ရွှေစက်တော် မန်းချောင်းဆင်စခန်းကို နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်
‘ရွှေစက်တော်မန်းချောင်းဆင်စခန်းမှာ ဆင်တွေကို အစာကျွေးနိုင်သလို တောတောင်သဘာဝနဲ့နီးစပ်ပြီး သဘာဝအငွေ့အသက်တွေကိုခံစားကာ အပန်းဖြေနိုင်တဲ့အတွက် နိုင်ငံတကာခရီးသွားတွေကြိုက် နှစ်သက်ကြတယ်’ ... ရွှေစက်တော်မန်းချောင်းဆင်စခန်းတာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 4 September 2023
#YMG #Yangon_Times
လူကိုယ်တိုင်မလာရဘဲ အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်ပေးနေသည့် OWICကတ်များမှာ အတုများသာဖြစ်ဟုဆို
ပြည်ပကို ထွက်ခွာမယ့်အလုပ်သမားတွေ မဖြစ်မနေလျှောက်ထားရမယ့် OWIC ကတ်ကို အွန်လိုင်းကနေတစ်ဆင့် အခကြေးငွေယူပြီး လုပ်ဆောင်ပေးနေတာတွေဟာ လိမ်လည်ပြီး ကတ်အတုများ လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 4 September 2023
#YMG #Yangon_Times
Published_ 4 September 2023
တရုတ်နိုင်ငံ ရွှေလီမြို့သို့ ၆ ည အိပ် ၇ ရက် ခရီးအတွက် (TBP )တစ်ခါသုံးကတ်များ ကို ယနေ့ စက်တင်ဘာလ ၄ ရက်တွင် စတင်ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကတ်များ မြန်မာတစ်နိုင်ငံလုံးမှ မည်သည့် တိုင်းရင်းသားမဆို နိုင်ငံသားမှတ်ပုံတင် ပြရုံဖြင့် ရရှိကြောင်း၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ် တို့တွင် ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။
“ဒီနေ့ ရွှေလီမြို့ အဝင်အထွက် ကတ် ကို လုပ်ပေးနေတာ။ကိုဗစ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေး ပြီးတဲ့ အတွက် အခုလို သွားခွင့်ရတာပါ။
နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်ဝိန်းဂိတ် မှာ ကတ်တွေလုပ်ပေး နေပါတယ်။တစ်ကတ်ကို ၂ ထောင်ပဲ ပေးရတယ်”ဟု မူဆယ်အခြေစိုက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ပေးရေးကွန်ယက် တာဝန်ရှိသူ ကိုဌေးက YMG ကို ပြောသည်။
တရုတ်ပြည်ရွှေလီမှာတစ်နှစ် နေထိုင်ခွင့်စာအုပ်အပြာထုတ်ပေးမှုအပေါ်မှာတော့ တိကျခိုင်လုံတဲ့ သတင်းအချက်အလက်များထုတ်ပြန်ထားတာ မသိရှိရသေးကြောင်းလည်းအဆိုပါ ကွန်ယက်မှ ဆိုထားပြီး အလုပ်သမားMoUအတွက် နှစ်နိုင်ငံအဆင့် ဆွေးနွေးနေဆဲသာဖြစ်တယ်လို့ သိရပါတယ်။
ယင်းအပြင် မူဆယ်ခရိုင်နှင့် ကွတ်ခိုင်ခရိုင်ရှီ မြို့နယ် ၃ မြို့နယ်အတွင်းအိမ်ထောင်စုစာရင်းရှိသူများ အား မူဆယ်-ရွှေလီဝင်ထွက်ခွင့်နိုင်ငံကူးလက်မှတ် (Border Pass) စာအုပ်အနီကို ထုတ်ပေးလျက် ရှိကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 4 September 2023
ချက်နိုင်ငံ၊ပရာ့ဂ်မြို့တွင်ကျင်းပသည့် ‘အာဆီယံ+၃ ရုပ်ရှင်ပွဲတော်(ASEAN+3 Film Festival)’တွင်မြန်မာမှ‘တိမ်တွေပေါ်ကပန်း’ရုပ်ရှင်ဇာတ်ကားပါဝင်ပြသခဲ့ကြောင်းမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
အာဆီယံ+၃ ရုပ်ရှင်ပွဲတော်ကို ပရာ့ဂ်မြို့နယ်(၁)ရှိ မြူနီစပယ်စာကြည့်တိုက်ရှိ ရုပ်ရှင်ရုံတွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ်ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စက်တင်ဘာလ ၈ ရက်နေ့တွင် ဒါရိုက်တာဇင်ယော်မောင်မောင်ရိုက်ကူးသည့် “တိမ်တွေပေါ်ကပန်း”ရုပ်ရှင်ဇတ်ကားကို ပါဝင်ပြသသွားမည်ဖြစ်သည်။
မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် ပရာ့ဂ်မြို့ရှိ အာဆီယံ-ပရာ့ဂ်ကော်မတီမှ ဦးဆောင်ကျင်းပသော အာဆီယံ+၃ ရုပ်ရှင်ပွဲတော် (ASEAN+3 Film Festival) ဖွင့်ပွဲအခမ်းအနားသို့ ပရာ့ဂ်မြို့အခြေစိုက်အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ တရုတ်၊ ဂျပန်နှင့် ကိုးရီးယားနိုင်ငံ တို့မှ သံအမတ်ကြီးများနှင့်အတူ ပါဝင် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အာဆီယံ+၃ နိုင်ငံများမှ သံအမတ်ကြီးများနှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ရေးရာဌာန အကြီးအကဲတို့က ဂုဏ်ပြုစကား များ အသီးသီးပြောကြားခဲ့ကြပြီး ရုပ်ရှင်ပွဲတော်အကြိုအဖြစ် သက်ဆိုင်ရာနိုင်ငံများမှ ဇာတ်လမ်းတိုများအား ပြသခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
ဆန်ဈေးပုံမှန်ရှိရန် နည်း(၆)မျိုးသုံးပြီး ဆောင်ရွက်နေ
‘ဆန်ဈေးပုံမှန်အတိုင်းရှိစေဖို့ နည်းမျိုးစုံအသုံးပြုပြီး သက်သာတဲ့ဈေးနဲ့ ဖြန့်ဖြူးပေးသွားမှာဖြစ်သလို ဆန်ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတာတွေမရှိအောင်စက်တင်ဘာလ(၁၀)ရက်(၁၅)ရက်လောက်မှာ ဆန်သိုလှောင်ရုံ အွန်လိုင်းမှတ်ပုံတင်တာတွေစတင်ဆောင်ရွက်မှာဖြစ်တယ်’ .... ဦးရဲမင်းအောင်(ဥက္ကဌ၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)
Yangon_Times/tthl
#Local_News
#Published_ 4 September 2023
#YMG #Yangon_Times
၄ စက်တင်ဘာ ၂၀၂၃
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံသို့လာရောက်ပြီး အမေရိကန်သတင်းထောက် ဒန်နီဖင်စတာကို အကျဉ်းမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်သံတမန်ဟောင်း ဘီလ်ရစ်ချတ်ဆန်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်ခဲ့တယ်လို့ အမေရိကန်မီဒီယာသတင်းတွေအရသိရပါတယ်။
သံတမန်ဟောင်း၊ကွန်ဂရက်အမတ်ဟောင်းပြီးတော့ စွမ်းအင်ဝန်ကြီးနှင့် နယူးမက်ဆီကို အုပ်ချုပ်ရေးမှူးတာဝန်တွေထမ်းဆောင်ခဲ့တဲ့ အသက် ၇၅နှစ်အရွယ် ရစ်ချတ်ဆန်ဟာ သူ့ရဲ့ ချတ်သမ် နွေရာသီအိမ်မှာ အိပ်ပျော်နေရင်းနှင့်ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ရစ်ချတ်ဆန်စင်တာ ဒုတိယဥက္ကဋ္ဌ မစ်ကီ ဘာမင်းက သတင်းထုတ်ပြန်ပေးခဲ့တာပါ။
နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်းနှင့်ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆန်ဟာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၂ရက် နေ့က နစကရုံး၊သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ အမေရိကန်သတင်းထောက် ဒင်နီဖင်စတာလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ကျွမ်းကျင်လှတဲ့ စေ့စပ်ညှိနှိုင်းမှုအရည်အချင်းနှင့်နှစ်လိုဖွယ်ကောင်းတာတွေကြောင့် သူဟာ မြောက်ကိုရီးယား၊မြန်မာ၊ဆူဒန်၊အီရတ်၊အီရန်နှင့်ကျူးဘားနိုင်ငံတွေမှာ အောင်မြင်တဲ့ စေ့စပ်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
-knl/ymg
Published_ 4 September 2023
အာဆီယံ-အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မှု အလားအလာများကို ဝါရှင်တန်မြို့ရှိ အင်းဒိုနီးရှားသံရုံး၌ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) ၏ လှုပ်ရှားမှုအဖြစ် ACW ကော်မတီအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသံရုံးမှ ဦးဆောင်၍ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဖွဲ့ရုံးမှ သမ္မတ၏ ဒုတိယ လက်ထောက်နှင့် အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး Dr. Kurt Campbell ဦးဆောင်သည့် တာဝန်ရှိသူများနှင့် တွေ့ဆုံမှုအဖြစ် ဩဂုတ် ၃၁ ရက်က အင်ဒိုနီးရှားသံရုံး၌ အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည်ခံခဲ့တာဖြစ်ပါတယ်။
