နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာပစ္စည်းများပြသထားသည့်(၂၀၂၄)အီလက်ထရွန်နစ်ပစ္စည်းပြပွဲ လက်စ်ဗေးဂတ်စ်တွင်ကျင်းပ
ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးနဲ့ အကြီးမားဆုံး နှစ်စဥ်နည်းပညာပွဲဖြစ်တဲ့ ၂၀၂၄ သုံးစွဲသူများအတွက် အီလက်ထရွန်နစ်ပစ္စည်းများပြပွဲ (CES)ကို အင်္ဂါနေ့မှာ အမေရိကန် လက်စ်ဗေးဂတ်စ်မြိုမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး လာရောက်တဲ့ဧည့်သည်တွေကို အံ့အားသင့်ဖွယ် နည်းပညာအမျိုးမျိုးဖြင့် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
#World_Event
Published_11 January 2024
#လက်စ်ဗေးဂတ်စ်တွင်ကျင်းပ #(၂၀၂၄)အီလက်ထရွန်နစ်ပစ္စည်းပြပွဲ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_11 January 2024
၁။ မြန်မာနိုင်ငံတွင် ကိုဗစ်ဗီဇပြောင်းမျိုးကွဲသစ် HV .1 ၊JN.1 နှင့် EG. 5(၃)မျိုးထပ်မံတွေ့ရှိ
၂။ ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ပြည်တွင်း ရွှေအဝယ်လိုက်နေ၍ဈေးမာနေ
၃။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုပ်သားရှားပါးလာပြီး လုပ်အားခနှုန်းထားများလဲ နှစ်ဆခန့်ဈေးမြင့်တက်လာ
၄။ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာပစ္စည်းများပြသထားသည့်(၂၀၂၄) အီလက်ထရွန်နစ်ပစ္စည်းပြပွဲ လက်စ်ဗေးဂတ်စ်တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 11 January 2024
ကိုးရီးယားရောက် သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူလိုသူများ အထောက်အထားစုံလင်စွာပြသမှသာကိုယ်စားထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးကယနေ့ အသိပေးထားသည်။
အဆိုပါ ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေထိုင်၊ အလုပ်လုပ်ကိုင်လျက်ရှိကြကုန်သော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များသက်တမ်းတိုးပြီးပါက ရက်ချိန်းပေးထားသည့် နေ့တွင် မွန်းလွဲ၂နာရီမှ ၄နာရီအထိ ကိုယ်တိုင်ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်းသိရသည်။
သို့ရာတွင်အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင်ထုတ်ယူနိုင်ခြင်းမရှိပါက ကိုယ်စားထုတ်ယူရာတွင် လွဲမှားထုတ်ယူမှု၊ပျောက်ဆုံးမှုများမရှိစေရေးအတွက် ကိုယ်စားလှယ်လွှဲစာ၊ပြန်လည်ထုတ်ယူရန်ရက်ချိန်းပေးထားသည့်စာရွက် ၊နိုင်ငံကူးလက်မှတ်မိတ္တူ(ကာယံကံရှင်နှင့်ကိုယ်စားထုတ်ယူသူ)၊ID Card မိတ္တူ(ကာယံကံရှင်နှင့်ကိုယ်စားထုတ်ယူသူ)များအပြင် ကိုယ်စားလှယ်လွှဲစာအားကာယကံရှင်ကိုယ်တိုင်ရေးရမည်ဖြစ်ကြောင်းသိရသည်။
#Local_News #မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ယူလိုသူ #ကိုယ်စားထုတ်ယူနိုင် #YMG/NN #Yangon-Times
#Local_News
Published 11 January 2024
ဗဟိုထိန်းချုပ် အီလက်ထရွန်းနစ် အငြိမ်းစားလစာစနစ် (Centralized e-Pension) ဆောင်ရွက်သည့် မည်သည့် ဘဏ်ခွဲ၌မဆို အငြိမ်းစားပင်စင်လစာများကို ဘဏ်ပြောင်းစရာမလိုဘဲ ဝန်ဆောင်ခအခမဲ့ဖြင့် ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးလိုက်သည်။
မြန်မာ့စီးပွားရေးဘဏ်သည်ပင်စင်လစာထုတ်ပေးသည့် လုပ်ငန်း e-Pension စနစ်မှ Centralized e-Pension စနစ်ကို ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာကစတင်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်လာခြင်းဖြစ်သည်။
ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ Centralized e-Pension စနစ် ဆောင်ရွက်နေသည့် ဘဏ်ခွဲပေါင်း ၅၅ ဘဏ်အထိ ရှိလာပြီးယင်းဘဏ်ခွဲများ၌ မည်သည့် ဘဏ်ခွဲ၌ မဆို ဘဏ်တစ်ခုနှင့်တစ်ခု ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်ခအခမဲ့နှုန်းဖြင့် အငြိမ်းစားပင်စင်လစာ ထုတ်ယူနိုင်ကြောင်းသိရသည်။
ဝန်ဆောင်မှုဘဏ်ခွဲအဖြစ် ထပ်တိုးလာမည့် ဘဏ်ခွဲအသစ်များကိုလည်း ထပ်မံ ကြေညာပေးသွားမည်ဖြစ်ကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်အသီးသီး၌ ရောက်ရှိနေကြသည့် အငြိမ်းစားဝန်ထမ်းများ အနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ မြန်မာ့စီးပွားရေးဘဏ်များတွင်အငြိမ်းစားလစာများ ကိုထုတ်ယူနိုင်မည် ဖြစ်ပြီး၊အငြိမ်းစာကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်းသိရသည်။
#Local_News #ပင်စင်လစာ e Pensionကတ် #ဝန်ဆောင်ခအခမဲ့ဖြင့်ထုတ်ယူနိုင် #YMG/NN #Yangon_Times
တစ်ဖက်ကပဲ လိုအပ်ချက်များပြီး ကျွန်တော်တို့ဆီက ပဲလက်ကျန်နည်းသွားတော့ မတ်ပဲကတစ်တင်းကိုတစ်သိန်းနီးပါးလောက်ကပ်သွားတယ်၊
#Local_News
Published_11 January 2024
#မတ်ပဲဈေးနှုန်း #တစ်သိန်းနီးပါးအထိစျေးတက်
#YMG/NN #Yangon_Times
'ဆင်ဘူဖေးကျွေးမွေးတဲ့အခါမှာ ကျပ်ငါးသောင်းနဲ့တစ်သိန်းကျပ် စသဖြင့် မိမိကျွေးမွေးလိုတဲ့ ဈေးနှုန်းကို ရွေးချယ်နိုင်ပါတယ်။ ဆင်စာတွေက ကြံ၊ရွှေဖရုံ၊ဖရဲ၊ငှက်ပျော၊ပြောင်းအမျိုးအစားတွေဖြစ်ပြီး ဈေးနှုန်းအလိုက်ပါဝင်တဲ့ပမာဏအနည်းအများရှိပါတယ်၊ ဆင်စာဘူဖေးအပြင်လာတဲ့သူတွေကျွေးဖိုလည်း ဆင်စာတန်းလေးလုပ်ပေးထားပါတယ်'
#Local_News
Published_11 January 2024
#ပလင်းကမ်းသာယာဆင်စခန်း #အွန်လိုင်းကမှာကျွေးသူပိုများ
#YMG/ NN #Yangon_Times
စိုက်ပျိုးရေးနဲ့လယ်ယာလုပ်သားတွေဟာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်သူများလာသလို ပြည်တွင်း ရွှေ့ပြောင်းသွားရောက် အလုပ်လုပ်ကိုင်တာတွေလည်းရှိလာတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍမြေယာလုပ်ငန်းတွေအတွက်လုပ်သားခေါ်ယူရာမှာ အခက်အခဲဖြစ်လာတယ်လို့ ဆိုပါတယ်
#Local_News
Published_11 January 2024
#လုပ်သားရှားပါး #စိုက်ပျိုးရေးနဲ့လယ်ယာလုပ်သား
#YMG/LW #Yangon_Times
#Local_News
Published_11 January 2024
ထိုင်းအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စကို စိတ်ဝင်စားသဖြင့် ပြန်လည်ဆက်သွယ်လာသည့် အနေထားရှိသည့်အတွက် မိမိတို့ဘက်မှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားသည်။
ဇန်နဝါရီ ၁၀ရက်က ပြုလုပ်သည့်မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခြင်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် တာဝန်ပေးထားသည့် အီတာလျံ-ထိုင်း ကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းရပ်စဲထားခဲ့ပါကြောင်း၊ ဆက်လက်ပြီး ဖြေရှင်းဆောင်ရွက်ရမည့် အနေအထားများလည်း ရှိပါကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိနေသည်ကို သိရှိရကြောင်းပြောသည်။
