တောင်သူတွေ လက်ထဲရောင်းချရမယ့် နှမ်းတင်းပေါင်းများစွာကျန်နေသေးပေမယ့် ဈေးဆက်တိုက် ကျလာတာကြောင့် နှမ်းစုပေါင်းရောင်းချပွဲကို သတ်မှတ်ကာလအတွင်းမှာပဲ ပိတ်သိမ်းတော့မှာ ဖြစ်တယ် လို မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
Published_ 28 September 2023
#Local_News
#ဈေးဆက်တိုက်ကျ #နှမ်းစုပေါင်းရောင်းချပွဲ
#YMG/LW #Yangon_Times
ဂျင်းတပင်ကို တစ်နှစ်လျှင် နှစ်ကြိမ် ဂျင်းတက်ခူးဆွပ်နိုင်ပြီး လာမယ့် အောက်တိုဘာလကုန်ပိုင်းမှ ဒီဇင်ဘာလအထိ ထွက်ရှိမယ့် ဂျင်းဟာ ပြည်ပကဝယ်ယူတာများတဲ့ ဂျင်းအခက်ကြီးများဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှု ပြန်ရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Published_ 28 September 2023
#ဂျင်းဝယ်လိုအား #ဘင်္ဂလားဒေ့ရှ်မှဝယ်ယူမှု
#YMG/LW
#Yangon_Times
#Local_News
Published-28 September 2023
ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီးတွင်Hijet (အဖြူရောင်)ယာဉ်က လမ်းဘေးတွင် ရပ်ထားသော Nissan (အဖြူရောင်)(၆)ဘီးယာဉ်အား အနောက် မှ ဝင်ရောက်တိုက်မိပြီးသေဆုံးသူ ၂ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၈ရက် ၊ နံနက် ၆နာရီအချိန်က မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီး၊မိုင်တိုင်အမှတ်(၈၉/၇)နှင့်(၉၀/၀)ကြားတွင် Hijet (အဖြူရောင်)ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော Nissan (အဖြူရောင်)(၆)ဘီးယာဉ်အား အနောက်မှဝင်ရောက်တိုက်မိပြီး Hijet (အဖြူရောင်)ယာဉ်မှ ယာဉ်မောင်းကားခေါင်းခန်းတွင် ညပ်နေမှုဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းကျား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး (သေဆုံး)ခဲ့ပြီးအမျိုးသား၃ဦးနှင့် အမျိုးသမီး ၄ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်နေရာသို့ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ပြီးဟဲဟိုးမြတ်စေတနာလူမှုကူညီရေးအသင်းမှယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #ယာဉ်တိုက်မှုဖြစ်ပွား #ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိ
#Yangon_Times/PP
"အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ပြည်ပနိုင်ငံခြားသားတစ်ဦးကို ဇုန်ဝင်ကြေး (၃၀၀၀၀)ကျပ်သို တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ပါတယ်။နေထိုင်လည်ပတ်ခွင့်သက်တမ်း(၃)ရက် နာရီအားဖြင့် (၇၂)နာရီလည်ပတ်ခွင့်ရမှာဖြစ်ကာ (၃)ရက် ထက်ကျော်လွန်ပါက ဇုန်ဝင်ကြေးထပ်မံကောက်ခံသွားမှာဖြစ်တယ်"
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)
Published_ 28 September 2023
#Local_News
#ပုဂံဇုန်ဝင်ကြေးတိုးကောက် #ယဉ်ကျေးမှုဝန်ကြီးဌာန
#tthl #Yangon_Times
"မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒေသအလိုက်မိုးကြီးတာနဲ့ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်" မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Published_ 28 September 2023
#Local_News
#လေဖိအားနည်းဆဲလ် #မိုးသည်းပြီးသဘာဝဘေးကြုံနိုင်
#tthl #Yangon_Times
#Local_News
Published_ 28 September 2023
အငယ်စားစီးပွားရေးလုပ်ငန်းများပါထည့်သွင်းပြီး ‘အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ’ပြဋ္ဌာန်းရန်ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
