Published 4 June 2023
၂၀၂၃ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့ မြန်မာစံတော်ချိန် (၂၁:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။-
(က) (၅.၆.၂၀၂၃)ရက်နေ့မှ (၈.၆.၂၀၂၃)ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်း (LowPressure Area)တစ်ခု ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းထားခဲ့သော်လည်း ယနေ့မြန်မာစံတော်ချိန် (၂၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဖြစ်ပေါ်နိုင်သည့် အခြေအနေ လျော့နည်းသွားပြီး၊ မုတ်သုံလေအားကောင်းလာနိုင်သည့်အခြေအနေသာ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းရပါသည်။
(ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဖြစ်ပေါ်နိုင်သည့် အခြေအနေလျော့နည်းသွားသော်လည်း မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် (၈.၆.၂၀၂၃)ရက်နေ့မှ (၁၅.၆.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရ ပါ သည်။လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်(၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
၂။ အဆိုပါဖြစ်ပေါ်လာနိုင်သည့် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ ၊သင်္ဘောများအနေဖြင့်လည်းကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
-ymg/knl
#လေဖိအားနည်းဖြစ်နိုင်ချေလျော့ပါး
#မြန်မာရာသီဥတု
#YangonMediaGroup
Published 4 June 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်းအမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကို အကြမ်းဖက်သမားများက ဇွန် ၃ရက်ညပိုင်းတွင် အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ထိုသို့ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါကျောင်းဝန်းအတွင်းရှိ အလျား ၂၁၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၂ပေခန့် ရှိ အခန်း ၈ ခန်းပါ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်ကျောင်းဆောင်တစ်ဆောင်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါကျောင်းသည် ဇွန် ၁ ရက်တွင်စတင်ဖွင့် လှစ်ခဲ့ကာ ဆရာ၊ ဆရာမ ၄၀ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁ဝ၅၈ ဦးဖြင့်ဖွင့်လှစ်ပညာ သင်ကြားလျက်ရှိနေတာဖြစ်ပါတယ်။
-ymg/knl
#ဖယ်ခုံအထက(၁)မီးရှို့ဖျက်ဆီးခံရ
#မြန်မာ့နိုင်ငံရေး
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published_ 4 June 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)) ပြန်ကြားရေးမှူးပတ္တမြားကေခိုင်နှင့်အတူ
ပရိုဂျူဆာအနေနဲ့ ရုပ်ရှင်လောကပြန်ဝင်လာခဲ့တာဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယိုတွေရိုက်ဖြစ်တဲ့အချိန် သဘင်နဲ့ပတ်သတ်ပြီးကိုယ့်မှာတာဝန်ရှိတာလို့ ခံစားမိခဲ့တာဖြစ်ကြောင်း
သဘင် နှစ် (၁၃ဝ)ပြည့် စလုပ်ဖြစ်ရာကနေ သဘင်တစ်ခေတ်ပြန်လည်ဆန်းသစ်ဖြစ်ခဲ့ရာကနေ သဘင်နဲ့ပတ်သတ်တဲ့ပွဲလေးစီစဉ်ဖြစ်ခဲ့တာဖြစ်ကြောင်း
မာလာမြိုင်သဘင်ပွဲတော်ကိုမျိုးဆက်သစ်မင်းသားတွေနဲ့စဉ်ဆက်မပြတ်တက်ဆက်ပေးဖြစ်နေတဲ့အကြောင်း "စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ပြန်ကြားရေးမှူးပတ္တမြားကေခိုင်
#YMG #Yangon_Media_Group
Published 4 June 2023
Akademi Pyay Ti Oo and Academy Eindra Kyaw Zin donated 300,000 kyats to the people affected by the Mo Cha storm today (June 4th) at the fundraising event. Today is the third and last day of the fund-raising event held at the National Theater on Myoma School Road, Yangon, where film, music and drama artists gather and performe their talents.