ထို့အပြင် လက်ရှိထိုင်းအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စကို စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအထားများရှိသည့်အတွက် ယင်းအပေါ်တွင် မိမိတို့အနေဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း။ ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရမူဝါဒအနေဖြင့် ထိုင်းနိုင်ငံအရှေ့ပိုင်းပြည်နယ်တွင် အထူးစီးပွားရေးဇုန် တည်ထောင်ပြီး အရှေ့ စီးပွားရေးစင်္ကြံ (Eastern Economic Corridor)ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဟု ယူဆပါကြောင်း၊ တစ်ဖက်တွင်လည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ရင်းနှီးတည်ဆောက်သူအသစ်ရွေးချယ်၍ ကုန်ကျစရိတ်များသာရှိပြီး ဝင်ငွေမရှိသည့် Special Purpose Vehicle (SPV) ဖျက်သိမ်းရေး ကိစ္စရပ်များကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း အစည်းဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီး ချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
#Local_News #ထားဝယ်အထူးစီးပွားရေးဇုန် #ပူးပေါင်းဆောင်ရွက်သွားရန်လို #YMG/LW #Yangon_Times
#Local_News
Published-11 January 2024
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင်ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်၊ ပျားဖွပ်ပြိုင်ပွဲ၌ ကွမ်းခြံကုန်းအဖွဲ့ ၂ မှ ပထမဆုဆွတ်ခူးခဲ့ကြောင်း ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်တိုင်းဒေသကြီး) ဥက္ကဋ္ဌ၊ ပွဲတော် ကျင်းပရေးကော်မတီဝင် မန်းသန်းဝင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကရင်နှစ်သစ်ကူးနေ့ကို အလံတင်အခမ်းအနား၊ဟောပြောပွဲ၊ တိုင်းရင်းသားအဆို၊ အကများ၊ ဈေးရောင်းပွဲတော်များပါဝင်ပြီး တိုင်းဒေသကြီးအဆင့် အခမ်းအနားအဖြစ်ယနေ့တွင် ကျင်းပခြင်းဖြစ်ပြီးပွဲတော်၌တစ်ခုအပါအဝင်ဖြစ်သည့် ပျားဖွပ်ပြိုင်ပွဲ၌ ကွမ်းခြံကုန်းမှအဖွဲ့နှစ်ဖွဲ့နှင့်တိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ်(သာကေတ)အဖွဲ့ တို့ မှ ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်းသိရသည်။
'ပျားဖွပ်ပြိုင်ပွဲက ဒီနှစ်မှစပြီး ထည့်သွင်းပြုလုပ်တာဆိုတော့လူတော့သိပ်မသိသေးဘူး၊ နောက်နှစ်ဆိုရင်ဒီထက်လာပြိုင်ကြမှာပါ၊ ပထမဆုက ကွမ်းခြံကုန်းအဖွဲ့၂ကရပါတယ်၊ဒုတိယဆုကအဖွဲ့၁ကရပါတယ်၊ တတိယဆုကတိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကရပါတယ်၊ လက်ဝှေ့ပြိုင်ပွဲကတော့အခုမပြီးသေးဘူး၊ ဆက်ပြိုင်နေပါတယ်' ဟု မန်းသန်းဝင်းကပြောသည်။
ပျားဖွတ်ပြိုင်ပွဲဆိုသည်မှာလူနှစ်ယောက်မှ ဝါးလုံးကို ထမ်းထားပြီး ပြိုင်ပွဲဝင်မည့်သူမှ ဝါးလုံးပေါ်သို့တက်ကာ ထမ်းထားသည့် လူနှစ်ယောက်ကိုပတ်ရခြင်းဖြစ်ကြောင်း၊ မြေကြီးနှင့်ထိပါကအရှုံးအဖြစ်သတ်မှတ်ပြီး ၅ မိနစ်အတွင်း အများဆုံးပတ်နိုင်သည့်သူမှာ ပထမဆုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဆုကြေးများမှာ ပထမဆု ကျပ် ၂ သိန်း၊ ဒုတိယဆု ၁ သိန်းခွဲ၊ တတိယဆု ၁ သိန်းနှင့် အထူးဆု ကျပ် ၅ သောင်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ကရင်နှစ်သစ်ကူးပွဲတော်၌ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ကရင်တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်သွားသည့်အပြင် ကရင်တိုင်းရင်းသားရိုးရာ အသုံးအဆောင်များ၊ အဝတ်အစားများ၊ အစားအစာများကို ရောင်းချသည့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ထားပြီး ညနေငါးနာရီအထိပေပျာ်ရွင်စွာကျင်းပနေကြောင်း သိရသည်။
#Local_News #တိုင်းရင်းသားကျေးရွာ #ပျားဖွပ်ပြိုင်ပွဲ #ကွမ်းခြံကုန်းအဖွဲ့ ၂မှအနိုင်ရရှိ #YMG/ NN #Yangon_Times
#Local_News
Published_11 January 2024