မူလကပြဌာန်းထားသည့် ‘အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ’တွင် အငယ် စားလုပ်ငန်းများထည့်သွင်းပြီး ‘အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ’အဖြစ်ပြဌာန်းရန်ဆောင်ရွက်လျက်ရှိပြီး ဥပဒေအရအခွန်လျော့ပေါ့ခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းနှင့် နည်းပညာ၊ဈေးကွက်နှင့်ငွေကြေးအရင်းအနှီးအပါအဝင်အထောက်အပံ့ များပေးရန်အစီအစဉ်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှစစ်ကိုင်းစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံး၌ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာန၏မူဝါဒတွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်စက်မှုကဏ္ဍများဘက်ညီ ဖွံ့ဖြိုးရေးအတွက် လယ်ယာအခြေခံစက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်းများ နှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်တိုးတက်လာစေရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ပြီး အကြီးစားစက်မှုလုပ်ငန်း များကို ဆက်လက်ထူထောင်ခြင်းဖြင့်သွင်းကုန်အစားထိုးထုတ်ကုန်နှင့်ပြည်ပပို့ထုတ်ကုန်များတိုးမြင့်လာစေရေးအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
ယခုအချိန်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” အဖြစ် ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဥပဒေပြဋ္ဌာန်းပြီးပါက MSME ဥပဒေအရ လုပ်ငန်းအရွယ်အစား သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လက်မှတ်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊
MSMEများအနေဖြင့်MSMEဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရမှတ်ပုံတင်ခြင်းအားဖြင့်ဥပဒေအရအခွန်လျော့ပေါ့ခြင်းနှင့်ကင်းလွတ်ခွင့်ပြုခြင်း၊ နည်းပညာ၊ ဈေးကွက်နှင့်ငွေကြေးအရင်းအနှီးများရယူနိုင်ခြင်း၊လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်အထောက်အပံ့များရရှိနိုင်ခြင်း၊စွန့်ဦးတီထွင်မှုပြုလုပ်သူများနှင့်လုပ်ငန်းအသစ်စတင်လုပ်ဆောင် လိုသူများအတွက်လိုအပ်သောအကြံပေးဝန်ဆောင်မှုများ၊အခြားလိုအပ်သောကူညီပံ့ပိုးမှုများကိုရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ဒေသအလိုက်MSMEများဖွံ့ဖြိုးတိုးတက်စေရေးကြိုးပမ်းဆောင် ရွက်ပေးကြရန်နှင့်နိုင်ငံတော်အနေဖြင့်လိုအပ်သည်များပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
#tthl #Local_News #စီးပွားရေးလုပ်ငန်း #MSME ဥပဒေပြဋ္ဌာန်း #Yangon_Times
#Local_News
Published-28 September 2023
မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်သူများကို အဖမ်းအဆီးများနေ၍ အခက်အခဲများ ရင်ဆိုင်နေရသည့်အပြင် အွန်လိုင်းပွဲစားအချို့၏ လိမ်လည်ခံနေရမှုများရှိကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ထံက သိရပါသည်။
မလေးရှားကို တရားမဝင်ရောက်ရှိလာသူ မြန်မာအမျိုးသမီးတစ်ဦးသည် အွန်လိုင်းပွဲစားများနဲ့ ချိတ်ဆက်ပြီး အလုပ်ကောင်းရမည်ဟုဆိုတာကြောင့် ရင်းဂစ် ၇၀၀ ပေးဆောင်ခဲ့ပေမယ့် ၅ရက်အထိ ကြာမြင့်လာသော်လည်း ပေါ်မလာခဲ့ဘဲ အခက်အခဲကြုံတွေ့ခဲ့ရကြောင်းသိရသည်။
