#World_News
Published 01 May 2024


▪️ အမေရိကန် အစိုးရအုပ်ချုပ်ရေးအဖွဲ့က ဆေးခြောက်ကို ဘေးအန္တရာယ်နည်းတဲ့ ဆေးအဖြစ် အမျိုးအစား ပြောင်းလဲသတ်မှတ်ဖို့ သုံးသပ်သွားမှာ ဖြစ်ပါတယ်။

 

▪️ ဒါကြောင့် ဆေးခြောက်အသုံးပြုခြင်းဟာ ရာဇဝတ်မှုမြောက်ပြီး သူ့ရဲ့ ဆေးဖက်ဆိုင်ရာ အသုံးဝင်ပုံများကို လုံးဝလစ်လျူရှုထားတဲ့ ဆယ်စုနှစ်များကြာ မူဝါဒကို အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

 

▪️ အမေရိကန် မူးယစ်ဆေးဝါး ထိန်းသိမ်းရေးအဖွဲ့က ဆေးခြောက်ကို အမျိုးအစား(၃) ထိန်းသိမ်းအသုံးပြုရေး ပစ္စည်းအဖြစ် ပြန်လည်သတ်မှတ်ဖို့ အကြံပြုထောက်ခံသွားမှာ ဖြစ်ပြီး ကီတမင်း၊ တိုင်လေနောလ်၊ ကိုဒင်းတို့နဲ့ အဆင့်ချင်းတူညီသွားမှာ ဖြစ်ပါတယ်။

 

▪️ တရားရေးဌာနက ဒီစည်းမျဥ်းအတွက် ဆက်လက်လုပ်ဆောင်နေပြီး အခုအချိန်မှာ ဘာမှမှတ်ချက် မပြုလိုဘူးလို့ အမေရိကန် အရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။

 

▪️ မူးယစ်ဆေးဝါး ထိန်းသိမ်းရေးအဖွဲ့ရဲ့ အကြံပြုထောက်ခံချက်ကို အိမ်ဖြူတော်က သုံးသပ်သွားမှာဖြစ်ပြီး ကွန်ဂရက်လွှတ်တော်မှ အသိအမှတ်ပြုဖို့လည်း လိုအပ်လာနိုင်ပါတယ်။

 

▪️ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ဆေးခြောက်ကို အမျိုးအစား(၁) ပစ္စည်းအဖြစ် သတ်မှတ်ထားခဲ့ကာ ဟီရိုအင်၊ ရေချိုးဆားတို့လိုမျိုး ဖြစ်ပါတယ်။

 

▪️ ထိုအမျိုးအစား ပစ္စည်းတွေက ဆေးဖက်ဆိုင်ရာ အသုံးဝင်ပုံ မရှိဘဲ အလွဲသုံးစားသုံးနိုင်ခြေ အလွန်များပါတယ်။



▪️ ဆေးခြောက်ကို အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး(FDA)က အမျိုးအစား ပြောင်းလဲသတ်မှတ်ဖို့ ထောက်ခံရာမှာ စံနှုန်းသတ်မှတ်ချက် ၃ ချက်နဲ့ ကိုက်ညီခဲ့ပါတယ်။

 

▪️ (၁) အမျိုးအစား(၁)၊ (၂)ပစ္စည်းတို့ထက်စာရင် အလွဲသုံးစား အသုံးပြုနိုင်ခြေ ပိုမိုနည်းပါးခြင်း။

 

▪️ (၂) ဆေးဖက်ဆိုင်ရာ အကျိုးကျေးဇူးများရှိခြင်း။

 

▪️ (၃) အလွဲသုံးစားပြုသူတွေမှာ စွဲလမ်းမှု အတန်အသင့် နည်းပါးနိုင်ခြေရှိခြင်း။

 

▪️ ယနေ့အချိန်အထိ အမေရိကန် ပြည်နယ် ၂၄ ခုနဲ့ ဒီစီတို့မှာ ဆေးခြောက်ကို အပန်းဖြေသုံးစွဲခွင့် တရားဝင်ခွင့်ပြုထားပြီး ပြည်နယ် ၃၈ ခုမှာတော့ ဆေးဖက်ဆိုင်ရာအတွက် အသုံးပြုခွင့် ပေးထားပါတယ်။

 

▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမေရိကန်ရှိ ဆေးခြောက်လုပ်ငန်းကနေ ဘီလီယံချီ စီးပွားရေး တိုးတက်လာပြီး နောက်ထပ်အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

 

▪️ ကွန်ဂရက်ကလည်း ဆေးခြောက်ကန့်သတ် သုံးစွဲရေးကို တရားဝင်ဖြစ်အောင် ယင်းကိုယ်ပိုင်ဥပဒေကြမ်းများဖြင့် လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။

 

▪️ SAFER ဘဏ်အက်ဥပဒေက တရားဝင် ဆေးခြောက်စီးပွားရေးလုပ်ငန်းကို သမားရိုးကျ ဘဏ်နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ အသုံးပြုခွင့်ပေးနိုင်ဖွယ်ရှိပြီး နှစ်ကုန်မှာ လွှတ်တော်နှစ်ရပ်စလုံးကနေ ခွင့်ပြုနိုင်ဖွယ်ရှိပါတယ်။

 

#Source: WION