Published 17 May 2024

အာရှနိုင်ငံတွေက စားစရာတွေထဲမှာ ဆားအများအပြား အသုံးပြုလေ့ရှိပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေများစေတဲ့ အထောက်အထားတွေ တွေ့ရှိထားပါတယ်။

ဗီယင်နာဆေးတက္ကသိုလ်မှ သုတေသီများ နှစ်ရှည်လများ လေ့လာထားရာမှာ ထိုအချက်အလက်တွေက အနောက်တိုင်းနိုင်ငံတွေမှာလည်း သက်ရောက်နေပါတယ်။

အစာအိမ်ကင်ဆာက ကမ္ဘာတဝှမ်းမှာ ပဥ္စမမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အာရှမှာတော့ အများဆုံး တွေ့ရပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေများလာသလို အခုနောက်ပိုင်း အသက် ၅၀ အောက်တွေမှာလည်း ဖြစ်လာကြပါတယ်။

ဩစတြီးယား ပြည်သူ့ကျန်းမာရေး စင်တာမှ သုတေသီများဦးဆောင်တဲ့ အဖွဲ့ဟာ သုတေသနပြုလုပ်ပြီးနောက် အစားအစာတွေထဲမှာ ဆားထည့်စားသူတွေက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုများတာကို တွေ့ရှိခဲ့ကြပါတယ်။

ထိုတွေ့ရှိချက်များအရ လူမှုစီးပွားရေး၊ နေထိုင်စားသောက်မှုပုံစံ စတဲ့ အချက်အလက်များကို ထည့်သွင်းစဥ်းစားစရာ ဖြစ်လာပြီး အသက်အန္တရာယ် ကာကွယ်ဖို့ အရေးပါလာကြောင်း ဖော်ပြသွားပါတယ်။

အစာအိမ်ကင်ဆာ ဖြစ်နိုင်စေတဲ့ အခြားအကြောင်းအရာတွေကတော့ ဆေးလိပ် အရက်သောက်သုံးခြင်း၊ ဟယ်လီကိုဘက်တာ ပိုင်လော်ရီဘက်တီးရီးယား ကူးစက်ဝင်ရောက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတို့ ပါဝင်ပါတယ်။

ထိုလေ့လာချက်တွေကနေ ဆားအလွန်အကျွံ အသုံးပြုခြင်းရဲ့ ဆိုးကျိုးတွေကို သတိပြုမိစေပြီး အစာအိမ်ကင်ဆာ ကာကွယ်ဖို့ အတိုင်းအတာတွေ အခြေခံသိရှိစေမှာဖြစ်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published_ 17 May 2024
#Yangon_Times #YMG_News #Yangon_Media_Group