#TV Yangon Times Matters အစီအစဉ်
Published_ 4 June 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)) ပြန်ကြားရေးမှူးပတ္တမြားကေခိုင်နှင့်အတူ
ပရိုဂျူဆာအနေနဲ့ ရုပ်ရှင်လောကပြန်ဝင်လာခဲ့တာဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယိုတွေရိုက်ဖြစ်တဲ့အချိန် သဘင်နဲ့ပတ်သတ်ပြီးကိုယ့်မှာတာဝန်ရှိတာလို့ ခံစားမိခဲ့တာဖြစ်ကြောင်း
သဘင် နှစ် (၁၃ဝ)ပြည့် စလုပ်ဖြစ်ရာကနေ သဘင်တစ်ခေတ်ပြန်လည်ဆန်းသစ်ဖြစ်ခဲ့ရာကနေ သဘင်နဲ့ပတ်သတ်တဲ့ပွဲလေးစီစဉ်ဖြစ်ခဲ့တာဖြစ်ကြောင်း
မာလာမြိုင်သဘင်ပွဲတော်ကိုမျိုးဆက်သစ်မင်းသားတွေနဲ့စဉ်ဆက်မပြတ်တက်ဆက်ပေးဖြစ်နေတဲ့အကြောင်း "စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ပြန်ကြားရေးမှူးပတ္တမြားကေခိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 4 june 2023
မြန်မာနိုင်ငံမှာ 'အပြည်ပြည်ဆိုင်ရာယောဂနေ့' အကြိုလှုပ်ရှားမှုပွဲတွေကို ဇွန်လတစ်လလုံးကျင်းပသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှသိရပါတယ်။
#Local_News #အပြည်ပြည်ဆိုင်ရာယောဂနေ့ #အကြိုလှုပ်ရှားမှုပွဲများဇွန်လတစ်လလုံးကျင်းပ
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 4 June 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)) ပြန်ကြားရေးမှူးပတ္တမြားကေခိုင်နှင့်အတူ
ပရိုဂျူဆာအနေနဲ့ ရုပ်ရှင်လောကပြန်ဝင်လာခဲ့တာဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယိုတွေရိုက်ဖြစ်တဲ့အချိန် သဘင်နဲ့ပတ်သတ်ပြီးကိုယ့်မှာတာဝန်ရှိတာလို့ ခံစားမိခဲ့တာဖြစ်ကြောင်း
သဘင် နှစ် (၁၃ဝ)ပြည့် စလုပ်ဖြစ်ရာကနေ သဘင်တစ်ခေတ်ပြန်လည်ဆန်းသစ်ဖြစ်ခဲ့ရာကနေ သဘင်နဲ့ပတ်သတ်တဲ့ပွဲလေးစီစဉ်ဖြစ်ခဲ့တာဖြစ်ကြောင်း
မာလာမြိုင်သဘင်ပွဲတော်ကိုမျိုးဆက်သစ်မင်းသားတွေနဲ့စဉ်ဆက်မပြတ်တက်ဆက်ပေးဖြစ်နေတဲ့အကြောင်း "စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ပြန်ကြားရေးမှူးပတ္တမြားကေခိုင်
#YMG #Yangon_Media_Group
Published 4 June 2023
ဆော်ဒီအာရေဗျနိုင်ငံဦးဆောင်တဲ့ ရေနံအဓိကထုတ်လုပ်သည့် နိုင်ငံတွေက ယနေ့(တနင်္ဂနွေနေ့)မှာ တွေ့ဆုံကြတဲ့အခါ ရေနံဈေးနှုန်းတွေကျဆင်းနေတာကို ဇက်ကြိုးဆွဲထားနိုင်ဖို့ ထုတ်လုပ်မှုကို ထပ်လျှော့ဖို့ ဖြစ်နိုင်ချေ ကြီးထွားလာနေတယ်လို့ အေအက်ဖ်ပီကသတင်းရေးပါတယ်။
၁၃ နိုင်ငံပါဝင်တဲ့ ရေနံထုတ်လုပ်ရောင်းချသူနိုင်ငံများအဖွဲ့(အိုပက်)ဟာ ရုရှားအပါအဝင် အခြားသော ရေနံထုတ်လုပ်တဲ့ နိုင်ငံ(၁၀)နိုင်ငံနှင့် တွေ့ဆုံကာ အဖွဲ့ရဲ့ အနာဂတ်ရေနံထုတ်လုပ်မှုမူဝါဒအပေါ်ပြန်လည်သုံးသပ်ဆွေးနွေးဖို့ရှိနေပါတယ်။
လူချင်းတွေ့ကြမယ့် အိုပက်နှင့်အပေါင်း အစည်းအဝေးဟာ ဗီယင်နာမှာ တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
