ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်းမှာ ကမ္ဘာ့ပထမဆုံး ဇူတိုးပီးယားနေရာကို အင်္ဂါနေ့က ဖွင့်လှစ်လိုက်ပြီး လာရောက်တဲ့ဧည့်သည်တွေအနေနဲ့ ကာတွန်းရုပ်ရှင်တွေထဲက ဇာတ်ကောင်များကို အနီးကပ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
#World_Entertainment
Published 22 December 2023
#Zootopiaကာတွန်းရုပ်ရှင် #ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်း
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 22 December 2023
၁။ ပြည်တွင်းစက်သုံးဆီ ဓါတ်ဆီတစ်လီကျပ် ၁၀၀ကျော်နှင့် ဒီဇယ်တစ်လီတာကျပ် ၂၀၀ကျော်အထိ ဈေးမြင့်တက်
၂။ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ဆယ်တန်းဖြေမည့်သူအများဆုံး တစ်သောင်းကျော်ရှိနိုင်ဟုဆို
၃။ အခမဲ့ စက်ချုပ်သင်တန်းတက်ရောက်သည့် ထူးချွန်သူများအား အပ်ချုပ်စက်တစ်လုံးစီ ပံ့ပိုးပေးမည်
၄။ Zootopia ကာတွန်းရုပ်ရှင်နောက်ခံပြုပထမဆုံးဥယျာဥ် ရှန်ဟိုင်းဒစ္စနေအပန်းဖြေစခန်းတွင်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘‘ဇန်နဝါရီလ ၁၁ ရက်မှာ တိုင်းရင်းသားကျေးရွာမှာ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပသွားဖို့ရှိပြီး မနက်ပိုင်းမှာ အလံတင် အခမ်းအနားနဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေကျင်းပသွားမှာဖြစ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးတွေ၊ ကရင်တိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသားတွေပါဝင်ဆင်နွဲကြဖို့ရှိတယ်’’ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်ဦးမန်းသန်းဝင်း
#Local_News
Published 22 December 2023
#ကရင်နှစ်သစ်ကူးပွဲတော် #တိုင်းရင်းသားကျေးရွာ
#tthl #Yangon_Times
ထိုင်းနိုင်ငံသို့ MOU မြန်မာအလုပ်သမားစေလွှတ်ရာမှာ မြဝတီ-မဲဆောက်လမ်းနဲ့ ကော့သောင်း-ရနောင်းလမ်းတို့ကနေ ပုံမှန်စေလွှတ်လျက်ရှိရာ ဒီဇင်ဘာ ၁၉ရက်ကစပြီး မြဝတီ -မဲဆောက်လမ်းကို ယာယီရပ်နားထားမည်ဖြစ်ကာ ကော့သောင်း-ရနောင်းလမ်းကနေစေလွှတ်မှုကတော့ ပုံမှန် အတိုင်းစေလွှတ်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။
#Local_News
Published 22 December 2023
#မြဝတီ-မဲဆောက်လမ်း #ကော့သောင်း-ရနောင်းလမ်း #MOUမြန်မာအလုပ်သမား
#YMG/LW #Yangon_Times
'ထူးချွန်တဲ့သင်တန်းသားတွေကိုရွေးချယ်ပြီး အပ်ချုပ်စက်ထောက်ပံ့ပေးသွားမှာပါ၊ သင်ပေးလိုက်တဲ့ပညာနဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးပြန်လည်လုပ်ကိုင်မယ့်သူကို ဦးစားပေးရွေးချယ်သွားပါမယ် '
#Local_News
Published 22 December 2023
#အခမဲ့စက်ချုပ်သင်တန်း #အပ်ချုပ်စက်တစ်လုံးစီပံ့ပိုးပေး
#YMG/NN #Yangon_Times
#Local_News
