ကိုဗစ်ကာလပြီး နောက်ပိုင်းမှာ အခြားအလုပ်အကိုင်များရှားပါးလာတဲ့အတွက် အလုပ်ကိုင်သက်သာပြီး ဝင်ငွေအသင့်တင့်ရရှိတာကြောင့် ဆံပင်အရောင်းဝယ်လုပ်သူ ပို
များလာတယ်လို့ ရန်ကုန်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးလုပ်သူတွေထံက သိရပါတယ်။
Published_ 1 October 2023
#Local_News
#ဆံပင်ဝယ်ရောင်းလုပ်သူများ #ဝင်ငွေအသင့်တင့်ရရှိ
#YMG/LW #Yangon_Times
#Local_News
Published 1 October 2023
အိန္ဒိယနိုင်ငံ၏ အမျိုးသားဖခင်ကြီးဖြစ်သော မဟတ္တမဂန္ဒီမွေးနေ့ပွဲအထိမ်းအမှတ်အဖြစ်" (၁၅၄)နှစ် မြောက်မဟတ္တမဂန္ဒီ၏မွေးနေ့အထိမ်းအမှတ်အခမ်းအနား"ကိုရန်ကုန်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှသိရသည်။
အဆိုပါအခမ်းအနားကို အောက်တိုဘာလ၂ရက်နေ့တွင် ကုန်သည်လမ်းနှင့်ရွှေဘုံသာလမ်းထောင့်ရှိ Swami ViVekanand Cultural Center(India Center)၌ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။
မဟတ္တမဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ၊အမျိုးသားဖခင်ကြီး တစ်ဦးဖြစ်ပြီး နှစ်စဉ်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏စီစဥ်မှုဖြင့် သံတမန်များ၊မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံသားများ၊မြန်မာနိုင်ငံတွင်းရှိအိန္ဒိယနွယ်ဖွားများ၊မြန်မာနိုင်ငံသားမိတ်ဆွေများစုပေါင်းကာ ဂန္ဒီ၏ မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုကျင်းပလေ့ရှိကြောင်းသိရသည်။
#tth #lYangon_Times
#Local_News
Publish 1 October 2023
မုတ်သုံလေအားကောင်းနေသလို လေဖိအားနည်းရပ်ဝန်းအရှိန်လည်းရှိနေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ၊ နောက်(၁၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော်နိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ပြီး လေဖိအားနည်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးထစ်ချုန်းရွာနေမည် ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။
အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ထားသည်။
#မုတ်သုံလေအားကောင်း #လေဖိအားနည်းရပ်ဝန်း
#tthl #Yangon_Times
၁ အောက်တိုဘာ ၂၀၂၃
အစိုးရရဲ့ဌာနတွေ နောက်ထပ် ၄၅ ရက်ဆက်လက်လည်ပတ်လို့ရဖို့အတွက် 11th-hour ရန်ပုံငွေဥပဒေကြမ်းကို အမေရိကန်ကွန်ဂရက်က စနေနေ့က အတည်ပြုလိုက်ပေးလိုက်လို့ ပေးဆပ်ရမယ့်တန်ဖိုးကြီးမားလှတဲ့ အစိုးရယန္တယားရပ်ပစ်ရမယ့်အရေးမှ အမေရိကန်ပြည်ထောင်စုလွတ်မြောက်သွားပါတယ်။ ဒါပေမယ့် သမ္မတဂျိုးဘိုင်ဒင်တောင်းထားတဲ့ ယူကရိန်းအကူအညီကိုတော့ အပေးအယူလုပ်ပြီး ချန်လှပ်တာခံလိုက်ရပါတယ်။