အဆိုပါ အလုပ်သဘောနေ့လယ်စာ စားပွဲတွင် စက်တင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပမည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီး အစည်းအဝေးတို့သို့ အမေရိကန်နိုင်ငံခေါင်းဆောင်ပိုင်းမှ ပါဝင်တက်ရောက်မည့် အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
အဆိုပါအစီအစဉ်သို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အာဆီယံ သံအမတ်ကြီးများ၊ အခြားအာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
#YMG #Yangon_Times
Published_ 4 September 2023
ယခုလ စက်တင်ဘာ ပထမအပတ်အတွင်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည့် အင်ဒိုနီးရှားမာစတာပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သူမ၏ ဖခင်ဖြစ်သူက Yangon Times သို့ပြောသည်။
ယင်းပြိုင်ပွဲကို စက်တင်ဘာ (၅)ရက်မှ (၁၀)ရက်အထိ အင်ဒို နီးရှားနိုင်ငံ မီဒန်မြို့၌ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ကစားသမား (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ သက်ထားသူဇာသည် အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသူ ဝီဂျာဂျာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ဝီဂျာဂျာသည် လက်ရှိ ကမ္ဘာ့အဆင့် (၉၈)တွင် ရပ်တည်လျက်ရှိပြီး ၊ သက်ထားသူဇာမှာ ကမ္ဘာ့အဆင့် (၄၈)နေရာတွင် ရပ်တည်နေကြသူများဖြစ်သည်။
ပြိုင်ပွဲတွင် သက်ထားသူဇာအနေဖြင့် ဝီဂျာဂျာကို အနိုင်ရရှိပါက ဒုတိယအဆင့်တွင် တရုတ်တိုင်ပေ ကြက်တောင်မယ်ချန်စုယူနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သက်ထားသူဇာသည် ယခု စက်တင် ဘာလအတွင်း အင်ဒိုနီးရှားမာစတာပြိုင်ပွဲအပြင် ဗီယက်နမ် မာစတာပြိုင်ပွဲနှင့် ထိုင်းနိုင်ငံ ဖိတ်ခေါ် ပြိုင်ပွဲတို့ကို တစ်ဆက်တည်သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
သက်ထားသူဇာသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေပြီး၊ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပသည့်ပြိုင်ပွဲများတွင် အဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး သြဂုတ်လကုန်အထိ ပြိုင်ပွဲစုစုပေါင်း (၁၄)ခု ယှဉ်ပြိုင်ထားပြီးဖြစ်ကြောင်း သိရသည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times
Published_ 4 September 2023
2024 AFC U23 Asian Cup ခြေစစ်ပွဲ အုပ်စု(ခ)အဖွငိ့ပွဲစဉ်ကို ကာဂျစ္စတန်နှင့်မြန်မာအသင်းတို့ ယခုလ စက်တင်ဘာ (၆)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ထံ က သိရသည်။
အဆိုပါ ခြေစစ်ပွဲစဉ်ကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာ့လက်ရွေးစင် ယူ ၂၃ ဘောလုံးအသင်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ Changwon မြို့သို့ ယမန်နေ့စက်တင်ဘာ (၃)ရက် နံနက်ပိုင်းက ရောက်ရှိနေပြီဖြစ်သည်။
မြန်မာ ယူ၂၃ အသင်းအနေဖြင့် ခြေစစ်ပွဲ အုပ်စု(ခ)ပွဲစဉ်တွင် အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန် အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ယင်းသို့ ယှဉ်ပြိုင်ရာတွင် စက်တင်ဘာ ၆ ရက် အုပ်စု ပွဲစဉ်အဖွင့်၌ ကာဂျစ္စတန် အသင်းဖြင့်လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် ကာတာအသင်းဖြင့် လည်းကောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် အိမ်ရှင် တောင်ကိုရီးယား အသင်းတို့ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times
Published_ 4 September 2023