Published 22 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှ Taxi ကားလုပြေးသူအား အငှားယာဉ်များမှ လိုက်လံဖမ်းဆီးကြရာ တာမွေမြို့နယ်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည (၉) နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Taxi မောင်းသူအား ဓါ-းဖြင့်ထောက်ကာ ကားပေါ်မှကန်ချခဲ့ပြီး ကားမောင်းပြေးသွားခဲ့ရာ အခြား Taxi ယာဉ်မောင်းများက နောက်မှလိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မောင်းပြေးသည့်ကားသည် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းထိပ်တွင် လိုင်းကားနှင့် တိုက်မိပြီးရပ်သွားသည့်အတွက် ကားလုယက်သူကိုဖမ်းမိခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့ပြီး လိုအပ်သည့် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #တက်စီကားလုပြေးသူ #လိုက်လံဖမ်းဆီး #YMG/NN #Yangon_Times
#Local_News
Published 22 December 2023
ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်း ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းခြင်းအတွက် သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်းကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောက်ခွန်ဦးစီးဌာနမှ ပေးပို့လာသော ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ နှင့်ပြောင်း တင်ပို့သည့် ကုမ္ပဏီတစ်ခုချင်း၏ ပို့ကုန်ကြေညာလွှာ (Export Declaration) စာရင်းများကို သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်များသို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ကုန်စည်တင်ပို့သူသည် ကုမ္ပဏီ၏ ပို့ကုန်ကြေညာလွှာ (Export Declaration) အရ သတ်မှတ်ရက်အတွင်း ဝင်ရောက်လာသည့် ပို့ကုန်ရငွေ၏ ၃၀% အနက်မှ ၃၅ % ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် AD လိုင်စင်ရဘဏ်များက မြန်မာကျပ်ဖြင့် တစ်ရက်အတွင်းလဲလှယ်ပေးမည်ဖြစ်ပြီး၊ ၆၅% အား နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading Platform) တွင် ဖြစ်ပေါ်နေသော ဈေးကွက်ပေါက်ဈေးဖြင့် AD လိုင်စင်ရဘဏ်များတွင် ရောင်းချရမည်ဖြစ်ပြီး ကျန်ပို့ကုန်ရငွေ ၇၀% ကို သွင်းကုန်(စက်သုံးဆီ)တင်သွင်းခြင်းအတွက် ပြည်ပသို့ပေးချေရန် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီမှကိုယ်တိုင် စက်သုံးဆီတင်သွင်းခြင်းဖြစ်ပါက သွင်းကုန်အတွက်ပေးချေရာတွင် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းရှိ အဆိုပါ ပို့ကုန်ရငွေ ၇၀ % မှ ပေးချေရန်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီသို့ နိုင်ငံခြားငွေ (ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်း တင်ပို့ခြင်းမှ ရရှိထားသော ပို့ကုန်ရငွေ ၇၀%) အားရောင်းချမည်ဆိုပါက သက်ဆိုင်ရာ AD လိုင်စင်ရ ဘဏ်များမှ Online Trading Platform တွင် တင်ပြ၍ အရောင်းအဝယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ရောင်းချသူ၏ နိုင်ငံခြားငွေစာရင်းမှ ဝယ်ယူသူ၏ နိုင်ငံခြားငွေစာရင်းသို့ လွှဲပြောင်းပေးရန်နှင့် မတူညီသောဘဏ်များ အကြား လွှဲပြောင်းခြင်းကိုလည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းမည့်ကုမ္ပဏီမှ လိုင်စင်လျှောက်ထားရာတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်း