သုံးသပ်သူတွေက အိုပက်နှင့်အပေါင်း ရေနံထုတ်လုပ်နိုင်ငံတွေဟာ သူတို့ရဲ့လက်ရှိ မူဝါဒကို ဆက်ထိန်းသွားမယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် လက်ရှိအတိုင်းဆက်သွားနေရင် ရေနံဈေးကွက်ကို တည်ငြိမ်အောင်လုပ်ဆောင်ဖို့ အတော်လိုအပ်နေမယ်ဆိုတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်နေပါတယ်။
ဧပြီလတုန်းက အိုပက်နှင့်အပေါင်း အဖွဲ့ဝင်နိုင်ငံတော်တော်များများက တစ်ရက်ကို ရေနံစိမ်းစည်ပေါင်း တစ်သန်းကျော် လျှော့ချဖို့ ဆန္ဒအလျောက်သဘောတူခဲ့ကြပါတယ်။ ဒါဟာ ဈေးနှုန်းကိုကြားကန်ပေးမယ့် မထင်မှတ်တဲ့ လုပ်ဆောင် မှုတစ်ခုဖြစ်ခဲ့ပေမယ့် ရေရှည်ထိန်းနိုင်မှုတော့ မရခဲ့ဖြစ်ခဲ့ကြရပါတယ်။
လက်ရှိအကြီးစားထုတ်လုပ်သူတွေဖြစ်တဲ့ ဆော်ဒီနှင့် ရုရှားတို့က ဒီလမ်းကြောင်းအတိုင်း လက်ရှိမူဝါဒနှင့်ပဲ ဆက်နေမှာ လား၊ ဒါမှမဟုတ် အပြောင်းအလဲရှိမလားဆိုတာကိုတော့ သုံးသပ်သူတွေအကြား ဝိဝါဒကွဲပြားနေကြပါတယ်။
အစည်းအဝေးနှင့်နီးစပ်တဲ့သတင်းအရင်းအမြစ်ကတော့ တစ်ရက်ကို ရေနံစိမ်းးစည် ခုနှစ်သိန်းမှ တစ်သန်းအထိ လျှော့ချ ထုတ်လုပ်ဖို့နည်းလမ်းကိုဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။ ဒါပေမယ့် အီရန်နိုင်ငံရဲ့ အိုပက်အုပ်ချုပ်ရေးမှူး အမ်မီယာ ဟောစိန်ဇမ်မန်နီနီယားက “ယနေ့ ထုတ်လုပ်မှုပမာဏကိစ္စ မဆွေးနွးခဲ့ဘူး” လို့ အေအက်ဖ်ပီကိုပြောပါတယ်။
ဒါပေမယ့် တနင်္ဂနွေဆွေးနွေးတဲ့အခါ ဖြစ်နိုင်တဲ့ နည်းလမ်းတွေအားလုံးဆွေးနွေးသွားမယ်လို့ သူကဖြည့်စွက်ပြောပါတယ်။
ဧပြီလတုန်းက ထုတ်လုပ်မှုလျှော့ချက်တည်းက ရေနံဈေးနှုန်းဟာ ၁၀ရာခိုင်နှုန်းက ကျဆင်းခဲ့ပါတယ်။ ဘရန့်ရေနံစိမ်း ဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ၇၀နားကပ်ခဲ့ပါတယ်။ ဒီလိုအဆင့်ကို ၂၀၂၁ ဒီဇင်ဘာကတည်းက မရောက်ခဲ့တာပါ။
အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုတွေကိုဖြေရှင်းတဲ့ ဘဏ်အတိုးနှုန်းမြင့်တက်မှုတွေနှင့် တရုတ်နိုင်ငံရဲ့ ကိုဗစ်အလွန် စီးပွားရေးထုံ့ပိုင်းသွားမှုပြန်ကျော့တာတွေရှိလာလို့ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် ရေနံလိုအပ်ချက်ဟာ ဆက်ကျဆင်းနေဦးမှာကို ရေနံကုန်သည်တွေက စိတ်ပူနေကြပါတယ်။
“ တနင်္ဂနွေနေ့ ဝန်ကြီးများအစည်းအဝေးဟာ ဈေးကွက်ကိုပြန်လည်ဟန်ချက်ညီဖို့နှင့် မည်သည့် အနာဂတ်စိန်ခေါ်မှုတွေ အတွက်မဆို ကျွန်တော်တို့ အသေအချာအဆင်သင့်ပြင်ဆင်ထားဖို့ဖြစ်တယ်” လို့ အစည်းအဝေးတက်လာတဲ့ ယူအေအီး စွမ်းအင်ဝန်ကြီး ဆူဟေးလ်မိုဟာမက်အယ််မာဇရိုအီကပြောပါတယ်။
ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဇင်းဒါးနိုဗက်ကတော့ “အိုပက်နှင့်အပေါင်းဟာ လမ်းကြောင်းပြောင်းဖို့ မလိုအပ်ဘူး။ ဘာဖြစ်လို့လဲဆုထတော့ ဈေးတက်လို့ အမြတ်ထွက်ဖို့ခက်တယ်လို့ မြင်နေတယ်လို့ Commerzbank က ကုန်စည်လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။
