့ အဖော်က ပြန်ဆွဲချပါတယ်။
Source CCTV+
#ပန်ဒါကြီး
#တရုတ်ပန်ဒါကြီးများ
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published_ 30 April 2023
တားရော့ပညာကို စတင်လေ့လာဖြစ်ခဲ့ပုံအကြောင်း တားရော့ကြည့်ပေးဖြစ်တဲ့ အချိန်တိုင်းအစောင့်အရှောက်တွေကို မေတ္တာပို့ပေးလေ့ရှိကြောင်း တားရော့မေးကြသူတွေက ၇၅%မှန်တယ်လို့ ပြောလေ့ရှိကြောင်း
တားရော့ပညာနဲ့ပတ်သတ်ပြီး သင်ပေးခဲ့သူဆိုတာထက် ကိုယ်တိုင်ကြိုးစားလေ့လာခဲ့ရတာဖြစ်ကြောင်း
တားရော့ကတ်ပေါ်မှ ကိုယ်တွေ့ဖြစ်ရပ်များ၊ မမြင်ရသူတွေရဲ့ပုံရိပ်များ စာအုပ်နှစ်အုပ်ရေးသားဖြစ်ခဲ့တဲ့အကြောင်း
(၁၀)ရက် ပြတ် တားရော့သင်တန်းအပတ်စဉ် ၉အထိ သင်ကြားပေးနေမှုအကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #နေခြည် (တားရော့)
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 30 April 2023
တားရော့ပညာကို စတင်လေ့လာဖြစ်ခဲ့ပုံအကြောင်း တားရော့ကြည့်ပေးဖြစ်တဲ့ အချိန်တိုင်းအစောင့်အရှောက်တွေကို မေတ္တာပို့ပေးလေ့ရှိကြောင်း တားရော့မေးကြသူတွေက ၇၅%မှန်တယ်လို့ ပြောလေ့ရှိကြောင်း
တားရော့ပညာနဲ့ပတ်သတ်ပြီး သင်ပေးခဲ့သူဆိုတာထက် ကိုယ်တိုင်ကြိုးစားလေ့လာခဲ့ရတာဖြစ်ကြောင်း
တားရော့ကတ်ပေါ်မှ ကိုယ်တွေ့ဖြစ်ရပ်များ၊ မမြင်ရသူတွေရဲ့ပုံရိပ်များ စာအုပ်နှစ်အုပ်ရေးသားဖြစ်ခဲ့တဲ့အကြောင်း
(၁၀)ရက် ပြတ် တားရော့သင်တန်းအပတ်စဉ် ၉အထိ သင်ကြားပေးနေမှုအကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #နေခြည် (တားရော့)
#YMG #Yangon_Media_Group
#Local_News
Published_ 30 April 2023
မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့် ရန်ကုန်တိုင်းအပါ အဝင်ဒေသ(၇)ခုမိုးသက်လေပြင်းကျနိုင်သလို မုတ်သုန်မဝင်ခင် မေလဆန်းပိုင်းထဲမှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်နိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်အပါအဝင်ဒေသ(၇)ခု #မုန်တိုင်းဝင်နိုင်ခြေရှိ
#YMG #Yangon_Media_Group
Published 30 April 2023
ယခုတစ်ပတ် တောင်ကိုရီးယားမှာ အအောင်မြင်ဆုံးဒရာမာအဖြစ်ထိပ်ဆုံးရောက်ရှိနေတာက JTBC ရဲ့ စီးရီးအသစ်ဖြစ်တဲ့ “ဒေါက်တာချား” “Doctor Cha” ပဲဖြစ်ပါတယ်။ အဲဒီစီးရီးတစ်ခုလုံံးရော စီးရီးမှာပါတဲ့ သရုပ်ဆောင်တွေကိုပါ လူကြိုက်များနေတာပါ။