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အတွင်း စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ၆ဘီးယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် မြန်မာနိုင်ငံသား သားအဖ (၂) ဦး သေဆုံးသွားကြောင်း ထိုင်းနိုင်ငံအတွင်းရှိ သတင်းဌာန တစ်ခု မှ သိရသည်။
မဲဆောက်မြို့၊ အမှတ် ၁ နယ်မြေ၊ ခန်းခိဘန်ကျေးရွာရှိ လမ်းဆုံတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသား မောင်းလာသည့် ၆ ဘီးယာဉ် မှ နောက်သို့ ကားဘက်ဆုတ်ရာ မှ အနောက်က လာသည့် မြန်မာနိုင်ငံသား မိသားစု စီးလာသည့် ဆိုင်ကယ်ကို တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ် တိုက်မှု ကြောင့် ဆိုင်ကယ်စီးလာသည့် မြန်မာနိုင်ငံသားအမိသားအဖ၃ဦးအနက် အမျိုးသားတစ်ဦးနှင့်၃ နှစ် အရွယ် ကလေးငယ် တို့ သေဆုံးခဲ့ပြီး မိခင် ဖြစ်သူမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိ ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့မဲဆောက်ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးကာ ၆ ဘီးယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon Time
Published_ 4 September 2023
2024 AFC U23 Asian Cup ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် စက်တင်ဘာ ၃ ရက် မနက်ပိုင်းတွင် တောင်ကိုရီးယား နိုင်ငံ Changwon မြို့သို ရောက်ရှိခဲ့ပြီး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ဘောလုံအဖွဲ့ချုပ်(MFF) က ထုတ်ပြန်ထားပါတယ်။
မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲ အုပ်စု(ခ)တွင် အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန် အသင်းများနှင့်အတူ ကျရောက်နေပြီး အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် စက်တင်ဘာ ၆ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲတွင် စတင် ကစား ရမှာဖြစ်ပါတယ်။
ဒုတိယမြောက်ပွဲစဉ်အဖြစ် ကာတာအသင်းနှင့် စက်တင်ဘာ ၉ ရက်၊ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် တောင်ကိုရီးယားအသင်းနှင့် စက်တင်ဘာ ၁၂ ရက်တွင် ကစားရမှာဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times
Published_ 4 September 2023
လန်ချန်း-မဲခေါင် သစ်သီးပွဲတော်တွင် မြန်မာ့သစ်သီးများဖြစ်သောထောပတ်သီး၊ သရက်သီး၊ သလဲသီးနှင့် မြန်မာ့ထွက်ကုန်ကော်ဖီ၊ လက်ဖက်ရည်၊ ထန်းလျက်၊ လက်ဖက်ခြောက်တို့ကိုပြခန်းဖြင့်ပြသခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ပေကျင်းမြို့၊ Shenglu Vineyard Beijing ၌ ကျင်းပခဲ့သည့် တတိယအကြိမ် လန်ချန်း-မဲခေါင်သစ်သီးပွဲတော်ကျင်းပခဲ့ရာတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။
ယင်းသစ်သီးပွဲဝောာ် ဖွင့်ပွဲအခမ်းအနားသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
အဆိုပါ သစ်သီးပွဲတော်ကို တရုတ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အသီးထွက်ကုန်များအပါအဝင် ထွက်ကုန်ပစ္စည်းများပြသခဲ့သည့်အပြင် တရုတ်နိုင်ငံ၊ ဒေသ အသီးသီးမှလည်း ဒေသထွက်သီးနှံများကို ပြသခဲ့သည်။
အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ တရုတ်နိုင်ငံ၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ လန်ချန်း-မဲခေါင် အတွင်းရေးမှူးချုပ်ရုံးမှ Counsellor ၊ ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ လက်ထောက် အမြဲတမ်းအတွင်းဝန်နှင့် တရုတ်နိုင်ငံ၊ သစ်သီးဖြန့်ဖြူးရေးဈေးကွက်အသင်း၏ ဒုတိယဥက္ကဋ္ဌ တို့အသီးသီးတက်ရောက်ခဲ့ ကြောင်းသိရသည်။
Yangon-Time/tthl
#Local_News
#YMG #Yangon_Times
Page 856 of 1776