ပြီးခဲ့တဲ့နှစ်ထက် မြေဆီလွှာဖိုးများစတဲ့ စိုက်ပျိုးကုန်ကျစရိတ်နဲ့ အလုပ်သမားခများ ဈေးမြင့်လာတဲ့အတွက် ငှက်ပျောသီးတစ်ဖီးဈေးနှုန်းဟာ ယခင်ထက်ဈေးထက်ဝက်မြင့်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
Published_ 29 September 2023
#စိုက်ပျိုးကုန်ကျစရိတ် #ငှက်ပျောသီးတစ်ဖီးဈေးနှုန်း
#YMG/LW #Yangon_Times
‘မြန်မာနိုင်ငံအနေနဲ့ ရေထုညစ်ညမ်းမှုလျှော့ချရာမှာ အဓိကကျတဲ့ MARPOL ကွန်ဗင်းရှင်းရဲ့ နောက်ဆက်တွဲ ၁ မှ ၅အထိ လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကိုရေထုညစ်ညမ်းမှုဆိုင်ရာဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်’ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
Published_ 29 September 2023
#‘ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့’ #မြန်မာသင်္ဘောသား
#tthl #Yangon_Times
#Local_News
Published 29 Setember 2023
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ထန်ဘူရီမြို့နယ်၊ လန်စ်ကျေးရွာအနီး လန်စစ်-နခွန်းနာယုတ်လမ်းမပေါ်တွင် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက် အရသိရသည်။
ထိုင်းရဲတပ်ဖွဲ့ဝင်များက လန်စစ်-နခွန်းနာယုတ် လမ်းမပေါ်ကြီးပေါ်၌ စက်တင်ဘာ ၂၇ ရက်ညနေပိုင်းက လုံခြုံ ရေးတာဝန်ယူဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ အိမ်စီးကားတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ကားပေါ်၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦးအား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၈ ဦးသည် ဘန်ကောက်မြို့၌ အလုပ်လုပ်ကိုင်ရန် ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်မှတဆင့် တာ့က်ခရိုင်၊ ဝမ်ကျောက်မြို့နယ်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ဝင် ရောက်လာခဲ့ခြင်းဖြစ်ပြီး ပွဲစားအဖြစ် တစ်ဦးလျင် ဘတ်ငွေ ၁၅၀၀၀ မှ ၂၅၀၀၀ စီ ပေးချေးခဲ့ရကြောင်း သိရသည်။
မြန်မာအလုပ်သမားများအား ကားဖြင့်ခေါ်ဆောင်လာသူ ထိုင်းနိုင်ငံသား ယာဉ်မောင်နှင့် ဖမ်းဆီးရမိသူ ၁၈ ဦးအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
#Local_News #ထိုင်းနိုင်ငံ #ပထုံဌာနီခရိုင် #YMG/LW #Yangon_Times
#World_News
Published 29 September 2023
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ သူ့သားဖြစ်သူ ဟန်တာဘိုင်ဒင်ရဲ့ စီးပွားရေးကိစ္စများအကြောင်း လိမ်လည်ထွက်ဆိုခဲ့တယ်ဆိုတဲ့ သက်သေမရှိ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များက စက်တင်ဘာ ၂၈ ရက်နေ့မှာ ဂျိုးဘိုင်ဒင်အား စွပ်စွဲပြစ်တင်ချက် စုံစမ်းစစ်ဆေးခြင်း ကြားနာမှုများ စတင်ပြုလုပ်ခဲ့ပါတယ်။
ဘိုင်ဒင်ကို စုံစမ်းစစ်ဆေးခြင်း အကြောင်းအရာထဲမှာ သူ့မိသားစုထံ နိုင်ငံခြားမှ ငွေပေးချေမှုများ ရှိခဲ့တယ်လို့ ဖော်ပြထားပေမယ့် အဲဒီကနေ ကိုယ်ကျိုးစီးပွားအတွက် အကျိုးအမြတ် ရခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရှိထားပါဘူး။