ရုရှားဟာ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကို ရေနံစိမ်း ဈေးနှုန်းချိသာစွာရောင်းချပေးနေပါတယ်။ ဆော်ဒီအာရေဗျကတော့ ဘတ်ဂျက်ကို ဟန်ချက်ညီစေဖို့ ဈေးနှုန်းမြင့်ဖို့လိုတယ်လို့ပြောပါတယ်။ သူတို့ဟာ ရေနံတစ်စည်ဈေးနှုန်း ဒေါ်လာ ၈၀ ကျော်မှအမြတ်ထွက်မှာဖြစ်တယ်လို့ အဆိုပါသုံးသပ်သူတွေကပြောပါတယ်
Source AFP
#YangonMediaGroup
#OPEC+
#အိုပက်နှင့်အပေါင်း
Published 4 June 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ် မြတ်ကြီး၏အန္တိမဈာပနပူဇာသဘင်အခမ်းအနားတႂင် အရိုးဓာတ်ပြာတော်ရေမျှောပူဇော်မည့် ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းနေရာ နှင့် အရိုးဓာတ်ပြာတော်အိုးများ ပင့်ဆောင်မည့် ကရဝိတ်ဖောင်တော်ရေယာဉ်ကြီးအား ပြင်ဆင်ဆောင်ရွက်နေကြောင်းသိရပါတယ်။
ဗန်းမော်ဆရာတော် ဘုရားကြီး၏ အန္တိမဈာပနပူဇာသဘင်အခမ်းအနားအား နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ သာသနာရေး ထုံးတမ်းစဉ်လာများအတိုင်း ကျင်းပမည်ဖြစ်ရာ ဥတုဇရုပ်ကလာပ်တော်အား ယာယီစံကျောင်းတော်မှ ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်၍ လောင်တိုက်ပြဿဒ်၌ တေဇောဓာတ်ပူဇော်ခြင်း၊ အရိုးဓာတ်ပြာတော်အိုးများကို ချမ်းမြသာစည်လေဆိပ်ဟောင်းမှ ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းရှိ ကရဝိတ်ဖောင်တော်ရေယာဉ်ပေါ် ပင့်ဆောင်ပူဇော်ခြင်းနှင့် မြစ်အတွင်းရေမျှောပူဇော်ခြင်း အခမ်းအနားများကို အဆင့်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဇွန် ၆ ရက် ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်မှ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ်မီးပူဇော်ပြီး ဇွန် ၇ ရက် နံနက်ပိုင်းတွင် အရိုးဓာတ်ပြာတော် များအား ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားမည့် အခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပသွားမယ်လို့လည်းသိရပါတယ်။
အဆိုပါပြင်ဆင်ဆောင်ရွက်နေမှုတွေကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊နှင့်အဖွဲ့က ယမန်နေ့သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကာနိုင်ငံတော်ဗဟိုသံဃဝန်ဆောင်မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် နာယက၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်တို့ထံမှလည်း ဩဝါဒခံယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
#ဗန်းမော်ဆရာတော်ဘုရားကြီး
#အရိုးပြာဓာတ်တော်အိုးပင့်ဆောင်မည့်ကရဝိတ်ဖောင်တော်ရေယာဉ်
#YangonMediaGroup
Published 4 June 2023
အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်မြို့ပြင်မှာရှိတဲ့ ဟယ်ရီနှင့် မက်ဂန်တို့ရဲ့ ဒေါ်လာ ၁၄သန်းစံအိမ်တော်ကြီးအနီး ပျံသန်းနေတဲ့ ပန်းကန်ပြားပျံတစ်ခုကို မကြာသေးခင်က တွေ့ရှိခဲ့တယ်လို့ နယူးယောက်ပို့စ်သတင်းစာက ရေးသားပါ တယ်။