ပြီးခဲ့တဲ့အပတ်ကတော့ “ဒေါက်တချား” ဟာ ဒုတိယနေရာမှာပဲရှိနေရာကနေ ယခုတစ်ပတ်မှာ Good Data Corporation ရဲ့ အပတ်စဉ်အဆင့်သတ်မှတ်ချက်အရ နံပါတ်(၁)နေရာရောက်လာတာပါ။
ဒေါက်တာချားဟာ စီးရီးအရ နံပါတ်(၁)ဖြစ်ရုံမျှမကဘဲ ဇာတ်ကားထဲက သရုပ်ဆောင်တွေဟာ တစ်ပတ်အတွင်း ထိပ်တန်း(၁၀)စာရင်းမှာ လေးနေရာရရှိခဲ့ကြပါတယ်။ အမ်ဂျွန်ဟွာUhm Jung Hwaနှင့် ကင်မ်ဘျန်ချုလ်Kim Byung Chul တို့ဟာ အကောင်းဆုံးသရုပ်ဆောင် အမှတ်စဉ်(၁)နှင့် (၂)နေရာကို ဒီတပတ်စာရင်းထဲရောက်ရှိလာကြတာ ဖြစ်ပါတယ်။ မြောင်ဆီဘင်Myung Se Binက အမှတ်စဉ်(၅)နှင့် မင်ဝိုယပ်က Min Woo Hyukအမှတ်စဉ် (၉)မှာ နေရာယူခဲ့ကြပါတယ်။
တစ်ပြိုင်းတည်းမှာပဲ ENAက ထုတ်လုပ်တဲ့ ပါးလ်မွန်း “Pale Moon”ဒရာမာဟာ နံပါတ်(၂) ဒုတိယနေရာက လိုက်လာပြီး အဲဒီစီးရီးရဲ့ အဓိကအမျိုးသမီးသရုပ်ဆောင် ကင်မ်ဆောင်ယွန် Kim Seo Hyung ဟာ နံပါတ်(၇)နေရာချိတ်ခဲ့ပါတယ်။
SBS ရဲ့ “ဒေါက်တာရိုမန်တစ်-၃” “Dr. Romantic 3” က အမှတ်စဉ်(၃)မှာရှိခဲ့ပြီး tvN ရဲ့စီးရီးအသစ် “ဖယ်မလီ” “Family” က နံပါတ်(၄)မှာရှိခဲ့ပါတယ်။ ဖယ်မလီ စီးရီးထဲက သရုပ်ဆောင် ဂျန်နာရာ Jang Nara နှင့် ဂျန်ဟပ် Jang Hyuk တို့ဟာ သရုပ်ဆောင်အဆင့်မှာ အမှတ်စဉ်(၃)နှင့်(၄) အသီးသီးနေရာချိတ်ခဲ့ပါတယ်။
ဧပြီတတ်ိယပတ်အတွက် ကိုရီးယားဒရာမာတွေထဲက လူကြိုက်အများဆုံး ထိပ်ဆုံး(၁၀)စာရင်းကိုဖော်ပြပေးလိုက်ပါတယ်။
၁။JTBC “Doctor Cha”
၂။ ENA “Pale Moon”
၃။ SBS “Dr. Romantic 3”
၄။ tvN “Family”
၅။ KBS2 “The Real Has Come!”
၆။ KBS2 “Oasis”
၇။MBC “Joseon Attorney”
၈။ tvN “Stealer: The Treasure Keeper”
၉။KBS2 “Woman in a Veil
၁၀။ SBS “The Secret Romantic Guesthouse”
တစ်ပတ်အတွင်းလူကြိုက်အများဆုံး သရုပ်ဆောင်(၁၀)ဦးစာရင်းက
၁။Uhm Jung Hwa (“Doctor Cha”)
၂။ Kim Byung Chul (“Doctor Cha”)
၃။Jang Nara (“Family”)
၄။Jang Hyuk (“Family”)
၅။Myung Se Bin (“Doctor Cha”)
၆။Baek Jin Hee (“The Real Has Come!”)
၇။Kim Seo Hyung (“Pale Moon”)
၈။Ahn Jae Hyun (“The Real Has Come!”)