ဘိုင်ဒင်မိသားစုဝင်တွေက ရပိုင်ခွင့်တွေ ရောင်းချနေတယ်ဆိုကာ ဟန်တာရဲ့ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများအကြောင်းကို စုစည်းဖော်ပြထားတဲ့ ရီပတ်ဘလစ်ကန်များရဲ့ အထောက်အထား သုံးသပ်ချက်များကို အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီမှ ကနဦးစွဲချက်ကြားနာခဲ့တာ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေက ဒီလိုအကျင့်ပျက်မှုကို တာဝန်ယူဖြေရှင်းပေးဖို့ အလိုရှိနေကြကြောင်း၊ သမ္မတက သူ့မိသားစုဝင်တွေရဲ့ စီးပွားရေးများအကြောင်း လိမ်လည်ခဲ့ကာ အလုပ်တာဝန်တွေကနေ ပိုင်းခြားထားခြင်းမရှိကြောင်း အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဂျိမ်းစ်ကိုမာက ပြောကြားလိုက်ပါတယ်။
၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဘာရက်အိုဘားမား အုပ်ချုပ်စဥ် ဘိုင်ဒင်က ဒုသမ္မတအဖြစ် ရှိစဥ်အခါက ယင်းလက်ကိုင်ပြုခဲ့တဲ့ မူဝါဒလမ်းစဥ်တွေကနေ ဘိုင်ဒင်တို့မိသားစု အကျိုးအမြတ်ရရှိခဲ့တယ်လို့ ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက စွပ်စွဲလိုက်ပါတယ်။
ဒါ့အပြင် မိသားစုရဲ့ ဘဏ္ဍာရေးကိစ္စများ စုံစမ်းစစ်ဆေးရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဟန်တာနဲ့ သမ္မတအစ်ကိုဖြစ်သူ ဖရန့်တို့ရဲ့ ဘဏ်မှတ်တမ်းများအတွက်လည်း ကော်မတီဥက္ကဌက ဆင့်ခေါ်စာ ထုတ်ပြန်ခဲ့ပါတယ်။
ကြာသပတေးနေ့က ကြားနာမှုမှာ ဒီမိုကရက်အဖွဲ့ဝင်တွေနဲ့ အခြားပုဂ္ဂိုလ်သက်သေတို့က ဘိုင်ဒင်ဟာ နိုင်ငံခြားမှ ငွေကြေးလက်ခံရယူခြင်း မရှိသလို ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဥ်ကလည်း မဟုတ်မမှန်တဲ့ လုပ်ရပ်မျိုး ပြုလုပ်တဲ့ အထောက်အထား မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။
တကယ်လို့ သမ္မတကို စွပ်စွဲဖို့အတွက် အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေမှာ မဲဆန္ဒအလုံအလောက် ရခဲ့ရင်တောင် အထက်လွှတ်တော်က ဘိုင်ဒင်ကို သမ္မတရာထူးမှ ဖယ်ရှားဖို့ဆိုတာ ဖြစ်နိုင်ချေအလွန်နည်းပါးကြောင်း ရိုက်တာက သုံးသပ်ထားပါတယ်။
#World_News #ဟန်တာဘိုင်ဒင် #အောက်လွှတ်တော်ရီပတ်ဘလစ်ကန် #Source: WION
#Local_News
Published_ 29 September 2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီးတွင် Light Truck ယာဉ်တစ်စီးသည် ရေကျော်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၂၉ ရက် နံနက် ၈နာရီ ၃၀ မိနစ်ခန့်က Light Truck ယာဉ်(၁)စီးသည် ရေကျော်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါခဲ့ပြီး အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများတွေ့ရှိကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းနှင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ကြောင်း သိရသည်။
ချောင်းအတွင်းနစ်မြုပ်နေသော Light Truckယာဉ်အား ပြန်လည်ဆယ်ယူနိုင်ရေးဆောင်ရွက်ခဲ့ပြီး သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကိုညောင်ဦးမြို့ ဂရုဏာရှင်နာရေးအခမဲ့ကူညီမှုအသင်းယာဉ်ဖြင့် ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Local_News #ရေစီးနှင့်အတူမျောပါ #အမျိုးသားနှစ်ဦးသေဆုံး #Yangon_Times
