Published- 03 April 2024
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)တွင် ငါးရက်တိုင်တိုင်မျက်စိဝေဒနာရှင်များအားယခုလဆန်းပိုင်း၌ အခမဲ့ခွဲစိတ်ကုသပေးနေကြောင်းယင်းဆေးရုံမှ သိရသည်။
အဆိုပါရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပင်လုံလမ်းရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ရှစ်ထပ်ကျောင်းဆောင် သီတဂူစက္ခုဒါန အဆင့်မြင့်ဆေးရုံကြီးတွင် ဧပြီ၁ရက်မှ ၅ရက်အထိဒေသခံပြည်သူများနှင့်
အနယ်နယ်အရပ်ရပ်မှလာရောက်ပြသသည့် မျက်စိဝေဒနာရှင်များအားအခမဲ့ခွဲစိတ်ကုသပေးနေခြင်းဖြစ်သည်။
သီတဂူ စက္ခုဒါနဆေးရုံ (ရန်ကုန်)တွင် မျက်စိဝေဒနာရှင်များအား ပဉ္စမအကြိမ်အဖြစ် ဧပြီ ၁ ရက်မှ ၅ ရက် အထိ စမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ရာ စတုတ္ထအကြိမ်ကကျန်ရှိခဲ့သည့် မျက်စိဝေဒနာရှင် ၃၅၀ ဦးကိုလည်း စမ်းသပ်ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်းသိရသည်။
YMG/NN
Yangon-Times
YMG/ NN
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group