စက်တင်ဘာ၃၀ စနေည သန်းခေါင်မတိုင်ခင်သုံးနာရီအလိုမှ ဆီးနိတ်က ၃၃၅-၉၁မဲဖြင့် အတည်ပြုခဲ့တဲ့ အဲဒီဥပဒေကြမ်းဟာ နိုဝင်ဘာလအလယ်အထိပဲ အကျုံးဝင်တာဖြစ်ပါတယ်။ ယူကရိန်းအထောက်အပံ့ကိစ္စကိုတော့ တစ်ခြားဥပဒေကြမ်းတစ်ခုအနေနှင့် ခပ်မြန်မြန်တင်သွင်းမှာကို ရီပတ်ဘလီကင်တွေက ခွင့်ပြုမယ်လို့ အစိုးရကမျှော်လင့်ထားတယ်လို့တော့ အိမ်ဖြူတော်အရာရှိကပြောပါတယ်။
အစိုးရယန္တယားတွေရပ်ရမယ့်အကျပ်အတည်းဟာ ရီပတ်ဘလီကင်တွေထဲက သဘောထားတင်းမာသူအချို့ကြောင့် ကျယ်ပြန့်လာခဲ့ရတာဖြစ်ပါတယ်။ ဒီလိုဆီးနိတ်ကမဲပေးလိုက်လို့ ဥပဒေကြမ်းအဆင်ပြေသွားပေမယ့် ဆီးနိတ်ဥက္ကဋ္ဌ ရီပတ်ဘလီကင်အမတ် မက်ကာသီအတွက်တော့ သူ့ရာထူးခုံလှုပ်လာမယ့်သဘောတော့ရှိနေပါတယ်။ သဘောထားတင်းမာတဲ့ ဆီးနိတ်အမတ်၂၁ဦးက သူ့ကို ဆီးနိတ်ဥက္ကဋ္ဌနေရာကနေ ဖယ်ရှားလိုနေကြပါတယ်။
“ အစိုးရယန္တယားပွင့်နေဖို့ ဒါလုံလောက်ပါတယ်။ နိုင်ငံခြားအကူအညီကိစ္စတစ်ခုတည်းနှင့် အစိုးရယန္တယားရပ်သွားဖို့မဟုတ်ဘူး” လို့ အောက်လွှတ်တော်ဒီမိုကရက်တစ်(၁)ဦးဖြစ်တဲ့ ဂျာရက်မော့စကိုဝစ်က စီအင်န်အင်န်ကိုပြောပါတယ်။
“ အမေရိကန်တွေ အသက်ရှုရနည်းနည်းချောင်သွားတာပေါ့။ ယနေ့ည အစိုရယန္တယားရပ်စရာမရှိ” လို့ ဒီမိုကရက်တစ်ဆီးနိတ်လူများစု ခေါင်းဆောင် Chuck Schumerက မဲပေးအပြီးမှာပြောပါတယ်။ “ ယန္တယားမရပ်အောင်ရှောင်ရှားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက နှစ်ပါတီလက်တွဲလုပ်ဖို့ပဲ။ ဥက္ကဋ္ဌ မက်ကာသီအဲဒါကိုသဘောပေါက်တဲ့အတွက် ကျွန်တော်တို့ဝမ်းသာပါတယ်” လို့သူကဆက်ပြောပါတယ်။
Source agencies
#World_Science
Published 1 Oct 2023
အာရုံကြောလှုံ့ဆော်မှုများကို အာရုံခံနိုင်ပြီး ကွန်ပျူတာ၊ အိမ်သုံးစမတ်ပစ္စည်းများလိုမျိုး အီလက်ထရွန်နစ်ပစ္စည်းများမှ အချက်ပြစနစ်များကို ကြိုးမဲ့ချိတ်ဆက်ကာ ဦးနှောက်ထဲသို့ ထည့်သွင်းရတဲ့ ပစ္စည်းတစ်မျိုးကို အင်ဂျင်နီယာများ ဖန်တီးနေကြပါတယ်။
လူတွေအနေနဲ့ ရောက်တဲ့နေရာကနေ ခေတ်မီစမတ်ပစ္စည်းများကို ထိန်းချုပ်နိုင်ပြီး အင်တာနက် ချိတ်ဆက်နိုင်မယ့် ဖန်တီးမှုကို သိပ္ပံပညာရှင်များ ထုတ်လုပ်နိုင်ရန် လက်တစ်ကမ်းသာ လိုပါတော့တယ်။
လူသားခန္ဓာကိုယ်ကနေ လျှပ်စစ်စက်ကွင်း ချိတ်ဆက်မှုအပိုင်းကို လေ့လာနေတာ ၈ နှစ်ရှိနေပြီဖြစ်ပြီး အီလက်ထရိုတစ်ပိုင်း လူ့ခန္ဓာကိုယ်ချိတ်ဆက်မှု (EQS-HBC)နည်းပညာကို အခုဆိုရင် ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်လို့ စမ်းသပ်လေ့လာမှုရဲ့ အကြီးအကဲ ရှရေယတ်စ်ဆင်က Tech Xplore ကို ပြောကြားခဲ့ပါတယ်။