#World_Health
Published 29 September 2023
ကင်ဆာဝေဒနာရှင်များအတွက် မျိုးဗီဇဆက်စပ်စမ်းသပ်နည်းများကို အခြေခံကာ တစ်ဦးချင်း ကင်ဆာကုသနည်းလမ်းများ မြှင့်တင်ပေးမယ့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ရို့ချ်အစ္စရေးလ် ဆေးဘက်ဆိုင်ရာကုမ္ပဏီဖြစ်တဲ့ ဟာဒါဆာ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်စင်တာမှ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒါဟာ အစ္စရေးလ်မှာ ပထမဆုံးပူးပေါင်းမှုပုံစံ ဖြစ်လာမှာပါ။
မော်လီကျူးနဲ့ ဇီဝအချက်အလက်ဆိုင်ရာ နည်းပညာများကို အခြေခံကာ ကင်ဆာလူနာတွေအနေနဲ့ မျိုးဗီဇဆက်စပ်စမ်းသပ်နည်း ပူးပေါင်းဆောင်ရွက်ချက် ပုံစံများကို ရွေးချယ်ကုသနိုင်မှာဖြစ်ပြီး ကုမ္ပဏီများအနေနဲ့ ကင်ဆာအဆင့်တိုင်းမှာ တိကျတဲ့ကုသမှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုပေါင်းစပ်ခြင်းနည်းလမ်းကို အသုံးပြုကာ ကင်ဆာရောဂါကို အဆင့်မြင့်အဆန်းသစ်ဆုံး စမ်းသပ်ချက်များဖြင့် လူနာတွေအတွက် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
သဘောတူညီချက်များအရ ထိုနည်းလမ်းစမ်းသပ်ချက်များဖြင့် ဟာဒါဆာမှလူနာတွေကို ပိုမိုတိကျတဲ့ ကင်ဆာရှာဖွေရေးစမ်းသပ်မှုများ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံခြားဓာတ်ခွဲခန်းများသို့ ပို့ဆောင်မှာဖြစ်ပါတယ်။
လူနာတစ်ဦးချင်းအတွက် မျိုးဗီဇစမ်းသပ်နည်းဖြင့် ကင်ဆာအကျိတ်ရဲ့ သဘောသဘာဝကို သိရှိစေနိုင်ကာ အတိကျဆုံးကုသမှု ပေးနိုင်မှာဖြစ်ပါတယ်။
လူနာစောင့်ရှောက်မှု ပိုမိုမြင့်မားရေးအတွက် AI အခြေပြုပစ္စည်းကိရိယာများလည်း ပိုမိုထုတ်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာ အားသာချက်များအပြင် ကင်ဆာထိန်းချုပ်ရေးအတွက် အဆင့်မြင့်သိပ္ပံနည်းပညာများနဲ့ သုတေသနများမှာလည်း သိသိသာသာ တိုးတက်စေမှာ ဖြစ်ပါတယ်။
ကင်ဆာလူနာများကို အကောင်းဆုံး မော်လီကျူး အခြေခံနည်းလမ်းများဖြင့် ကုသခွင့်ရတဲ့အတွက် ဂုဏ်ယူရကြောင်း၊ လူနာများကို ကုသရာမှာ တိုးတက်လာမယ်လို့ ယုံကြည်နေကြောင်း ဟာဒါဆာကင်ဆာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ အာရွန်ပိုပေ့ါဗ်ဇာက ပြောကြားသွားပါတယ်။
မျိုးဗီဇပြောင်းလဲချက်များအပေါ် အခြေခံကာ ကင်ဆာလူနာတစ်ဦးကို အချိန်မှန် ကုသနည်းမှန်မှန်ဖြင့် ကုသပေးနိုင်မှာဖြစ်ကာ မလိုအပ်တဲ့ ကုသမှုတွေ ရှောင်ရှားနိုင်မှာလည်း ဖြစ်ပါတယ်။
#World_Health #မျိုးဗီဇဆက်စပ်နည်းလမ်း #ကင်ဆာလူနာ
#Source:_The_Jerusalem_Post
#World_Health
Published 28 September 2023
အိတ်စ်ရောဂါ (Disease X)လို့ WHO မှ အမည်ပေးထားတဲ့ရောဂါဟာ ကိုဗစ်၁၉ရောဂါထက် ပိုမိုအသက်အန္တရာယ်များနိုင်တဲ့ ကပ်ရောဂါကြီး ဖြစ်စေနိုင်တယ်လို့ ဗြိတိန်ကျန်းမာရေး ပညာရှင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
အဆိုပါဗိုင်းရပ်စ်အသစ်ဟာ ၁၉၁၉ - ၁၉၂၀ အတွင်းက စပိန်တုပ်ကွေးလိုမျိုး ထိခိုက်စေလိမ့်မယ်လို့ ၂၀၂၀ မေလမှ ဒီဇင်ဘာလအထိ ဗြိတိန်ကာကွယ်ဆေးအဖွဲ့မှာ ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့တဲ့ ကေတီဘင်ဂမ်က ဆိုခဲ့ပါတယ်။
ထိုရောဂါဟာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုတစ်ခုခုကြောင့် ဖြစ်နိုင်ပြီး ကုသရာနည်းလမ်း မရှိသေးဘူးလို့ WHO က ဆိုပါတယ်။
စပိန်တုပ်ကွေးတုန်းက လူသန်း ၅၀ ခန့်သေဆုံးခဲ့ကာ ယခုလက်ရှိ တည်ရှိနေပြီးသားဖြစ်နေတဲ့ ဗိုင်းရပ်စ်ကြောင့် အလားတူ သေဆုံးသူပမာဏ ရှိလာနိုင်တယ်လို့ မစ္စဘင်ဂမ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အိတ်စ်ရောဂါရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ဆိုရင် တစ်ကမ္ဘာလုံးအနေနဲ့ ကာကွယ်ဆေး အမြောက်အများ ပြင်ဆင်ထားရန်နဲ့ အချိန်မီပေးပို့နိုင်ရန် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်လို့ Daily Mail ထံ ပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်မျိုးနွယ်ဝင် ၂၅ မျိုး တွေ့ရှိထားပေမယ့် တစ်မျိုးကနေ တစ်မျိုးကူးပြောင်းနိုင်တဲ့ မျိုးကွဲဗိုင်းရပ်စ်ပေါင်း တစ်သန်းကျော် ကျန်ရှိနေနိုင်ပါသေးတယ်။
ကိုဗစ်ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ သန်း ၂၀ ကျော်သေဆုံးခဲ့တယ် ဆိုပေမယ့် ကံကောင်းတယ်လို့ ပြောရမှာဖြစ်ကြောင်း၊ လူအများစုက ကိုဗစ်ရောဂါမှ ပြန်လည်သက်သာလာကြကြောင်း၊ အိတ်စ်ရောဂါကတော့ ဝက်သက်လို ကူးစက်မှုနှုန်းမြန်ဆန်ပြီး အီဘိုလာလိုမျိုး အသက်အန္တရာယ်ရှိကြောင်း၊ တစ်နေရာရာမှာ ဗိုင်းရပ်စ်ကပွားနေကာ တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်ကနေ စတင်ဖျားနာလာနိုင်ကြောင်း ရှင်းပြသွားပါတယ်။
ရောဂါပျံ့ပွားမှုတွေ များပြားလာရခြင်း အကြောင်းအရင်းတွေက ယနေ့ခေတ်မှာ နေထိုင်ရခြင်းရဲ့ ပေးဆပ်မှုတစ်ခု ဖြစ်လာရခြင်း၊ ပြောင်းလဲလာတဲ့ ကမ္ဘာ့ယဥ်ကျေးမှုထုံးတမ်းနဲ့ ပိုမိုဆက်စပ်လာရခြင်း၊ မြို့ကြီးပြကြီးတွေမှာ လူတွေပိုပိုများလာပြီး ထိတွေ့မှုပိုမိုများပြားလာရခြင်း တို့ကြောင့် ဖြစ်နေပါတယ်။
ရောဂါအိတ်စ်လို့ အမည်ပေးရခြင်းက လူသားတွေမှာ ရောဂါဖြစ်စေနိုင်တယ်လို့ မသိရသေးတဲ့ ရောဂါပိုးတစ်ခုကြောင့် နိုင်ငံတကာမှာ ကပ်ရောဂါဖြစ်ပွားနိုင်တာကြောင့် ဖြစ်ပါတယ်။
#World_Health #(Disease X)ကပ်ဘေး #လူသန်း၅၀ခန့်သေဆုံး #Source: NDTV
၂၈ စက်တင်ဘာ ၂၀၂၃
အမုန်းတရားတွေ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိတယ်လို့ နစက ဥက္ကဋ္ဌနှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးမှာကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၄/၂၀၂၃)တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နစက ကောင်စီဝင်တွေကို ပြောကြားရာမှာ ယင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲ့ဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော် တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှုရှုရောက်မယ်ဆိုတာကို တွေ့ပါ တယ်။ ဒါလေးတွေဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့ အတွက်တိုက်တွန်းလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုပါတယ်။