လျှို့ဝှက်ဆန်းကြယ်လှတဲ့ အဲဒီ အဝိုင်းသဏ္ဍန် အရာဝတ္ထုကို သူတို့စံအိမ်နှင့် ၂၅မိုင်ခန့်အကွာမှာ၊ ဆန်တာဘာဘရာစီရင်စု က ကာချူမာရေကန်အနီးတောင်တန်းတွေအပေါ်မှာ ပျံသန်းသွားတာ တွေ့ကြရတာဖြစ်ပါတယ်။
အဆိုပါ အဝိုင်းပြားပုံစံအရာဝတ္ထုကို ပန်းကန်ပြားပျံ(အမျိုးအမည်မသိယာဉ်ပျံ)တွေကို လိုက်လံထောက်လှမ်းနေသူ တိုနီ မိုရီနိုက Google Earth ကနေတစ်ဆင့်တွေ့ရှိခဲ့ရတာပါ။
(၈)မီတာအကျယ်အဆိုပါအရာဝတ္ထုပေါ်ထူးဆန်းတဲ့စာတွေတွေ့ရပြီး မြေပြင်မှာလည်း ယင်းရဲ့အရိပ်တွေကျနေတယ်လို့ ဆိုပါတယ်။
တော်ဝင်ဇနီးမောင်နှံဟာ အိပ်ခန်း၉ခန်းနှင့် သန့်စင်ခန်း၁၆ခန်းပါ စတုရန်းပေ ၁၈၀၀၀ရှိတဲ့ မွန်တီစီတိုက အဆိုပါ စံအိမ်ကြီးကို ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီတုန်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
အဆိုပါနေရာတစ်ဝိုက်ကို အရင်ကလည်း ထူးဆန်းပြီး အမျိုးအမည်မသိအရာဝတ္ထုတွေ ပျံသန်းခဲ့ဖူးတယ်လို့ သတင်းစာက ရေးသားပါတယ်။
ဆန်တာဘာဘရာမှာ ၂၀၀၀ပြည့်နှစ် နိုဝင်ဘာနှင့်ဒီဇင်ဘာအတွင်း အမျိုးအမည်မသိ ပန်းကန်ပြားပျံ ၂၉စီး တွေ့ရှိခဲ့တယ်လို့ The Mutual UFO Network အဖွဲ့က စာရင်းပြုစုထားပါတယ်။
နာဆာအဖွဲ့က အဆိုပါယာဉ်များနှင့်ပတ်သက်လို့ လူသိရှင်ကြား အစည်းအဝေးတစ်ခုကျင်းပနေတဲ့အချိန်မှာ ယခုယာဉ်ပျံတစ်ခုကိုတွေ့ကြရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၇နှစ်အတွင်း အမျိုးအမည်မသိယာဉ်ပျံ ၈၀၀ခန့်တွေ့ခဲ့ရတယ် ဆိုတဲ့ သတင်းပေးပို့ချက်တွေကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ရရှိခဲ့ပါတယ်။
Source New York Post
ဆက်လက်ဖတ်ရှုရန်..⏭⏭⏭
✅Website>>>> https://www.yangonmediagroup.com/index.php/local-news/19-world/12267-2023-05-21-05-28-28
✅Telegram>>>>>https://t.me/yangonmediagroup/19264
#YangonMediaGroup
#UFO
#ပန်းကန်ပြားပျံ-အမေရိကန်
#Local_News
Published_ 4June 2023
ရန်ကုန်-ပြည်ကားလမ်းတွင် ယနေ့ဖြစ်ပွားသော ယာဉ်တိုက်မှုကြောင့် (၂)ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ကသိရသည်။
ယနေ့ ဇွန်လ ၄ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သပြေစမ်းရွာအနီး၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၀၀/၁ အနီးတွင် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ် က (၂၂)ဘီးယာဉ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းအရမင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၂၂ မိမိနစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်၊၊