အဆိုပါ နည်းပညာများကနေ လူသားတွေရဲ့ လုပ်ကိုင်နိုင်စွမ်းရော ဆေးဘက်ဆိုင်ရာမှာပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။
ဒီနည်းပညာကို နောက်ထပ်အဆင့်မြင့် နည်းပညာများနဲ့ ပေါင်းစပ်လိုက်ပါက ဦးနှောက်အာရုံကြောနဲ့ ဆက်စပ်တဲ့ ရောဂါတွေအကြောင်းကိုပါ အခြေခံသိရှိလာနိုင်စေမှာ ဖြစ်တယ်လို့ ဖလော်ရီဒါတက္ကသိုလ်မှ ဘိုင်ဟက်ချက်တာဂျီက ပြောပြသွားပါတယ်။
ပါဒူတက္ကသိုလ်မှ သိပ္ပံပညာရှင်များ ဖန်တီးလိုက်တဲ့ ဦးနှောက်ထဲထည့်သွင်းတဲ့ ပစ္စည်းလေးဟာ အကြွေစေ့ထက်သေးငယ်ပြီး အချက်အလက်တွေကို အာရုံခံကာ နားကြပ်သို့ ပေးပို့နိုင်မှာဖြစ်ပြီး လက်ရှိဦးနှောက် ဆားကစ်ပြားတွေနဲ့ မတူတာက ကွန်ပျူတာအခြားစက်ပစ္စည်းတွေနဲ့ ချိတ်ဆက်ဖို့ မလိုအပ်တာပါပဲ။
ထိုပစ္စည်းထည့်သွင်းရန်အတွက် ဦးခေါင်းခွံပေါ်မှ အရေပြားကို ဖယ်ရှားကာ အရိုးအစိတ်အပိုင်းကို ဦးနှောက်မြင်ရတဲ့အထိ ခွဲစိတ်ဖယ်ထုတ်လိုက်ရပါတယ်။
လူ့ခန္ဓာကိုယ်က အလွန်သေးငယ်တဲ့ လျှပ်စစ်အချက်ပြမှုများဖြင့် ကိုယ်တွင်း၌ပင် ချိတ်ဆက်ထောက်ပံ့နိုင်မှာ ဖြစ်ပြီး အဆိုပါ အချက်ပြမှုများနဲ့ စက်ပစ္စည်းများကြား ချိတ်ဆက်တုန်ခါမှုနှုန်း မြင့်မားစေမှာ ဖြစ်ပါတယ်။
အဆိုပါ တုန်ခါမှုနှုန်းတွေက လက်ရှိရေဒီယိုကြိမ်နှုန်းအခြေပြု နည်းပညာများ၊ သံလိုက်စွမ်းအား၊ အာထရာဆောင်းတို့ထက် များစွာ ပိုမိုမြင့်မားပါတယ်။
လက်ရှိသုတေသနက ဆက်လက်လေ့လာရဦးမှာ ဖြစ်ပြီး လက်ရှိအာရုံကြောတွင်း ပစ္စည်းများနဲ့ ကိုက်ညီစွာလုပ်ဆောင်နိုင်ရန် လိုအပ်ပါတယ်။
#World_Science #ဦးနှောက်ထဲထည့်သွင်း #ကြိုးမဲ့ပစ္စည်း #စိတ်ဖြင့်ထိန်းချုပ်နိုင် #Source: New York Post
‘ရန်ကုန်ငလျင်ကြောင့် ရွှေတိဂုံထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး။ ရွှေတိဂုံစေတီတော်ကြီးမှာ သက်ဆိုင်ရာကော်မတီတွေက (၅)နှစ်တစ်ကြိမ်စေတီတော်တစ်ဆူလုံးရဲ့လုံးတော်ပြည့်ကြံ့ခိုင်မှုတွေစစ်ဆေးလေ့ရှိပြီး လာမယ့် ၂၀၂၄ ခုနှစ်၂၀၂၅ ခုနှစ်မှာတော့ စေတီတော်တစ်ဆူလုံးရဲ့ကြံ့ခိုင်မှုတွေကို ပုံမှန်ပြန်စစ်ဆေးတော့မှာဖြစ်တယ်’ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်း
Published_ 1 October 2023
#Local_News
#ရန်ကုန်ငလျင် #ထိခိုက်ပျက်စီးမှုမရှိ
#tthl #Yangon_Times
#World_Science
Published 1 October 2023
ဂြိုဟ်သားတွေရဲ့ အသက်ဘဝကို ထောက်ပံ့ပေးနိုင်စွမ်း ရှိနေနိုင်တဲ့ ကိုယ်တိုင်တည်မြဲ ဓာတုဓာတ်ပြုမှုတွေကို လေ့လာတွေ့ရှိခဲ့ကာ လက်ရှိကမ္ဘာမြေရှိ ဒြပ်စင်များနဲ့ အတော်လေး ကွဲပြားနေနိုင်ပါတယ်။
ကမ္ဘာမြေရဲ့ ဇီဝဖွဲ့စည်းမှုက အော်ဂဲနစ်ဒြပ်ပေါင်းများအပေါ် မှီခိုနေကာ ကာဗွန်အပြင် ဖော့စ်ဖရပ်၊ ဆာလ်ဖာ၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်တို့နဲ့ ဖွဲ့စည်းထားပါတယ်။
