Published 15 May 2024

ရူပနက္ခတ္တပညာရှင်ဖြစ်သလို နာဆာမှ သိပ္ပံပညာရှင်ဟောင်း လီဆာကယ်တန်နက်ဂျာက နဂါးငွေ့တန်းဂလက်ဆီကို လေ့လာခဲ့ရာမှာ ရေဘဝဲလို သတ္တဝါတွေ ကြီးစိုးနေတဲ့ ရေကမ္ဘာကြီးထဲမှာ ဂြိုဟ်သားသက်ရှိတွေ ရှိနေနိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

ထိုဂြိုဟ်ဟာ ဘယ်တော့မှ နေမထွက်တဲ့ အမှောင်ဘက်ခြမ်းဖြစ်ပြီး ကောင်းကင်ကနေ ချော်ရည်ကျောက်များ ကျဆင်းနေတဲ့ နေရာဖြစ်ပါတယ်။

နေစကြဝဠာ အပြင်ဘက်က ကြယ်တွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်မွှားဒါဇင်ခန့်ကို မှတ်တမ်းတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း  ပြုလုပ်ခဲ့တဲ့ နက္ခတ္တလေ့လာချက်များအရ လူသားတွေဟာ စူးစမ်းလေ့လာရေးနဲ့ ပတ်သက်လို့ ခေတ်သစ်စနစ်ကြီးတစ်ခုမှာ နေထိုင်နေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လူသားတွေရဲ့ နောက်ထပ်ရည်မှန်းချက်က ဂြိုဟ်သားသက်ရှိတွေကို ရှာဖွေဖို့နဲ့ ဆက်သွယ်ဖို့လိုအပ်တဲ့ တီထွင်ကြံဆမှုတွေ ရှာဖွေရမှာဖြစ်တယ်လို့ ဒေါက်တာ ကယ်တန်နက်ဂျာက ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ ယခုထက်ထိ နေစကြဝဠာအပြင်ဘက်မှာ ဂြိုဟ်ပေါင်း ၅၀၀၀ ခန့် တွေ့ရှိထားပါတယ်။

ကမ္ဘာသစ်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့က ကိရိယာပစ္စည်းအမျိုးမျိုး လိုအပ်သလို ကမ္ဘာမြေကြီး ဆင့်ကဲပြောင်းလဲလာပုံ သမိုင်းကြောင်းကြီးကို လေ့လာဖို့လည်း လိုအပ်ပါတယ်။

သိပ္ပံပညာရှင်တွေအတွက်တော့ ကမ္ဘာကြီးက ဓာတ်ခွဲခန်းကြီးလို ဖြစ်ပြီး သက်ရှိတွေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို အကြံဉာဏ်သစ်တွေ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။

ဂြိုဟ်တစ်ခုရဲ့ အကြောင်းကို ကောင်းကောင်းသိရင် ဂြိုဟ်သားသက်ရှိများ ရှိနေနိုင်တယ်ဆိုတဲ့အကြောင်း သိနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြသွားပါတယ်။
Source: WION.
#World_Science
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group