တင်ပို့ရာမှ ပို့ကုန်ရငွေရရှိထားကြောင်း (သို့မဟုတ်) ဆန်၊ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်း တင်ပို့သည့် ကုမ္ပဏီမှ ပို့ကုန်ရငွေအား ဝယ်ယူထားကြောင်း အထောက်အထားအဖြစ် AD လိုင်စင်ရဘဏ်များမှ ထုတ်ပေးသည့် Credit Advice နှင့် Bank Statement မူရင်းအား တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ပို့ကုန်ရငွေ၇၀ရာခိုင်နှုန်း #စက်သုံးဆီတင်သွင်းခြင်း #YMG/ NN #Yangon_Times
‘‘ရန်ကုန်မှာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၂၀၀)ခန့်နဲ့ တစ်နိုင်ငံလုံးမှာ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းစုစုပေါင်းတစ်ထောင်ခန့်ရှိပြီး Grade12 ဆယ်တန်းဖြေဆိုမယ့်သူတွေက ထောင်ဂဏာန်းမှ သောင်းဂဏာန်းလောက်အထိသာရှိနိုင်ပါတယ်”
မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဌဦးနေအုပ်
#Local_News
Published 22 December 2023
#ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း #Grade12တန်းဖြေဆိုမယ့်သူ
#tthl #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ဒီဇင်ဘာ ၂၂ရက်ဈေးနှုန်း သတ်မှတ်ချက်အရ ဓါတ်ဆီတစ်လီတာကို ယခင်တပတ်ထက်ကျပ် ၁၀၀ကျော်ဈေးမြင့်ခဲ့ပြီး ဒီဇယ်တစ်လီတာမှာ ကျပ် ၂၀၀ ကျော်အထိ ဈေးမြင့်လာတာ တွေ့ရပါတယ်။
#Local_News
Published 22 December 2023
#စက်သုံးဆီတင်သွင်း #ပြည်တွင်းစက်သုံးဆီဓါတ်ဆီ
#YMG/LW #Yangon_Times
#Local_News
Published 22 December 2023
တိုင်းရင်းဆေးဆရာများကို ဆေးကုသခွင့်လိုင်စင်များထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှသိရသည်။
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တက်ရောက်လာသည့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ဥက္ကဌဦးမြင့်ဦး၏ပြောကြားချက်အရသိရခြင်းဖြစ်သည်။
‘‘ယခုညီလာခံမှာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီအဖွဲ့ဝင်တွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ညီလာခံ အကြိုအနေနဲ့ ဆောင်ရွက်တဲ့ ကွင်းဆင်းဆေးကုသမှုတွေမှာလည်း ကောင်စီက ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ညီလာခံအကြိုအနေနဲ့ ဆောင်ရွက်တဲ့ ကွင်းဆင်းဆေးကုသမှုတွေမှာလည်း မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီကပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။အဆို၊အထောက်ဆွေးနွေးမှုတွေမှာလည်း ပါဝင်ဆွေးနွေးမှုတွေ ဆောင်ရွက်ပါတယ်။ လက်ရှိအနေနဲ့ တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းဆေးဆရာ တွေကိုကုသခွင့်လိုင်စင်တွေ ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တိုင်းရင်းဆေးဆရာ သက်တမ်းတိုးခြင်း လုပ်ငန်းတွေကိုလည်း ပုံမှန်ဆောင်ရွက်ပေးနေပါတယ်”ဟုမြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ဥက္ကဌဦးမြင့်ဦး ကပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို ၂၀၀၂ခုနှစ်ပညာသင်နှစ်ကနေဖွင့်လှစ်ခဲ့ရာ ယခုဆိုရင် (၂၁) နှစ်ရှိပြီဖြစ်ပြီး