#World_News
Published 07 May 2024


▪️ ဂါဇာအရေးနဲ့ ပတ်သက်ပြီး ကြားဝင်စေ့စပ်သူများမှ တင်ပြတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တစ်ရပ်ကို ပါလက်စ်တိုင်း စစ်သွေးကြွဟားမတ်စ်အဖွဲ့က တနင်္လာနေ့မှာ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အစ္စရေးလ်တို့ကတော့ ထိုအဆိုပြုချက်ထဲက အချက်အလက်တွေဟာ ယင်းတို့လိုချင်တဲ့ အချက်တွေနဲ့ မကိုက်ညီဘဲ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်နေစဉ်မှာပဲ ရာဖာကို ဆက်လက်ဖိအားပေး တိုက်ခိုက်နေဦးမယ်လို့ ဆိုပါတယ်။

 

▪️ ၇ လသက်တမ်းကြာလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိလာပေမယ့် အစ္စရေးလ်တပ်တွေက ဂါဇာတောင်ဘက်ခြမ်းရှိ ရာဖာကို လေကြောင်းနဲ့ မြေပြင်တို့ကနေ တိုက်ခိုက်နေကာ အရပ်သားတွေကို ထွက်ပြေးခိုင်းထားပါတယ်။

 

▪️ အပစ်အခတ် ရပ်စဲရေး အဆိုပြုကမ်းလှမ်းချက်က အစ္စရေးလ်လိုချင်တာတွေနဲ့ မကိုက်ညီပေမယ့် သဘောတူညီချက် ရရှိဖို့ ညှိနှိုင်းဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

 

▪️ ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ကြား ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ကိုယ်စားလှယ်အဖွဲ့ကို ကိုင်ရိုသို့ စေလွှတ်သွားမယ်လို့ ဆိုပါတယ်။

 

▪️ အစ္စရေးလ်အစိုးရအဖွဲ့မှ ထုတ်ပြန်တာမှာ ရာဖာမှာ စစ်ဆင်ရေး ဆက်လက်ပြုလုပ်သွားဖို့ကို ဝန်ကြီးများအဖွဲ့က အသိအမှတ်ပြုလိုက်တယ်လို့ သိရပါတယ်။

 

▪️ အစ္စရေးလ်ဘက်က စစ်ပွဲအပြီးသတ် ရပ်စဲရေးကတိမပေးဘဲ ဓားစာခံတွေ ထပ်မံလွှတ်ပေးဖို့ကို ဟားမတ်စ်တို့က ငြင်းဆိုထားရာ သဘောတူညီချက် အသစ်တစ်ခုရဖို့ ကြိုးပမ်းလာရတာ ဖြစ်ပါတယ်။

 

▪️ ယခုအဆိုပြုချက်က ဟားမတ်စ်တို့ အလိုရှိတဲ့အတိုင်း ဂါဇာမှာ ပြန်လည်တည်ဆောက်ရေး၊ စစ်ဘေးရှောင် ပါလက်စ်တိုင်းအရပ်သားများ ပြန်လည်နေရာချထားရေး၊ အစ္စရေးလ်ဓားစာခံများကို အစ္စရေးလ်အကျဉ်းထောင်များရှိ ပါလက်စ်တိုင်း အကျဉ်းသားများနဲ့ လဲလှယ်ရေးတို့နဲ့ ကိုက်ညီနေပါတယ်။

 

▪️ ရာဖာမှာ ဟားမတ်စ်တိုက်ခိုက်ရေးသမား အများအပြားအပြင် ဓားစာခံဒါဇင်ခန့် ရှိနေမယ်လို့ အစ္စရေးလ်တို့က ယုံကြည်နေကာ အောင်ပွဲရရေးမှာ ထိုမြို့ကိုသိမ်းယူဖို့က အဓိကကျတယ်လို့ ဆိုထားပါတယ်။


▪️ အစ္စရေးလ်ရဲ့ အနီးစပ်ဆုံးမဟာမိတ် အမေရိကန်က ရာဖာကို အစ္စရေးလ်တိုက်ခိုက်မှာ စိုးရိမ်နေပြီး အရပ်သားကာကွယ်ရေး အစီအစဉ်တွေ မရှိဘဲနဲ့ မတိုက်ရဘူးလို့ မှာကြားထားပါတယ်။

#Source: Reuters