၉။Min Woo Hyuk (“Doctor Cha”)
၁၀။Jang Dong Yoon (“Oasis”)
Source: Agencies
#YangonMediaHroup
#Top10_best dramas_Korea
#Top10_best_actors_Korea
Published 30 April 2023
နာမည်ကျော် ဖက်ရှင်အမှတ်တံဆိပ် လူဝီဗစ်တွန်(အယ်ဗွီ)ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရဲ့ ဂျမ်ဆူဂျိုတံတားပေါ်မှာ ပထမဆုံးဆောင်းဦးအကြိုဖက်ရှင်ပွဲကို ဧပြီ၂၉ ရက်က ပြသသွားခဲ့ပါတယ်။
အဆိုပါဖက်ရှင်ပွဲမှာ နာမည် ကျော်နက်ဖလစ်စီးရီး စကွစ်ဂိမ်းဒါရိုက်တာ ဟွမ်ဒေါင်းယပ်လည်း ပွဲရဲ့ ဖန်တီးမှုအကြံပေးအဖြစ် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အဲဒီအပြင် အဲဒီစီးရီးရဲ့ သရုပ်ဆောင်လည်းမင်းသမီးဖြစ် တောင်ကိုရီးယားမော်ဒယ်လ်လည်းဖြစ်တဲ့ ဂျွန်ဟိုယွန်းလည်း တက်ရောက်ခဲ့ပါတယ်။
Source AFP
#Louis_Vuitton
#Prefall_show
#Seoul_Fashion_Show
#YangonMediaGroup
#Local_News
Published_ 30 April2023
မင်းကင်းမြို့၏ အနာက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ ရစ်(ခ်)တာစကေး (၄ ဒသမ ၉) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားသည်။
ယနေ့ ဧပြီလ ၃၀ ရက် ၊မွန်းလွဲ ၁ နာရီ (၂၆)မိနစ်၊ (၅၉)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မင်းကင်းမြို့၏ အနာက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၁)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၃၃)ဒီဂရီ၊ အနက်(၁၁၅)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/pl
#Local_News ##မင်းကင်းမြို့ # မြေငလျင်တစ်ခုလှုပ်ရှား
#YMG #Yangon_Media_Group
#Myanmar_News
Published_ 30 April 2023
၂၀၂၃ ခုနှစ်အတွက် တောင်ကြီး၊ပုဂံနှင့်ငွေဆောင် လူရည်ချွန်အပန်းဖြေစခန်းတွေကို ဧပြီ ၁၉ရက်က အသီးသီးဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲကို နစက ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိူတွေက ဖွင့်လှစ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူ ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကိုလည်းကျင်းပခဲ့ရာမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းအား နှင့် တာဝန်ရှိသူတွေနှင့်အတူ Grade-9 လူရည်ချွန်ကျောင်းသား/သူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် ဧကာဒသမ လူရည်ချွန်များအတွက် လူရည်ချွန်စခန်း(ငွေဆောင်)ဖွင့်ပွဲ အခမ်းအနားကို ငွေဆောင်မြို့ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်များအရသိရှိရပါတယ်။
-ymh/knl
#လူရည်ချွန်စခန်းများဖွင့်
#တောင်ကြီး၊ငွေဆောင်၊ပုဂံလူရည်ချွန်စခန်းများဖွင်
#မြန်မာပညာရေး
#YMG #Yangon_Media_Group
Published 28 April 2023
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုန်အန်ရဲ့ ဩဇာတိက္ကမကြီးမားလှတဲ့ နှမဖြစ်သူ ကင်မ်ယိုဂျုန်က အမေရိကန်နှင့် တောင်ကိုရီးယားတို့ နျူကလီးယားသဘောတူညီချက်အသစ်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် သတိပေးချက်ထုတ်ပြန် လိုက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုလည်း သူငယ်ပြန်နေသူလို့ ခေါ်ဝေါ်သုံးစွဲလိုက်ကာ သူ့ရဲ့ ကြေညာချက်ဟာ “ အတွက်အချက်အလွန်မှားယွင်းပြီး တာဝန်မဲ့တဲ့ သတ္တိတွေ” ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြုံယမ်းကို ဟန့်တားတာ တိုးမြှင့်ဖို့ ရည်ရွယ်တဲ့ အဆိုပါသဘောတူညီချက်ဟာ ဒေသအတွင်း ပိုပြီးစိုးရိမ်ရတဲ့ အန္တရာယ်ထဲ ရောက်သွားအောင်ဦးတည်သွားလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