တိုင်းရင်းဆေးပညာဘွဲ့ရများ၊တိုင်းရင်းဆေးပညာမဟာဘွဲ့၊Ph.Dအထိပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းပြီးသွားသူများအနေဖြင့် ကိုယ်ပိုင်တိုင်းရင်းဆေးခန်း၊ဆေးရုံဖွင့်နိုင်ခြင်း၊ကိုယ်ပိုင်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ခြင်း၊တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများတွင် ကြီးကြပ်သူ၊အရည်အသွေးစစ်သူ၊သုတေသီများ အဖြစ်ဆောင်ရွက်နိုင်ခြင်း၊တိုင်းရင်းဆေးတက္ကသိုလ်တွင်သင်ကြားရေးဆရာ၊ဆရာမများအဖြစ်လည်းကောင်း ၊တိုင်းရင်းဆေးပညာဦးစီးဌာန၏ကုသရေးတိုင်းရင်းဆေးရုံ၊ဆေးခန်းများတွင် ဆရာ၊ဆရာမများအဖြစ်လည်း ကောင်း၊သုတေသီများအဖြစ်လည်းကောင်း၊ပြည်တွင်း၊ပြည်ပတွင်ဆေးပညာဆိုင်ရာဘွဲ့လွန်များဆက်လက် ဆည်းပူခွင့်ရှိမည်ဖြစ်ကြောင်းကို တိုင်းရင်းဆေးတက္ကသိုလ်၊ပါမောက္ခချုပ်ဦးသိန်းဇော်လင်း၏ပြောကြားချက် အရသိရသည်။
#Local_News #တိုင်းရင်းဆေးဆရာများ #ဆေးကုသခွင့်လိုင်စင်ထုတ်ပေး #tthl #Yangon_Times
#World_News
Published 22 December 2023
အသက် ၂၄ နှစ်အရွယ် ချက်လူမျိုး ကျောင်းသားတစ်ဦးဟာ ကြာသပတေးနေ့က ကလေးအဖေတစ်ဦးနဲ့ ပရက်ဂ်တက္ကသိုလ်ရှိ လူ ၁၄ ဦးကို ပစ်သတ်ခဲ့ပြီး ၂၅ ဦးကို ဒဏ်ရာရရှိစေခဲ့ကာ သူ့ကိုယ်သူ အဆုံးစီရင်သွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒါဟာ ချက်နိုင်ငံမှာ အဆိုးရွားဆုံး လူအစုလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်လာပါတယ်။
အစိုးရက ကွယ်လွန်သွားသူတွေကို အမှတ်ရတဲ့အနေနဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကို ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်နေ့အဖြစ် ကြေညာရန် သမ္မတပီတာပေဗယ်လ်က ဝန်ကြီးများနဲ့ အထူးတွေ့ဆုံဆွေးနွေးမှုမှာ ဆုံးဖြတ်လိုက်ပါတယ်။
ငယ်ရွယ်တဲ့ လူငယ်မျိုးဆက်သစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးရတဲ့အတွက် အလွန်ဝမ်းနည်းရကြောင်း၊ ကွယ်လွန်သွားသူတွေရဲ့ ဆွေမျိုးအားလုံး ဒီဖြစ်ရပ်ဆိုးကြီးမှာ ပါဝင်ခဲ့သူအားလုံးကို တောင်းပန်အပ်ကြောင်း၊ ချက်ပြည်သူ့သမ္မတနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးဖြစ်ကြောင်း ပေဗယ်လ်က ပြောပြသွားပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့ ပရက်ဂ်ချားလ်စ်တက္ကသိုလ် အဆောက်အအုံမှာ လက်နက်အများအပြားကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး တရားခံက သူ့ကိုယ်သူအဆုံးစီရင်ရန် ရည်ရွယ်ချက်ဖြင့် ကလက်ဒ်နိုရှိ သူ့နေရပ်မြို့ကနေ ပရက်ဂ်မြို့သို့ ဦးတည်ထွက်ခွာဖို့များတယ်လို့ ထိုနေ့အစောပိုင်းက သတင်းကြားမိခဲ့ကြပါတယ်။
သေနတ်သမား အတန်းတက်ရောက်ရမယ့် အနုပညာအဆောက်အအုံမှ လူတွေကို ရဲတွေက ဖယ်ရှားရှင်းလင်းခဲ့ပေမယ့် ဒီထက်ပိုကြီးတဲ့ အဆောက်အအုံကနေ အကူအညီတောင်းခဲ့ကြရာ ပစ်ခတ်မှုအကြောင်း တိုင်ကြားပြီးနောက်မိနစ်ပိုင်းအတွင်း ရောက်ရှိလာကြကြောင်း ရဲတပ်ဖွဲ့ဥက္ကဌ မာတင်ဗွန်ဒရာဆက်ခ်က ပြောပြခဲ့ပါတယ်။