"အသက် ၅၀ ခန့် ဒေါ်ပုတင်ဟာ ရန်ကုန်မှာ ပွဲစားကို သိန်း(၄၀)ပေးပြီး ထိုင်းကနေတစ်ဆင့် မလေးရှားကို ခိုးဝင်လာတာပါ။ အသက် ၅၀ လောက်ရှိပြီဆိုတော့ အလုပ်ရှင်တွေကအင်တာဗျူးလက်မခံဘဲအဆင်ပြေသလို သန့်ရှင်းရေးအလုပ်လုပ်ရခဲ့ပါတယ်။ အဲဒီမှာလည်းဘာသာစကားနားမလည်တာ၊ လူငယ်တွေနဲ့ အလုပ်ယှဉ်မလုပ်နိုင်တာကြောင့် လစာလိမ်ခံရပြီး လုပ်အားပေးသက်သက် ထမင်းစားဖြစ်ရုန်းလုပ်ခဲ့ရတယ်"လို့ အသင်းက ဆိုသည်။
၄င်းသည် အီပိုမြို့ရှိ စားသောက်ဆိုင်တွင် နှစ်လနီးပါးကြာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေရာမှ အွန်လိုင်းပွဲစားနဲ့ချိတ်ဆက်မိ၍ အလုပ်ကောင်းရမည်ဆိုခြင်းကြောင့် ပူချွန်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ပွဲစားအားရင်းဂစ် (၇၀၀) လိမ်လည်သွားခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာလ (၂၇)ရက်ညက မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ထံ ဆက်သွယ်အကူအညီတောင်းခံလာ၍ သွားရောက်ကူညီခေါ်ဆောင်ထားကြောင်း သိရသည်။
#Local_News #မလေးရှား #အွန်လိုင်းပွဲစားအချို့ #လိမ်လည်ခံနေရ
#Yangon_Times/PP
#Local_News
Published_ 28 September 2023
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေပြီး လုပ်အားခမရရှိတဲ့အတွက် အလုပ်သမားသံရုံးကို လာရောက်တိုင်ကြားထားသော မြန်မာအလုပ်သမား ၃ဦး၏ လုပ်ခလစာများ လာရောက်ထုတ်ယူဖို့ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံရုံးမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ အလုပ်သမား ၃ဦးမှာ ဘန်ကောက်မြို့၊ အမှတ် (၇) နယ်မြေ၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌လုပ်အားခမရရှိမှုကြောင့် တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
လုပ်အားခရရှိရန် တိုင်ကြားထားသူများမှာ မောင်အောင်ထက်ပိုင်၊ မောင်ငွေအောင်နှင့် မောင်ဇော်မျိုးဝင်းတို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့အလုပ်လုပ်ကိုင်ခဲ့သည့် Karnchang Ltd., Part လုပ်ငန်းရှင်မှ လုပ်အားခကျန်ငွေများကို လာရောက်ပေးအပ်ခဲ့ပြီဖြစ်တာကြောင့် ယခုကဲ့သို့လာရောက်ယူရန် ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မောင်အောင်ထက်ပိုင် (MD953228)၊ မောင်ငွေထက်အောင် (MD909383)၊ မောင်ဇော်မျိုးဝင်း(MD949974) တို့ ၃ ဦးအနေဖြင့် လုပ်အားခများလက်ခံရယူရန် အလုပ်သမားသံအရာရုံးဖုန်း 020030015 သို့ဆက်သွယ်၍ ထုတ်ယူနိုင်ကြောင်း ယင်းရုံးက အသိပေးထားသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာရွေ့ပြောင်းလုပ်သားများစွာရှိပြီး အချို့အလုပ်သမားများဟာ လုပ်အားခ ခေါင်းပုံဖြတ်မှုတွေရှိတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံရုံးများကို တိုင်ကြားခြင်း၊ မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူညီတောင်းခံမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
#YMG/LW #Local_News #လုပ်အားခမရရှိ #မြန်မာလုပ်သား ၃ဦး
#Yangon_Times
#World_News
Published_ 28 September 2023
မြောက်ကိုရီးယားက ယင်းရဲ့ နျူကလီးယား စွမ်းအင်ဆိုင်ရာမူဝါဒ ခိုင်မာလာစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြည့်စွက်ပြင်ဆင်ချက်တစ်ရပ်ကို သဘောတူလက်ခံလိုက်ကြကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ဂျုံအန်းက အမေရိကန်ရဲ့ လှုံ့ဆော်ရန်စခြင်းကို ဟန့်တားနိုင်ရေးအတွက် နျူကလီးယားလက်နက်များ အရှိန်မြှင့်တင် ထုတ်လုပ်သွားဖို့ ကတိပြုထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ စစ်ပွဲဟန့်တားရေး