Published 1 May 2024

ကမ္ဘာမြေအတွက် ဘေးအန္တရာယ် ဖြစ်နိုင်ဖွယ်ရှိတဲ့ ဂြိုဟ်မွှားတစ်ခုဟာ လာမယ့် ၅ နှစ်အတွင်း ကမ္ဘာဂြိုဟ်နဲ့ မိုင် ၂ သောင်းခန့်ပင် မဝေးတဲ့ အကွာအဝေးလောက်ကနေ ဖြတ်သန်းသွားနိုင်ပါတယ်။

အေပိုဖစ်ဂြိုဟ်ဟာ ၂၀၂၉ ဧပြီ ၁၃ ရက်နေ့မှာ ကမ္ဘာဂြိုဟ်နားကနေ ဖြတ်သွားမှာဖြစ်ပြီး လကမ္ဘာထက် ၁၀ ဆပိုမိုနီးကပ်မှာ ဖြစ်ပါတယ်။

ဒါကို ၂၀၀၄ ခုနှစ်မှာ သိပ္ပံပညာရှင်များ ပထမဆုံးတွေ့ရှိခဲ့ပြီး ပေ ၁၁၀၀ ကျယ်တဲ့ အရာဝတ္ထုကြီးကို ကမ္ဘာမြေအတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ ဂြိုဟ်သိမ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

နောက်ပိုင်းလေ့လာချက်တွေ အရတော့ ဒီဂြိုဟ်ဟာ အနည်းဆုံး နောက်ထပ် ရာစုနှစ်အထိ ကမ္ဘာဂြိုဟ်ကို ဝင်တိုက်ဖွယ်မရှိဘူးလို့ ဖော်ပြခဲ့ကြပါတယ်။

ဒါကို အခွင့်ယူပြီး ဒီဂြိုဟ်မွှားကို လေ့လာခွင့်ရဖို့ သိပ္ပံပညာရှင်တွေ မျှော်လင့်နေကြပါတယ်။

ဂြိုဟ်မွှားတွေမှာ ပုံစံပြောင်းလဲသွားတာတွေက ဂြိုဟ်လမ်းကြောင်း ပြောင်းလဲသွားစေတယ်လို့ ယူဆနေကြပါတယ်။

ပုဂ္ဂလိကဆိုင်ရာ အာကာသကုမ္ပဏီတွေက ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်ဖို့ ကမ်းလှမ်းနေကြပါတယ်။

ဖေဖော်ဝါရီလက ဆန်းသစ်တဲ့ နည်းလမ်းများဖြင့် အာကာသတာဝန်များ ထမ်းဆောင်ရန် ပုဂ္ဂလိကအပိုင်းကနေ အကြံဉာဏ်များရယူမယ့် ဆွေးနွေးပွဲတစ်ခုကို နာဆာက ပြုလုပ်ခဲ့ပါတယ်။

နာဆာမှ OSIRIS-APEX အာကာသယာဥ်ဟာ ဂြိုဟ်သိမ်ကို လေ့လာဖို့ သွားရောက်နေပြီဖြစ်ပြီး အာကာသယာဥ် အပိုတစ်ခုလည်း ပါဝင်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လာမယ့်နှစ်တွေမှာ အာကာသအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဟာ အာကာသတာဝန်တွေကို ကြေညာနိုင်မှာဖြစ်ပါတယ်။
Source: WION
#World_Science
#Published_ 1 May 2024
#YMG_News #Yangon_Times #Yangon_Media_Group