ဓာတုဖွဲ့စည်းပုံများကို ပြောင်းလဲလိုက်မယ်ဆိုရင် ဂြိုဟ်သားများရဲ့ ဘဝပုံစံဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်နေကြပါတယ်။
အလွန်ကွဲပြားခြားနားတဲ့ ဓာတုဖြစ်စဥ်တွေကနေ ဂြိုဟ်သားသက်ရှိ ပြောင်းလဲဖြစ်ပေါ်လာနိုင်တယ်ဆိုရင် ဆီလီကွန်က အဓိကကျောရိုး ဖြစ်လာနိုင်တယလို့ သုတေသီများ ယူဆနေကြပါတယ်။
ကမ္ဘာမြေပေါ်က သက်ရှိတွေမှာ အရေးပါတဲ့ ဓာတုဓာတ်ပြုခြင်းတစ်မျိုးက ကိုယ်တိုင်ဓာတ်ပြောင်းလဲခြင်းဖြစ်စဥ် ဖြစ်ပါတယ်။
အဆိုပါ ဓာတ်ပြုမှုတွေဟာ ကိုယ်တိုင်တည်မြဲအောင် လုပ်ဆောင်နိုင်ပြီး ထိုဓာတ်ပြုခြင်းတွေကို အကြိမ်ကြိမ် ဖြစ်စေတဲ့ မော်လီကျူးတွေကို ထုတ်လုပ်ပေးပါတယ်။
ကိုယ်တိုင်ဓာတ်ပြောင်းလဲခြင်းနဲ့ ပတ်သက်လို့ သက်ရှိဘဝတွေရဲ့ မူလအစအကြောင်း သုတေသီတွေက သိချင်ရတဲ့ အဓိက အကြောင်းအရင်းတစ်ခုက မျိုးပွားဖြစ်စဥ်ဖြစ်ပြီး ဒါဟာ သက်ရှိဘဝတွေရဲ့ နမူနာတစ်ခု ဖြစ်နေကြောင်း ဝစ္စကွန်ဆန်မက်ဒီဆန် တက္ကသိုလ်မှ ဇီဝပညာရှင် ဘီတာလ်ကက်ကာက ပြောပြခဲ့ပါတယ်။
သက်ရှိဘဝတွေကနေ နောက်ထပ်သက်ရှိတွေ ဖြစ်ပေါ်လာကြောင်း၊ ဆဲလ်တွေက တစ်ခုကနေ ၂ ခု၊ ၂ ခုကနေ ၄ ခုပွားများလာကြောင်း၊ ထိုကနေ သက်ရှိများ ကွဲပြားခြားနားစွာ ပေါ်ထွက်လာတာဖြစ်ကြောင်း ပြောပြသွားပါတယ်။
ဒီလိုဓာတ်ပြုမှုတွေ ရရှိဖို့ သိပ္ပံပညာရှင်တွေဟာ ရာစုနှစ် ၂ ခုကျော်လောက်က ဘာသာစကား အမျိုးမျိုးဖြင့် ရေးသားထားတဲ့ သိပ္ပံနည်းကျ မှတ်တမ်းများကို ပြုစုဆန်းစစ်ခဲ့ကြပါတယ်။
#World_Science #ကာဗွန်အခြေပြု #ဂြိုဟ်သား #သက်ရှိဖွဲ့စည်းတည်ရှိမှု #Source:WION
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ရွှမ်ဟယ်လှိုဏ်ဂူဟာ အာရှမှာ လက်ရှိအချိန်အထိ အရှည်လျားဆုံးဂူဖြစ်ပြီး အလျား ၄၀၉.၉ ကီလိုမီတာနဲ့ အနက် ၉၁၂ မီတာရှိကြောင်း တွေ့ရှိခဲ့ကာ ကမ္ဘာပေါ်မှာတတိယမြောက် အရှည်လျားဆုံးလှိုဏ်ဂူဖြစ်တယ်လို့ သုတေသီများ ပြောကြားလိုက်ပါတယ်။
Published_ 30 September 2023
#World_Nature
#တရုတ်နိုင်ငံ #ရွှမ်ဟယ်လှိုဏ်ဂူ #ကွေ့ကျိုးပြည်နယ်
၃၀ စက်တင်ဘာ ၂၀၂၃
ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားရမည်ဟု ယုံကြည်ပြီး NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားမှုများကို လက်သင့်ခံ ၍မရနိုင်ဟု KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးက ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားပါတယ်။
စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် နစကဥက္ကဋ္ဌ၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရာတွင်NCA စာချုပ်လက် မှတ်ရေးထိုးစဉ်ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သူလည်းဖြစ်တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးက ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အမှန်တကယ် ငြိမ်းချမ်းရေးကိုလိုလားပါက အမုန်းတရားကို အခြေခံ၍ ဆောင်ရွက်၍ရမည်မဟုတ် ကြောင်း၊ မိမိအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ်ကတည်းကပင် ယခုအချိန်အထိ ငြိမ်းချမ်းရေးရရှိရေး ကိုသာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ခဲ့ပါကြောင်းလည်း စောမူတူးစေးဖိုးက ပြောပါတယ်။ယင်းအပြင် ကရင်အမျိုးသားအစည်း အရုံး(KNU)ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန် ရောက်ရှိလာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုအပေါ်တွင်လည်း ကျေးဇူးတင်ပါတယ်လို့ နစကဥက္ကဋ္ဌကို စောမူတူးစေးဖိုးနှင့်အဖွဲ့ကဆက်လက်ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
NCA စာချုပ် ချုပ်ဆိုချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ သံတမန် များ၊ ပြည်တွင်း အသိသက်သေများ ရှေ့မှောက်၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်ခိုင်မာသည့် တရားဝင်စာချုပ်ဖြစ်တယ်လို့လည်း စောမူတူးစေးဖိုးနှင့်အဖွဲ့က အခိုင်အမာပြောဆိုပါတယ်။ သူ့အနေနှင့်ပါတီစုံဒီမို ကရေစီ စနစ် ကိုလက်ခံပြီး တည်ငြိမ်အေးချမ်းမှုကိုလိုလားတယ်လို့လည်းဆက်ပြောပါတယ်။
ယခုတွေ့ဆုံမှုသည် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြန်လည် ပြော ဆိုပါတယ်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုဖော် ဆောင်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် ခိုင်ခိုင် မာမာရပ်တည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့်ကြိုဆိုလျက်ရှိတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ဖိတ်ခေါ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းကဲ့သို့ဆွေးနွေးရာတွင် မိမိတို့ထံသို့လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်သကဲ့သို့ တပ်မတော်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့များကို စေလွှတ်ဆွေးနွေးပေးစေလိုပါကလည်း တိုင်းစစ်ဌာနချုပ်များတွင် ဆွေးနွေးနိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
