Published 3 April 2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ပြည်တော်သာရပ်ကွက်ရှိ ပဲနွယ်ကုန်းစည်ပင်သာယာစျေး ကြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ဆိုင်ခန်း များအပြင် အနီးနားရှိ နေအိမ် များပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပရဟိတအသင်းများနှင့်ဒေသခံများ ထံ က သိရသည်။
ဧပြီ ၂ရက် ညနေ ၆နာရီခွဲ ခန့် က လောင်ကျွမ်း ခဲ့ ပြီး ဈေးကြီး အတွင်းရှိ ဆိုင်ခန်း ၄၀၀ကျော် မီးလောင် ဆုံးရှုံး ခဲ့သည့် အပြင် အနီးနားရှိ နေအိမ် အချို့လဲ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
""ဈေးထဲ မှာ က ဆိုင် ခန်း ၄၉၀ကျော်ရှိတယ် အခု မီးထဲ ကို ၄၃၀ကျော်လောက် ပါသွားတယ်ဈေးအနီး လူနေအိမ် ၉လုံးလောက်ပါသွားတယ် စာရင်း အတိအကျ ကိုတော့ တာဝန်ရှိသူတွေ စစ်ဆေးနေဆဲပါ""ဟု ပဲနွယ်ကုန်းမြို့နယ်ရှိ ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါ ပဲနွယ်ကုန်းဈေးကြီး မီးလောင်မှု မှာ မီးများသောကြောင့် ပဲခူးတိုင်းအရှေ့ခြမ်း ရှိ မီးသတ်ကားများ ပရဟိတ ကားများ မီးငြိမ်းသတ်ခဲ့ရာ ည ၁၂ နာရီလောက်အထိ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
"" မီးက တအား များတယ် ပဲခူးတိုင်း ကမီးသတ်ကားတွေ ပရဟိတ ကားတွေ အကုန် ဆင်းလာတာ ဒါပေမယ့် ရေအရင်းမြစ်က လိုအပ်သလောက် မြန်မြန် မရ ဘူး ဖြစ်သွားတယ် ည၁၂နာရီ လောက်မှာတော့ မီးငြိမ်းတယ် ဒါပေမယ့် ဒီနေ့ မနက်အထိ တော့ မီးကျွင်း မီးကျန်တွေ ကို ငြှိမ်းသတ်နေရတုန်းပဲ ""ဟု တောင်ငူအခြေစိုက်ပရဟတိအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် ဈေးသူ ဈေးသားများ နှင့် ဒေသခံ ပြည်သူ များ ထိခိုက်ဒဏ်ရာ ရရှိ မှု မရှိခဲ့ကြောင်း မီးများပြီး မီးလောင်ချိန် ကြာမြင့်သောကြောင့် မီးသတ်သမား အချို့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group