“လာမယ့် အောက်တိုဘာ လ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးတဲ့ ၈ နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဒါကိုနိုင်ငံရေးအနှစ်သာရရှိရှိလုပ်ဖို့ရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်း လက်လှမ်းမှီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံတွေလည်းအခုဖိတ်နေပါပြီ” ဟု နစက ဥက္ကဋ္ဌက NCA အခမ်းအနားနှင့်ပတ်သက်၍ ဆက်လက် ပြောကြား ပါတယ်။
“ကျွန်တော် Personal အကုန်စာတွေရေးပြီး ဖိတ်ပါတယ်။ တစ်ချို့ကလည်းတယ်လီဖုန်းနဲ့၊ တစ်ချို့က လည်းစာနဲ့ရေးပြီးဖိတ်တာတွေရှိတယ်။ တစ်ချို့လာနိုင်တယ်လို့လည်းပြောတာရှိတယ်။ တစ်ချို့ကတော့သူလည်း မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့သူတို့ကိုယ်စားလှယ်တွေလွှတ်ပေးမယ်လို့ ပြောတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပိုပြီးလိုလား တဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုး ထားတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်း ရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။
နစက ကောင်စီဝင်များကို သက်ဆိုင်ရာဒေသအလိုက် ဒေသဖွံ့ဖြိုးရေး သွားရောက် ဆောင်ရွက်ခဲ့မှုများအပေါ် ဗိုလ်ချုပ်မှူးကြီးက ဒေသရဲ့အခြေအနေမှန်၊ ပြည်သူလူထုသဘောထားအမှန် စိတ်နေစိတ်ထားလိုအပ်ချက်များကို သိချင်သဖြင့် တာဝန်ခွဲဝေပေးပြီး သွားရောက်စေခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ယင်းသို့သွားရောက်သည့် အတွက်လည်း အခြေအနေကို ယခင်ထက်စာရင် ပိုပြိးသိလာရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက် ပြောဆိုပါတယ်။
ကောင်စီတွဲဖက်အတွင်းရေးမှူးက ဆီဈေးနှုန်းများနှင့် ကုန်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းများထက် အလွန်အကျွံမြှင့်တင်ရောင်းချနေသူများနှင့်ပါဝင်ပတ်သက်လျက်ရှိသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည့်အခြေအနေများနှင့် အခြားသော နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေဆောင်ရွက်နေတာတွေကိုတင်ပြခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။
ကောင်စီအတွင်းရေးမှူးကလည်း ကောင်စီလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဒေသအလိုက်တင်ပြချက်များအပေါ် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဝင်များကလည်း ဒေသခရီးစဉ်များအကြောင်း တင်ပြခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးသို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြတယ်လို့သိရှိရပါတယ်။
-knl/ymg
အရှေ့အာရှပွဲတော်တွေထဲက ဗီယက်နမ်တိုရဲ့ အကြီးဆုံးပွဲတော်ကြီးဖြစ်တဲ့ ၁၉ ကြိမ်မြောက် ဆောင်းဦးလယ်ပွဲတော် အလှပြယာဥ်စီတန်းလှည့်လည်ပွဲကြီးကို ဟနွိုင်းမြောက်ဘက် တုယင်ကွမ်မြို့လေးမှာ စနေနေ့က စတင်ကျင်းပခဲ့ပါတယ်။
Published_ 28 September 2023
#Asia_Event
#ဗီယက်နမ် #ဆောင်းဦးလယ်အလှပြယာဥ်
#Daily_News
Published_ 28 September 2023
၁။ လေဖိအားနည်းဆဲလ်ကြောင့် ရန်ကုန်နှင့်ဒေသအချို့တွင် မိုး(၆)ရက်သည်းနိုင်
၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေး အောက်တိုဘာ ၁ ရက်မှစတင် တိုးကောက်မည်၊လည်ပတ်ချိန် ၃ ရက်အတွက်သာဖြစ်ဟုဆို
၃။ ဘင်္ဂလားဒေ့ရှ်မှ ဂျင်းဝယ်လိုအား လာမယ့်အောက်တိုဘာလကုန်မှသာ ပြန်ရှိနိုင်မည်
၄။ ဗီယက်နမ်မှ(၁၉)ကြိမ်မြောက် ဆောင်းဦးလယ်အလှပြယာဥ်စီတန်းလှည့်လည်ပွဲကြီး စနေနေ့ကစတင်ကျင်းပ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published_ 28 September 2023
ယနေ့စက်တင်ဘာလ(၂၈)ရက်ညနေပိုင်းတွင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းအတွက်အဆုံးအဖြတ်ပေးမည့်ပွဲစဉ်များဖြစ်သော မြန်မာ-ဂျပန်(အမျိုးသား ဘောလုံးအသင်း)နှင့် မြန်မာ-ဖိလစ်ပိုင်(အမျိုးသမီးဘောလုံးအသင်း)ပွဲစဉ်တို့ယှဉ်ပြိုင်မည်ကြမည် ဖြစ်ကြောင်းသိရသည်။
မြန်မာ-ဂျပန်(အမျိုးသားဘောလုံးအသင်း)ပြိုင်ပွဲသည် ရှုံးထွက်အဆင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယနေ့စက်တင်ဘာလ(၂၈)ရက်ပြိုင်ပွဲသည်မြန်မာအမျိုးသားဘောလုံး အသင်းအတွက်အရေးကြီးသည့်အဆုံးအဖြတ်ပေးနိုင်မည့်ပွဲစဉ်ဖြစ်ပြီး ရှုံးနိမ့်ပါက အာရှအားကစားပြိုင်ပွဲမှ ထွက်ရမည်ဖြစ်ပြီး အနိုင်ရပါက အုပ်စုဒုတိယအဆင့်ရှုံးထွက်အဆင့်မှနောက်တစ်ဆင့်ကိုတက်ရောက် နိုင်မည်ဖြစ်သည်။
ဂျပန်အသင်းသည် အုပ်စုပွဲများတွင် ကာတာနှင့် ပါလက်စတိုင်း နှစ်သင်းစလုံးအနိုင်ယူကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့် တက်ရောက်လာခြင်းဖြစ်သလို ၂၀၁၈ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့်အသင်း ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုသုံးပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အိန္ဒိယနှင့် တစ်ဂိုးစီသရေကျကာ တရုတ်အသင်းကို လေးဂိုးပြတ်အရေးနိမ့်ခဲ့သော်လည်း ဒုတိယအဆင့်(၁၆)သင်း ထဲတွင်ပါဝင်ခဲ့သောအသင်းဖြစ်ကြောင်းသိရသည်။
မြန်မာ-ဖိလစ်ပိုင်(အမျိုးသမီးဘောလုံးအသင်း)ပွဲစဉ်သည်လည်း အရေးကြီးပြီး မြန်မာအသင်းသည် နောက်တစ်ဆင့်တက်ရောက်ရေးအတွက် ဖိလစ်ပိုင်ကို အနိုင်ကစားရန် လိုအပ်သလို အခြားအုပ်စုရ လဒ်များကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုပွဲများတွင် တောင်ကိုရီးယားကို သုံးဂိုးပြတ် အရေးနိမ့်ခဲ့သော်လည်း ဟောင်ကောင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အုပ်စုငါးခုခွဲ၍ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးငါးသင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးသုံးသင်း စုစုပေါင်းရှစ်သင်းသာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
#tthl #Local_News #ယနေ့မြန်မာဘောလုံး #ဘောလုံးပွဲစဉ်များ #Yangon_Times
‘ငမိုးရိပ်တမံမှာ ရေပြည့်နေပြီး ရေပိုလွှဲမှရေ ၂.၅၀ ပေကျော်နေသလို မဟူရာတမံမှာလည်း ရေပြည့်ကာ ရေပိုလွှဲမှရေ ဝ.၉၀ ပေကျော်နေပြီး ပေါင်းလင်းတမံမှာတော့ ရေပြည့်မှတ်ရောက်ဖို့ ဝ.၂၀ပေလိုသေးတယ်’ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
Published_ 28 September 2023
#Local_News
#ရေလှောင်ကန်နှင့်တမံများ #ငမိုးရိပ်တမံ
#tthl #Yangon_Times
Page 905 of 1858