လုပ်ပိုင်ခွင့်များအတွက် စွမ်းအားမြင့် နျူကလီးယားလက်နက်များ ထုတ်လုပ်မယ့် အစီအစဥ်ကို သဘောတူလက်ခံပေးရန် တောင်းဆိုခဲ့ပြီး ပြည်သူ့လွှတ်တော်ပါလီမန်ချုပ်မှ ၂ ရက်တာ အစည်းအဝေးပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ချက်ကို တညီတညွတ်တည်း သဘောတူခဲ့ကြတယ်လို့ KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းအား တည်ဆောက်ရေးမူဝါဒကို တိုင်းပြည်ရဲ့ အခြေခံဥပဒေအဖြစ် ထာဝရသတ်မှတ်လိုက်ပြီး မည်သူတစ်ဦးတစ်ယောက်မှ မထီမဲ့မြင်မပြုစေရဘူးလို့ ကင်မ်ဂျုံအန်းက ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ စစ်ရေးလေ့ကျင့်မှုများနဲ့ ဗျူဟာမြောက် လက်နက်ပစ္စည်းများ နေရာချဖြန့်ကျက်ထားခြင်းဖြင့် အဆုံးစွန်အထိ စစ်ရေးရန်စမှုတွေ ပြုလုပ်ထားတာကြောင့် နျူကလီးယား လက်နက်များ ထုတ်လုပ်မှုကို အဆပေါင်းများစွာ မြှင့်တင်ရန်၊ နည်းလမ်းမျိုးစုံဖြင့် နျူကလီးယား တိုက်ခိုက်မှုပြုလုပ်နိုင်ရန်၊ ကဏ္ဍအသီးသီးမှာ ဖြန့်ကျက်သုံးစွဲနိုင်ရန် ကင်မ်ဂျုံအန်းက တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားက မိမိတိုင်းပြည်ကို ကာကွယ်တဲ့အနေနဲ့ နျူကလီးယား တိုက်ခိုက်ရေး ပြုလုပ်ခွင့်ရှိတဲ့ ဥပဒေကို တရားဝင်ကြေညာပြီး နောက်တစ်နှစ်မှာပဲ ယခုလို ဥပဒေဖြည့်စွက်ပြင်ဆင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်ကို ဆန့်ကျင့်တဲ့ နိုင်ငံများနဲ့ စည်းလုံးညီညွတ်ရေးကို ဒီထက်မြှင့်တင်ရန် တာဝန်ရှိသူများကို တိုက်တွန်းလိုက်ကာ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့ရဲ့ သုံးနိုင်ငံပူးပေါင်းရေးကိုလည်း ရှုတ်ချလိုက်ပါတယ်။
ကင်မ်ဂျုံအန်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရုရှားသို့ ရှားရှားပါးပါး ခရီးသွားရောက်ခဲ့ပြီး စီးပွားရေးနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူခဲ့ကြပါတယ်။
မြောက်ကိုရီးယားရဲ့ ဥပဒေဖြည့်စွက်ပြင်ဆင်ချက်ကြောင့် အရှေ့မြောက်အာရှဒေသတွင်း စစ်အေးတိုက်ပွဲနဲ့ ကိုရီးယားကျွန်းဆွယ်အတွင်း စစ်ရေးတင်းမာမှုများ ပိုမိုပြင်းထန်လာလိမ့်မယ်လို့ ဆိုးလ်မြို့ရှိ မြောက်ကိုရီးယားလေ့လာရေး တက္ကသိုလ်မှ ပရော်ဖက်ဆာ ယန်မူဂျင်က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ သဘာဝ ဘေးအန္တရာယ်များကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း စားနပ်ရိက္ခာ ပြတ်တောက်မှုများ မကြာခဏဆိုသလို ကြုံတွေ့နေရကာ ကိုဗစ်ကာလအတွင်း နယ်စပ်ပိတ်ဆို့ထားခြင်းက စားနပ်ရိက္ခာဖူလုံမှု ပြဿနာပိုဆိုးစေလိမ့်မယ်လို့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားပါတယ်။
#World_News #စစ်ရေးလေ့ကျင့်ရန်စမှု #နျူကလီးယားမူဝါဒ #ဖွဲ့စည်းပုံအခြေခံဥပဒေ
Source: Reuters
#Local_News
Published_ 28 September 2023
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ပူးပေါင်း၍ မြို့တော် ရီရတ်၌ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သော စက်တင်ဘာ (၂၇) ရက်တွင် ကျရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် စက်တင်ဘာ (၂၈) ရက်တွင် ကျင်းပပြုလုပ်မည့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဦးဆောင်သူများ ဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်၍ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ယုတို့ တက်ရောက်ကြပါတယ်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် အိမ်ရှင်ဆော်ဒီအာရေဗျနိုင်ငံ၊ ခရီးသွားလုပ်ငန်း ဝန်ကြီးနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အတွင်းရေးမှူးချုပ်တို့က အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပြီး အခမ်းအနားသို့ နိုင်ငံပေါင်း (၁၂၀) မှ အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ် (၅၀၀) ကျော် တက်ရောက်ကြပါတယ်။
ဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် စက်တင်ဘာလ ၂၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ခရီးသွားလုပ်ငန်းဦးဆောင်သူများဖိုရမ်သို့ ဆက်လက်ပါဝင်တက်ရောက် သွားမှာဖြစ်ပြီး မြန်မာနိုင်ငံနှင့်နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားနှင့်ဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လျော့နည်း ကျဆင်းခဲ့ရတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း အခြေအနေ ပြန်လည်တိုးတက်ကောင်းမွန်၍ ကြံ့ကြံ့ခံစေရန် Agenda 2030 (အာဂျင်ဒါ ၂၀၃၀) နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရေးနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်တွင် ရင်းနှီးမြှုပ်နှံကြရန်၊ ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိသည့် ပြောင်းလဲမှုလုပ်ငန်းစဉ်များဖော်ဆောင်ရန် ကမ္ဘာမြေကြီးအတွက် ရင်းနှီးမြှုပ်နှံကြရန်၊ တီထွင်ဆန်းသစ်ခြင်း၊ နည်းပညာနှင့် စွန့်ဦးတီထွင်မှုများ စသည်တို့တွင် စနစ်တကျ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကြွယ်ဝချမ်းသာမှုကို ပိုမိုအလေးထား ဖော်ဆောင်နိုင်ဖို့ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn #Local_News #ဆော်ဒီ #ကမ္ဘာလုံးဆိုင်ရာကမ္ဘာ့ခရီးသွားလုပ်ငန်း
#Yangon_Media_Group
#World_Health
Published 28 September 2023
ဗြိတိသျှသွားဘက်ဆိုင်ရာ အဖွဲ့အစည်းမှ သိပ္ပံနည်းကျအကြံပေးပုဂ္ဂိုလ် ဒေါက်တာပရာဗင်းရှာမာက လူတွေရဲ့ သွားနှင့်ခံတွင်း သန့်ရှင်းရေးအလေ့အထတွေနဲ့ ပတ်သက်ပြီး ပြုလုပ်လေ့ရှိတဲ့ အမှား ၄ မျိုးကို ထုတ်ဖော်သွားပါတယ်။
ပထမဆုံးအမှားက သွားတိုက်ပြီးနောက် ချက်ချင်းပလုတ်ကျင်းပစ်တာပါပဲ။
ထိုအခါမှာ ဖလိုရိုက်ရဲ့ အာနိသင် လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုရာမှာလည်း သွားတိုက်ပြီးနောက် အချိန်အတိုင်းအတာတစ်ခု စောင့်ဆိုင်သင့်တယ်လို့ ရှာမာက Daily Mail နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဖလိုရိုက်ဟာ လျော့ပါးလာတဲ့ သွားကြွေလွှာတွေကို ပြန်လည်သန်မာစေပြီး သွားဘက်တီးရီးယားများ ကြီးထွားလာခြင်းနဲ့ သွားပိုးစားခြင်းတို့ကို ကာကွယ်ပေးပါတယ်။
ဒုတိယအမှားကတော့ အစာစားပြီးနောက် ချက်ချင်း သွားတိုက်ပစ်ကြတာပါပဲ။
စားသောက်ပြီးနောက် အနည်းဆုံးမိနစ ၃၀ မှ ၆၀ ကြား စောင့်ဆိုင်းပြီးမှ သွားတိုက်သင့်တယ်လို့ ပညာရှင်များက အကြံပြုထားပါတယ်။
ချက်ချင်းကြီး သွားတိုက်ပစ်တဲ့အခါ အက်ဆစ်ဓာတ်ပါတဲ့ ဖျော်ရည်များ၊ စားစရာများကြောင့် သွားမျက်နှာပြင်များကို ပွတ်စားသွားပြီး သွားပျက်စီးလာနိုင်ပါတယ်။
တတိယအမှားကတော့ သွားကြားရှင်းလင်းရေးပစ္စည်းများ အသုံးမပြုတာပါ။
သွားကြားမှာ ညပ်နေတဲ့ စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပေးနိုင်မယ့် သွားကြားသန့်ရှင်းရေးကိရိယာများကို ဆိုလိုတာဖြစ်ပါတယ်။
သွားကြားထဲ နေရာလွတ်သိပ်မရှိတဲ့ သူတွေအတွက် အမျှင်သေးသွယ်တဲ့ ကိရိယာအသုံးပြုပေးသင့်ပါတယ်။