ပြည်တွင်းတည်ငြိမ် အေးချမ်း ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို မကျင့်သုံးဘဲ တွေ့ဆုံညှိနှိုင်း ဆွေးနွေး ရေးကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့် အပြုအမူ အပြောအဆို၊ အလုပ်အကိုင် များကို လုံးဝ လက်သင့်ခံ၍ ရနိုင်မည်မဟုတ်ပါကြောင်း၊ သဘောတူညီချက်များဖြင့် ချုပ်ဆိုထားသည့် NCA လမ်း ကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားရမှာဖြစ်တယ်လို့ စောမူတူးစေးဖိုးနှင့်အဖွဲ့က ဆွေးနွေးပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးအနေဖြင့် NCA စာချုပ်ကို ကိုယ်တိုင်လက်မှတ်ရေးထိုး ပါဝင်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့အတွက် မကြာမီ ကျရောက်တော့မည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုမှု ၈ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် ပေးနိုင်ဖို့အတွက်လည်း ဗိုလ်ချူပ်မှူးကြီးက ဖိတ်ကြားခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန် ထားပါတယ်။
အဆိုပါငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့တက်ရောက်ကြပြီး ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရော ဂျာခင်၊ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း တို့ တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။
Knl/ymg



#Daily_News
Published_ 30 September 2023
၁။ တစ်ပတ်အတွင်း စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၁၀၀ ကျော်ပြန်ကျ
၂။ ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားဧည့်ဝင်ကြေးအောက်တိုဘာလ (၁)ရက်မှ စတင်တိုးကောက်မည်
၃။ ရှမ်းပြည်ထွက်ဂေါ်ဖီထုတ်ဝယ်လိုအားပြန်ရှိပေမယ့် ယခင်ထက် ၁၀ ဆ ၁ ဆသာရှိဟုဆို
၄။ အာရှတွင်အရှည်လျားဆုံးနှင့် ကမ္ဘာတွင်တတိယမြောက်အရှည်လျားဆုံးဖြစ်သည့် တရုတ်နိုင်ငံမှရွှမ်ဟယ်လှိုဏ်ဂူ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ရှမ်းပြည်နယ်က စိုက်ပျိုးထွက်ရှိတဲ့ ဂေါ်ဖီထုတ်ဈေးကွက်ဟာ ပြည်တွင်းဝယ်လို အား ပြန်ရှိပေမယ့် ယခင်နဲ့နှိုင်းယှဉ်ပါက ၁၀ဆ ၁ဆ သာအရောင်းဝယ်ရှိတယ်လို့ ရှမ်း
ပြည်အောင်ပန်းရှိ ကုန်သည်တွေထံက သိရပါတယ်။
Published_ 30 September 2023
#Local_News
#ရှမ်းပြည်ထွက်ဂေါ်ဖီထုတ် #ရှမ်းပြည်အောင်ပန်း
#YMG/ LW #Yangon_Times
‘အောက်တိုဘာလ(၁)ရက်မှစပြီး ရွှေတိဂုံစေတီတော်ကိုလာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေ အနေနဲ့ မြန်မာငွေနဲ့ဆိုရင်ကျပ်(၂၀၀၀၀)ဧည့်ဝင်ကြေးပေးရမှာဖြစ်ပြီး နိုင်ငံခြားငွေနဲ့ဆိုရင် အပြောင်းအလဲမရှိဘဲ အရင်အတိုင်း(၁၀)ဒေါ်လာပဲကျမှာဖြစ်ပါတယ်’ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်း
Published_ 30 September 2023
#Local_News
#ရွှေတိဂုံ #နိုင်ငံခြားသားဧည့်ဝင်ကြေး #တိုးမြှင့်ကောက်ခံ
#tthl #Yangon_Times
Page 903 of 1858