ကျောက်ဖြူ အထူးစီးပွားရေးဇုန် အမြန်ဆုံးစတင်လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုပမ်း ဆောင်ရွက်ကြဖို့ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းလိုက်တယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဇန်နဝါရီ ၁၀ ရက်ယမန်နေ့က နေပြည်တော်တွင်းပြုလုပ်ခဲ့တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးတွင် ဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ အဖွဲ့ဝင်များကို တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ကျောက်ဖြူအထူးစီပွားရေးဇုန်သည် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှုပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
အဆိုပါ စီမံကိန်းအတွက် စီမံခန့်ခွဲမှုကော်မတီက နိုင်ငံတော်အကျိုးစီးပွားကို အဓိကထားပြီး တင်းကြပ်စွာညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အတွက် မကြာသင့်ပဲကြန့်ကြာခဲ့ရပြီး အဆင်မပြေမှုများကြောင့် နှစ်နှစ်တာကာလအတွင်း အခက်အခဲများ တွေ့ကြုံခဲ့ရတယ်လိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
နောက်ပိုင်းတွင် ဗဟိုကော်မတီအဆင့်က ဝိုင်းဝန်းဆွေးနွေးပြီး နှစ်ဖက် Win-Win Solution ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက် စီမံကိန်း လုပ်ကိုင်ခွင့်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့တယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
၁၈လ သက်တမ်းထပ်တိုးခဲ့တဲ့ Long Stop Date ကာလအတွင်းမှာ လုပ်ဆောင်ရမည့် Condition Precedent များကို တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်မည်ဆိုပါက အမြန်ဆုံး ကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောဆိုပါတယ်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ထိုမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာကာ ကျန်စီးပွားရေးဇုန်များကို အထောက်အကူပြုနိုင်မည်ဖြစ်တယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးကဆက်လက်ပြောဆိုပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမြို့တွင် တည်ဆောက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပြီး နှောင့်နှေးခဲ့ရတဲ့ မဟာဗျူဟာမြောက်တဲ့ ယခုစီမံကိန်းကို များမကြာမီက အလျင်အမြန်လုပ်ဆောင်နိုင်ရန် နှစ်ဘက်အရှိန်မြှင့်လာခဲ့ကြတာဖြစ်ပါတယ်။
#Local_News #ကျောက်ဖြူအထူးစီးပွားရေးဇုန် #ဒုတိယဗိုလ်ချုပ်မှူးကြီးတိုက်တွန်း #-ymg/knl #Yangon_Media_Group
ကမ္ဘာ့ဈေးလည်းကျတယ်၊ ဒေါ်လာဈေးလည်းကျတယ်၊ ဒါပေမယ့်ဒီတစစ်ရက်နှစ်ရက်အတွင်း ဝယ်လိုအားပြန်လိုက်လာတော့ ရွှေဈေးမာနေတယ်
#Local_News
Published_11 January 2024
#ကမ္ဘာ့ရွှေဈေးကျဆင်း #ရွှေအဝယ်လိုက်၍ဈေးမာနေ
#YMG/NN #Yangon_Times
စင်္ကာပူနိုင်ငံမှပြန်ရောက်လာတဲ့ (၃)ဦးမှာ အိုမီခရွန် HV .1 ၊JN.1နဲ့ EG. 5.1.8 Variants တွေတွေ့ရှိခဲ့ရသလို ပြည်တွင်းကူးစက်မှုအနေနဲ့ HV .1 ကူးစက်သူ(၁၁)ဦး နဲ့ XBB.1.16.17 ကူးစက်ခံရသူ(၂)ဦးကို ထပ်မံတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ကိုဗစ်ပိုးအမျိုးအစားလေးမျိုးတွေ့ရတဲ့အနက် အိုမီခရွန် HV .1 ၊JN.1နဲ့ EG. 5.1.8 Variants သုံးမျိုးကတော့ မြန်မာနိုင်ငံမှာ ခုမှတွေ့ရတဲ့ ပိုးသစ်တွေဖြစ်တယ် ကျန်းမာရေးဝန်ကြီးဌာန
#Local_News
Published_11 January 2024
#ကိုဗစ်ဗီဇပြောင်းမျိုးကွဲသစ် #HV.1 ၊JN.1နှင့်EG. 5(၃)မျိုးထပ်မံတွေ့
#tthl #Yangon_Times
Page 901 of 2004