အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အီရန်မှ သာမန်ပြည်သူတွေရဲ့ ဘဝတွေနဲ့ တိုင်းပြည်စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေရုံမက ကလေးများအပါအဝင် ရှားပါးရောဂါ ဖြစ်နေကြတဲ့ လူနာတွေဟာ ဆေးပစ္စည်းရှားပါးမှုဒဏ်ကို ခံစားနေရပါတယ်။
#World_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 23 March 2024
၁။ ဆီးရီးယားအသင်းနှင့် အဝေးကွင်းထပ်ကန်ရန် မြန်မာလက်ရွေးစင်ကစားသမား (၂၂)ဦး ဆော်ဒီသို့ထွက်ခွာ
၂။ ယခုလအတွင်း မိုးအုံ့၍ ဆားအထွက်နည်းပါးသော်လည်း ထွက်ရှိသမျှကုန်နေ
၃။ မတ်လကုန်အထိ ပဲစဉ်းငုံဈေးကွက် အကျဘက်ကိုသာ ဦးတည်နေဟုဆို
၄။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် အီရန်စီးပွားရေးသာမက ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများအပေါ်ပါ ဆိုးရွားစွာထိခိုက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၃ မတ် ၂၀၂၄
ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင်တင်သွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က အသစ်ခန့်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို လက်ခံတွေ့ ဆုံရာမှာပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် စီးပွားရေး၊ကုန်သွယ်ရေးနှင့် ပြည်သူချင်း ဆက်ဆံရေးကဲ့သို့သော အလားအလာရှိတဲ့ နယ်ပယ်တွေမှာ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း ကမ္ဘောဒီးယားပြည်တွင်းမီဒီယာများက ရေးသားကြပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်သည် မြန်မာသံအမတ်အသစ် ဦးကျော်စိုးမင်းကို သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် လက်ခံတွေ့ဆုံစဉ်ပြောကြားခဲ့တာပါ။
ဝန်ကြီးချုပ်ဟွန်မန်နက်က အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတွေအကြား ကာလရှည် သံတမန် ဆက်ဆံရေးကို အထူးအလေးပေးပြောဆိုခဲ့ပြီး ဦးကျော်စိုးမင်းကိုလည်း မြန်မာသံအမတ်ကြီးအသစ်အဖြစ် ကြိုဆိုဂုဏ်ပြု ကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းကလည်း ကမ္ဘောဒီးယားတော်ဝင်အစိုးရကို ကိုဗစ်-၁၉ ကာလမှာ ကူညီခဲ့တာတွေ အတွက် ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
သူတာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ပိုမို ခိုင်မြဲအောင်ကြိုးစားသွားမယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောဆိုခဲ့ကြောင်း ကမ္ဘောဒီးယားမီဒီယာများက ရေးသား ဖော်ပြခဲ့ပါတယ်။
@ymg/knl
Published_ 23 March 2024
ယခု၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်းဂျပန်သို့ မြန်မာ့ပဲမျိုးစုံတန်ချိန် ၂ဝ,ဝဝဝခန့်တင်ပို့ထားပြီး လာမည့်၂၀၂၄-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ဂျပန်အပါအဝင် နိုင်ငံစုံသို့ တိုးမြှင့်တင်ပို့နိုင်ရန်စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရေး ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်မှ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ ပဲမျိုးစုံတန်ချိန် ၂ဝ,ဝဝဝ နီးပါးကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ လာရောက်အသိပညာပေး ပြောကြားသည့်အတိုင်း ပြည်တွင်း၌ ပဲမျိုးစုံစိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ တင်ပို့သည့် လုပ်ငန်းစဉ်အတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ကာ ဂျပန်နိုင်ငံသာမက တခြားပြည်ပနိုင်ငံများသို့ လည်း အရည်အသွေးမြင့်ပဲများ ထုတ်လုပ်တင်ပို့နိုင်ရန် ရည်မှန်းထား ကြောင်းသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂစသည့် ပြည်ပနိုင်ငံများသို့ စုစုပေါင်းပဲမျိုးစုံတန်ချိန် တစ်သန်းခန့် တင်ပို့ နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်ရရှိခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဥရောပသမဂ္ဂနှင့် တခြားပြည်ပနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှလည်း နှစ်စဉ်တင်ပို့လျက်ရှိပြီး စုစုပေါင်း ကမ္ဘာ့ပဲ မျိုးစုံ တင်ပို့မှု၏ ၁၂ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံမှ တင်ပို့ခွင့်ရရှိထားကြောင်း သိရသည် ။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 23 March 2024
တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုရှိမရှိ ရန်ကုန်မြို့တွင်စီမံချက်ဖြင့် အဖွဲ့လိုက်ကွင်းဆင်း စစ်ဆေးနေ ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏သတင်းဖော်ပြချက်အရသိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အရှေ့ပိုင်း ခရိုင်ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိ စေရေး၊ ဓာတ်အားခကြွေးကျန်များ လျော့နည်းကျဆင်းရေးတို့ အတွက် အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာရုံး၏ ကြီးကြပ်မှုဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
မတ် ၂၀ ရက်မှ ၂၁ ရက်အထိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ခရိုင်စုဖွဲ့မြို့နယ်များဖြင့် စီမံချက်အဖွဲ့ ၁၄ ဖွဲ့ ဖွဲ့စည်းပြီး အဖွဲ့လိုက်နယ်မြေများသတ်မှတ် ကာ ခရိုင်လျှပ်စစ်မန်နေဂျာနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့က ဦးဆောင်၍ တရားမဝင်ဓာတ်အားသုံးစွဲမှုများရှိ/မရှိ၊ မီတာများ Auto ဖတ်ရှု၍ ရ/မရ၊ GPS Point များ၊ တိုင်အမှတ်များ မှန်ကန်မှု ရှိ/မရှိ၊ ရပ်ကွက်အလိုက် လမ်းအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ရာ မီးသုံးသူ ၂၁၅၅ ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
လန်ဒန်, မတ် ၂၂ (ရိုက်တာ)
ဗြိတိန်၏ ဝေလမင်းသမီး ကိတ်သည် ဇန်နဝါရီလတွင် အကြီးစား ဝမ်းဗိုက်ခွဲစိတ်မှုပြုလုပ်ခဲ့ရာမှ ကင်ဆာရှိနေကြောင်း တွေ့ရှိ ရသဖြင့် ကီမိုကုထုံးဖြင့် ကုသခံနေကြောင်း သောကြာနေ့က ပြောပါတယ်။
အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့ ကိတ်သည် မင်းသား ဝီလျံနှင့်လက်ထပ်ထားသူဖြစ်ပြီး ကင်ဆာရှိကြောင်းသိရှိလိုက်ရ၍ အလွန် တုန်လှုပ်သွားခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီသတင်းဟာ ဗြိတိန်တော်ဝင်မိသားစုအတွက် နောက်ထပ် စိတ်ပူစရာ သတင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင်ချားလ်ကလည်း ကင်ဆာဖြစ်နေတဲ့အတွက် ဆေးဝါးကုသခံနေရ လို့ဖြစ်ပါတယ်။
ဇန်နဝါရီတုန်းက ကိတ်ဟာ ဆေးရုံနှစ်ပတ်တက်လိုက်ရပြီး အမည်အတိအကျမပြောတဲ့ ကင်ဆာမဟုတ်တဲ့ အခြေအနေတစ်ခု ကြောင့် ကြိုတင်စီစဉ်ထားတဲ့ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သူမရဲ့ရုံးကပြောပါတယ်။
ဒါပေမယ့် နောက်ထပ်ကျန်းမာရေးစစ်ဆေးမှုတွေမှာ ကင်ဆာကိုတွေ့ရှိခဲတာလို့ ကိတ်က ဗွီဒီယိုမက်ဆေ့ချ်မှာပြောကြားခဲ့ပြီး သူမဟာ နေကောင်းပြီး ပိုပြီး ကျန်းမာလာပါတယ်လို့ လည်းပြောပါတယ်။