“ ဒီဖော်ပြမှုဟာ ကျွန်မတို့ရဲ့ ရန်အလိုဆုံးရန်ဘက်ဖြစ်တဲ့ အမေရိကန်သမ္မတရဲ့ ပုဂ္ဂိုလ်ရေးအရ အသုံးပြုတာလို့ ကျွန်မတို့ မှတ်ယူတယ်” လို့ သူမကပြောတယ်လို့မြောက်ကိုရီးယား နိုင်ငံပိုင် ကေအင်န်စီအေသတင်းဌာနက ရေးသားပါတယ်။
“ သူတို့ကို နျူကလီးယား စစ်လေ့ကျင့်ခန်းတွေပိုလုပ်လေလေ၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားပိုင်ဆိုင်မှုတွေ ပိုဖြန့်ကျက်ချထားလေလေ၊ သူတို့လုပ်တာနှင့် အချိုးကျစွာပဲ ကျွန်မတို့ရဲ့ ခုခံကာကွယ်ပိုင်ခွင့်ပို ပိုမိုအားကောင်းအောင် လုပ်မှာပဲဖြစ်တယ်” လို့ သူမက သတိပေးခဲ့ပါတယ်။
ကင်မ်ဂျုန်အန်ဟာ အမေရိကန်နှင့်အပေါင်းပါမဟာမိတ်တွေအပေါ် နျူကလီးယားတိုက်ခိုက်မှုလုပ်လာရင် သူ့ရဲ့အစိုးရဟာ တည်ရှိမှု အဆုံးသတ်သွားလိမ့်မယ်လို့ ဘိုင်ဒင်က ပြောခဲ့အပြီး ကင်ယိုဂျုန်ရဲ့ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုရဲ့ ဒီတစ်ပတ်စောစောပိုင်း အမေရိကန်ခရီးစဉ်မှာ ဝါရှင်တန်ကြေညာချက်လက်မှတ်ရေးထိုးအပြီး ဘိုင်ဒင်ရဲ့ မှတ်ချက်စကားထွက်ပေါ်လာခဲ့တာပါ။
ဝါရှင်တန်ကြေညာချက်အရ ဆိုးလ်အနေနှင့် သူ့ကိုယ်ပိုင်နျူကလီးယားလက်နက်တွေထုတ်လုပ်မှာမဟုတ်ဘဲ မြောက်ကိုရီးယားနှင့် ပဋိပက္ခဖြစစ်လာနိုင်ချေတစ်ခုခုရှိတဲ့အခါ အမေရိကန်က အဲဒါတွေအသုံးပြုဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ အဲဒီအပြင် အမေရိကန်ဟာ သဘောတူညီချက်အစိတ်အပိုင်းတစ်ခုအရ တောင်ကိုရီးယားမှာ နျူကလီးယား လက်နက်တပ် ရေငုပ်သင်္ဘောတွေ ဖြန့်ကျက်ချထားပါလိမ့်မယ်။ ပြီးတော့ ရန်သူတွေကို သတင်းစကားပါးတဲ့အနေနှင့် လေယာဉ်တင်သင်္ဘော်တွေနှင့် ဗုန်းကြဲလေယာဉ်တွေကို တောင်ကိုရီးယားထံ ပုံမှန်ခရီးသွားရောက်မှာလည်း ဖြစ်ပါတယ်။
၁၉၉၁ခုနှစ်မှာ အမေရိကန်က သူ့ရဲ့ နျူကလီးယားလက်နက်တွေကို တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရုပ်သိမ်းပြီးနောက် ဒီသဘောတူညီချက်ဟာ ပထမဆုံးရရှိတဲ့သဘောတူညီချက်ဖြစ်ပါတယ်။
Source WION
#ကိုရီးယားကျွန်းဆွယ်တင်းမာမှု
#ကင်မ်ယိုဂျုန်
#ဝါရှင်တန်ကြေညာချက်
#YangonMediaGroup
#Local_News
Published_30 April2023
လျှပ်စစ်မီးကို ၂ နာရီပေး ၊ ၄ နာရီပိတ် စနစ်ဖြင့် ပေးမည်ဟု ညွှန်ကြားချက် ရန်ကုန်တွင် မလာသေးကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း တာဝန်ရှိသူက ပြောသည်။
မနက်ဖြန် မေလ ၁ ရက်ကစ၍ နေ့စဉ် အုပ်စု ၃ စု ခွဲပြီး ၂နာရီ ပေး ၄နာရီ ပိတ် စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးသွားမည်ဟု ထွက်ပေါ်နေသော သတင်းအပေါ် အဆိုပါ တာဝန်ရှိသူက YMG ကို ပြောခြင်း ဖြစ်သည်။
"အဲဒီလို တော့ ညွှန်ကြားလာတာ မရှိသေးဘူး။လောလောဆယ်တော့ လာမယ့်မိုးရာသီအမီ ရေအားတွေကိုတော့ ထိန်းထားတယ်။ထိန်းပြီးတော့ပေးနေပေမဲ့ အဲဒီလို Plan တော့ မညွှန်ကြားသေးဘူး၊တစ်နိုင်ငံလုံးထုတ်တဲ့ဓာတ်အားကိုတော့ ထိန်းပြီး ရန်ကုန်ဘယ်လောက်၊ဘယ်ကိုဘယ်လောက်ဆိုတာတော့ လုပ်နေတာပေါ့၊အဲဒီထက် ထပ်လျှော့ပြီးတော့ ဘယ်လောက်နဲ့ လောက်အောင်သုံး ဆိုပြီးတော့တော့ မထုတ်ပြန်သေးဘူး"ဟု ယင်း တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မဂ္ဂါဝပ် ၁၂၀၀ ခန့် အသုံးပြုနေကြောင်းနှင့် နေ့ဘက်အချိန်ထက် ညပိုင်းကို ပို၍ လျှပ်စစ်မီးပေးနိုင်ရေးလုပ်ဆောင်နေကြောင်း၊သို့သော်လည်း ဝန်အား မမျှမှုဖြစ်ပေါ်ပါက ပိတ်ထားရသည်များရှိကြောင်း သိရသည်။
ymg/pl
#Local_News #လျှပ်စစ်မီးကို၂နာရီပေး၊၄နာရီပိတ်စနစ် #ညွှန်ကြားချက်
#YMG #Yangon_Media_Group
#Local_News
