#Local_News
Published 7 May 2024

▪️ ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအားပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးမှုနှင့် Biometric ကောက်ယူခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

 

▪️ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မေလ၅ရက်နေ့က လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာမြို့နယ်ငါးဦးကော်မတီအဖွဲ့ဝင်များက စိစစ်မေးမြန်း အတည်ပြုဆောင်ရွက်ခြင်း၊ ငါးဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် များ သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

▪️ ယင်းသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း အစောင် ၇၀ နှင့် နိုင်ငံသားစိစစ်ရေးကတ် ၁၁၀ ကို စိစစ်ထုတ်ပေး၍ နိုင်ငံသားကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biometric ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်များ တစ်ပါတည်းထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times