ဒါ့အပြင် သန့်ရှင်းရေးလုပ်ရာမှာ စက်ဝိုင်းပုံသဏ္ဍာန် သန့်ရှင်းဖို့ကိုလည်း အလေးပေး ပြောကြားသွားပါတယ်။
နောက်ဆုံးအမှားကတော့ ညအိပ်ရာမဝင်ခင် သွားမတိုက်တာပါပဲ။
ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးဖြင့် တစ်နေ့ကို ၂ ကြိမ် အချိန် ၂ မိနစ်ကြာအောင် တိုက်ပေးသင့်ပါတယ်။
တံတွေးက ဘက်တီးရီးယားတွေကို ရှင်းလင်းပေးကာ ညအချိန်မှာ တံတွေးထုတ်လုပ်မှု အနည်းဆုံးဖြစ်တာကြောင့် အထူးသဖြင့် ညအိပ်ရာမဝင်ခင် သွားတိုက်ပေးသင့်ပါတယ်။
#World_Health #သွားနှင့်ခံတွင်းသန့်ရှင်းရေး #အမှားအယွင်းများ
#Source: New_York_Post
#World_Health
Published 28 September 2023
သွေးပေါင်ချိန်မြင့်မားခြင်း သို့မဟုတ် သွေးတိုးရောဂါကြောင့် အခြားရောဂါအများအပြားနဲ့ နှလုံးရောဂါတို့ ဖြစ်လာနိုင်ချေ မသိမသာများပြားစေပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများနဲ့ နေထိုင်စားသောက်မှုပုံစံများ အပါအဝင် အခြားအကြောင်းအရာများကြောင့် သွေးတိုးနိုင်ပေမယ့် သွေးပေါင်ချိန်မြင့်မားခြင်းကို ရိုးရှင်းစွာ ထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းများလည်း ရှိပါတယ်။
အချို့သော အစားအသောက်တွေမှာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိများ ရှိကြပါတယ်။
ဒီလိုစားစရာတွေထဲမှာ ငရုတ်ကောင်းလည်း အပါအဝင် ဖြစ်ပါတယ်။
ငရုတ်ကောင်းမှာ ပါဝင်တဲ့ ပိုက်ပါရင်ဒြပ်ပေါင်းက သွေးပေါင်ချိန်တိုးခြင်းကို ကူညီထိန်းချုပ်ပေးနိုင်တယ်လို့ Cardiovascular Pharmacology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အာဟာရပညာရှင် မစ္စ ဆွီဒယ်ထရီနီဒတ်ဒ်က သွေးပေါင်ချိန်တိုးခြင်းနဲ့ ငရုတ်ကောင်းတို့ကြား ဆက်စပ်မှုအပြင် ငရုတ်ကောင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတို့ကိုလည်း ရှင်းပြခဲ့ပါတယ်။
အငန်ဓာတ်နည်းပါးတဲ့ အစားအစာများ၊ ပိုတက်ဆီယမ်ပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အဆီဓာတ်နည်းပါးတဲ့ နို့ထွက်ပစ္စည်း၊ အိုမီဂါ၃ဖက်တီးအက်ဆစ်ပါဝင်တဲ့ ငါးများကို တွဲဖက်စားသုံးပေးဖို့ လိုပါတယ်။
ဟင်းပွဲတွေမှာ အနံ့အရသာအတွက် ထည့်သွင်းလေ့ရှိတဲ့ ငရုတ်ကောင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့..
(၁) အစာခြေခြင်းကို ကောင်းမွန်စေပါတယ်။
(၂) အစာအိမ်ထဲရှိ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ကို လှုံ့ဆော်ပေးတာကြောင့် အစာကြေစေပါ
တယ်။ အစာကြေတဲ့အတွက် ဇီဝကမ္မဖြစ်မှုနှုန်းကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန် ကျစေပါတယ်။
(၃) သွေးပေါင်ချိန်မြင့်မားခြင်းကို ထိန်းချုပ်ပေးပါတယ်။
(၄) ပိုတက်ဆီယမ် မြင့်မားစွာပါဝင်တာကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တို့ကို ကူညီထိန်းချုပ်ပေးပါတယ်။
ငရုတ်ကောင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ရရှိရန် ပမာဏကို ဂရုပြုရန်လိုအပ်ပြီး ..
(၁) စားသုံးတဲ့ပမာဏကို ဂရုစိုက်သင့်ပါတယ်။
(၂) အများအပြားစားမိရင် အစာအိမ် မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ပူလောင်တဲ့ ခံစားမှုမျိုး ခံစားရတတ်ပါတယ်။
စားစရာအမျိုးမျိုးမှာ ထည့်သွင်းနိုင်တဲ့ ငရုတ်ကောင်းကို တစ်နေ့ ၂၀ မီလီဂရမ်ခန့် စားသုံးခြင်းက စိတ်ချရပါတယ်။
#World_Health #သွေးတိုးခြင်း #ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး
#Source: DoctorNDTV
Page 906 of 1858