Published_30 April 2023
တာချီလိတ်လေဆိပ်သို့ လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ ဆက်လက်အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ရန် နစက ဥက္ကဌက ဧပြီလ ၂၉ ရက် တာချီလိတ်ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရသည်။
တည်ဆောက်မှုလုပ်ငန်းများများကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး ၊လေယာဉ်ကွင်းသန့်ရှင်း ရေးအတွက် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းကို အမြဲမပြတ်ဆောင်ရွက်နေစေရေးအတွက်လည်း ယင်းက ပြောကြားခဲ့ကြောင်း၊၎င်းအပြင် တာချီလိတ်မြို့အတွင်းရှိလမ်းများကို သတ်မှတ်ထားသည့် လမ်းညွှန်အမှတ်အသားများ ပြည့်စုံစွာပြုလုပ်ထားရန်၊ယာဉ်စည်းကမ်း ထိန်းသိမ်းမှုများကိုလည်း စနစ်တကျဆောင်ရွက်ရန်၊သတ်မှတ်ထားသည့် ယာဉ်နံပါတ်များတပ်ဆင်ရေး ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်သဖြင့် ယာဉ် နံပါတ်များစနစ်တကျတပ်ဆင်စေကာ ယာဉ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်းတို့ကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။
အလားတူ တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး၊သောက်သုံးရေလုံလောက်စွာ ရရှိရေး၊ ဒေသတွင်း အသား၊ ငါးများ လုံလောက်စွာရရှိရေး ၊ပို့ကုန်များ တင်ပို့နိုင်မှုများကို မှတ်တမ်းတင်ထားပြီး သုတေသန ပြုဆောင်ရွက်၍ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေဒ၊တာချီလိတ်မြို့သို့ မော်တော် ယာဉ်၊ လေယာဉ်များဖြင့် ပြင်ပမှ ဝင်ရောက်လာသူများအား စနစ်တကျမှတ်တမ်း တင်ရန်ထားရေး တို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လနှင့်ဧပြီလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)တွင် တောင်ယာများမီးရှို့ခြင်းမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် တာချီလိတ်လေဆိပ်ကို ရက် ၂၀ ကျော်ကြာ ပိတ်ခဲ့ရသောကြောင့် တောင်ယာများမီးရှို့ခြင်းနှင့် လယ်ယာများ၌ ကောက်ရိုးများမီးရှို့ ခြင်းမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှု စနစ်ပပျောက်အောင်ဆောင်ရွက်ရန်နှင့် တောင်ယာများ၌ ကုန်းမြင့်လယ်စိုက်ပျိုးမှု စနစ်ကို ဖော်ဆောင်ပေးရန်တို့ကိုလည်း ဒေသအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်လုပ်ဆောင်ရန်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
ymg/pl
#Local_News #တာချီလိတ်လေဆိပ် #လေယာဉ်ကြီးများဆင်းသက်နိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 30 April 2023
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊အပေါ်ကမ်းနားလမ်းနှင့် ၃၄လမ်းအနီး အမြောက်ကြီး နှစ်လက်ဆိပ်ကမ်းမှ ဧရာဝတီမြစ် အတွင်း ရေဆင်းကူးခဲ့သူ အမျိုးသားတစ်ဦးရေနစ်သေဆုံးမှု ဧပြီလ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်အတွင်း အုပ်စုလိုက် ရေဆင်းကူးကြရာမှ ရေစီးဖြင့် မျောပါသွားသည့် အသက်၂၅ နှစ်ခန့် အရွယ် အမျိုးသားမှာ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း နိဗ္ဗာန် သုခလူမှုကူညီရေးအသင်း (မန္တလေး)က သိရသည်။
ယင်းကြောင့် သေဆုံးသူ၏ ရုပ်အလောင်းကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ရေငုတ် လုပ်သားများက ပူးပေါင်းဆယ်ယူခဲ့ကြကာနိဗ္ဗာန် သုခလူမှုကူညီရေးအသင်း (မန္တလေး)၏ အသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
ymg/pl
#Local_News
#ဧရာဝတီမြစ် #အမျိုးသားတစ်ဦးရေနစ်သေဆုံး
#YMG #Yangon_Media_Group
Page 901 of 1644