ဒါ့အပြင် လူတစ်ဦးနဲ့ ၂ လသားအရွယ်ကလေး တစ်ယောက်တို့ကိုလည်း ပရက်ဂ်မြို့အပြင်ဘက် ရွာတစ်ရွာက တောအုပ်ထဲမှာ အသေပစ်သတ်ခဲ့တာကို ပြီးခဲ့တဲ့အပတ်က တွေ့ရှိထားရာမှာ ထိုသေနတ်သမားကိုပဲ သံသယရှိထားပါတယ်။
သေနတ်သမား သေဆုံးရတာဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာ ဖြစ်နိုင်သလို ရဲတွေပြန်ပစ်လို့ သေဆုံးတာလားဆိုတာ အာဏာပိုင်တွေ စုံစမ်းနေပါတယ်။
သေနတ်သမားဟာ အောင်မြင်မှုကြီးကြီးမားမား ရရှိထားတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး ယခင်က ပြစ်မှုကျူးလွန်ထားတာ မရှိဘဲ တစ်ဦးတည်း လှုပ်ရှားခဲ့တာ ဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုက အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ခြင်းမရှိဘူးလို့ ပြည်ထဲရေးဝန်ကြီး ဗစ်ရာကူဆန်က ပြောပြလိုက်ပါတယ်။
အခင်းဖြစ်ပွားရာ အဆောက်အအုံ ဝန်းကျင်နေရာမှာ အတားအဆီးများ ချထားပါတယ်။
မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ အသက် ၄၃ နှစ်ရှိ အီဗိုဟက်ဗ်နာရက်က အဆောက်အအုံထဲကနေ ကျောင်းသားတွေ ဆရာတွေ ရုတ်တရက် ပြေးထွက်လာကြတာ မြင်ရကြောင်း၊ ပရက်ဂ်မှာ ဒီလိုပစ်ခတ်မှုမျိုး ဖြစ်မယ်လို့ မထင်မိကြောင်း၊ ရိုင်ဖယ်သေနတ်တွေကိုင်ပြီး ရဲတွေပါလာတော့မှ တကယ်ဖြစ်နေတယ်ဆိုတာ သိရကြောင်း ပြောပြသွားပါတယ်။
ချက်ပြည်သူ့သမ္မတနိုင်ငံဟာ သေနတ်ပစ်ခတ်မှု အလွန်ရှားပါးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။



#World_News #ချက်နိုင်ငံပရက်ဂ်တက္ကသိုလ် #သေနတ်ဖြင့်ပစ်ခတ်မှုဖြစ် #လူ(၁၄)ဦးသေဆုံး #Source: Reuters
#Local_News
Published 22 December 2023
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI ) ထုတ်ပေးရေး စခန်း (၅) ခုနှင့် မိုဘိုင်းယူနစ် (၃) ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးနှင့် မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် CI စခန်း (၅)ခုနှင့် Mobile Unit (၃)ခုတို့ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
အဆိုပါ စခန်း (၅) ခုကို စမွတ်စခွန်၊ စမွတ်ပရာကန်၊ ချွန်ပူရီ၊ ပထုံဌာနီ၊ ဆူရတ်ဌာနီတိုတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး Mobile Unit စခန်း (၃)ခုကို ချင်းမိုင်၊ နခွန်စဝမ်မိုဘိုင်း၊ ဆုန်ခလာတို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်သမားများအား ဥပဒေနှင့်အညီ work permit နှင့် ဗီဇာရရှိစေရေး၊ တရားဝင်အလုပ်သမားများ၏ အခွင့်အရေးများ ရရှိခံစားနိုင်စေရေး၊ မြန်မာနိုင်ငံသို့ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားရရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာစေရန်အတွက် CI စာအုပ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနမှ စုစုပေါင်း အရာထမ်း၊ အမှုထမ်း (၄၀) နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၃) ဦးတို့ တာဝန်ထမ်းဆောင်နိုင်ရေး စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #ထိုင်းရောက်မြန်မာလုပ်သား #မိုဘိုင်းယူနစ်(၃)ခု #YMG/LW #Yangon_Times
Page 856 of 1932