Published_ 03 April 2024

ထိုင်ဝမ်ငလျင် နောက်ဆက်တွဲအဖြစ် ဆူနာမီဖြစ်နိုင်၍ ဂျပန်ရောက်မြန်မာများကို တိုကျိုမြို့ရှိ မြန််မာသံရုံးမှသတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် မဂ္ဂနီကျူ ၇.၅ ရှိသော အင်းအားကြီး ငလျင်တစ်ခုသည် ထိုင်ဝမ်ဒေသကို ဗဟိုပြု၍ ယနေ့ ၃.၄.၂၀၂၄ ရက်နေ့ နံနက် ၉.၀၄ နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း နောက်ဆက်တွဲအနေဖြင့် Okinawa ကျွန်း ကမ်းရိုးတန်းတစ်လျှောက်အား ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားရှိကြောင်း

အဆိုပါဒေသတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသအာဏာပိုင်များ၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို အထူးအလေးထားစောင့်ကြည့်ရန် လိုအပ်‌ကြောင်း

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကူအညီ လိုအပ်ပါက သံရုံး၏ Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးထုတ်ပြန်ထား ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group