Published 15 May 2024

ခံတွင်းနံ့ဆိုးခြင်း ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ခံတွင်းသန့်ရှင်းမှု အားနည်းခြင်း၊ ပါးစပ်ထဲမှာ ဘက်တီးရီးယားရှိခြင်း၊ အချို့သော အစားအစာများ၊ ဆေးလိပ်သောက်ခြင်း၊ သွားဖုံးရောဂါများကြောင့် ဖြစ်နိုင်ပါတယ်။

ပိုးမွှားတွေကို သေစေပြီး အနံ့အသက် သက်သာစေတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းများကတော့ …

(၁) ပက်ပါမင့်ပူရှိန်း
ပက်ပါမင့်မှာ မန်သောလ်ပါဝင်တာကြောင့် ဘက်တီးရီးယားများ သေစေပြီး ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေပါတယ်။
ပက်ပါမင့်အရွက် ဝါးစားခြင်း၊ ပက်ပါမင့် အကြမ်းရည်သောက်ခြင်း၊ ပက်ပါမင့်အဆီကို ရေနဲ့ရောပြီး ခံတွင်းကျင်းခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
 
(၂) နံနံပင်
နံနံပင်မှာပါဝင်တဲ့ ကလိုရိုဖီးလ်က အနံ့ဆိုးများကို သက်သာစေပြီး ခံတွင်းလန်းဆန်းစေပါတယ်။
 
(၃) စမုန်စပါး
စမုန်စပါးစေ့ရဲ့ သင်းပျံ့တဲ့အနံ့က ခံတွင်းရှင်းစေပြီး တံတွေးထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးတာကြောင့် ဘက်တီးရီးယားများကို ဖယ်ရှားနိုင်ပါတယ်။
 
(၄) သစ်ကြံပိုးခေါက်
ပိုးမွှားများသေစေတဲ့ အဆီအနှစ်များပါဝင်ကာ ပြုတ်သောက်ခြင်းဖြင့် ခံတွင်းသန့်ရှင်းလန်းဆန်းစေပါတယ်။
 
(၅) လေးညှင်း
လေးညှင်းမှာပါတဲ့ ယူဂျီနောလ်က ခံတွင်းထဲက ဘက်တီးရီးယားများ သေစေပါတယ်။
ဝါးစားခြင်း၊ ပြုတ်သောက်ခြင်းတို့ဖြင့် ခံတွင်းလန်းဆန်းစေပါတယ်။
 
(၆) သံပယိုသီး
ဆစ်ထရစ်အက်ဆစ် ပါဝင်တာကြောင့် တံတွေးထုတ်လုပ်ပေးပြီး ဘက်တီးရီးယားများ ဖယ်ရှားပေးပါတယ်။
 
(၇) ဖာလာစေ့
သူ့မှာလည်း ဘက်တီးရီးယားသေစေတဲ့ အစွမ်းသတ္တိရှိပြီး ခံတွင်းနံ့ဆိုးခြင်းကို ဖုံးကွယ်ပေးပါတယ်။
 
ဒါတွေအသုံးပြုပြီးတာတောင် ခံတွင်းနံ့ဆိုးခြင်း မသက်သာဘူးဆိုရင် သွားဆရာဝန်နဲ့ ပြသသင့်ပါပြီ။  
Source: DoctorNDTV
#World_Health
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group