“ ကျွန်မရဲ့ကျန်းမာရေးအဖွဲ့က ကျွန်မကို ကြိုတင်ကာကွယ်တဲ့အနေနှင့် ကီမိုသွင်းဖို့ အကြံပြုခဲ့လို့ ကုထုံးကိုခံယူခဲ့ပါတယ်။ ယခု ကျွန်မဟာ ကင်ဆာရဲ့အစောပိုင်းအဆင့် ကုသမှုတွေဆောင်ရွက်နေပါတယ်” လို့ ကိတ်ကပြောပါတယ်။
သူမရဲ့ဗွီဒီယိုထဲမှာ သူမဟာ ဂျင်းဘောင်းဘီနှင့် ဆွယ်တာကိုဝတ်ဆင်ထားပါပြီး ဖြူဖျော့ဖျော့ဖြစ်နေပါတယ်။
“ အကြီးအကျယ်တုန်လှုပ်တာပေါ့။ ဝီလျံနှင့် ကျွန်မတို့ဟာ ဆက်လုပ်လို့ရသမျှအကုန်လုပ်နေပါတယ်။ ငယ်ရွယ်တဲ့ မိသားစု အရေးအတွက် ကျွန်မတို့ သိုသိုသိပ်သိပ်လုပ်နေကြတာပါ” လို့ ကိတ်ကပြောပါတယ်။
ခွဲစိတ်ကုသမှုခံယူပြီးနောက် သူမဟာ ယခုလကုန်မှာကျင်းပမယ့် အိစတာပွဲတော်အထိ ရုံးတက်နိုင်ဦးမှာမဟုတ်ဘူးလို့ လည်း သိရပါတယ်။
ကိတ်ကျန်းမာစေကြောင်း မင်းသားဟယ်ရီ၊ဗြိတိန်နိုင်ငံရေးခေါင်းဆောင်တွေနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရုံးတို့ကလည်း ဆုတောင်းသဝဏ်လွှာများပေးပို့ခဲ့ကြပါတယ်။
@ymg/knl
ပုဂံဒေသ၊မြင်းကပါကျေးရွာက နေရှေးဟောင်းယွန်းပညာအပြင် မံယွန်းပညာတွေနဲ့ အနုစိတ်လက်ရာအဖြစ် ပြုလုပ်ထားတဲ့ ရွှေတိဂုံ စေတီတော်နဲ့ ပုဂံဘုရားပုံစံငယ်တွေကို ပြည်တွင်း၊ပြည်ပဝယ်လက်အချို့တွေ ကြိုက်နှစ်သက်လို့ အွန်လိုင်းကပါ ရောင်းချလာတယ်လို့ မြင်းကပါကျေးရွာက ဘုရားပုံစံငယ်တွေဖန်တီးသူ ယွန်းအတတ်ပညာရှင်ဆီကနေသိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်-မော်လမြိုင်ရထားပိုင်း ပြင်ဆင်ထားပြီဖြစ်လို့ ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကို မတ်လ(၂၄) ရက် မနက် ၆နာရီခွဲမှာ စတင်ထွက်ခွာဖို့ လက်မှတ်တွေ ရောင်းခိုင်းထားပြီဖြစ်တယ်။ ရန်ကုန်-ပြည်ရထား နေ့စဉ်ရှိ။ ရန်ကုန်ကနေပုဂံကို သောကြာနေ့ ညနေ၄နာရီ ၁၅ မိနစ်တိုင်း ရထားနဲ့ သွားရောက်နိုင်မယ်။ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်ပဝယ်လိုအား နည်းနေတဲ့အတွက် ယခုမတ်လကုန် ပြီးတဲ့အထိ ပဲစဉ်းငုံဈေးကွက်ဟာ အကျဈေးဘက်ကိုသာ ဦးတည်နေတယ်လို့
ကုန်သည်တွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခုလအတွင်း မိုးအုံ၍ ဆားအထွက်နည်းပါးနေသော်လည်း ထွက်ရှိသမျှကုန်နေတယ်လို့ မွန်ပြည်နယ်က နေလှမ်းဆားထုတ်လုပ်သူတွေဆီက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာအသင်းဟာ ဆီးရီးယားနဲ့ မတ်လ ၂၆ ရက်၊ ဆော်ဒီအာရေဗျနိုင်ငံ ဒါမန်းမြို့မှာ အဝေးကွင်းပွဲစဉ်ထပ်ကစားဖို့ မတ်လ(၂၂) ရက်ညနေပိုင်းက ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး မတ်လ ၂၃ ရက်မှာ ဒါမန်းသို့ ရောက်ရှိမှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 March 2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ၃၈ လမ်း(၉၁x၉၂)ကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မတ်လ ၂၃ရက် နေ့လည် ၁၂နာရီ ခွဲ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် ၁၂နာရီ ၄၃ မိနစ် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။
"" ဘယ်လို လောင်တယ်တော့မသိဘူး လူနေအိမ် မီးလောင်တာ နေ့ခင်းအပူများတဲ့ အချိန်ဆိုတော့ မီးကများတယ် အိမ်၂လုံး၃လုံးလောက် မီးထဲပါသွားတယ်""ဟု ဒေသခံတစ်ဦးကပြောသည်။
မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုး များကိုသက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်းသိရသည်။
Photo - Than Htay
Yangon Times/LW
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group



Page 853 of 2057