Published 03 April 2024
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဧပြီလအတွင်း နိုင်ငံတကာကုန်သွယ်သင်္ဘောကြီး (၅၀)စီး ဆိုက်ကပ်ကုန်သွယ်မည် ဖြစ်ကြောင်းမြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှသိရသည်။
ထိုသို့နိုင်ငံတကာ သင်္ဘောလိုင်းများဆိုက်ကပ်ရာတွင်MAERSK LINEမှ(၇)စီး ၊S, I, T, Cသင်္ဘောလိုင်းမှ(၎)စီး ၊ EVER GREEN LINE သင်္ဘောလိုင်းမှ(၃)စီး၊I.A.L LINE သင်္ဘောလိုင်မှ(၁)စီး၊ BLPL သင်္ဘောလိုင်းမှ(၃)စီး၊R.C.L LINE သင်္ဘောလိုင်းမှ(၃)စီးLAND AND SEA သင်္ဘောလိုင်းမှ(၁)စီး၊ CMA CGM LINEမှ(၎)စီး ၊(COSCO)သင်္ဘောလိုင်းမှ(၅)စီး၊ONE သင်္ဘောလိုင်းမှ(၂)စီး၊ T12သင်္ဘောလိုင်းမှ(၎)စီး၊BAY သင်္ဘောလိုင်းမှ(၁)စီး ၊SAMUDERA SHIPPING LINEမှ(၆)စီး ၊MSCမှ(၎)စီးနှင့်P.I.Lမှ(၂)စီးစသည့်စုစုပေါင်းသင်္ဘောစီးရေ (၅၀)စီးဝင်ရောက်ကုန်သွယ်မည်ဖြစ်သည်။
ပြီးခဲ့သည့်ဇန်နဝါရီလတွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်သွယ်သင်္ဘောကြီး(၄၉)စီး၊ဖေဖော်ဝါရီလတွင်(၅၃)စီးနှင့်မတ်လတွင်(၅၅)စီးဆိုက်ကပ်ကုန်သွယ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာနှင့်ကုန်သွယ်မှုများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ အလျား မီတာ ၂၀ဝ၊ တန်ချိန် ၃၀ဝ၀ ရှိသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘော ဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၂၇ စင်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်
အပြင် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှလည်း အလျားမီတာ ၂၅၀၊ တန်ချိန် ၃၅၀ဝ ရှိသည့် အပြည်ပြည်ဆိုင်ရာကုန်တင်သင်္ဘော ဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၁၉ စင်းတို့ဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
YMG/ NN
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group