အဆိုပါယာဉ်တိုက်မှုကြောင့် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) တို့အား မင်းလှမြို့နယ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သာယာဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊
ymg/BM
#YMG #Yangon_Media_Group
#World_Science
Published_ 4 May 2023
မက်ဆာချူဆက်တက္ကသိုလ်မှ သုတေသီများက လေထုထဲကနေ ရုတ်တရက်ထွက်လာတဲ့စွမ်းအင်ကို ဖန်တီးနိုင်မယ့်နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဆိုကြပါတယ်။
လေထုစိုထိုင်းဆကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးတဲ့ ကိရိယာလေးတစ်ခုကို တီထွင်ခဲ့ပြီး ကမ္ဘာမြေမှာလိုအပ်တဲ့ သန့်စင်စွမ်းအင်လိုအပ်ချက်အတွက် များစွာမြှင့်တင်ပေးနိုင်ဖွယ် ရှိနေပါတယ်။
လေထုဟာ အချိန်တိုင်းစိုထိုင်းဆရှိနေတာကြောင့် ထိုကိရိယာဖြင့် လေရဲ့အစွမ်းသတ္တိကိုအသုံးချပြီး ၂၄ နာရီ တစ်ပတ်လုံး အကန့်အသတ်မဲ့စွမ်းအင်ရရှိရန် အရင်းအမြစ်ဖြစ်လာနိုင်တယ်လို့ သုတေသီများယူဆနေကြပါတယ်။
ထိုရှာဖွေတွေ့ရှိမှုရဲ့နောက်ကွယ်က သိပ္ပံပညာက အလွန်ရိုးရှင်းပါတယ်။
လေထဲမှာ လျှပ်စစ်ဓာတ်နဲ့ တိမ်တိုက်များစွာပါဝင်ပြီး ရေစက်အမှုန်များအစုလိုက်ပါဝင်ကာ တစ်စက်ချင်းစီက လျှပ်စီးကြောင်းထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စီးအားပါဝင်နေပါတယ်။
အရင်ကတော့ လျှပ်စီးကြောင်းကနေ လျှပ်စစ်ကို ဘယ်လိုဘေးကင်းစွာဖမ်းယူရမလဲဆိုတာကို မသိခဲ့ပါဘူး။
Advanced Materials ဂျာနယ်မှာဖော်ပြချက်အရ အော်ဂဲနစ်မဟုတ်တဲ့ပစ္စည်း၊ အော်ဂဲနစ်ပစ္စည်း၊ ဇီဝပစ္စည်းအများအပြားနဲ့ ဖမ်းယူလို့ရတယ်လို့ ဆိုပါတယ်။
သုတေသီတွေက လျှပ်စစ်ဓာတ်အားထုတ်ပေးနိုင်တဲ့ တိမ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။
ထိုကိရိယာမှာ ၁၀၀ နာနိုမီတာထက်သေးတဲ့ အပေါက်လေးများပါဝင်ပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
"ဒါဟာအလွန်စိတ်လှုပ်ရှားစရာကောင်းပြီး လေထဲကနေ ရုတ်တရက်ထွက်လာတဲ့ သန့်စင်လျှပ်စစ်စွမ်းအင်ကို ရယူနိုင်ဖို့ အခွင့်အလမ်းပေါ်ပေါက်လာပါပြီ" လို့ စာတမ်းပြုစုသူ'ရှောင်မန်လျူ'က ပြောပြခဲ့ပါတယ်။
ဒီလိုလျှပ်စစ်ဓာတ်အားထုတ်ယူတာနဲ့ ပတ်သက်ပြီး မဲလ်ဘုန်းမြို့ မိုနက်ရှ်တက္ကသိုလ်မှသုတေသီများကလည်း အောင်မြင်မှုအချို့ရရှိခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက မြေကြီးဘက်တီးရီးယားမှ ဟိုက်ဒရိုဂျင်အသုံးပြုတဲ့အင်ဇိုင်းကို တွေ့ရှိခဲ့ကာ လေထုကို စွမ်းအင်အရင်းအမြစ်ဖြစ် အသုံးချပြီး လျှပ်စစ်အားထုတ်လုပ်ပေးပါတယ်။
ထိုအင်ဇိုင်းကို လေအားပေးပစ္စည်းငယ်တွေမှာ အသုံးပြုပြီး ဆိုလာစွမ်းအင်သုံးပစ္စည်းတွေအစား အသုံးချတာဖြစ်ပါတယ်။
Source: WION
#World_Science #လေထုထဲမှလျှပ်စစ်ဓာတ်အားထုတ်လုပ် #သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ
#YMG #Yangon_Media_Group
Page 907 of 1703